Pages

▼

Monday, August 20, 2012

မကြုံစဖူး ရေကြီးမှုကြုံနေရသော ကျွန်တော်တို့ လားရှိုးမြို့

ယခင် ရေကြီးခြင်းကို သိပ်မကြုံတွေ့ခဲ့ရသော လားရှိုးမြို့အဖို့ ယခုနှစ်သည် ရေကြီးခြင်းကို မျက်ဝါးထင်ထင် ကြုံတွေ့နေရသောနှစ်ဟုဆိုရပေမည်။ မြန်မာနိုင်ငံ မြို့အများစုတွင် ကြုံတွေ့နေရသည့် ရေကြီးမှု ပြသနာကိုလည်း လားရှိုးမြို့တွင် ကြုံတွေ့နေရပြီဖြစ်သည်။


ရပ်ကွက် (၁၂) မီးပွိုင့်


၁၉.၈.၂၀၁၂ တနင်္ဂနွေနေ့တွင် လားရှိုးမြို့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြီး ရပ်ကွက်အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။



အမြဲတမ်းရေကြီးရာနေဖြစ်သော ရပ်ကွက် (၁)၊ လ.၀.က ကုန်းဆင်း အပြင် အေတီ၊ ကျောက်တောင် ကွက်သစ်နှင့် နယ်မြေ (၈)၊ မြို့ဝင်လမ်း၊ ရပ်ကွက် (၁၂) မီးပွိုင့်နေရာတို့တွင်ပါ ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုးဆုံးမှာ ရပ်ကွက် (၁)၊ လ.၀.က ကုန်းဆင်းနှင့် ကျောက်တောင်ကွက်သစ်တို့ဖြစ်ပြီး တာဝန်ရှိသူများမှ နေရာပြောင်းရွှေ့ခြင်းနှင့် ကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ရေဘေးဒုက္ခသည် များအတွက် ထမင်းထုပ်များဝေငှပေးခဲ့ရသည်။


ရပ်ကွက် (၁) လ.၀.က ကုန်းဆင်း


 ကျောက်တောင် ကွက်သစ်



အေတီတံတား
မြို့ပြင် ဆီဆိုင်တန်း
မြို့ပြင်တွင် ဆီဆိုင်တန်းများရှိရာ ၄င်းဆီဆိုင်တန်းမှ မျှောပါလာသော ဆီပေပါအား လိုက်လံဆယ်ယူရင်း အသက် (၇၀) အဖိုးအို တံတားဖြင့်ညှပ်ကာ သေဆုံးပြီး ရပ်ကွက် (၁) ကျောက်တောင်ကွက်သစ်နှင့် ရပ်ကွက် (၉) တို့တွင်လည်း လူသေဆုံးမှုများရှိကြောင်းသိရှိရပါသည်။



အောင်ထွန်းဦး

1 comment:

  1. ရေတွေတော်တော်မျာ်းတာပဲနော်၊

    ReplyDelete