Sunday, September 30, 2012

ဘယ်သူစားကြမလဲ...ဒီမုန့်မျိုး...



သားရဲ့အလောင်းကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားတဲ့ အဖေ



2006 ခုနှစ်လောက်မှာ တရုတ်နိုင်ငံမှာ ရှိတဲ့ Huangling ကျေးရွာရဲ့ ရွာလူကြီး Tian Xueming ရဲ့ ကလေးဟာ သွေးကင်ဆာနဲ့ သေဆုံးခဲ့ပါတယ်..၊ Tian Xueming ဟာ သေသွားတဲ့ သားဖြစ်သူကို မပြစ်ရက်ပဲ ရေခဲသေတ္တာမှာ ထည့်ပြီး သိမ်းဆည်းလာတာ အခုဆို ၆ နှစ်တောင် ရှိလာပါပြီ..၊
သူဟာ သူသားကို သတိရလာတိုင်း သူ့ရဲ့ဇနီးဖြစ်သူနဲ့အတူ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ ရေခဲသေတ္တာကို ဖွင့်ပြီး သူတို့ရဲ့သားကို လာကြည့်ကာ အလွမ်းဖြေကြပါတယ်..၊ 



အမေဇုံတောက လူကိုမြိုတဲ့မြွေ



အမေဇုံတောထဲမှာရှိတဲ့ သုတေတနအဖွဲ့တစ်ဖွဲ့မှ ၀န်ထမ်း တစ်ယောက်ဟာ လေ့လာမှု ပြုလုပ်နေရာကနေ အိပ်ချင်လာတာကြောင့် တစ်မှေးလောက် အိပ်လိုက်အုံးမယ်လို့ ပြောပြီး အပြင်ထွက်သွားခဲ့ပါတယ်…။
ညနေအထိ သူဟာ ပြန်မလာဘဲ ပျောက်နေခဲ့ပါတယ်..၊ နောက်နှစ်ရက်အကြာအထိ သူ့ကို မတွေ့ရှိခဲ့ပဲ နောက်ဆုံးတော့ သူ့ကို မြွေကြီးတစ်ကောင်က မြိုထားတာကို တွေ့ရှိခဲ့ရပါတယ်တဲ့…



Thursday, September 27, 2012

ကလေးက မုန့်ခိုးစားလို့ ဒီလိုအပြစ်ပေးကြပါသတဲ့



အသက်ရှစ်နှစ်အရွယ် ကလေးဟာ ဗိုက်ဆာလွန်းခဲ့တာကြောင့် အီရန်နိုင်ငံမှာ ရှိတဲ့ ဈေးဆိုင်တစ်ခုကနေ ပေါင်မုန့် တစ်ခုကို ခိုးစားခဲ့ပါတယ် …၊ အဲဒီအချိန်မှာ သူ့ကို ဆိုင်ရှင်မှ ဖမ်းမိခဲ့ပြီး လူအများရှေ့မှာ လက်ကို ကားနဲ့ တက်ကြိတ်စေပြီး အပြစ်ပေးခဲ့ပါတယ်..။


မျက်နှာမဲ့ လူသား



ကြောက်စရာကောင်းတဲ့ မျက်နှာပုံသဏ္ဍာန်ပျက်ယွင်းမှု ရောဂါကို ခံစားနေရပြီး မျက်နှာမဲ့ လူသားလို့ လူအများ သိကြတဲ့ Jose Mestre ဟာ အခုဆိုရင် မြင့်မားလှတဲ့ ဆေးပညာရပ်တွေကြောင့် မျှော်လင့်ချက်တွေ ရှိလာခဲ့ ပါတယ်..။

ခြေအပို လက်အပိုတွေနဲ့ ကလေးငယ်



Deepak Paswaan လို့ခေါ်တဲ့ ကောင်လေးဟာ တစ်ကမ္ဘာလုံးမှာ ၉၁ ယောက်လောက်သာ ကြုံတွေ့နေရသော Fetus In Fetus လို့ခေါ်တဲ့ ရောဂါကို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်..။


Deepak Paswaan ဟာ အသက်ရှစ်နှစ်ပဲ ရှိပါသေးတယ်..၊ သူ့ကို တစ်ချို့လူတွေက ဘုရားရဲ့ သားတော် ဆိုပြီး ယုံကြည်လက်ခံချီးမြှောက်နေကြသလို တစ်ချို့ကလည်း မကောင်းဆိုးဝါး တစ်ကောင်သူ့ကိုယ်ထဲကို ၀င်ရောက်နေတာ ဖြစ်ကြောင်း ယုံကြည်ထားကြပါတယ်…

ကမ္ဘာ့အသက်အကြီးဆုံးလိပ်



ကမ္ဘာပေါ်အသက်အကြီးဆုံးလိပ်ကို သင်သိပါသလား? အိန္ဒိယနိုင်ငံမှာရှိတဲ့ Addwaita လို့ခေါ်တဲ့ လိပ်ကြီး ကတော့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံးပဲ ဖြစ်ပါတယ်..၊ သူ့ရဲ့အသက်ကတော့ ၂၅၅ နှစ်လောက် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်…။



ဂဏာန်းစတိုင်လ်

ယခုတစ်လော အရမ်းနာမည်ကြီးနေတဲ့... Oppa Gangnam Style

Youtube ထဲမှာ ကြည့်ရှု့သူအရေအတွက် အများဆုံး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ Oppa Gangam Style

အဲဒီသီချင်းလေးကို မြန်မာမှု ပြုထားလေးပါ....၊ ဟာသအမြင်လေးနဲ့ပဲ ကြည့်ပေးပါ...



ဗွီဒီယိုကို အောက်က Link မှာ download ရယူပါ...
http://www.mediafire.com/?ephgtnq8e69scst



အောင်ထွန်းဦး

Wednesday, September 26, 2012

တရုတ်ပြည်က ဟင်းအမြန်ချက်ပြိုင်ပွဲ



တရုတ်ပြည်က မြွေနဲ့ ငါးကို အရှင်လတ်လတ် ဟင်းလျာအဖြစ် စားသုံးလို့ရအောင် အမြန်ချက်ပြုတ်ရတဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်…ပါဝင်ယှဉ်ပြိုင်သူတွေကလည်း မနည်းမနောပါပဲ...

ပြိုင်ဖို့ အချက်ပေးသံကြားတာနဲ့ မြွေကို ဒီလို တင်ပြီး ခေါင်းအရင် ဖြတ်လိုက်ပါတယ်…


ကလေးတွေကို ချစ်ရင် ဒါလေးကို ဖြန့်ဝေပေးကြပါ....



ဒါဟာ ဂျပန်နိုင်ငံမှာ နောက်ဆုံးပေါ် ခေတ်အမှီဆုံး အစားအစာပါတဲ့….၊
သေဆုံးသွားတဲ့ကလေးငယ် ဒါမှမဟုတ် သန္ဒေလောင်းတွေကို ဆေးရုံတွေကနေ ဆိုင်တွေက ယမ်း ၁၀၀၀၀ မှ ၁၂၀၀၀ လောက်ထိ ပေးပြီး ၀ယ်ယူကြပါတယ်..


လန်ဒန်မြို့က သရဲပွဲတော်




လန်ဒန်မြို့မှာ မနက်စောစောစီးစီး အိပ်ယာက နိုးနိုးခြင်း ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ သူကတော့ နှလုံးရောဂါရှိရင် တစ်ခါတည်းများ သေသွားမလား မသိဘူး…၊ 


လူသားမှ မြင်းပုံသဏ္ဍာန်ရှိ သတ္တ၀ါမွေးဖွားလာခြင်း




 နိုက်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦးဟာ ခရစ်ယာန်ဘုရားကျောင်းကို အလည်လာစဉ်အခိုက် မြင်း တိရိစ္ဆာန်နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။ 

 နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စုဝေးမှုမှာ ဧ၀ံဂေလိ ဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာ အမည် မဖော်ပြတဲ့ အမျိုးသမီးက ကိုယ်ဝန်ပျက်ကျတဲ့ သဘော ဖြစ်ခဲ့ပါတယ်တဲ့။

Tuesday, September 25, 2012

ဒါက ဘယ်လိုချစ်သူမျိုးပါလိမ့်...?



ကိုယ့်ချစ်သူကို ကိုင်ပြီး ပြတင်းပေါက်ကနေ သတ်ပစ်ဖို့ ကြိုးစားတာ မြင်ခဲ့ဖူးပါလား..၊ ကြားခဲ့ဖူးပါသလား…?

ထူးဆန်းတဲ့ အကြိတ်နဲ့ ကလေးငယ်



Lia Thi Dao လို့ခေါ်တဲ့ ၁၅ နှစ်အရွယ် ဗီယက်နမ်နိုင်ငံမှ မိန်းကလေးဟာ Schwannoma လို့ခေါ်တဲ့ တဖြည်းဖြည်းချင်း ကြီးထွားလာတဲ့ အကြိတ် ဝေဒနာကို ၃နှစ်အရွယ်ကတည်းက ခံစားလာရတာ ဖြစ်ပါတယ်..

ဆူရှီတအားစားတဲ့သူတွေ သတိပြုကြပါ.



ဂျပန်နိုင်ငံက Shota Fujiwara လို့ခေါ်တဲ့ လူတစ်ယောက်ဟာ Sushi ကို အလွန်အမင်း ကြိုက်နှစ်သက်တဲ့ သူဖြစ်ပါတယ်..၊ သူဟာ သူရဲ့ မရောင့်ရဲမတင်းတိမ်နိုင်တဲ့ စားသောက်လိုမှုကြောင့် အခုတော့ ဒုက္ခ တွေ့ နေရပါပြီ..။ သူဟာ ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားလာရပါတယ်..၊ ဒါပေမယ့် အဲဒါတွေဟာ အလုပ်ထဲက ဖိအားတွေကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့မိပါတယ်..



မခံမရပ်နိုင်အောင် ခေါင်းကိုက်လာတဲ့အခါမှာ နောက်ဆုံးတော့ သူဟာ ဆရာဝန်နဲ့ ပြသရပါတော့တယ်..၊ ဦးခေါင်းကို ဓါတ်မှန်ရိုက်ကြည့်တော့ ဘာရောဂါမှ မတွေ့ခဲ့ရပါဘူး..၊ ဒါပေမယ့် အထူးကုတွေက သူ့ရဲ့ ဦးခေါင်းခွံကို သေသေချာချာ လေ့လာကြည့်တဲ့အခါမှာတော့..၊ ဆရာဝန်တွေဟာ ဦးရေပြားအောက်မှာ လှုပ်ရှားနေတဲ့ အရာလေးတွေကို တွေ့ရှိခဲ့ရပါတယ်..၊ ဆရာဝန်တွေဟာ မေ့ဆေးပေးပြီး ဦးခေါင်းခွံကို ခွဲကြည့်လိုက်တဲ့အခါမှာတော့…..၊ သေးငယ်တဲ့ လောက်ကောင်တွေဟာ ဦးခေါင်းခွံထဲကနေ ထွက်လာ ပါတော့တယ်….၊
ကဲ…. ဆူရှီ အရမ်း အရမ်း စားကြတဲ့ မိတ်ဆွေများ သတိထားစေချင်ပါတယ်….


အောင်ထွန်းဦး

အချစ်မှာ မျက်စိမရှိ..

အချစ်မှာ မျက်စိမရှိဘူး ဆိုတာ ဒီစုံတွဲတွေ့မှပဲ ယုံတော့တယ်...

ကိုယ်ထင် ကုတင်ရွှေနန်းပဲလေ... ရှမ်းကြိုက်တော့ နွားချောတာပေါ့..ဟိဟိ...:D






အောင်ထွန်းဦး

Monday, September 24, 2012

ထူးဆန်းတဲ့မြွေအသေကြီး

ထူးဆန်းတဲ့ မြွေအသေကြီးပါ...၊ ကြည့်ချင်သူများ အောက်က link မှာ ဗွီဒီယို download ရယူနိုင်ပါသည်။

(သတိ ! ကြောက်တတ်သူများ မကြည့်ရ...)


ဒီမှာဆွဲပါ...
http://www.mediafire.com/?fdfltmve4c2jd9d


အောင်ထွန်းဦး

ထူးဆန်းတဲ့ရောဂါကို ခံစားနေရတဲ့ Sian Mumtaz



Sian Mumtaz ဟာ ပါကစ္စတန်နိုင်ငံ Lahore မြို့နဲ့ 100 ကီလိုမီတာလောက် ကွာဝေးတဲ့ Narowal မြို့ပေါ်မှာ နေထိုင်တာ ဖြစ်ပါတယ်..။


မြွေသား ဟမ်ဘာဂါ

မြွေသား ဟမ်ဘာဂါတဲ့.. အိန္ဒိယနိုင်ငံမှာပါ...



ကမ္ဘာ့အကြီးဆုံး မိကျောင်းတဲ့...



ဖိလစ်ပိုင်နိုင်ငံမှာ ဖမ်းမိတဲ့ ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး ဖြစ်ပါသတဲ့… ဒီမိကျောင်းဟာ အလေးချိန် ၁ တန်ရှိပြီး ၂၁ ပေ ရှည်လျားပါတယ်..၊ ဒီမိကျောင်းကြီးကို လူဆယ်ယောက်လောက်က ၀ိုင်းဆွဲရပြီး လူ ၃ ယောက်လောက်ကို တစ်ခါတည်း စားနိုင်ကြောင်း သိရပါတယ်…







အောင်ထွန်းဦး

ဆံပင်ညှပ်ခိုင်းလို့ တိုက်ပေါ်က ခုန်ချခဲ့တဲ့ မိန်းကလေး



တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်မှာ ၉ တန်းကျောင်းသူလေးတစ်ဦး ၅ ထပ်မှ နေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် ခဲ့ပါတယ်..၊ သူမအမည်ကတော့ ရင်ဂျင်း ဖြစ်ပြီး အကြောင်းကတော့ ကျောင်းက သူ့ကို ဆံပင်တိုတို ညှပ်ခိုင်းရာ ဆံပင်လုံးဝ မညှပ်နိုင်တာကြောင့် ဖြစ်ပါသတဲ့…


ဒီကိစ္စမဖြစ်ခင်လွန်ခဲ့တဲ့ ၈ ရက်လောက်က ၊ ရင်ဂျင်းရဲ့ အဖေဖြစ်သူဟာ ကျောင်းမှ ကလေးကို ဆံပင်ညှပ်ပေးရန် message သုံးစောင်ကို လက်ခံရရှိခဲ့ပါတယ်..၊ အမေဖြစ်သူက ရင်ဂျင်းကို ဆံပင်ညှပ်ဖို့ ပြောတဲ့အခါမှာ ရင်ဂျင်းက အပြင်းအထန်ကို ငြင်းဆန်ခဲ့ပါတယ်..၊ အမေဖြစ်သူက ဆံပင်မညှပ်လို့ မရဘူး..၊ ညှပ်ကို ညှပ်ရမယ်လို့ ပြောလာတဲ့အခါမှာ ရင်ဂျင်းဟာ ငြိမ်သက်သွားခဲ့ပြီး သူမအမေ ဘာမှ မလှုပ်ရှားနိုင်ခင် ပြတင်းပေါက်ကို ဖွင့်ပြီး ခုန်ချသွားခဲ့ပါတယ်..။

ရင်ဂျင်းရဲ့အဖေဖြစ်သူက ဒီကိစ္စဟာ ကျောင်းနဲ့အတန်းပိုင်ဆရာမတို့နဲ့ လုံးဝမသက်ဆိုင်ကြောင်း၊ ရင်ဂျင်းရဲ့ အတန်းပိုင်ဆရာမဟာ အလုပ်ကိုကြိုးစားသူဖြစ်ပြီး ရင်ဂျင်းရဲ့ ပညာရေးကို အထူးဂရုစိုက်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်..၊ ကျောင်းမှ ကျောင်းအုပ်ဖြစ်သူကလည်း ဆံပင်တိုတိုညှပ်ခိုင်းတာဟာ ကျောင်းစည်းကမ်း တစ်ခုဖြစ်တာကြောင့် ဒီလိုကိစ္စမျိုးကို တာဝန်ယူမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်….



အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ