Friday, November 30, 2012

Andriod ဖုန်းများတွင် ဖြစ်တတ်သော Screen Lock ပြသနာ ဖြေရှင်းနည်း




ဒီနေ့တော့ Gtalk ကနေ သူငယ်ချင်း တစ်ယောက် မေးတဲ့ အကြောင်းလေးကို post လေးတစ်ခု ရေးပေးပါ့မယ်..။ Andriod ဖုန်းပိုင်ရှင် အများစုလည်း ဖြစ်တတ်ပြီး တော်တော် ပြသနာ တတ်တဲ့ ကိစ္စလေးပါ..။

အဲ့ဒါကတော့ android ဖုန်းတွေမှာ screen lock ကျသွားခြင်းပဲ ဖြစ်ပါတယ်..။ ကိုယ်တိုင်ပဲ password မေ့သွားလို့ပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်က ကိုယ့်ဖုန်းကို လာကလိ လို့ပဲဖြစ်ဖြစ် သူ့အရေအတွက် ၅ ကြိမ်ကျော်သွားရင် screen lock ကျသွားပြီပဲဖြစ်ပါတယ်..။ ဒါဆိုရင်တော့ ကိုယ်ပေးခဲ့တဲ့ password ကို ပြန်ဖြည့်ပေးရတော့မှာ ဖြစ်ပါတယ်..။ ဒါပေမယ့် အဲ့ဒီ password ကိုပါ မေ့နေတယ်ဆိုရင်တော့ …….

နည်းလမ်းကတော့ (၂) နည်းရှိပါတယ်…။

၁။       ပထမတစ်နည်းကတော့ သင်ရဲ့ဖုန်း USB debugging ကို ဖွင့်ခဲ့ရင် WonderShare Moblie Go ဆိုတဲ့ application ကို ကွန်ပျူတာမှာ သွင်းလိုက်ပါ.. ( Install လုပ်ရန်နှင့် အသုံးပြုနည်းကို ဒီမှာ ကြည့်ပါ..

ပြီးရင် အဲ့ဒီ WonderShare Mobile Go လေးကို အသုံးပြုပြီး အောက်က link မှာ ပါတဲ့ application ကို ဖုန်းထဲကို သွင်းပေးလိုက်ပါ..


ပြီးရင် power ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် သင့်ဖုန်း screen lock ကျနေတဲ့ ပြသနာဟာ ဖြေရှင်းပြီးသား ဖြစ်နေပါလိမ့်မယ်..။

၂။       နောက်တစ်နည်းကတော့ ဖုန်းရဲ့ USB debugging ကို မဖွင့်မိခဲ့ရင် Factory Reset ချပေးရမှာ ဖြစ်ပါတယ်..။ 
သတိထားရမှာက Factory reset လုပ်မယ်ဆိုရင် မိမိသွင်းထားသမျှ data တွေနဲ့ root လုပ်ထားတယ်ဆိုရင်လည်း အကုန်ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်..။

လုပ်ပုံလုပ်နည်းကတော့ Recovery mode ကို အရင်ဆုံး ၀င်ပါ..။

Recovery Mode သို့ဝင်ပုံမှာ ဖုန်းကို အရင်ဆုံး power ပိတ်လိုက်ပါ..။ power ပြန်ဖွင့်ပြီး Power + Volume Down ခလုပ်တွေကို 10 စက္ကန့်လောက် တစ်ပြိုင်နက် နှိပ်ထားခြင်းဖြင့်  Recovery Mode သို့ ၀င်ရောက်နိုင်ပါသည်။

Wipe data/Factory reset ကိုရွေးပေးပါ..။ (Volume +,- ခလုပ်များဖြင့် ရွေးချယ်နိုင်ပါသည်။)

ထို့နောက် ဖုန်းကို ပြန်ဖွင့်လိုက်ပါက screen lock ကျနေတဲ့ ပြသနာဟာ ဖြေရှင်းပြီးသား ဖြစ်ပါ့လိမ့်မယ်..။


အောင်ထွန်းဦး

Thursday, November 29, 2012

Lost of Souls for Andriod Games

Facebook ကနေ သူငယ်ချင်း တစ်ယောက်တောင်းထားတဲ့ Lost of Souls ဆိုတဲ့ andriod game လေးဖြစ်ပါတယ်..။

Game အမျိုးအစားကတော့ Brain & Puzzle အမျိုးအစားဖြစ်ပြီး andriod version 2.1 နဲ့အထက် ဖုန်းတွေ tablet တွေမှာ ကစားနိုင်မှာဖြစ်ပါတယ်...။

Game size ကတော့ 11.3 MB ရှိပါတယ်...။






ဆော့ချင်သူများ အောက်က LINK မှာ Download ရယူနိုင်ပါသည်..။

Download link >>> Click Here!

အောင်ထွန်းဦး

Wednesday, November 28, 2012

ဓါတ်လှေကားထဲက ကလေးမသရဲ

ဘရာဇီးနိုင်ငံမှာပါ...။ သူတို့ လူကို စနောက်ကြပုံကလည်း ကြောက်စရာကြီး...။ နှလုံးရောဂါရှိတဲ့သူတွေ ဆို သေသွားနိုင်တယ်...။ လူတွေကို ဓါတ်လှေကားထဲမှာ မီးပျက်သွားပြီး ကလေးမတစ်ယောက်က အရုပ်လေး ပိုက်ပြီး ထွက်လာတဲ့ပုံစံနဲ့ စနှောက်ထား ကြတာပါ...။


သူတို့တွေကို ကိုယ်ကသာ ရီနေရတာ.. တစ်ကယ်တမ်း အဲ့ဒီနေရာမှာ ကိုယ် ကိုယ်တိုင် ဖြစ်နေမယ်ဆိုရင် ဘာလုပ်မိမှန်း စဉ်းစားတတ်မှာ မဟုတ်ဘူး..။ ရီတော့ အတော်ကို ရီရပါတယ်...။ ကြည့်ကြည့်လိုက်ပါအုံးနော်..။


အောင်ထွန်းဦး



နိုင်ငံခြားသားတစ်ဦး သီဆိုထားတဲ့ နော်နော်ရဲ့ သီချင်း

မြန်မာစာ၊ မြန်မာစကားကို ချစ်မြတ်နိုးပြီး စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတစ်ယောက်က မြန်မာနိုင်ငံ အဆိုကျော် နော်နော်ရဲ့ သီချင်းဖြစ်တဲ့ မလှည့်စားနဲ့ သီချင်းကို ဂစ်တာနဲ့ သီဆိုထားတာပါ...။

အရမ်းတော့ မကောင်းပေမယ့် သူ့ဟာနဲ့သူ့တော့ နားထောင်လို့ အဆင်ပြေပါတယ်...။ မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုကို ဒီ့ထက်ပိုပြီး ချစ်မြတ်နိုးတတ်ပါစေဗျာ...။



အောင်ထွန်းဦး

Tuesday, November 27, 2012

Andriod ဖုန်းပေါ်တွင် Anmation .gif ပုံများ ကြည့်ရှု့နိုင်ရန်



ကျွန်တော့်ကို အသိတစ်ယောက်က ဒီနေ့မေးတယ်.. Andriod ဖုန်းပေါ်မှာ .gif file တွေ ကြည့်လို့ရသလားတဲ့..။ ကျွန်တော်လည်း တစ်ခါမှ မစမ်းဖူးတဲ့အတွက် စမ်းကြည့်ပေးမယ်ဆိုပြီး ကလိကြည့်တာ Andriod ဖုန်းတွေပေါ်မှာ .gif ဆိုတဲ့ animated ပုံလေးတွေ ကြည့်လို့မရပါဘူး…။ java ဖုန်းတွေမှာတော့ ရမယ်ထင်ပါတယ်… ။ ဒါပေမယ့် Andriod ဖုန်းတွေမှာ Animated GIF Player ဆိုတဲ့ application လေးသွင်းထားရင်တော့ ဖုန်းထဲကနေ လှပစွာ လှုပ်ရှားနေတဲ့ GIF file လေးတွေကို ကြည့်လို့ရမှာပါ..။




အောက်က link မှာ download ရယူနိုင်ပါတယ်နော်…




အောင်ထွန်းဦး

မြန်မာနိုင်ငံမှ ဖုန်းနဲ့အင်တာနက်သုံးသူများ သတိထားရန်

ဒီဇင်ဘာလမှစ၍ Data သုံးစွဲနှုန်းဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုခကောက် ခံတော့မည်ဖြစ်၍ မြန်မာပြည်သူများ
ပြင်ဆင်ထားသင့်သောအချက်များ
--------------------------------------------------



- ဖုန်းထဲတွင် အင်တာနက်အမြဲသုံးစွဲနေသော ဆော့ဝဲများအား run မထားပါနှင့်။


- ဖုန်းထဲတွင် သတင်းများ auto တက်နေသော ဆော့ဝဲများရှိပါက ယင်းဆော့ဝဲအား ဖြုတ်ထားခြင်း (သို့မဟုတ်) ကိုယ်တိုင် update လုပ်မှ သတင်း အသစ်တက်စေသော setting သု
ိ့ပြောင်းထားပါ။ သတင်းဌာနဆော့ဝဲများသည် auto update feed / RSS Reader ကိုအသုံးပြုထားသဖြင့် သတင်းအသစ်တင်တိုင်း data auto download လုပ်သောကြောင့် မိုဘိုင်း data အသုံးပြုနှုန်း နာရီဝက်တစ်ခါ မိနစ်ခြားတစ်ခါအသုံးပြုနေပါသည်။
 
(the voice, news of Myanmar,... စတဲ့ application သွင်းထားသူများအနေနဲ့ more> setting> article updates>automatic updates ဆိုတဲ့နေရာက အမှန်ခြစ်လေးကို ဖြုတ်ထားနိုင်ပါတယ်..)

- ဖုန်းတွင်းရှိ အင်တာနက်ကွန်နက်ရှင်အသုံးပြု၍သုံးစွဲရသော ဆော့ဝဲများသည် Background မှလည်း auto run နေနိုင်သဖြင့် ဖုန်းအင်တာနက်ဖွင့်ထားပြီး ကိုယ်ကမသုံးသော်လည်း နောက်ကွယ်မှ run နေမည်ဖြစ်သဖြင့် Mobile Internet Data Usage သုံးစွဲနေမည်သာဖြစ်သည်။ Android ဖုန်းများတွင် Advance Task Manager လိုဆော့ဝဲမျိုးဖြင့် ဖုန်းထဲတွင် auto run နေသော အင်တာနက်အသုံးပြုဆော့ဝဲများကို Task Kill လုပ်ထားခြင်းဖြင့်လည်းကောင်း ၊ iPhone များတွင် Home Button ကိုနှစ်ချက်ဆက်တိုက်နှိပ်၍ Background run apps list ပေါ်လာလျှင် အင်တာနက်ကွန်နက်ရှင်အသုံးပြု၍ သုံးရသော ဆော့ဝဲများ၏ icon ကို press ဖိ၍ ကြက်ခြေခတ် ကိုနှိပ်၍ remove လုပ်ထားရန် လိုပါသည်။

- ဖုန်းထဲတွင် လက်ရှိ Mobile Data မည်မျှအသုံးပြုထားသည်ဆိုသည်ကို ပြန်လည်စစ်ဆေး၍ရသော ဆော့ဝဲမျိုးကိုလည်းထည့်ထားရမည်ဖြစ်သည်။ သို့မှသာ မိမိ data မည်မျှသုံးစွဲထားသည်ကို ပြန်လည်တွက်ချက်နိုင်မည်ဖြစ်သည်

Android ဖုန်းအတွက် Data Usage v1.0 ဆော့ဝဲကိုထည့်သွင်းသုံးစွဲရမည်ဖြစ်သည်။ အောက်က link မှာရယူပါ။

http://mmasdata.com/ipa/files/DataUsage%20by%20www.myanmarmobileapp.com.apk

iPhone အတွက် Data Usage ကြည့်ရှုရန်ဆော့ဝဲကို အောက်က link မှာရယူပါ။

https://itunes.apple.com/us/app/dataman-pro-real-time-data/id572431648?mt=8
 
(Post by သက်နိုင်စိုး | Myanmar Mobile App Store | Best Mobile Knowledge Sharing Website in Myanmar)
www.myanmarmobileapp.com
 
အောင်ထွန်းဦး
 

Monday, November 26, 2012

Bolivia နိုင်ငံက အရိုးခေါင်းနေ့ ပွဲတော်

အရိုးခေါင်းနေ့ဆိုတာ Bolivia နိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ ထူးဆန်းတဲ့ ပွဲတော်ပဲဖြစ်ပါတယ်..။ Bolivia လူမျိုးတွေဟာ လူတစ်ယောက်မှာ ၀ိဥာဉ် ၇ မျိုးရှိတယ်လို့ ယူဆထားကြပါတယ်..။ သေဆုံးသွားတဲ့ အခါမှာ ၀ိဥာဉ် ၆ မျိုးဟာ ဘုရားကို တွေ့ဖို့ ကိုယ်ထဲကနေ ထွက်သွားခဲ့ပြီး ကျန် ၁ မျိုးကတော့ ခန္ဒကိုယ်နဲ့အတူ ရှိနေ ခဲ့ပါတယ်..။ ဒါကြောင့် သူတို့ဟာ တစ်နှစ်တစ်ခါ ကိုယ်ထဲမှာ ကျန်ခဲ့တဲ့ ၀ိဥာဉ်အတွက် ပူဇော် ပသကြတာပဲ ဖြစ်ပါတယ်..။ 



Sunday, November 25, 2012

ထူးထူးခြားခြား လူသား အရောင်းဆိုင်

Capcom ကနေ ထုတ်လုပ်မယ့် zombie game အရောင်းမြှင့်တင်မှု တစ်ခုအနေနဲ့ London မြောက်ပိုင်း မှာရှိတဲ့ Smithfield အသားဈေးမှာ လူအသား အရောင်းဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်..။ ဒါတွေဟာ တစ်ကယ့် အသားတွေပါ..။ ဒါပေမယ့် လူရဲ့အသားတွေတော့ မဟုတ်ပါဘူး..။ အဲ့ဒါတွေကိုလည်း ဘယ်လိုမျိုး အသားတွေနဲ့ ဖန်တီး ထားသလဲဆိုတာကိုတော့ မသိပါဘူး..။





ဒီလို လူ့ခန္ဒာကိုယ်ပုံသဏ္ဍာန် အစိတ်အပိုင်းများကို ဖန်တီးခဲ့သူကတော့ Sharon Baker ဆိုတဲ့ အစားအစာ ပြုလုပ်သူပဲဖြစ်ပါတယ်..။ သူရဲ့ ပညာကတော့ အံ့မခန်းပါပဲဗျာ…။ နှလုံးမကောင်းသူတစ်ယောက်အနေနဲ့ အဲ့ဒီ ဆိုင်ရှေ့ ရောက်သွားခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိလှပါတယ်..။



အောင်ထွန်းဦး

Friday, November 23, 2012

ရက်စက်တဲ့ လူသားများစားကြတဲ့ မျောက်ဦးနှောက်



ဟောင်ကောင် စားသောက်ဆိုင်တွေမှာ အခုတစ်လော နာမည်ကြီးလာနေတာကတော့ မျောက်ဦးနှောက်ဟင်း ပဲဖြစ်ပါတယ်..။ မျောက်ငယ်လေးတစ်လေးကို မူးဝေစေတဲ့ အရည်တစ်မျိုး (သို့) အရက် တွေတိုက်ပြီး စားပွဲ ခုံ အလယ်မှာရှိတဲ့ အပေါက်ထဲမှာ ခေါင်းကိုဖော်ပြီးထားထားပါတယ်..။ ကျန်တဲ့ ခန္ဒာကိုယ်က စားပွဲအောက်မှာရှိပြီး လုံအောင်နဲ့ ခတ်ထားပါတယ်..။



 ပြီးတော့ စားသုံးသူတွေကိုယ်တိုင် မျောက်ရဲ့ ခေါင်းကို တူနဲ့ထုပြီး ရိုက်ခွဲ ရပါတယ်..။ မျောက်လေးရဲ့ခေါင်းကတော့ စားပွဲပေါ်မှာ ပတ်ချာလည်နေပြီး နာကျင်စွာနဲ့ အော်ဟစ်နေပါတယ်..။ ပြီးမှ မျောက်ခေါင်းထဲက ဦးနှောက်ကို စားသောက်သူတွေမှ ဇွန်းနဲ့ ခပ်စားသောက်ကြ ပါတော့တယ်..။ အဲ့ဒီအချိန်မှာ မျောက်အုံးနှောက်က မသေသေးပဲ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်..။ 


လူနဲ့အနီးစပ်ဆုံး ပုံစံတူ သတ္တ၀ါဖြစ်တဲ့ မျောက်ကိုတောင် ဒီလိုရက်ရက်စက်စက် သတ်ဖြတ်စားသောက်ကြမြင် ရတော့ လူသားတွေရဲ့ ရက်စက်မှုတွေကို ပိုပြီးတော့တောင် အံ့သြဘနန်း ဖြစ်မိရပါတယ်ဗျာ…။






Thursday, November 22, 2012

ကွက်လပ် _______


မတော်တဆမှုနဲ့ ကျွန်တော့်ဇနီး ကျွန်တော့်အပါးက ထာဝရထွက်ခွါသွားတာ အခုဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ အိမ်မှုကိစ္စဘာမှ မလုပ်တတ်တဲ့ကျွန်တော်နဲ့ လူမမယ်သားလေးကို မထားချင်ဘဲထားခဲ့ရတဲ့ ဇနီးရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်လည်း
သားအပေါ် အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ဂရုမစိုက်တတ်ခဲ့လို့ ခံစားရပါတယ်။

တစ်ခါက အလုပ်ကိစ္စနဲ့ မနက်အစောကြီး အိမ်ကနေ ကျွန်တော်ထွက်ခဲ့ရလို့ သားအတွက် ဘာမှမစီစဉ်ပေးခဲ့ရဘူး။ တစ်နေ့ကကျန်တဲ့ ထမင်းနဲ့ကြက်ဥပေါင်းကိုပဲနွေးပြီး အိပ်ရာက ကောင်းကောင်းနိုးဟန်မတူသေးတဲ့ သားကိုမှာခဲ့ရတယ်။ သားကို တစ်နေ့သုံးနပ် ပြုစုစောင့်ရှောက်ဖို့နဲ့ အလုပ်ကတစ်ဖက်မို့ ကျွန်တော် အရမ်းပင်ပန်းနွမ်းနယ်ခဲ့ရတယ်။

တစ်ညနေ အလုပ်ကအပြန် ကျွန်တော်အရမ်းပင်ပန်းနေခဲ့တယ်။ အပေါ်အင်္ကျီကိုချွတ် သားကို တစ်ချက်နှုတ်ဆက်ပြီး ညစာတောင်မစားနိုင်ဘဲ ကုတင်ပေါ် ကျွန်တော်ပစ်လှဲချလိုက်တယ်။ အဲဒီမှာ "ဘုန်း"ဆိုတဲ့ အသံနဲ့အတူ ခေါက်ဆွဲနဲ့ဟင်းရည်တွေ အိပ်ယာခင်းပေါ် စီးကျပေကျံကုန်တယ်။ စောင်ထဲမှာ ခေါက်ဆွဲတစ်ခွက် ရှိနေခဲ့လို့ဖြစ်တယ်။ "ဟာ.... ဒီကလေး" ချက်ချင်းပဲ အင်္ကျီချိတ်တစ်ခုကို ကောက်ယူပြီး အိပ်ခန်းထဲကနေ ကျွန်တော်ပြေးထွက်ခဲ့တယ်။ ကစားစရာတွေနဲ့ ဆော့ကစားနေတဲ့ သားရဲ့တင်ပါးကို မပြောမဆို ကျွန်တော်ရိုက်ချပစ်တယ်။ အရမ်းဒေါသထွက်နေလို့ မနားတမ်း ကျွန်တော်ရိုက်နေမိတယ်။ ဆက်တိုက်ရိုက်နေမိတဲ့ ကျွန်တော့်ရိုက်ချက်တွေက ငိုယိုပြီးပြောလိုက်တဲ့ သားရဲ့စကားတစ်ခွန်းကြောင့် အရိုက်ရပ်သွားခဲ့တယ်။

"ထမင်းအိုးထဲက ထမင်းတွေ မနက်ကတည်းက ကုန်သွားပြီဖေဖေ။ ညနေစာကို သားကျောင်းမှာစားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေလည်း မပြန်လာသေးတာနဲ့ မီးဖိုကြောင်အိမ်ထဲမှာ ခေါက်ဆွဲတစ်ထုပ်တွေ့လို့ သားပြုပ်မလို့ပါပဲ။ ဒါပေမယ့် ဂက်စ်မီးဖိုကို လျှောက်မဖွင့်ရဘူးလို့ ဖေဖေမှာထားခဲ့လို့ ရေချိုးခန်းထဲက ရေနွေးနဲ့ သားခေါက်ဆွဲပြုပ်လိုက်ပါတယ်။ ခေါက်ဆွဲစားနေရင်း ဖေဖေကိုလည်း စားစေချင်လို့ ခေါက်ဆွဲအေးမသွားအောင် စောင်အောက်ထဲ သားထည့်ထားမိတာပါ ဖေဖေ။ ဖေဖေပြန်ရောက်တာနဲ့ ပြောမလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းဆီက ငှားလာတဲ့ ကစားစရာတွေဆီ စိတ်ရောက်နေလို့ သားပြောဖို့ မေ့သွားတာပါ ဖေဖေ"

ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေ သားတွေ့မှာစိုးလို့ ရေချိုးခန်းထဲ ကျွန်တော်အပြေးဝင်ခဲ့တယ်။ ရေစက်ခေါင်းကို အကျယ်ကြီးဖွင့်ပြီး ကျွန်တော်အော်ငိုမိပါတယ်။ တအောင့်နေမှ ကျွန်တော်အားတင်းပြီး သားကို တစ်ဖက်ကချော့ရင်း တစ်ဖက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး အိပ်စေခဲ့တယ်။ ကုတင်ပေါ်က ပေကျံနေတဲ့ ခေါက်ဆွဲတွေကိုရှင်းလင်းပြီး သားအိပ်ခန်းတံခါးကို ကျွန်တော် အသာလေးတွန်းဖွင့်ကြည့်မိတယ်။ လက်ထဲမှာ အမေ့ဓာတ်ပုံကို ဆုပ်ကိုင်ထားတဲ့သားဆီက ရှိုက်သံတိုးတိုးကို ကျွန်တော်ကြားနေရတုန်းပါပဲ။ တံခါးဘောင်ကိုမှီပြီ သားကို အကြာကြီး ကျွန်တော်ရပ်ကြည့်နေခဲ့မိတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီလိုကိစ္စမျိုး ဖြစ်ပွါးပြီးနောက် မိခင်တာဝန်ပါကျေပွန်ဖို့ သားကို ကျွန်တော်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အခုဆိုရင် သား(၇)နှစ်ပြည့်ပါတော့မယ်။ မကြာခင် ကျောင်းကြီးတက်ရပါတော့မယ်။ ကံကောင်းတာက ဒီကာလအတောအတွင်း သားပေါ် ဘာအရိပ်မည်းမှ မကျရောက်ခဲ့ဘူး။ သားဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ သားကိုကျွန်တော်ရိုက်မိပြန်တယ်။ ဆရာမဆီက ကျောင်းကို သားရောက်မလာခဲ့တဲ့အကြောင်း ကြားတော့ ကျွန်တော်စိတ်ပူမိတယ်။ အလုပ်စောစောဆင်းပြီး ရပ်ကွက်လမ်းတွေမှာ သားနာမည်ကို အကျယ်ကြီးအော်ပြီး ကျွန်တော်လိုက်ရှာခဲ့မိတယ်။ ဘယ်လိုရှာရှာ သားကိုမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ ကျောင်းသုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှေ့က ကစားစရာရှေ့မှာ ရပ်နေတဲ့သားကိုတွေ့ခဲ့တယ်။ ဒေါသတကြီးနဲ့ သားကို ကျွန်တော် အဆက်မပြတ်ရိုက်မိပြန်တယ်။ ဒီတစ်ကြိမ်တော့ သားဆီက ဘာဖြေရှင်းချက်မှ မကြားခဲ့ဘူး။ ကျွန်တော့်ကို တောင်းပန်တဲ့စကားတစ်ခွန်းပဲ သားပြောခဲ့တယ်။ နောက်ကျမှသိရတာက အဲဒီနေ့မှာ ကျောင်းသားတွေရဲ့မိဘတွေကို ကျောင်းကပွဲအတွက် ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုကိစ္စမျိုးဖြစ်ပျက်ပြီးနောက် ကျောင်းကသင်ခဲ့တဲ့ စာတွေကို လေ့ကျင့်ဖို့ဆိုပြီး သားက သူ့အခန်းထဲမှာပဲ အမြဲအောင်းနေခဲ့တော့တယ်။ စာတွေကို ကြိုးကြိုးစားစား လေ့ကျင့်ရေးမှတ်နေတဲ့ သားကိုကြည့်ရင်း သွားလေသူဇနီးလည်း အဝေးတစ်နေရာကနေ သားရဲ့ကြိုးစားမှုတွေကိုကြည့်ပြီး ပီတိဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။

တစ်နှစ်ဆိုတဲ့အချိန်က တခဏအတွင်း ကုန်ဆုံးသွားခဲ့တယ်။ လမ်းတွေ၊ ဆိုင်တွေမှာတောင် ခရစ်စမတ်သီချင်းတွေ ကြားနေရပြီဖြစ်တယ်။ ဒီအချိန်မှာ သားကပြဿနာတစ်ခု ထပ်ရှာလာပါတယ်။ ကျွန်တော်အလုပ်ဆင်းခါနီး ရပ်ကွက်ရုံးဆီက ဖုန်းတစ်ခုကို လက်ခံရခဲ့တယ်။ ဖုန်းထဲမှာ ကျွန်တော်သားက လိပ်စာမပါတဲ့စာတွေကို စာတိုက်ပုံးတွေထဲ လိုက်ထည့်နေလို့ဆိုပါတယ်။ နှစ်တိုင်း ဒီလိုရာသီရောက်ရင် စာတိုက်က အလုပ်အရမ်းရှုပ်တဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် သားရဲ့လိပ်စာမပါတဲ့ စာတွေက သူတို့အလုပ်ကို နှောင့်နှေးစေပါတယ်။

သားကို နောက်ထပ်မရိုက်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အိမ်ကိုကျွန်တော် အလျှင်စလို ပြန်လာခဲ့မိတယ်။ သားကိုခေါ်ပြီး ကျွန်တော်ထပ်ရိုက်ခဲ့မိပြန်တယ်။ သားက သူမှားကြောင်းဝန်ခံပေမယ့် ဘာကြောင့် မှားတယ်ဆိုတာကိုတော့ မပြောခဲ့ဘူး။ သားကို ထောင့်တစ်နေရာတွန်းပို့ပြီး ကျွန်တော် လျစ်လျူရှူထားလိုက်တယ်။ စာတိုက်ဖက်သွားပြီး သားထည့်ထားတဲ့ လိပ်စာမပါတဲ့ စာတွေကို သွားယူခဲ့တယ်။

"ဘာဖြစ်လို့ ဒီလိုနည်းနဲ့ လူတွေကိုနောက်ရသလဲ?"

စာတွေကို သားရှေ့ပစ်ချပြီး ကျွန်တော်မေးတယ်။

"ဒီစာတွေက မေမေ့အတွက် ထည့်တဲ့စာပါဖေဖေ" သားက မျက်ရည်အရွှဲသားနဲ့ ပြန်ဖြေပါတယ်။

ကျွန်တော်မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်နှက်လာပြီး စိတ်တွေလှုပ်ရှားလာခဲ့တယ်။ ဒါပေမယ့် သားရှေ့မှာ မျက်ရည်မကျမိအောင် အတတ်နိုင်ဆုံး ကျွန်တော်ထိန်းချုပ်ထားမိတယ်။

"ဒီလိုဆိုရင် ဘာဖြစ်လို့ တစ်ကြိမ်မှာ ဒီလောက်များတဲ့စာတွေ ထည့်ရသလဲ?"

"အရင်တုန်းကရေးထားတဲ့စာတွေ စာတိုက်ပုံးနဲ့ သားမမီခဲ့လို့ မထည့်ဖြစ်ခဲ့ဘူး။ အခု သားအရပ်မီလာလို့ အရင်ကရေးထားတဲ့စာနဲ့ အခုစာတွေပေါင်းထည့်လိုက်တာပါ ဖေဖေ"

စိတ်တည်ငြိမ်အောင်ထားပြီး မေးခဲ့ပေမယ့် သားအဖြေက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားတုန်လှုပ်စေခဲ့တယ်။ သားကိုပြန်ပြောဖို့ စကားလုံးတွေ ကျွန်တော်ရှာမရခဲ့ဘူး။ တအောင့်နေမှ ကျွန်တော်စကားစဖြစ်တယ်။

"သား.. သားမေမေက ဟိုး မိုးကောင်းကင်ပေါ်ရောက်နေတယ်။ နောက်ဆိုရင် သားရေးတဲ့စာတွေကို မီးရှို့ပစ်လိုက်နော်။ ဒါမှ စာတွေ ကောင်းကင်ပေါ်ရောက်မှာ.."

သား အိပ်ပျော်သွားမှ အိမ်အပြင်မှာ ကျွန်တော်တစ်ယောက်တည်း စာတွေကို မီးရှို့နေမိတယ်။ စာထဲမှာ သား ရေးထားတာတွေကို သိချင်ဇောနဲ့ စာတချို့ကို ကျွန်တော်ဖောက်ဖတ်ကြည့်မိတယ်။ စာတစ်စောင်က ကျွန်တော့်ရင်ကို ဆွဲလှုပ်ရမ်းခါခဲ့ပါတယ်။

"ချစ်ရတဲ့ မေမေ

မေမေကို သားအရမ်းသတိရတယ်။ မေမေ.. ဒီနေ့ သားတို့ကျောင်းမှာ ကျောင်းကပွဲရှိတယ်။ မေမေကို ခေါ်ခဲ့ရမယ်ဆိုလို့ သားမှာမေမေမရှိလို့ အဲဒီပွဲကို သားမသွားခဲ့ဘူး။ မေမေကို ဖေဖေသတိရမှာစိုးလို့ ဖေဖေကိုလည်း သားမပြောခဲ့ဘူး။ ဖေဖေက သားကို နေရာအနှံ့ရှာခဲ့တယ်။ သားပျော်နေတယ်လို့ ဖေဖေထင်အောင် ကစားစရာတွေရှေ့မှာ သားတမင်သွားရပ်နေခဲ့တယ် မေမေ။ ဖေဖေသားကို ရိုက်ခဲ့ပေမယ့် ဘာဖြစ်လို့ သားကျောင်းမတက်တဲ့အကြောင်းကို သားမပြောခဲ့ဘူး။

မေမေ... မေမေ့ကိုလွမ်းလို့ ဖေဖေငိုတာကို သားအမြဲတွေ့တယ်။ သားလိုပဲ ဖေဖေလည်း မေမေကို အရမ်းသတိရတယ် ထင်ပါတယ်။ ဒါပေမယ့် မေမေ.. မေမေ့ပုံရိပ်က သားအသိဥာဏ်ထဲမှာ ဝိုးတဝါးဖြစ်နေခဲ့ပြီမေမေ။ ကျေးဇူးပြုပြီး သားအိပ်မက်ထဲကို လာခဲ့ပါမေမေ.. မေမေ့မျက်နှာကို သားနောက်တစ်ခေါက် ထပ်ကြည့်ပါရစေ။ ကိုယ်လွမ်းတဲ့သူရဲ့ ဓာတ်ပုံကို ရင်ခွင်ထဲထည့်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်ဆို မေမေ... ဘာဖြစ်လို့ သားအိပ်မက်ထဲမှာ အခုချိန်ထိ မေမေကို မတွေ့ရသေးတာလဲ မေမေ!"

ကျွန်တော် ချုံးပွဲချငိုမိပါတယ်။ ဘယ်တော့များမှ လွတ်ဟာနေတဲ့ သားရင်ထဲကမေမေကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မလဲ?



မူရင်းလင့်-- http://www.catholic.org.tw/tainan/at/104.htm

နိုင်းနိုင်းစနေ(Tuesday, December 01, 2009)

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ