Monday, December 31, 2012

၂၅နှစ်ကျော်ကြာမှ ရှာတွေ့ ခဲ့သောအိမ်ဧည့်ခန်းအတွင်းရှိ ၁၆ရာစုက ရေတွင်း...




အင်္ဂလန်နိုင်ငံ ပလိုင်းမောက်ရှိ အိမ်တစ်အိမ်တွင် ၁၆ရာစုနှစ်မှ ၃၃ပေနက်သော ရေတွင်းတစ်တွင်း ဧည့်ခန်း အတွင်းရှိနေသည်ကို ၂၅နှစ်နီးပါးကြာမှ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ထူးဆန်းစွာ တွေ့ရှိခဲ့သည်။ ပင်စင်စား အစိုးရ၀န်ထမ်းဖြစ်သူ မစ္စတာစတီးယားသည် လွန်ခဲ့သော ၂၅နှစ်ခန့်ကတည်းက ၀ယ်ယူခဲ့သော အိမ်၏ ဧည့်ခန်းရှိ တစ်ခါမှ မရွှေ့ပြောင်းဖူးသော ဆိုဖာကုလားထိုင်ကို အလုပ်မှ အနားယူချိန်မှ ရွှေ့ပြောင်းထားရှိသည့် အခါ အောက်တွင် အဖုံးတစ်ခုဖြင့် ကာရံထားသော မြေကြီးများကို တွေ့ရှိရသည်။

၎င်းအိမ်ကို ဆောက်လုပ်စဉ်ကတည်းက ပါရှိသော အဆိုပါ မြေသားအုပ်ထားသည့် ရေတွင်းကို စူးစမ်းသည့် အနေဖြင့် စတင်တူးဆွကြည့်ရာမှ တစ်ပေအနက်ခန့် ရောက်သောအခါ ရေတွင်းကို အံ့အားသင့်စွာ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။''ကျွန်တော် ပထမဆုံး တွေးမိတာက မြေကြီးအောက်မှာ ရွှေအိုးတလုံးများ တွေ့မလားပေါ့၊ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ပင်စင်ယူပြီး အိမ်မှာနေကတည်းက အိမ်အလုပ်တွေ ရှင်းလင်းရေးလုပ်ရင်း ဒီလို ထူးထူးဆန်းဆန်း ရေတွင်းတစ်တွင်း တွေ့ခဲ့ရတာပေါ့''ဟူ၍ အိမ်ရှင်မစ္စတာစတီးယားက ပြောဆိုခဲ့သည်။

(credit to - ထူးထူးဆန်းဆန်း)

အောင်ထွန်းဦး

ယိုကိုဟားမားက လူသေတွေအတွက် တည်းခိုခန်း




ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ ဆင်ခြေဖုံးရှိ ဟိုတယ်၌ နေထိုင်သော ဧည့်သည်များအားလုံးမှာ ကွယ်လွန်ပြီး သူများ ဖြစ်ကြသည်။ ယိုကိုဟားမားမြို့၏ သင်္ဂြိုဟ်စက်သည် အလုပ်များလွန်းသောကြောင့် သေဆုံးသွား ကြသူများသည် မိမိတို့၏အလှည့်ကို ရောက်အောင် စောင့်ဆိုင်းနေရသည်။ ယင်းကဲ့သို့ စောင့်ဆိုင်းနေစဉ် အတွင်း လူသေများကို အအေးဓာတ်ပေးထားသော ခေါင်းဂျပန်နိုင်ငံတွင် လူသေများအတွက် ဟိုတယ် ဖွင့်လှစ်ပြီး တလားများ အတွင်းထည့်ကာ တည်းခိုနိုင်ရန်အတွက် ယခုကဲ့သို့လူသေ ဟိုတယ်ထားရှိရခြင်း ဖြစ်သည်။ အဆိုပါဟိုတယ်တွင် လူသေများ တစ်နေ့တာ တည်းခိုရန်အတွက် ၁၂,ဝဝဝ ယန်း (အမေရိကန် ၁၅၇ ဒေါ်လာ) ပေးရကြောင်း သိရသည်။

(credit to - ထူးထူးဆန်းဆန်း)

အောင်ထွန်းဦး

ရွှေရောင် ကိုယ်ခန္ဒာ အလှဆင် အနုပညာ




သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင် တွယ်ချိတ်များကို ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာကို မြင်တွေ့ရသည်။

Lucy McRae သည် ထိုသရုပ်ပြမှုကို ဘရာဇီးနိုင်ငံ Sao Paulo မြို့ရှိ ပုံရိပ်နှင့် အသံ အနုပညာ ပြတိုက် (Museum of Image and Sound) တွင် ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် “Rojo Nova work in progress” အစီအစဉ်တွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။

(credit to - ထူးထူးဆန်းဆန်း)

အောင်ထွန်းဦး

ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီး




ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီးကျွန်တော်တို့ တွေ့နေ၊ မြင်နေရကျ ဂဏန်းတွေရဲ့ အရွယ် အစားဟာ လူတကာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားခြင်း မရှိပါဘူး။ ဒါပေမယ့် ကလောက်ဒီ လို့ အမည် ပေးထားတဲ့ ဒီဂဏန်း ကတော့ ဗြိတိန်နိုင်ငံ တစ်လွှား ပြသ ထားတဲ့ ဂဏန်းတွေထဲမှာ တုနှိုင်း မမီ လောက်အောင် အရွယ်အစား အကြီးဆုံးဖြစ်လာခဲ့ပါပြီ။
ပုံမှာတွေ့ ရတဲ့အတိုင်း ဂဏန်း ဘီလူးကြီး တစ်ကောင်လို ဖြစ်နေတဲ့ ကလောက်ဒီ ရဲ့ အလေးချန်ဟာ (၁၅) ပေါင်ရှိသလို အခွံ့လည်း ၁၅ လက်မ ထိတောင် အရှည်ရှိပါတယ်။ နောက်ပြီး ဗြိတိန် ကမ်းခြေတွေမှာ တွေ့ရတဲ့ သာမန် ဂဏန်းတွေထက်အဆ(၁၀ဝ)ပိုကြီး ပါသတဲ့။

ကလောက်ဒီကို တက် စမန်းနီးယား ကမ်းလွန်မှာ ငါးဖမ်း သမားတစ်ဦးက ပြီးခဲ့တဲ့မတ်လက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး တခြား တက်စမန်းနီးယား ဧရာမဂဏန်း ကြီး(၂)ကောင်နဲ့အတူ ပေါင် ၃၀ဝ၀ နဲ့ Sea Life group ကို ရောင်းချ ခြင်းခံခဲ့ရပါတယ်။

အခုဆိုရင်တော့ ဗြိတိန် ငါးပြတိုက် တစ်ခုဖြစ်တဲ့ Life မှာ သူ့အတွက် အမြင့် (၁၀) ပေ၊ အကျယ်(၆)ပေရှိတဲ့ ထုလုံးချွန် ကန် တစ်ခုလုပ်ပေးပြီး အများလေ့ လာကြည့်ရှု နိုင်အောင် ပြသထား ပါပြီ။ ဂဏန်းတွေဟာ ပင်လယ် ရေအောက်က ငါး၊ ပုဇွန် အသေ တွေကို စားသောက်လေ့ရှိပေမယ့် ကလောက်ဒီ ကတော့ မက်ကရယ် ငါးတွေနဲ့ ပြည်ကြီးငါးတွေကိုပဲ စားနေပါသတဲ့။ ကလောက်ဒီဟာ တက် စမန်းနီးယား King Crab ဂဏန်း အမျိုးအစားတွေထဲမှာ ငယ် ရွယ်တဲ့ ဂဏန်း တစ်ကောင် ဖြစ်တာ ကြောင့် ပေါင်(၃၀)အထိ ကြီးထွားလာဖွယ် ရှိတယ်လို့ သိရပါတယ်။

credit to - ထူးထူးဆန်းဆန်း


အောင်ထွန်းဦး

တောင်မြင့်သုသာန်မီးသဂြိုဟ် စက် အပြီး တိုင် ပိတ် သိမ်း သုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်း မှုများ



မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေးဌာန လက်အောက်ရှိ တောင်မြင့်သုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/ မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း မြို့တော်စည်ပင်၏ တရားဝင် ထုတ်ပြန် ချက်အရ သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေး ဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း သြ၀ါဒါ စရိယဆရာတော် ဘဒန္တနေမိနက 7Day News သို့ မိန့်ကြားသည်။

တောင်မြင့်သုသာန်ပိတ် သိမ်းပွဲကို ဗုဒ္ဓဘာသာဓလေ့ထုံးထမ်းစဉ်လာအရ ပြုလုပ်ကြောင်း၊ ရှေးဦးစွာ မြို့တော် စည်ပင်သန့် ရှင်းရေးဌာနမှူးက တောင်မြင့်သု သာန်ပိတ်သိမ်းကြောင်း အမိန့်ပြန်တမ်းကိုဖတ်ကြားကြောင်း၊ ထို့နောက် တောင်မြင့်သုသာန်မှ ၀ိဉာဉ်များကို တောင်အင်းမြောက် အင်းရွှေ့ရန်အတွက် အသင့်စီစဉ် ထားသော Dump Truck ယာဉ် များပေါ်သို့ တက်ရောက်ရန်ဖိတ်ခေါ်ကြောင်း၊ ၀ိဉာဉ်များသုသာန် ပြောင်းရွှေ့ ရေးအတွက် ယာဉ်ပေါ်တက်ရန် နာရီဝက်ခန့်အချိန် ပေးကြောင်း၊ တောင်မြင့်သုသာန်အား လေးဘက်လေးတန် စည်းခြားသတ်မှတ်ပြီး ၀ိဉာဉ်အားလုံးကို ဖိတ်ခေါ်ပြီးနေရာပြောင်းရွှေ့ရေးအတွက် အမိန့်ပြန်တမ်း ဖတ် ကြား ကြောင်း၊ ထို့နောက် ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပြီး၊ ကားတစ်စီး လျှင်ဆရာတော်တစ်ပါး ဦးဆောင်ကာ တောင်မြင့် သုသာန်မှ တောင်အင်း/မြောက်အင်း သုသာန်သို့ ၀ိဉာဉ်များ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနဌာနမှူးဦးနေ၀င်းမြင့်က အတည် ပြုပြောကြားသည်။

ထိုသို့ တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများကို မြို့ တော်စည်ပင်မှ အမိန့်ထုတ်ပြန်ပြီး ယာဉ်များ ပေါ်သို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တက်ရောက်ရန် နာရီဝက်အချိန်ပေးပြီး၊ ယာဉ်များ စတင်ထွက်ခွာရာ ကောင်းကင် တစ်ခုလုံးမှုန်မှိုင်းပြီး လေပြင်းမုန်တိုင်းများတိုက်ခတ်ကြောင်း၊ မိမိတို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တင်ဆောင်လာသော ကားများ တောင်မြင့်သုသာန်မှ ထွက်ခွာချိန်တွင် လေကြီး၊ မိုးကြီးကျပြီး လေပြင်းများ တိုက်ခိုက်လာကြောင်း၊ ယာဉ်မှူးတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။ ၀ိဉာဉ်များ၊ နာနာဘာဝများ ကားပေါ်တက်ရောက်ရန် အမိန့်ထုတ်ပြန်ချိန်တွင် မိမိကားသည်လေးလာပြီး ကားမောင်းနှင်ရာတွင် ၀န်များ ပါလာသလို ခံစားရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများတင်ဆောင်လာသော ကားများသည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့် အသစ်ရွှေ့ပြောင်းသော တောင်အင်း/မြောက်အင်းသုသာန်သို့ရောက်ရာတွင်၊ မြို့တော် စည်ပင် သန့်ရှင်းရေးဌာန ဌာနမှူးက သင်တို့အသစ်နေရမည့် နေရာသစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဆင်းရန် နာရီဝက်အချိန်ပေးကြောင်း၊ မိမိတို့ကြိုက်နှစ်သက်သော နေရာတွင် သင့်သလို နေရာယူ နေနိုင် ကြောင်း၊ အမိန့်ပြန်တမ်းထပ်မံဖတ်ကြားပြီး သုသာန်ရွှေ့ပြောင်းမှုကို ဘာသာရေးထုံး တမ်းစဉ်လာများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(credit to - ထူးထူးဆန်းဆန်း)

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ