Thursday, January 31, 2013

Tango for Andriod Phones

ညီမတစ်ယောက်တောင်းထားတဲ့ Tango application လေးတင်ပေးချင်ပါတယ်...။
Android ဖုန်းတွေမှာ video call တွေအတွက် အတော်များများ အသုံးပြုကြတဲ့ software လေးဖြစ်ပါတယ်...။

ဒါ့အပြင် free message, free voice calls, free videos message နဲ့ free picture message တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပြီး တော်တော်လေးကို အသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်...Andriod Version 1.6 နဲ့အထက်ဖုန်းတွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်...။




Download link >>> http://www.mediafire.com/?58pvqz35yk954b5


အောင်ထွန်းဦး


Tuesday, January 29, 2013

အိမ်မြှောင်လေးတစ်ကောင်


ဒီပုံပြင်လေးကတော့ ဂျပန်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

ဂျပန်မှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးစာ အိမ်အဟောင်းကို ပြုပြင်ဖို့ နံရံကို ချိုးဖျက်ခဲ့တယ်။ ဂျပန်အိမ်တွေမှာ သစ်သားနံရံတွေကြား အခေါင်းပေါက်နေရာလပ်တစ်ခုရှိတယ်သူဟာနံရံကိုဖြိုချတဲ့အခါ ညပ်နေတဲ့ အိမ်မြှောင်တစ်ကောင်ကို မြင်ခဲ့တယ်။ အပြင်က သံတစ်ချောင်းက အဲဒီအိမ်မြှောင်ရဲ့ ခြေတစ်ဖက်ကို ဖောက်ရိုက်ထားတာ သူတွေ့ခဲ့တယ်။ သူဟာ အိမ်မြှောင်လေးအပေါ်သနားစိတ်ဝင်ခဲ့တယ် ။ တစ်ချိန်ထဲမှာလည်း ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို သိချင်လို့ သံချောင်းလေးကိုစစ်ဆေးလိုက်တဲ့အခါ သံချောင်းလေးရဲ့သက်တမ်းဟာ ပထမဆုံး အိမ်ဆောက်တဲ့ အချိန်နဲ့တွက်ကြည့်ရင် ( ၁၀ ) နှစ်လောက်ရှိနေတာကို တွေ့ရှိခဲ့ရတယ်။
ဘယ်လိုဖြစ်ရတာလဲ......။

အိမ်မျြောင်လေးဟာ တစ်နေရာထဲမှာပဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်ခဲ့တယ်။ မှောင်ပြီး ခွဲကန့်ထားတဲ့နံရံမှာ ( ၁၀ ) နှစ်ကြာကြာမရွေ့လျားဘဲ ရှိနေတဲ့အတွက် သူဟာ စိတ်ထဲမှာ မဖြစ်နိုင်သလို ခံစားရပြီး အံ့သြသင့်မှုတွေနဲ့ တုန်လှုပ်သွားခဲ့တယ်။ ပြီးတော့ ခြေထောက်မှာ သံရိုက်ခံရလို့ ခြေလှမ်းတစ်လှမ်းမှ မရွေ့လျားဘဲ ( ၁၀ ) နှစ်ကြာကြာ အသက်ရှင်နေတဲ့ ဒီအိမ်မြှောင်ကို သူအရမ်းအရမ်းအံ့သြမိတယ်။ ဒါကြောင့် သူ့အလုပ်ကိုရပ်ပြီး အိမ်မြှောင်ကလေး ဘာတွေလုပ်ပြီး ဘယ်လိုစားခဲ့လဲဆိုတာ့ လေ့လာကြည့်ခဲ့တယ်။

ဒီလိုနဲ့ သူ့စိတ်ထဲဖြစ်နေတဲ့ ခံစားချက်အတွက် အဖြေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါတော့ အခြား အိမ်မြှောင်လေးတစ်ကောင်က အစာတွေကို ပါးစပ်ထဲမှာ ထည့်ပြီး ဒုက္ခိတအိမ်မြှောင်လေးကို လာကျွေးနေလို့ပါပဲ။ အဲဒီမြင်ကွင်းကို သူမြင်ရတဲ့အခါ အသက်ရှူမှားလောက်အောင် ဖြစ်ပြီး အ၇မ်းခံစားခဲ့ရတယ်။

( ၁၀ ) နှစ်ကြာကြာ မမောမပန်း ၊မျှော်လင့်ချက်မစွန့်ဘဲ အဖော် အိမ်မြှောင်လေးကို ပြုစုခဲ့တဲ့ အိမ်မြှောင်လေးကို စဉ်းစားကြည့်ပါ။ မင်းလည်း မင်းရဲ့အဖော် ( သူငယ်ချင်း ၊ မိဘ ၊ မောင်နှမ ၊ ဆွေမျိုး ၊ အတူလက်တွဲလုပ်ဆောင်ရတဲ့သူ ) တွေအပေါ်မှာ အိမ်မြှောင်လေးလို ပြုစုပေးမှာလား......။

အထူးသဖြင့် ( ၉ ) လတိုင်တိုင်ကြီးမားတဲ့ ၀န်ထုပ်ကို လွယ်ပြီး မင်းကိုလူဖြစ်အောင် ဒီလောကထဲယူဆောင်ပေးခဲ့တဲ့ မင်းရဲ့အမေကို ဒီလိုပြုစုပေးမှာလား..............။

သေးငယ်တဲ့တိရစ္ဆာန်လေးတောင်မှ ဒုက္ခရောက်နေတဲ့ အဖော်ကို ဒီလိုပြုစုတတ်ရင်.....အရမ်းထက်မြက် ကျွမ်းကျင်ပြီး ပါရမီတွေထူးတဲ့ လူသားတွေအနေနဲ့ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ..........။

ကျေးဇူးပြုပြီး မင်းချစ်ရတဲ့သူတွေကို ဘယ်တော့မှ စွန့်ပစ်မထားပါနဲ့။ မင်းရဲ့အကူအညီကို အမှန်တကယ်လိုလားနေတဲ့သူကို ....အလုပ်များတယ်.....လို့မပြောပါနဲ့။

နှလုံးသားကို အသုံးပြုပြီး အသက်ရှင်ပါ။ ဦးနှောက်ကို အသုံးပြုပြီး အသက်ဆက်ပါ။ ဒါဆိုရင် မင်းရဲ့ဘ၀ဟာ ကောင်းကင်သုခ ဖြစ်လာပါလိမ့်မယ်။

Credit by စိတ်ကူးပျော်ရာ

အောင်ထွန်းဦး

အောက်စီဂျင် ပြတ်နေသော သနားစရာငါးလေးများ


အတိတ်ဘဝက ကောင်းမွန်ပြည့်စုံတဲ့ ကုသိုလ်ထူးတွေ ရှိကြသောသူများမှအပ ဘယ်သူမဆို
ဘယ်သတ္တဝါမဆို အသက်ရှင် ရပ်တည်ဖို ခက်ခဲးစွာ ရုန်းကန်ကြရတာပါ။ငါးသတ္တဝါတွေအတွက်
လူသားမျာနှင့် အခြားသားစားသတ္တဝါတွေရဲ ဘေးအန္တရာယ်အပြင် ချောင်း၊မြောင်း၊ အင်း၊အိုင် တွေမှာရေပြတ်လို သေကြရသလို၊ ဒီလိုအေးခဲးတဲ့ ရာသီတွေမှာလဲ ရေထဲးမှနေပြီး ရေပြတ်လို မသေနိုင်ပေမဲ့လေပြတ်လို သေဘေးနဲ့ ရင်ဆိုင်ကြရတာပါ။

လူတွေဟာအောက်စီဂျင် မရှိရင်အသက်ရှင်ဖို့မဖြစ်နိုင်တော့ပါဘူး ဒီလိုပဲငါးတွေဟာ အောက်စီဂျင်ပျက်သွားရင် သေဆုံးကုန်ပါတယ်။

ဒီပုံထဲမှာမြင်ရတဲ့ ငါးတွေက အောက်စီဂျင် ကို အလုအယက်ရူဖို့ အတွက် ရေခဲအပေါက် မှာ ပြုံတိုးနေတာ ဖြစ်ပါတယ်ရုရှားနိုင်ငံက St.Petersburg ,ဥယျာဉ်အတွင်းက ရေကန်တစ်ခုဟာ
ဆောင်းရာသီမှာ အပေါ်ယံမျက်နှာပြင်ဟာ အေးခဲသွားပါတယ် အဲ့အတွက် အထဲက ငါးတွေဟာ အောက်စီဂျင်ပြတ်ပြီး သေးဆုံးတဲ့အဖြစ်အပျက်တွေရှိတဲ့အတွက်အခုလို အပေါက်ဖောက်ပေးထားတာပါ။
သံသရာမှာ မွန်းကြပ်ပိတ်လှေင်ပြီး အသက်ရှု ကြပ်ကာ သေခဲကြတဲ့ဒီလိုဘဝမျိုးတွေ ကြုံဖူးခဲ့ကြပါတယ်။
သံဝေဂ လေး တစ်ချက်လောက်ရပါစေ....။

Credit by စိတ်ကူးပျော်ရာ

အောင်ထွန်းဦး

Sunday, January 27, 2013

Team Viewer Portable Software ကို စမ်းသုံးကြည့်ရအောင်

မင်္ဂလာပါ......
ဒီရက်ပိုင်းမအားတာနဲ့ ဆော့ဝဲလေးတွေ မတင်နိုင်တာခွင့်လွတ်ပေးကြပါ.....
Team Viewer ဆော့ဝဲလေးကို အသုံးပြုဖူးတဲ့ သူငယ်ချင်းတွေများမှာပါ...မသုံးဖူးတဲ့သူငယ်ချင်းတွေ အတွက်ပါ....အသုံးပြုပြီးသားသူငယ်ချင်းတွေ အတွက် ဖတ်လိုက်ရလို့ အချိန်ကုန်သွားတာကို တောင်းပန်ပါတယ်....

Friday, January 25, 2013

မိန်းကလေးများ သတိထားကြရန်...


တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။

Thursday, January 24, 2013

Temple Run 2 v1.0 for Android apk






Android ဖုန်း/Tablet တွေအတွက် Free ဂိမ်းတွေထဲမှာ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Temple Run ဂိမ်းရဲ့ နောက်ဆက်တွဲဂိမ်းအနေနဲ့ Temple Run 2 ထွက်ရှိလို့လာပါပြီ ။ Temple Run 2 မှာတော့ ကိုယ်ကစားရမယ့် ဇာတ်ကောင်က ပြေးလွှားနေရမယ့် ပုံစံနဲ့တင်မဟုတ်တော့ဘဲ အခြား စွန့်စားခန်းတွေပါ ပါဝင်လာတာကြောင့် ပိုပြီး စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆော့လို့ပိုကောင်းလာပါတယ်။ Temple Run 2 for Android ကိုအောက်ကကြိုက်နှစ်သက်ရာ link မှာရယူနိုင်ပါတယ်။
Temple Run 2 v1.0 for Android apk အားရယူရန်
Temple Run 2 v1.0 for Android apk အားရယူရန်
Temple Run 2 v1.0 for Android apk အားရယူရန်



credit to (http://myanmarmobileapp.com/temple-run-2-v1-0-for-android-apk/)


အောင်ထွန်းဦး





Samsung ဖုန်း/တက်ပလက် အလွယ်ကူဆုံးနည်းနဲ့ Root လုပ်ကြမယ်။


အောက်ပါဖုန်းများကို အလွယ်ကူဆုံးနည်းနဲ့ Root လုပ်တဲ့နည်းလေးဖြစ်ပါတယ် ။ ကွန်ပျူတာမလိုဘာမှမလိုပါဘူး apk တခုထဲနဲ့ပဲ အလုပ်လုပ်သွားတာဖြစ်ပါတယ် ။

Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300Samsung Galaxy S3 LTE GT-I9305
Samsung Galaxy Note GT-N7000
Samsung Galaxy Note 2 GT-N7100
Samsung Galaxy Note 2 LTE GT-N7105AT&T
Galaxy Note 2 SGH-I317Verizon
Galaxy Note 2 SCH-I605 both locked and unlocked bootloaders work
Samsung Galaxy Camera EK-GC100
Samsung Galaxy Tab Plus GT-P6210
Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020

1. အရင်ဆုံးက အောက်က link မှာပါတဲ့ application ကို အရင် download ရယူပါ..။
Here 

2. Application ကို ဖုန်းထဲသို့ install လုပ်ပါ..။

3. App drawer ထဲတွင် ရောက်ရှိနေမည်ဖြစ်သော Exynos Abuse application ကိုဖွင့်ပါ..။

4. Root device ကိုရွေးပေးပါ..။
71572_2656177180279_726116224_a


5.SuperSU permission မေးလာပါလိမ့်မယ်..။ Grant it ကို နှိပ်ပေးပါ..။

71536_2656177940298_95311096_a

6. အခုဆိုရင် သင့်ဖုန်းဟာ root လုပ်ပြီးသွားပါပြီ..။ ပြီးရင် disable Exploit ကို အမှန်ခြစ်ထားပေးပါ..။

543800_2656178820320_121133115_a

 မှတ်ချက်  ။    ။ camera ကတော့ အလုပ်မလုပ်ပါဘူး..။ ဒါပေမယ့် camera ကိုသုံးချင်ရင် disable exploit မှာ အမှန်ခြစ်ပြန်ဖြုတ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်...။


200602_2656181060376_1469832871_a



အောင်ထွန်းဦး

Tuesday, January 22, 2013

မိမိရဲ့ ဖုန်း Caller မှာ video လေး ထားကြည့်မယ်

ကောင်းတဲ့ ဖုန်း applications လေးတွေ အများကြီးတွေ့ထားပါတယ်...။ မအားတာနဲ့ သိပ်မတင်ဖြစ်တာပါ.. ရှေ့လျှောက်တော့ ပုံမှန်တင်ပေးနိုင်အောင်ကြိုးစားနေပါတယ်... အခုတင်ပေးမယ့် application လေးကတော့ တစ်ချို့ သုံးဖူးတဲ့သူရှိမှာပါ...။

ကိုယ့်ဆီကို အ၀င်ဖုန်း တစ်ခုခုဝင်လာပြီဆိုရင် ကိုယ်ကြိုက်နှစ်တဲ့ video ကို ဖုန်းမှ ဖွင့်ပေးမှာဖြစ်ပါတယ်..။

 ဖုန်းထဲမှာ အရင်ဆုံး ကိုယ်နှစ်သက်တဲ့ video ကို ဖုန်းထဲကို အရင် ထည့်ထားပေါ့နော်..

ပြီးရင်တော့ မိမိနှစ်သက်ရာ video ကို contact တစ်ဦးချင်းဆီ ရွေးချယ်ပေးနိုင်ပါတယ်...။ ဒါ့အပြင် အ၀င်ခေါ်ဆိုမှုတွေကို ပိတ်ထားနိုင်မယ့် block incoming calls လည်း အသုံးပြုနိုင်ပါတယ်...။

Download link >>> http://www.mediafire.com/?ma45unjfrw5r0aq

အဆင်ပြေကြပါစေ...

အောင်ထွန်းဦး

လူ့မစင်နဲ့ လုပ်ထားတဲ့ အသားတု

ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ...့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။ လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။

ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။ ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။ သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။ ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။

credit to - ထူးထူးဆန်းဆန်း
အောင်ထွန်းဦး

Sunday, January 20, 2013

ရက်စက်တဲ့ တရုတ်နိုင်ငံက မြှားပစ်ပြိုင်ပွဲ




2013 January 14 မှာတော့ တရုတ်နိုင်ငံ Jilin ပြည်နယ် Yanji မြို့မှာ Ice Festival ဆိုတဲ့ ရေခဲ ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်..။ ဒီပွဲတော်အတွင်းမှာ တရုတ်-ကိုရီးယား ရိုးရာ မြှားပစ် ပြိုင်ပွဲကို လည်း ကျင်းပစေခဲ့ပြီး ရှေးရိုးရာ ၀တ်စုံကိုဝတ်ဆင်ထားတဲ့ ပုံစံများနဲ့ ၀င်ရောက်ယှဉ်ပြိုင်စေတာ ဖြစ် ပါတယ်..။ ထူးခြားတာကတော့ နိုင်ငံခြားသား ခရီးသွားများကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပြီး ခရီးသွားဧည့်သည်များကို စွဲဆောင်နိုင်ရန် ပစ်မှတ်အဖြစ် အသုံးပြုထားတာကတော့ အသက်ရှင်လျက် ရှိတဲ့ ကြက်လေးတွေပဲဖြစ်ပါတယ်..။




အဆိုပါလုပ်ရပ်ဟာ ယခုအခါ အငြင်းပွားဖွယ်ရာ ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရပြီး တစ်ချို့ နိုင်ငံခြားသား ခရီးသွားများက ဒီလုပ်ရပ်ဟာ ရက်စက်မှု တစ်ခုသာဖြစ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်…။


အောင်ထွန်းဦး

SayHi- Find People Nearby! v1.96 for Android


 
 

Chatting ပြောရတာဝါသနာပါတဲ့ Android ဖုန်းပိုင်ရှင်တွေအတွက် SayHi လို့ခေါ်တဲ့ application တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလေးထဲကနေ chat မယ်ဆိုရင် ဒီဆော့ဝဲကိုအသုံးပြုပြီး chatting ပြောနေသူအချင်းချင်း ဘယ်နေရာကနေပြောနေတယ်ဆိုတာကို နေရာအတိအကျ ဆော့ဝဲရဲ့မြေပုံကနေပေါ်နေမှာဖြစ်ပါတယ်။
ကျွန်တော်က မန္တလေးကနေ သုံးနေတာဆိုတော့ ဒီဆော့ဝဲထဲကိုဝင်လိုက်ရင် မန္တလေး location ထဲကလူတော်တော်များများကိုတွေ့ရပါတယ်။ SayHi app လေးကို ဖုန်းထဲမှာသွင်း ၊ ပြီးရင် SayHi app ထဲမှာ ကိုယ့်ရဲ့မြန်မာနာမည်နဲ့ register လုပ်ပြီးသွားပြီဆိုရင် SayHi Chatting ကိုစသုံးနိုင်ပါပြီ။ ဒီဆော့ဝဲလေးကိုသုံးဖို့အတွက် ဖုန်းမှာအင်တာနက်ကွန်နက်ရှင်တော့ရှိရပါမယ်။ SayHi v1.96 for Android ကိုအောက်ကကြိုက်နှစ်သက်ရာ link မှာရယူနိုင်ပါတယ်။
SayHi- Find People Nearby! v1.96 for Android အားရယူရန် (Zippyshaer link)
SayHi- Find People Nearby! v1.96 for Android အားရယူရန် (Sendspace link)












Credit to (http://myanmarmobileapp.com/sayhi-find-people-nearby-v1-96-for-android/)

အောင်ထွန်းဦး

Saturday, January 19, 2013

မိကျောင်းနဲ့လူကြားက မေတ္တာတရား


သတ္တ၀ါကို ကိုယ်က မေတ္တာတကယ်ထားရင် ဘယ်လောက် ကြောက်စရာကောင်းတဲ့ သတ္တ၀ါဖြစ်စေ ကိုယ့်ကို မေတ္တာပြန်ထားတယ်ဆိုတာ Mr chito ဆိုသူက သက်သေပြနိုင် ပါတယ်။ သူက ငါးဖမ်းသမားပါ။ တနေ့ မိကျောင်းတကောင် မျက်လုံးတဘက် သေနတ်ပစ်ခံရပြီး သည်အတိုင်း ကုန်းပေါ်မှာ သေအံ့ မူးမူး ဖြစ်နေတာကို mr chito က အိမ်သယ်လာပြီး ကောင်းမွန်စွာ ဆေးကုပေးပါတယ်။ ဆေးကုပေးပြီး ပြန် လည်ကောင်းမွန်လာတော့ သူ့ကို တောထဲ ပြန်သွားလွှတ်ပေးပါတယ်။

ဒါပေမယ့် မိကျောင်းက သူအိမ်အထိကို ပြန်လိုက်လာခဲ့ပါတယ်။ အဲ့တာနဲ့ တောထဲ ပြန်မပို့တော့ဘဲ သူနဲ့ အတူနေလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော် လာပါပြီ။



by သုတစွယ်စုံကျမ်း။


အောင်ထွန်းဦး 

Friday, January 18, 2013

Tera Copy နဲ့ File data ကို မြန်မြန်ကူးကြမယ်......

Window ပေါ်ကနေ File တွေကို Copy ကူးရတယ် နှေးတယ်ဆိုရင်....ပိုမြန်အောင်ကူးနိုင်ဖို့အတွက် TeraCopy ဆိုတဲ့ Software လေးကို သွင်းကြည့်လိုက်ပါ..
အရင်ထက်အချိန်ကုန်ပိုသက်သာပါလိမ့်မယ်....

Thursday, January 17, 2013

သနားစရာ ကလေးငယ်

ဘယ်ဘ၀က ၀ဋ်ကြွေးတွေ ဘာခဲ့လို့ ဒီလိုမျိုး ခံစားနေရတာပါလိမ့်... ကိုယ်ကိုယ်တိုင် မဟုတ်ပဲနဲ့ ကိုယ့် ဆွေမျိုးသားချင်းဆိုတဲ့ အသိကလေးဝင်ကြည့်ရင်ကို တော်တော် သနားဖို့ကောင်းနေပါပြီ..။
ထိုင်းနိုင်ငံမှာပါ...။ အကူအညီ လိုအပ်နေပါတယ်....။

သင့်ရဲ့ ဒီသတင်းလေးကို မျှဝေမှုက ဒီကလေးဆေးကုဖို့ အတွက် အထောက်အကူ ဖြစ်မှာပါ..။



အောင်ထွန်းဦး

Wednesday, January 16, 2013

Tuneup 2013 နဲ့ မိမိ PC ကို မြန်အောင်လုပ်ကြရအောင်....

     TuneUp Utilities 2013
မိမိ အသုံးပြုနေသော PC ၏ Window Err , Regedit Err ,များကို ရှင်းလင်း၍ System Maintenance ပြုလုပ်ပေးနိုင်သည့် Tuneup 2013 software ကို FullVersion တင်ပေးလိုက်ပါတယ် ....

Tuesday, January 15, 2013

Human Papillomavirus (HPV) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါ

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယလူမျိုး Mohammad Latif Khatana ဟာ Human Papillomavirus (HPV) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ်..။ အဲ့ဒီ ရောဂါဟာ သူရဲ့မျက်နှာပေါ်မှာ ကြီးမားတဲ့ အဆီထုံးတွေဖြစ်စေပြီး မျက်လုံးတစ်ဖက် မမြင်ရတော့တဲ့ အထိ ဆိုးဝါးခဲ့ပါတယ်..ကျန်တဲ့ မျက်လုံးတစ်ဖက်က မြင်ရသေးပေမယ့် အခုဆိုရင် မျက်နှာပေါ်က အဆီကြိတ်တွေက ပိတ်ဆို့နေပြီဖြစ်ပါတယ်..။




သူဟာ ကံဆိုးစွာပဲ မွေးကတည်းက ဒီရောဂါ ပါလာခဲ့တာဖြစ်ပါတယ်..။ ဒီရောဂါကြောင့်သူဟာ ကလေးဘ၀ကတည်းက သူများရဲ့ အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဖြစ်ခဲ့ရပါတယ်..။ အသက်အရွယ်ရလာတဲ့ အခါမှာလည်း ဘယ်သူကမှ အလုပ်မပေးတာကြောင့် လမ်းပေါ်မှာထွက်ပြီး တောင်းစားခဲ့ရပါတယ်..။

ဘ၀ရဲ့ အလှည့်အပြောင်းအဖြစ်.. ၂၀၀၈ ခုနှစ်မှာ Salima ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံတွေ့ ခဲ့ရပါတယ်…၊ Salima ကလည်း လုံးဝပြည့်စုံတဲ့သူတော့မဟုတ်ပါဘုး..။ သူမမှာ မွေးကတည်းက ခြေ တစ်ဖက်ပဲ ပါလာခဲ့ပါတယ်..။ သူတို့နှစ်ဦးဟာ မေတ္တာမျှခဲ့ပြီး အခုဆိုရင် ကလေးရဖို့ မျှော်လင့်နေပါတယ်..။


အောင်ထွန်းဦး

ခွေးကြောင့် မျက်နှာအစားထိုးခွဲစိတ်မှုပြုခဲ့ရသူ

Isabelle Dinoire ဟာ ပြင်သစ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်..။ သူမဟာ စိတ်ကျရောဂါကို ခံစားနေရပြီး May 2005 မှာ အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်..။ အဲ့ဒီအချိန်မှာ သူမမွေးထားတဲ့… Tania ဆိုတဲ့ခွေးလေးဟာ သူမရဲ့ မျက်နှာကို စတင်ကုတ်ခြစ် ကိုက်ဆွဲပါတော့တယ်..။ ခွေးလေးဟာ သူရဲ့ သခင် ချက်ချင်းပဲ သူ့ကိုတုန့်ပြန်မှု မရှိတော့တာကြောင့် သူရဲ့ သခင်ကို လှုပ်နိုးတာဖြစ်နိုင်ပါတယ်..။ Isabelle ပြန်လည် သတိရလာချိန် မှာတော့ သူမရဲ့ ပါး၊ နှုတ်ခမ်း၊ နှာခေါင်း စတာတွေ မရှိတော့ပါဘူး..။ 




သူမကို ပြင်သစ်နိုင်ငံ Centre Hospitalier Universitaire Nord in Ameins မှာ ၂၇ နိုဝင်ဘာ ၂၀၀၅ မှာ မျက်နှာအစားထိုး ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်..။ Isabelle Dinoire ဟာ ပထမဦးဆုံး မျက်နှာ အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်သူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…။

အောင်ထွန်းဦး

အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူများ

ကမ္ဘောဒီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အက်ဆစ်နဲ့တိုက်ခိုက်မှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်..။ ၂၀၀၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Cambodian Acid Survivors Charity (CASC) ဟာ အခုဆိုရင် လူပေါင်း ၂၇၀ ခုနှစ်ကို ပြုစုကုသမှုပေးခဲ့ပြီးဖြစ်ပါတယ်..။ ဒါအရေအတွက်ဟာ CASC ကနေ ကုသမှု ခံယူတဲ့ အရေအတွက်သာဖြစ်သည့်အတွက် ဒီ့ထက်တောင် ပိုများနိုင်ပါသေးတယ်..။ ၂၀၁၀ ပထမ သုံးလအတွင်းမှာ ၁၀ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး ဇွန်လထဲမှာတော့ Sokreun Mean ဆိုတဲ့ အမျိုးသမီးဟာ အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်..။ ယေဘုယျတွက်ကြည့်မယ်ဆိုရင် ကမ္ဘောဒီး ယားနိုင်ငံဟာ ရက်အနည်းငယ်အတွင်းမှာ အက်ဆစ်နဲ့ တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွားနေတယ်ဆိုတာ ကို တွေ့ရမှာဖြစ်ပါတယ်..။




ဒဏ်ရာလား.. ရောဂါလား (ကြောက်တတ်သူများ ကြည့်ရန်မသင့်)

ဒီပုံတွေက တရုတ်နိုင်ငံကပါ..။ ဒါပေမယ့် ဒီဓါတ်ပုံတွေနဲ့ပတ်သက်တဲ့ သတင်းအစုံအလင်ကိုတော့ မရရှိခဲ့ပါဘူး.. ဒါပေမယ့် ဒီ ရောဂါဆိုးကတော့ ကြည့်ရုံနဲ့တင်ကို အတော်ကို ကြောက်ဖို့ကောင်းနေပါ တယ်..။ ဒီရောဂါကြီးက ဘယ်ကနေဘယ်လိုစဖြစ်တယ်..၊ ကုသလို့ ရနိုင် မရနိုင် စတာတွေကို ကျွန်တော် တကယ်ပဲ သိချင်နေမိပါတယ်..။




Sunday, January 13, 2013

ဟာသ၀တ္တုတို - ၃



 ဒီနေ့ သူမအတွက်တော့ မနေ့နိုင်တဲ့နေ့ဖြစ်ပေလိမ့်မည်…။ ဒီနေ့ သူမချစ်သူ မောင်မှ သူရဲ့ မိဘများ နှင့်တွေ့ပြီး ညနေစာ စားဖို့ ပြောထားသောကြောင့်ဖြစ်သည်..။ ချစ်သူ လာခေါ်မယ့် အချိန်ကို စောင့်ရင်း အချိန်များ ကုန်ဆုံးတာ နှေးလွန်းသည်ဟု ထင်မြင်သည်..။

မောင့်ရဲ့မိဘများက သဘောကောင်းကြောင်း၊ ဖော်ရွှေကြောင်း၊ ခင်မင်တတ်ပြီး အဆင့်အတန်းမခွဲခြား တတ်ကြောင်း မောင် ပြောပြထားသော်လည်း သူမ ကြောက်နေမိသည်..။ အမှားအယွင်းတစ်စုံတစ်ရာ မဖြစ်စေ ရန်ပဲ ဆုတောင်းမိသည်..။ မောင်လာခေါ်ရန် အချိန်စောနေသေးတာကြောင့် ရေခဲသေတ္တာထဲမှ သဘောင်္သီး ဖျော်ရည်ကို ထုတ်သောက်ပြီး မောင့်ကို စောင့်နေမိလိုက်သည်..။

အိမ်ရှေ့မှ ကားသံကြားသည်နှင့် သူမအိမ်အပြင်ကို အလောတကြီး ထွက်ကြည့်မိလိုက်သည်..။ ဟုတ်ပါသည်..။ မောင်လာကြိုတာပါ..။ သူမ မောင့်ရဲ့ မိဘတွေနဲ့ တွေ့ရတော့မည့်အတွက် စိတ်လှုပ်ရှားနေမိနေလေသည်..။

မောင့်အိမ်က ထင်ထားတာထက်ပိုသားနားလွန်းပါသည်..။ မောင်က ချမ်းသာတဲ့မိသားစုက တစ်ဦးတည်းသော သားမှန်းသိထားသော်လည်း ဒီလောက်ထိ ချမ်းသာမှန်းအစကမသိခဲ့..။ အစကတည်းက သိမ်ငယ်စိတ်နဲ့ ကြောက်ရွှံ့နေသော သူမရဲ့စိတ်ကို မောင့်ရဲ့ ဂုဏ်ပကာန အဆောက်အဦတွေက ထပ်ပြီး တိုးမြှင့် ပေးလိုက်သည်။

အိမ်ထဲဝင်ဝင်ခြင်းပဲ ဖော်ရွှေတဲ့အပြုံးနဲ့ နှုတ်ဆက်ပြီးကြိုနေတဲ့ မောင့် မိဘနှစ်ပါးကိုတွေ့လိုက်ရသည်..။ ဟုတ်ပါသည်..။ မောင်ပြောတဲ့အတိုင်းပါပဲ..။ မောင့်မိဘနှစ်ပါးက စိတ်သဘောထားကောင်းကြောင်း သူတို့ အပြုံးတွေကို ကြည့်တာနဲ့ သူမသိနိုင်ပါသည်..။

ဒီလိုနဲ့ မောင့်မိဘတွေနဲ့ စကားတွေပြောဖြစ်ကြသည်..။ ပြောတာတွေကတော့ အစုံပါပဲ..။ အားလုံး ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေ အပြန်အလှန်ပြောဖြစ်ခဲ့ကြပါသည်…။ ခုချိန်ထိ အစစအရာရာ အဆင်ပြေနေသည့်အတွက် သူမရဲ့ စိုးရိမ် သိမ်ငယ်စိတ်တွေ ပျောက်သွားခဲ့ရသည်..။

စကားပြောလို့ပြီးတာနဲ့ ထမင်းစားရန် ထမင်းစားခန်းထဲသို့ သွားကြပါသည်..။ ပြင်ဆင်ထားသော ဟင်းလျာ များကို ကြည့်ပြီး သူမအတွက် အတော်ကို ဂရုစိုက် ပြင်ဆင်ထားကြောင်းသိပြီး ၀မ်းသာရပြန်ပါသည်။ ဒီလိုနဲ့ ထမင်းစားလာကြတာ…. ခဏကြာတော့… သူမဗိုက်ထဲက ထိုးအောင့်ပြီး လေလည်ချင်လာသည်..။ မောင်လာ မကြိုခင်က သောက်ထားသော သင်္ဘောသီး ဖျော်ရည်အစွမ်းပြပြီထင်သည်..။

သူမမျက်နှာ ပျက်ယွင်းနေသည်ကို မိသားစုသတိမထားအောင် ဟန်ဆောင်နေရသည်..။ သူမ နဖူးမှ ချွေးတွေ ထွက်လာသည်…။ ယခုလို ထမင်းစားနေချိန်တွင် အိမ်သာဘယ်မှာလဲလို့ မေးရမှာလဲ မဟုတ်သေး….. မတတ်နိုင်..လုံးဝ ထိန်းချုပ်မရသည့်အဆုံး သူမ အနည်းငယ် လွှတ်လိုက်မိသည်..။

"ဘူ.. "

ကံဆိုးချင်တော့ စကားသံတွေ ရပ်ပြီး တိတ်ဆိတ်တဲ့ အချိန်နဲ့မှ သွားကြုံပြီး အသံက အောင်မြင်စွာ ထွက်လာသည်..။ သွားပြီ…။ သူမရဲ့ သိက္ခာတွေ…၊ မိသားစုအလည်မှာ…၊ ဗြန်းဗြန်းကွဲလေပြီ…။ သူမ ရှက်ရွံ့စွာ ထပြေးဖို့ ကြိုးစားလိုက်သည်…သို့သော်…..

"ဂျက်ကီ…ဝေးဝေးနေစမ်း…"

အောင်မြင်တဲ့ မောင့်ရဲ့အဖေသံ ထွက်ပေါ်လာသည်..။ သူမ ရဲ့ခြေထောက်အောက် က ခွေးလေး ကိုလှမ်းဆူ နေတာပါ..။ သူတို့တွေက အဲ့ဒီအသံကို ခွေးလေးဆီက ထွက်လာတယ် ထင်နေတာပါ…။
ဒီလိုနဲ့ ထမင်း ဆက်စားရင်း နောက်ထပ်လုံးဝ မထိန်းနိုင်လို့ နောက်တစ်ကြိမ် ထပ်လွှတ်လိုက် မိသည်..

"ဘူ…"

ဒီတစ်ခါ အသံက အရင်အသံထက်တောင် အနည်းငယ်ကျယ်သည်..။

"ဂျက်ကီ…သားလေး… ဝေးဝေးနေစမ်းလို့ …ပြောနေတယ်နော်.."

ထင်သည့်အတိုင်းပင် မောင့်ရဲ့ အဖေသံ ထပ်မံထွက်ပေါ်လာပါသည်..။ ခွေးလေးဆီက ထွက်လာတဲ့ အသံလို့ပင်ထင်နေပုံရသည်..။ နောက်ဆုံး သူမလည်း မထူးတော့ဘူး ဆိုပြီး နောက်ဆုံး လက်ကျန် လေးကို အသက်အောင့်ပြီး ရှိသမျှအား အသားကုန်ထုတ်ကာ ညှစ်ထုတ်လိုက်မိသည်…။

"ဘူ…."

ခုမှပဲ နေထိုင်ရတာပေါ့သွားတော့သည်..။ သူမ စိတ်ညစ်တဲ့ပုံစံနဲ့ ခွေးလေးကို ခေါင်းစောင်းကာ ဟန်လုပ်ကြည့်လိုက်သည်…။ နောက်ဆုံး မောင့်ရဲ့အဖေခွေးလေးကို ပြောလိုက်တာကတော့….

"ဂျက်ကီ.. ဝေးဝေး သွားနေပါဆို မသွားဘူး… တော်ကြာ.. ဟိုက ထွက်ကျလာရင်… နင့်ကို ရေမဆေးပေးဘူးနော်…."


အောင်ထွန်းဦး 

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ