Wednesday, May 22, 2013

ကျုပ်နဲ့ ရန်ကုန်အထာ - ၃


ကျုပ်နဲ့ ဆရာမလေး ရွှေတိဂုံမှာ ဘုရားအတူတူဖူးကြတယ်…၊ ဆရာမလေးလို ချောမောလှပလွန်းတဲ့ သူတစ်ယောက်နဲ့ ကျုပ်တွဲသွားရတာ အတော့်ကို ပျော်တာပဲဗျို့..။ လေပေါ် မြှောက်နေသလား မှတ်ရ..၊ ဘုရားလာဖူးတဲ့သူတွေကလည်း ကျုပ်နဲ့ ဆရာမလေးကို ကွက်ကြည့် ကွက်ကြည့် လုပ်နေသေးရဲ့…၊ အေးလေ…၊ ကံကောင်းလှတဲ့ ကျုပ်ကို ကြိတ်အားကျနေကြတာလားမှ မသိတာ…။
ဒီလိုနဲ့ ဘုရားဖူးပြီးတော့ ကျုပ်တို့ ဘုရားကို တစ်ပတ် ပတ်ကြတယ်..။ ဆရာမလေးက

"ဦးအောင်ဘု..၊ ဓါတ်လှေကား စီးဖူးလား.."

"ဘယ်လိုဟာလဲ ဆရာမလေး..၊ ကျုပ် မျက်စိထဲမမြင်ဘူး.."

"လှေကားမလိုပဲ… အခန်းတစ်ခန်းထဲကနေပြီး..အပေါ်တက် အောက်ဆင်း လုပ်တဲ့ဟာကိုပြောတာ.."

"ကောင်းသားပဲ..၊ ကျုပ်လည်း ရွာကို ပြန်ပြောပြလို့ရတာပေါ့..၊ စီးချင်တယ်ဗျို့.."

"လာ လိုက်ခဲ့..၊ ဒီဖက်ကို…"

ကျုပ် ဆရာမလေးခေါ်ရာလိုက်ခဲ့တယ်..၊ ကျုပ်တွေးနေမိတယ်..၊ ကျုပ်နဲ့ ဆရာမလေး အခန်းထဲမှာ နှစ်ယောက်တည်း ဓါတ်လှေကား အတူတူစီးရတော့မယ်..။ အမှန်တော့ ကျုပ်က ဓါတ်လှေကား သိပ် စီးချင်တာ မဟုတ်ဘူးရယ်..၊ ဒါပေသည့် ဆရာမလေးနဲ့ အတူ နီးနီးကပ်ကပ်နေရမယ့် အခွင့်အရေး မှန်သမျှ ကျုပ် လက်လွတ်ခံမှာ မဟုတ်ဘူးလေ…။

"ရောက်ပီ…"

"အဲ….ဒီမှာ လူတွေ ဘာလုပ်ဖို့ တန်းစီနေတာတုန်း..၊ ဆရာမ "

"ဓါတ်လှေကား စီးဖို့လေ…"

"အလို….."

ကျုပ်အံ့သြသွားတယ်..၊ ဓါတ်လှေကား မစီးပဲ လမ်းလျှောက်သွားရင်ကို ဘာမှမကြာတဲ့ ဒီဟာလေးကို စောင့်နေတဲ့လူတွေက တစ်သီတစ်သန်းပါပဲလား..၊ သူတို့ တစ်ကယ်ပဲ လမ်းမလျှောက်ချင်လို့လား…၊ ကျုပ်လို ဓါတ်လှေကားပဲ မစီးဖူးလို့ စီးချင်ကြတာလား ကျုပ်သိချင်ပေမယ့် ဆရာမလေးကို မမေးဖြစ်ခဲ့တော့ပါဘူး…။ နည်းနည်းကြာအောင် တန်းစီစောင့်ပြီးတော့

"ကဲ … ၀င်ရအောင် ဦးအောင်ပု…ပုဆိုးကို သေချာဝတ်ထား.."

"အလို…."

"အသက်ကို ၀၀ ရှု "

"အင်.."

"ရှင့်လွယ်အိတ်ကို လက်မှာပိုက်ထား"

"ဟုတ်…."

"ပြီးတော့…၊ ကျွန်မ တိုးလို့ ပြောတာနဲ့ ရှင်ရှိသမျှအားနဲ့ ဓါတ်လှေကားထဲရောက်အောင် တိုးပေတော့..၊ ရှင့်နောက်က ကျွန်မ လိုက်လာမယ်.."

ရန်ကုန်မှာ ဓါတ်လှေကား တစ်ခါစီးဖို့ ဒီလောက်ခက်မှန်း ကျုပ်ခုမှ သိတော့တယ်ဗျို့..၊ ဒါ့ကြောင့်လည်း ကျုပ်တို့ရွာမှာ ဓါတ်လှေကားဆိုတာ မကြားဖူးတာ ဖြစ်ပါလိမ့်မယ်..၊ ကျုပ်လည်း ပုဆိုးကို ပြင်ဝတ်၊ အသက်ကို ၀၀ရှု၊ လွယ်အိတ်ကို ရင်မှာပိုက်ပြီး….ဆရာမလေးရဲ့ အမိန့်ကို စောင့်နေလိုက်တယ်..။

Tuesday, May 21, 2013

သမီးကို ရေနွေးပူနဲ့ လောင်းတဲ့အဖေ


ကျွန်တော် ဒီမနက် ဒီသတင်းလေးကိုတွေ့တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရတယ်..။ ကလေးသူငယ်တွေကို ညှင်းပန်းနှိပ်စက်မှုတွေ အခုနောက်ပိုင်းမှာ တော်တော်များများကို ကြားသိ တွေ့မြင်နေရပါတယ်…။ ညှင်းပန်းနှိပ်စက်တဲ့သူတွေအနေနဲ့ ဘယ်လိုစိတ်ထားတွေရှိလို့ ဒီလောက် ထိတောင် ညှင်းပန်းနှိပ်စက် နိုင်ကြသလဲ မသိဘူးဗျာ…၊








အခုဖြစ်ရပ်ကလည်း သူစိမ်းမဟုတ်ပါဘူးဗျာ..၊ အဖေဖြစ်သူက အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ Xiao Li ဆိုတဲ့ သမီးလေးကို နှိပ်စက်ခဲ့တာကို လူသိရှင်ကြား ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပါ..၊ အခုလို လူသိရှင်ကြား ဖြစ်ခဲ့ရပေမယ့် ကလေးဟာ ဘယ်လောက်ကြာကြာ နှိပ်စက်ခံခဲ့ရသလဲဆိုတာ သူ့ကိုယ်ပေါ်က အမာရွတ်တွေ ကြည့်တာနဲ့တင် သိနိုင်ပါတယ်..။

Thursday, May 16, 2013

ဟာသ၀တ္တုတို (သတိရမိသော ပျော်စရာအချိန်များ)


ဘ၀ကို ပျင်းရိစွာ ဖြတ်သန်းနေရင်းဖြင့် အချိန်များ ကုန်လွန်မှန်း မသိသာစွာ ကုန်လွန် လာခဲ့ပါသည်။ လူတစ်ယောက်အဖို့ အလုပ်အကိုင်တစ်ခုရှိနေလျှင်ပင် ပျင်းရကောင်းမှန်း မသိ ဖြစ်တတ်သော်လည်း အလုပ်မရှိသော ကျွန်တော့်အဖို့ ပျင်းရိခြင်းဆိုသည်မှာ အဖော်ကဲ့သို့ ဖြစ်လာပါသည်။

          တစ်နေ့တာကို မည်သို့မည်ပုံ ဖြတ်သန်းရမည်ကို တွေးရင်းနှင့်ပင် အလွန်ပင် စိတ်မောချင်စရာ ကောင်းနေပါသည်။ ဒီလိုဖြစ်နေသော ကျွန်တော့်အဖို့ သွားနေကျ လက်ဘက်ရည်ဆိုင်သည်သာလျှင် အကောင်းဆုံးဖြစ်သည်ကိုတွေးမိသည်နှင့် သကာလ လက်ဘက်ရည်ဆိုင်ကို ထထွက်ခဲ့တော့သည်။

          "ဟေ့ကောင် သက်အောင်၊ လာလေကွာ၊ ရေနွေးကြမ်း သောက်ရအောင်"

          လက်ဘက်ရည်ဆိုင်တွင် အလကားရသော ရေနွေးကြမ်းများကို ထိုင်သောက်နေသော ဖိုးကျော်နှင့် အရိုးတို့ကိုတွေ့သည်။ လက်ဘက်ရည်ဆိုင်ထဲဝင်ဝင်ချင်း စားပွဲထိုးလေးက လောကွတ်ပြုသည်။

          " ကိုကြီး၊ ဟိုနေ့ကအကြွေးသောက်ထားတာ မပေးသေးဘူးနော်၊ ဆိုင်ရှင်ကပြောနေ ပြီ "

          "ဒီကလေးနဲ့တော့ကွာ၊ မင့်အကြွေးက ဘယ်လောက်မို့လို့လဲ၊ မင်းဟာက ထိုင်တောင် မထိုင်ရသေးဘူး၊ ဒီနေ့ မင်းအကြွေးကို အကျေချေမယ်၊ ရှင်းတယ်နော်၊ သွား၊ Birdy plane တစ်ခွက်သွားယူခဲ့ "

          စိတ်တိုတိုနဲ့ပြောချင်ရာပြောလိုက်ပြီးမှ ကျွန်တော့်ကို ကြောင်ပြီးငေးကြည့်နေသော ဖိုးကျော်နှင့် အရိုးကိုတွေ့လိုက်ရသည်။

          " ဘာလဲ၊ မင်းတို့က ဘာကြည့်တာလဲ "

          " ဘာမှ မဟုတ်ပါဘူး၊ အကြွေးရှင်းမယ်စကားကြားလို့ မင်းပြောတာမှ ဟုတ်ရဲ့လားလို့ ကြောင်ပြီး ငေးနေတာ၊ ငါ့ကောင်ကြီး ထောလာတယ် ထင်တယ် ဟိဟိ "

          " ဘာမှ မထောလာဘူးဟေ့၊ ပျင်းလို့ထွက်လာပါတယ်ဆိုမှ အကြွေးလာတောင်းနေ လို့ ပြောလွတ်လိုက်တာ၊ ပိုက်ဆံဖြင့် ၂၀၀ ပြည့်အောင်တောင် ပါတာမဟုတ်ဘူး "

          " ဟင်...၊ ဒါဆို အကြွေးရှင်းမယ်ဆိုတာက............."

          " ထွက်ပြေးမှာဟေ့၊ သောက်ပြီးရင် ထွက်ပြေးမှာ...၊ ရှင်းပလား "
         
          " ထွက်ပြေးစရာမလိုပါဘူးကွာ၊ မင်းတစ်ခွက်လောက်တော့ ငါတိုက်နိုင်ပါတယ်"

အသံကြားတာနဲ့တင် ပြေးထိုးချင်စရာကောင်းသော လောရှည် အသံကိုကြားလိုက်ရသည်။ ဒီကောင်က ထောသည်။ မိဘများက ကုန်သည်ဖြစ်သောကြောင့် ငွေကိုရေလို သုံးနိုင်သည်။ အူတူတူ အတတဖြစ်တာမို့ ပေါင်းလို့သင်းလို့ကောင်းသည်။

          " တိုက်ရင်လည်းတိုက်ပေါ့ကွာ...၊ ငါကတော့ ဘာအကူအညီမှ မပေးနိုင်ဘူး"
         
          " အဟီး၊ မင်းကလည်း ကြိုသိနေတဲ့အတိုင်းပဲ၊ အဲလိုမလုပ်ပါနဲ့၊ မင်းတို့ သုံးကောင်လုံး ဒီည ငါ့ကိုကူညီစမ်းပါ၊ "

          " နဒီ တို့အဆောင်မှာ ဂီတာသွားတီးဖို့ကလွဲရင် ကြိုက်တာပြော၊ ကူညီမယ် "
အရိုးက ခနဲ့လိုက်သည်။

          " လုပ်ပြန်ပြီကွာ၊ မင်းတို့ကလည်းက ငါစိတ်ကူးထားတာကို ကြိုသိနေသလိုပဲ၊ လုပ်စမ်းပါကွာ၊ ဟိုဘက်ရပ်ကွက်က ကျော်မင်းတို့အဖွဲ့က ဒီညသွားကြမလို့တဲ့၊ ငါ့နဒီလေး အဲဒီကောင်နောက်ကို ဘယ်လိုမှ အပါမခံနိုင်ဘူးနော် ဟရောင် "

          " အေး၊ ကျော်မင်းဆိုရင်တော့ ငါသိပ်ကြည့်လို့မရဘူးကွ၊ ရပ်ကွက်လူကြီးသားဆိုပြီး စွာကျယ် စွာကျယ်လုပ်လွန်းလို့ " ဖိုးကျော်က ၀င်ပြောသည်။

          ကျော်မင်းကိုတော့ ဖိုးကျော်မှမဟုတ် ကျွန်တော်တို့တစ်ဖွဲ့လုံး ဘယ်သူမှ မကြည်ကြ။

          " အေး၊ ကျော်မင်းလာမယ်ဆိုလို့ မင်းကံကောင်းတယ်မှတ်၊ ဒီည ဘယ်မှာစုကြမလဲ"

          " ထုံးစံအတိုင်း လောရှည်အိမ်မှာပဲ စုကြမယ်၊ ဒီည လူကြီးတွေ ခရီးထွက်သွားတယ်၊ အိမ်မှာ ဒီကောင် တစ်ကောင်တည်း "

          " အိုကေလေ...၊ ည ခုနှစ်နာရီ ဆုံကြတာပေါ့၊ နောက်မကျကြစေနဲ့ "


Tuesday, May 14, 2013

ဝက်မကြီးမှ ဆင်၊ ကြံ့၊ မျောက်ခေါင်းပါ ဝက်သုံးကောင် မွေးဖွား




နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်တွင် မိခင် ဝက်မကြီးမှ ဝက်သားပေါက် ခြောက်ကောင် မွေးဖွားသည့် အနက် သုံးကောင်မှာ ဝက်ခန္ဓာကိုယ်နှင့် ဆင်ခေါင်း သဏ္ဌာန် တစ်ကောင်၊ ကြံ့ခေါင်းသဏ္ဌာန် တစ်ကောင်၊ မျောက်ခေါင်းသဏ္ဌာန် တစ်ကောင်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီတွင် ဇေယျာသီရိ မြို့နယ် ခေတ်အေး ကျေးရွာအုပ်စု မရင်းကြီး ကျေးရွာနေ ကိုသန်းနိုင်ဦး-မဇင်မာဦးတို့ မွေးမြူထားသော ဝက်မကြီးမှ ဝက်ပေါက် အထီးတစ်ကောင် စတင် သားကျပြီး ဒုတိယ သားပေါက်တွင် ကြံ့ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ တတိယ သားပေါက်တွင် ဆင်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ စတုတ္ထ သားပေါက်တွင် မျောက်ခေါင်း သဏ္ဌာန်ဖြင့် တစ်ကောင်၊ ထို့နောက် ဝက်ပေါက် နှစ်ကောင် စုစုပေါင်း ခြောက်ကောင် ပေါက်ဖွား ခဲ့ကြောင်း သိရသည်။

ယခုပေါက်ဖွားသော ဝက်သားပေါက် ကလေးများမှာ အလျား ၈ လက်မခန့် ရှိပြီး ဆင်ပေါက် ကလေးမှာ နှာမောင်းတစ်ခု ဆင်မျက်လုံး နှစ်လုံး ပါရှိသည်။ ကြံ့ပေါက်လေးမှာ ဦးခေါင်းမျက်နှာပြင် အလယ် တည့်တည့်တွင် မျက်လုံးကြီး တစ်လုံးတည်း ပါရှိပြီး အစွယ်နု၊ ဦးချိုနု၊ ကြံ့ပါးစပ်နှင့် ဝက်ခန္ဓာ ပါရှိပြီး မျောက်သတ္တဝါမှာ မျက်နှာသည် မျောက်မျက်နှာစင်စစ် ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝက်ခန္ဓာကိုယ် ဖြစ်ကြောင်း သိရသည်။

''မွေးပြီး သုံးနာရီ အကြာ မွန်းတည့် ၁၂ နာရီမှာ ဆင်ပေါက်လေးနှင့် ကြံ့ပေါက်လေး သေဆုံးသွားတယ်၊ မျောက်လေးကတော့ အသက်ရှင်လျက် ရှိပါတယ်၊ သေသွားတဲ့ ကြံ့နဲ့ဆင်ကိုတော့ သက်ဆိုင်ရာ တာဝန် ရှိသူများကို ပြပြီး ညွှန်ကြားသလို ပြုလုပ်ပါမယ်''ဟု ဝက်ပိုင်ရှင် မဇင်မာဦးက မြဝတီ သို့ ပြောကြားသည်။

ယခုအခါ ထူးဆန်းစွာ မွေးဖွားလာသော သတ္တဝါလေး များအား ပတ်ဝန်း ကျင် ကျေးရွာများမှလာရောက်ကြည့်ရှု သူများနှင့် စည်ကားလျက် ရှိကြောင်း တွေ့မြင်ရသည်။



credit to - မြ၀တီ



အောင်ထွန်းဦး

Monday, May 13, 2013

ကျွန်တော်နှင့် နွားဘဝ



ကျွန်တော် မျက်လုံးနှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက ကျွန်တော့်ကို စိတ်ဝင်စားစွာ ငုံ့ကြည့်သော ဇနီးနှင့် သားလေး… ကျွန်တော် ၀မ်းသာအားရ အော်ခေါ်လိုက်ချင်ပေမယ့် ပါးစပ်ထဲက ဘာသံမှ ထွက်မလာခဲ့..။ ချစ်နှင့် သားလေးကိုကြည့်ရတာ ကျွန်တော့်ကိုကြည့်ပြီး အတော့်ကို ပျော်ရွှင်နေပုံရသည်…။

"အမေရေ…၊ အထီးလေးဗျ..၊ အထီလေး…ဒီအကောင်ကို သားယူမယ်.."

"အင်း..ဟုတ်တယ်နော်.. စပ်ကြားလေးနဲ့.. ချစ်စရာလေး.."

အလို…၊ ကျွန်တော် ဘယ်ကို ရောက်နေတာလဲ..၊ ကျွန်တော် ဘာဖြစ်နေတာလဲ..? ကျွန်တော် နောက်ဆုံးသိလိုက်တာက ကျွန်တော် ချစ်တို့နဲ့အတူ နေ့လည်စာ ထမင်းစားပြီး အထမှာ မူးကနဲ ဖြစ်ပြီး မေ့လဲသွားခြင်း..၊ အခု.. ကျွန်တော်..ဘယ်ရောက်နေတာလဲ..၊ ကျွန်တော် သေဆုံးသွားခဲ့တာလား….

"ဒီကောင်လေးကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ…အမေ…"

"ညိုမောင်း လို့ နာမည်ပေးလိုက်မယ်လေ…သားကြိုက်လား"

"ကောင်းတယ်အမေ.. အဖေသာရှိရင် ဒီကောင့်ကို သိပ်သဘောကျမှာဗျ…"

ကျွန်တော် သိလိုက်ပါပြီ..၊ ကျွန်တော် သေဆုံးသွားခဲ့ပါပြီ..၊ ကျွန်တော်ဟာ ကျွန်တော် ချစ်တဲ့ ချစ်ဇနီးနဲ့ သားလေးတို့နဲ့ စည်းတစ်ခု ခြားထားတဲ့ ဘုံဘ၀ တစ်ခုမှာ နွားဘ၀နဲ့ လာဖြစ်နေရပြီလေ…၊ ဒီအချိန်မှာပဲ ကျွန်တော့်ကို မွေးဖွားပေးတဲ့ နွားမကြီးကို ကျွန်တော့်ကို ညှင်သာစွာ လျှာနဲ့လျှက်ပြီး ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်သည်။ လူ့ဘ၀က အရက်သောက်..၊ ဖဲရိုက်ပြီး မိသားစုပေါ် တာဝန်မကျေခဲ့တဲ့ကျွန်တော် ဒီဘ၀မှာတော့ နွားဘ၀ နဲ့ ရှေးဘ၀က ၀ဠ်ကြွေးတွေ ဆပ်ရတော့မယ် ထင်ပါရဲ့ဗျာ…။

လက်ညှိုးနဲ့ ကင်မီးကောက် ထောင်တဲ့သူ

ကဲ.. လက်ညှိုးနှစ်ချောင်းနဲ့ ကင်မီးကောက် ထောင်သတဲ့ဗျို့..။ သူ့လိုလူမျိုး ကမ္ဘာမှာ နှစ်ယောက်သာ ရှိသတဲ့..၊ နောက်တစ်ယောက်က ဘယ်သူလဲ သိချင်ကြသလားဗျ....



အောင်ထွန်းဦး

ထိုင်းနိုင်ငံမှ Life Museum

ထိုင်းနိုင်ငံမှာ ရှိတဲ့ Life Museum ကတော့ ထူးခြားတဲ့ ပြတိုက်လို့ဆိုရပါမယ်..။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ AIDS ရောဂါနဲ့ သေဆုံးသွားတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေကို နောက်လာနောက်သားတွေ ဆင်ခြင် နိုင်အောင် ပြသထားလို့ပါပဲ..။ စိတ်ဝင်စားသူများ အောက်က ပုံလေးတွေကို ကြည့်နိုင်ပြီး မကြည့်ချင်သူများအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါရစေ..။



Sunday, May 12, 2013

ကမ္ဘာတစ်ဝှမ်း ထူးခြား ဆံပင်ပုံစံများ





ရင်သို့ထိသောစာစုများ - ၅



ကျွန်တော် ဒီနေ့ အလုပ်က စောစောပြန်မှ ဖြစ်မည်..၊ မနေ့က ရပ်ကွက်ရုံးမှ ဒီနေ့ည ကင်းစောင့်ရန် လာအကြောင်းကြား ထားသည်..၊ ခုတစ်လော ရပ်ကွက်ထဲမှာ သူခိုးတော်တော်ပူတာကတစ်ကြောင်း၊ နွေရာသီ ဖြစ်တာကြောင့် မီးဘေးအန္တရာယ်လည်း ရှိနိုင်တာက တစ်ကြောင်း၊  ရပ်ကွက်တွင်း အလှည့်ကျ ကင်းစောင့်စနစ်ဖြင့် တာဝန်ချထားခြင်းဖြစ်သည်။ အလုပ်က စောစော ပြန်နိုင်မှသာ ကင်းချိန်ကို နောက်မကျဘဲ သွားနိုင်တော့မည်…၊ ထို့ကြောင့် အလုပ်ကိုသိမ်းကာ အိမ်ပြန်ဖို့ ခြေလှမ်း စတင်ခဲ့တော့သည်။

အိမ်ကိုရောက်တော့ အိမ်ရှေ့တံခါးဝမှာ ငုတ်တုတ်လေးထိုင်ပြီး ဆီးကြိုနေသော အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ဘ၀သည် အမေတစ်ခုသားတစ်ခု ဘ၀ဖြစ်သည်။ အဖေဆုံးပြီးကတည်းက အမေ့ကို လုပ်ကျွေးပြုစုလာတာ ဒီအချိန်ထိဖြစ်သည်။ စီးပွားရေး အဆင်မပြေပေမယ့်…၊ အမေနဲ့ ပျော်ရွင်စွာ နေထိုင်ရသော ဒီဘ၀ကို ကျွန်တော်ကျေနပ်သည်…။

“သား… ဒီနေ့ အလုပ်ပြန်တာ..စောလှချည်လား..”

“ဟုတ်တယ် … အမေ…၊ သားဒီနေ့ ရပ်ကွက်ကင်းကျတယ်လေ.. အဲဒါ …သွားရအုံးမယ်..”

“ထမင်း အရင်စားမလား..၊ ရေအရင်ချိုးမလား သား..”

“ရေ အရင်ချိုးမယ် အမေ… ပြီးမှ ထမင်းစားမယ်လေ…”

ကျွန်တော် ရေအမြန် ချိုးလိုက်သည်..၊ ရေချိုး… အ၀တ်အစားလဲပြီးတော့ ထမင်းဝိုင်းပြင်ဆင်ပြီး စောင့်နေသော အမေ့ကို တွေ့လိုက်ရသည်….။ ထမင်းစားရာတွင် အမေသည် တစ်ယောက်တည်း ဘယ်တော့မှ မစား..၊ နှစ်ယောက်ဆုံမှ စားလေ့ရှိသည်..။ မိမိအလုပ်နောက်ကျသော နေ့မျိုးတွင်ပင်လျှင် အမေသည် အဆာခံပြီး မိမိကိုစောင့်လေ့ရှိသည်…၊

နောက်ထူးခြားချက်တစ်ခုရှိသည်။ အမေသည် ကျွန်တော် တောင်းဆိုသမျှကို ဘာတစ်ခုမှ ငြင်းသည်မရှိ…၊ တတ်နိုင်သမျှ အကုန်ဖြည့်ဆည်းပေးသည်..၊ ဥပမာ… ကျွန်တော် ညနေစာ ငါးသလောက်ဟင်းစားချင်လျှင်… ရရနေရာကနေ ရှာပြီး..ချက်ထားတတ်သည်..။ ကျွန်တော့်မျက်နှာကို အညှို မခံနိုင်သော အမေဖြစ်သည်။

Saturday, May 11, 2013

လိုအပ်နေတဲ့ စာနာစိတ်လေး



ဒီဇာတ်လမ်းလေးက တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါ..။ ဇာတ်လမ်းကတော့ တစ်နယ်ခြားမှာ စစ်တိုက်ထွက်နေရတဲ့ စစ်သား လေး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်..။ သူဟာ တိုင်းပြည်အတွက် ဗီယက်နမ်နိုင်ငံမှာ စစ်ပွဲ ဆင်နွှဲပြီး မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်..။ သူဟာ Delhi မြို့ ကို ရောက်တဲ့ အခါမှာတော့ အမေရိကန်မှာရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းဆက်ခဲ့ပါတယ်…။

"အဖေနဲ့အမေ..၊ ကျွန်တော် အခု အိမ်ပြန်လာနေပါပြီ..၊ ဒါပေမယ့် အဖေနဲ့အမေကို ကျွန်တော်တောင်းဆိုစရာ တစ်ခုရှိပါတယ်..။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် အိမ်ကို ခေါ်လာချင်ပါတယ်.."

"ခေါ်လာလို့ ရတာပေါ့သားရယ်..၊ တောင်းဆိုစရာ မလိုပါဘူး.."

"ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်..၊ ကျွန်တော့်သူငယ်ချင်းက တိုက်ပွဲမှာ မိုင်းထိခဲ့တဲ့အတွက် လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်..၊ သူ့မှာ ဘယ်မှ သွားစရာနေရာမရှိပါဘူး.၊ ဒါကြောင့် သူ့ကိုသား အိမ်ကို ခေါ်လာမလို့ပါ.."

"အမေတို့ ကြားရတာ စိတ်မကောင်းပါဘူး သားရယ်..၊ အမေတို့ သူ့ကို တစ်နေရာမှာ နေနိုင်ဖို့ ကူညီပေးနိုင်မှာပါ.."

"မဟုတ်ဘူးအမေ..၊ ကျွန်တော် သူ့ကို ကျွန်တော်တို့ မိသားစုနဲ့အတူ နေစေချင်တာပါ.."

"သား…….၊ သားဘာလုပ်နေလဲ ဆိုတာကို သားသိမှာ မဟုတ်ဘူး..၊ ဒီလိုမျိုး ဒုက္ခိတ တစ်ယောက် ကို ခေါ်တင်ထားဖို့ဆိုတာ ဘယ်လောက် တာဝန်ကြီးလဲ၊ သူ့ကို ဝေယျာဝစ္စ အ၀၀ကို ဘယ်သူလုပ်ပေးမှာလဲ..၊ သူ့ကို ဘယ်သူဂရုစိုက်ရမှာလဲ..၊ အဖေနဲ့ အမေလား…. ဒီမှာလည်း ကိုယ့်မိသားစုနဲ့ကိုယ်လေ..၊ ကိုယ့်မိသားစုဘ၀ကို အနှောင့်အယှက်ပေးမယ့် ဘာတစ်ခုကိုမှ အမေတို့ ခွင့်ပြုမှာ မဟုတ်ဘူး..၊ သား သူ့အကြောင်းကိုမေ့ပစ်ပြီး အိမ်ကိုသာပြန်လာခဲ့ပါ..၊ သူလည်း သူ့ဟာသူ အဆင်ပြေသွားပါလိမ့်မယ်.."

အဲ့ဒီအချိန်မှာ သားဖြစ်သူဟာ ဖုန်းချလိုက်ပါတယ်.။ ဖုန်းမြည်သံကလွဲပြီး ဘာမှ မကြားရတော့ပါဘူး..။ ရက်အနည်းငယ် ကြားတဲ့အခါမှာ..၊ Delhi ရဲစခန်းကနေ သူတို့ဆီကို ဖုန်းတစ်ခုဝင်လာပါတယ်..။ သူတို့သားဟာ အဆောက်အဦအမြင့်တစ်ခုပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားကြောင်း လှမ်း အကြောင်းကြားတာပါ.။ ရဲတွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့ သတ်မှတ်ထားကြပါတယ်.။

မိဘနှစ်ပါးဟာ ချက်ချင်းပဲ လေယဉ်နဲ့ Dehli ကိုရောက်လာပြီး သေဆုံးသူဟာ သူတို့ရဲ့သား တစ်ကယ်ဟုတ်/မဟုတ်ကို ကြည့်ရှု့ခဲ့ကြပါတယ်..။ သေချာပါတယ်..။ ဒါဟာ သူတို့ရဲ့သားပါ..။ ဒါပေမယ့် သူတို့ မသိလိုက်တာ တစ်ခုက . သူတို့သားဟာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတ တစ်ယောက်ဖြစ်နေတယ်ဆိုတာကိုပါပဲ…

လူတိုင်းလူတိုင်း စာနာစိတ်လေးတွေ မွေးဖွားနိုင်ကြပါစေဗျားးးး…။

အောင်ထွန်းဦး


နောက်ဆုံးပေါ် TATTOO

ကဲ... ဒါကတော့ နောက်ဆုံးပေါ် tattoo ထိုးနည်းပါတဲ့..။ လန်းချက်ကတော့ ၉ လောက်ရှိတယ်..။
3D မကလို့ 4D တောင် ခေါ်လို့ရမလားပဲ..၊ အသားတော့ နည်းနည်းနာမှာပေါ့နော်.. ဒါပေမယ့် TATTOO ထိုးနေကျ လူတွေအတွက်တော့ ဒါလောက်ကတော့ အပျော့ပါပဲ.. ဟုတ်တယ်မှတ်လား..??












Friday, May 10, 2013

ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါ


mole rat 1 Ugliest Animal on Earth Pictures Seen on www.VyperLook.com

ကျွန်တော် မြင်ခဲ့ရတဲ့ သတင်းခေါင်းစဉ်ကတော့ ကမ္ဘာ့ရုပ်အဆိုးဆုံး သတ္တ၀ါပါတဲ့..၊ ဒီကောင်က ကြွက် အမျိုးအစားထဲက တစ်မျိုးပါပဲ..။ ဒီကြွက်မျိုးက ရုပ်ဆိုးပေမယ့် သူတို့မှာ နာကျင်မှုဆိုတာ မရှိပါဘူးတဲ့..၊ ပြီးတော့ သူတို့ဟာ အနှစ် ၂၀ လောက် အသက်ရှင် နေထိုင်နိုင်ကြပါသတဲ့...။


mole rat 2 Ugliest Animal on Earth Pictures Seen on www.VyperLook.com

mole rat 3 Ugliest Animal on Earth Pictures Seen on www.VyperLook.com


mole rat 5 Ugliest Animal on Earth Pictures Seen on www.VyperLook.com

အောင်ထွန်းဦး

ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး




ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပါမြွေမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပါမြွေကြီးကို မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူက မြွေကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အောင်ထွန်းဦး

ကြည့်သင့်တဲ့ ဗွီဒီယိုလေး တစ်ခု (မကြာပါဘူး ကြည့်ကြည့်ပါ...)

ကျွန်တော် ဒီနေ့ ဗွီဒီယို တစ်ခုလေး Share ချင်ပါတယ်..။ ရိုင်းစိုင်းလှပါတယ်ဆိုတဲ့ တိရစ္ဆာန်တွေတောင်မှ သတ္တ၀ါငယ်လေးတွေကို ဘယ်လို ပြုမူဆက်ဆံကြသလဲဆိုတာ တွေ့လိုက်ရတော့ တော်တော့်ကို အံ့သြ ခဲ့မိပါတယ်..

ကျွန်တော်တို့လို အသိဥာဏ်ရှိတဲ့ လူသားတွေမှာတော့ ရေတစ်ဗွက်စာ ဘ၀လေးမှာ ......................




အောင်ထွန်းဦး

“ဘင်္ဂလားဒေ့ရှ် အဆောက်အအုံပျက်မှ ရင်နင့်ဖွယ် စုံတွဲအလောင်း”


ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆောက်အအုံ ပြိုကျမှုကြီးအတွင်း ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ထွက်ပေါ်လာသည့် မြင်ကွင်း တစ်ခုသည် ရင်နင့်ခြောက်ခြားစရာ ဖြစ်လာခဲ့ရသည်။ 

အထည်ချုပ် စက်ရုံတစ်ခု အပါအဝင် ကုမ္ပဏီများ၊ ရုံးခန်းများ ဖွင့်လှစ်ထားသည့် (၈)ထပ် အဆောက်အအုံကြီးတစ်ခု ဒါကာမြို့တော်တွင် ပြိုကျခဲ့ရာ လူပေါင်းမြောက်မြားစွာ (ယနေ့အချိန်ထိ ၁၀၀၀ ကျော်သွားပြီဟု သတင်းများတွင် ဖော်ပြ) သေဆုံးခဲ့ရပြီး ယခုထိလည်း အပျက်အစီးများအောက်မှ အလောင်းများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

ကယ်ဆယ်ရေး လုပ်သားများသည် အပျက်အစီးများကို ဖယ်ရှားနေရင်း စုံတွဲတစ်တွဲ၏ အလောင်းကို တွေ့ရှိခဲ့ရာ နောက်ဆုံး အချိန်ထိ တစ်ဦးကိုတစ်ဦး တွယ်ယှက်ရင်း အသက်ကုန်ခဲ့ရှာကြောင်း ကြေကွဲဖွယ် သိရှိခဲ့ရသည်။

Credit to http://www.planet.com.mm/news/read.cfm/id/21509

အောင်ထွန်းဦး

Wednesday, May 8, 2013

အစားထိုးလို့ မရသော............


"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."

"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာ
တောင် အမေ အိကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."

"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "

" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."

သား ဖြစ်သူစိတ် ညစ်သွားတယ်... ဒီလိပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..

"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်ထဲသွားမယ်..."

မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်
ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..

"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေ
နပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."

သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....

မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...

မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....

"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."

"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "

"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."

"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."


ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ 
မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့...အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..

" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."

မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ် 
ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်..ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...

"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."

ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...

"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကို
ငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလိ ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာ
ငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."

ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...

"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."

စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်...


အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...

"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမ
ကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."

"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"

"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...
သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား....သားလေကို ရှင်ကျေးဇူးတင်...."

"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."

ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...
မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်
အမေ ကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...

"အဖေ နဲ့ အမေ "

"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."

မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်...
သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...

"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."

မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............


(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...
သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..

တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ.....")-
--------------------------------------------------
Reference

အ လွမ်း ညည်း သူ

အောင်ထွန်းဦး

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်


Pascualita De Chihuahua 1 La Pascualita   Dead Bride and Other Weird Mannequins Pictures Seen on www.VyperLook.com

Pascualita De Chihuahua 3 La Pascualita   Dead Bride and Other Weird Mannequins Pictures Seen on www.VyperLook.com

ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။

Pascualita De Chihuahua 7 La Pascualita   Dead Bride and Other Weird Mannequins Pictures Seen on www.VyperLook.com

မယုံကြည်နိုင်စွာ တွေ့ခဲ့ရသော မကောင်းဆိုးဝါးများ


မကောင်းဆိုးဝါးတွေ ဒီကမ္ဘာမြေပေါ်မှာ တည်ရှိနေတယ်ဆိုတာကို သက်သေပြလို့မရပေမယ့် ဒီ ဓါတ်ပုံတွေ အရတော့ ငြင်းပယ်လို့လည်း မဖြစ်နိုင်ပြန်ပါဘူး..၊ သူတို့ တစ်ကယ်ပဲရှိသလား..၊ မရှိဘူးလား ဆိုတာကို တော့ ဓါတ်ပုံတွေကို ကြည့်ပြီးတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ..။

1. Eerie Monster on Deer Cam in Berwick, Louisiana
strange creature 2 Strangest Real Creatures vs Scariest Surreal Monsters Pictures Seen on www.VyperLook.com
Discovery အတွက် ဇာတ်လမ်းရိုက်ကူးနေချိန်မှာ..၊ ဒီမကောင်းဆိုးဝါးပုံကို ရိုက်ကူးလိုက်နိုင်တာပါ..။

2. The Jersey Devil
The Jersey Devil Strangest Real Creatures vs Scariest Surreal Monsters Pictures Seen on www.VyperLook.com

ဒီကောင်ကိုတော့ အမေရိကန်နိုင်ငံ New Jersey မှာ ရိုက်ကူးလိုက်နိုင်တာပါ..။ ဒီမကောင်းဆိုးဝါးကို ကြည့်ရတာ အတောင်ပံပါသလိုပဲ..။ ပျံလည်း ပျံနိုင်တယ်ထင်တယ်..။

3. Alien Baby Drowned in Metepec, Mexico
strange creature 3 Strangest Real Creatures vs Scariest Surreal Monsters Pictures Seen on www.VyperLook.com
၂၀၀၇ မှာ Mario Moreno Lopez က ဒီမကောင်းဆိုးဝါးကို သူ့အိမ်က ကြွက်ထောင်ချောက်ထဲမှာ မိနေတာကို ရိုက်ကူးထားပါ..၊ ဒီကောင်က ၇၀ စင်တီမီတာလောက် ရှည်ပါတယ်..။  သူစတွေ့ချိန်မှာ အသက်ရှင်နေတုန်းဖြစ်ပြီး သူ သတ်ဖို့ စဉ်းစားလိုက်ပါတယ်..။ သူ့ကိုသတ်ပြီး မြေမြှပ်ပြီး မကြာမီမှာပဲ Mario Moreno Lopez ဟာ ကားမီးလောင်မှု တစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်...။

အောင်ထွန်းဦး 

သွေးစုပ်ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား ?


အသက် (၁၆) နှစ်အရွယ် တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်မှာ သွေးစုပ်ဖုတ်ကောင် တွေရဲ့ အစွယ်ပုံစံလေး ပေါက်လာခဲ့ပါတယ်...၊ ချက်ချင်းဆိုသလိုပဲ အမေဖြစ်သူက ဆရာဝန်ဆီကို ခေါ်သွားပြခဲ့ပါတယ်..။ 

vampire fangs Real Vampire Kid with Fangs Pictures Seen on www.VyperLook.com

Boy with vampire teeth 3 Real Vampire Kid with Fangs Pictures Seen on www.VyperLook.com
ဒီကလေးရဲ့ပုံစံဟာ အခုဆို မွေးစက ပုံစံနဲ့အတော့ကို ကွာနေပါပြီ..။ မွေးမွေးချင်းမှာပဲ.၊ အမေ ဖြစ်သူက ကလေးရဲ့ ကိုယ်ပေါ်က အမွှေးအမျှင်တွေကို သတိထားမိခဲ့ပါတယ်..။ ဒါကို သတိမထားခဲ့ပဲ အချိန်တန် ရင် ပျောက်သွားမှာပဲလို့ တွေးထားခဲ့ပါတယ်..။ လအနည်းငယ် ကြာတဲ့အခါမှာတော့..၊ သူမအတွက် တုန် လှုပ်ခြောက်ခြားစရာ နောက်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်..။ အဲ့ဒါကတော့ ကလေးရဲ့ သွားတွေ ဖြစ်ပြီး... သွားလို့ခေါ်ရမလား အစွယ်လို့ ခေါ်ရမလားတောင် မသိတော့ပါဘူး..။
Boy with vampire teeth 2 Real Vampire Kid with Fangs Pictures Seen on www.VyperLook.com

နေ့ခင်းမှာ မျက်လုံးပွင့်ပြီး ညဘက်မှာ မျက်လုံးပိတ်သွားတဲ့ ဘုရားဆင်းတုတော်တဲ့ဗျား။


တမြန်နေ့က အဲ့သတင်းကြားလို့ ဘန်ကောက်က သူငယ်ချင်းတစ်ယောက်ကိုတောင် ဖုန်းဆက်မေးမိသေးတယ်။ ခု ဖေ့စ်ဘုတ်အကောင့်တစ်ခုမှာ သတင်းတက်လာတာတွေ့လို့ ကူးယူတင်လိုက်ပါတယ် ခင်ဗျား။
xxxxxxxxxxx

မဟာချိုင်မြို့၊ ဘန်ကကျောက်၊ ၀ပ်နန်းမူရ်းဘုန်းကြီးကျောင်းအတွင်းမှာ ကိုးကွယ်ထားတဲ့ ဆင်းတုတော်တစ်ဆူဟာ နေ့လည်ပိုင်းတွေမှာ မျက်လုံးပွင့်ပြီး ညပိုင်းရောက်ရင် မျက်လုံးမှိတ်သွားတယ်လို့ ဒီရက်ပိုင်းတွေမှာ နာမည်ကြီးနေပါတယ်။ အဲ့ဒီဘုရားဆင်းတုတော်ကို ဘုန်းကြီးကျောင်းထဲမှာ ကိုးကွယ်နေတာ (၇) နှစ်လောက်ရှိပါပြီ။ ခုလို မျက်လုံးတော်ဖွင့်/ပိတ်ဖြစ်နေတာကတော့ (၃) ရက်လောက်ပဲရှိပါသေးတယ်။ သူများတွေပြောပြောနေပေမဲ့ သိပ်မယုံကြည်တာမို့ ဒီနေ့ညနေပိုင်းမှာတော့ ကိုယ်တိုင်သွားကြည့်ဖြစ်ပါတယ်။ ဘုရားဖူးလာတဲ့လူတွေကတော့ တြိတ်တြိတ်တိုးပါပဲ။ ညနေပိုင်းအလင်းရောင်ရှိတဲ့အချိန်မှာ ဘုရားဆင်းတုတော်ကို ဓာတ်ပုံတွေရိုက်ထားပြီး မှောင်တဲ့အချိန်ထိ စောင့်ပြီး ထပ်ရိုက်ပါတယ်။ တကယ်ပဲ ညမှောင်လာတော့ ဘုရားဆင်းတုတော်ရဲ့ မျက်လုံးတွေ ပိတ်သွားတာကို အံ့သြဖွယ်ရာ ဖူးတွေ့လိုက်ရပါတယ်။ Facebook ပေါ်က သူငယ်ချင်းတွေကိုလည်း ရိုက်လာတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။ မှောင်ရီပျိုးလာတာနဲ့မျက်လုံးတော်မှာ တဖြည်းဖြည်းမှေးလာပြီး ညသန်းခေါင်အချိန်ဆိုလျှင် လုံးဝပိတ်သွားကြောင်း ဘုန်းကြီးကျောင်းမှ ဆရာတော်က ရှင်းပြပါတယ်။

Credit To:Myintzu Zaw


အောင်ထွန်းဦး

Tuesday, May 7, 2013

ရေသူမအစစ်


မေလ ၇ ရက် ၂၀၁၃

၁၉၇၃ ခုနှစ် အေပြီလ(၇)ရက်နေ့တွင် အာရပ်နိုင်ငံ အနောက်ဖက်ပင်လယ်ကမ်းခြေ၌ ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုအပတ် ဂျာနယ်တိုက်သို့ ပေးပို့လိုက်သော သတင်းများထဲမှထူးခြားမည် ထင်သော Photo essay တစ်ပုဒ်အား စာဖတ်သူများ ငြင်းခုန်နိုင်ပါရန် ဗဟုသုတအဖြစ် တင်ပေးလိုက်ပါသည်။ ဝေဖန်နိုင်ကြပါသည်။

Credit to - Hot News


အောင်ထွန်းဦး

ထူးခြား ဆန်းပြား ကလေး သရဲ အရုပ်များ


Bean Shanine လို့ခေါ်တဲ့ အမေရိကန်နိုင်ငံက လူတစ်ယောက်ဟာ ကြောက်စရာကောင်းတဲ့ ကလေးသရဲ အရုပ်တွေကို တီထွင်ခဲ့ပါတယ်..။ သူ့ရဲ့ အရုပ်တွေဟာ အရွယ်ရောက်နေတဲ့ ကလေးတွေ အတွက်တော့ ကြောက်စရာကောင်းနေနိုင်ပေမယ့် ကလေးငယ်တွေကတော့ ကြိုက်နှစ်သက်ကြပါသတဲ့..။ အသက် ၃၂ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Bean ဟာ တစ်နေ့ကို ၈နာရီလောက် အချိန်ပေးပြီး အရုပ်တွေ တီထွင်ခဲ့ပါတယ်..။

bean shanine zombie dolls 3 Bizarre Zombie Dolls Pictures Seen on www.VyperLook.com

bean shanine zombie dolls 1 Bizarre Zombie Dolls Pictures Seen on www.VyperLook.com

တစ်ကယ်ကြောက်စရာကောင်းတဲ့အချက်ကတော့ ကလေးသရဲ အရုပ်တွေဟာ သက်ရှိပုံစံတွေနဲ့ ဆင်တူနေတာပါပဲ..။ သင်ရုတ်တရက် အရုပ်တွေကို ကြည့်လိုက်မယ်ဆိုရင် သင်ဟာ အဲ့ဒါကို ကလေးငယ် တစ်ယောက်လို့ ထင်မိမှာပါ....။

bean shanine zombie dolls 10 Bizarre Zombie Dolls Pictures Seen on www.VyperLook.com

bean shanine zombie dolls 6 Bizarre Zombie Dolls Pictures Seen on www.VyperLook.com

Monday, May 6, 2013

တိရစ္ဆာန်ပုံသဏ္ဍာန် ထူးဆန်းသော ကျောက်တုံးများ



လောကကြီးမှာ ထူးဆန်းတာထွေ တစ်ကယ်ပေါများလှပါတယ်..။ ကျွန်တော်တို့ လုံးဝ လိုက်မမီနိုင်အောင် ကိုလည်း ထူးခြားလှပါတယ်..။ အဲ့ဒီ ထူးခြားမှုတွေထဲကမှ ဒီလို တိရစ္ဆာန်ပုံသဏ္ဍာန်လေးတွေလို ဖြစ်နေတဲ့ ကျောက်ဆောင်တွေရဲ့ အံ့သြစရာကောင်းတဲ့ ပုံတွေလည်း အပျင်းပြေ ကြည့်လိုက်ကြပါအုံးဗျာ...

animalrocksmontage Bizarre Rocks Shaped in the Form of Animals Pictures Seen on www.VyperLook.com
Here are 23 bizarre yet amazing animal-shaped rock formations.
polarbear Bizarre Rocks Shaped in the Form of Animals Pictures Seen on www.VyperLook.com
Polar Bear
animals Bizarre Rocks Shaped in the Form of Animals Pictures Seen on www.VyperLook.com
camels Bizarre Rocks Shaped in the Form of Animals Pictures Seen on www.VyperLook.com

ထူးခြားတဲ့ 3D tattoos များ


Tattoo ထိုးခြင်းဟာ အခုဆို လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေပြီပဲဖြစ်ပါတယ်..။ ကျွန်တော်လည်း Tattoo ထိုးတာကို ၀ါသနာပါတယ်ဗျ.. ဒါပေမယ့် မထိုးဖြစ်သေးဘူး..။ ထိုးဖြစ်ခဲ့ရင် အောက်က ပုံတွေထဲက တစ်ပုံပုံကိုရွေးထိုးမိမှာပဲ...၊ လန်းချက်ကတော့ ၉ လောက်ရှိတယ်ဗျို့..။ 3D tattoo တဲ့...

Amazing 3D Tattoos 1 Amazing 3D Tattoos as seen on CoolWeirdo.com
Amazing 3D Tattoos 2 Amazing 3D Tattoos as seen on CoolWeirdo.com
Amazing 3D Tattoos 3 Amazing 3D Tattoos as seen on CoolWeirdo.com

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ