Wednesday, August 28, 2013

ပရလောက သံယောဇဉ်


ပရလောက ရှိမရှိနဲ့ပတ်သက်ပြီး ငယ်စဉ်ကတည်းက ပုံပြင်တွေ ၀တ္တုတွေ အတော်များများ ဖတ်ဖူးပါတယ်။ တချို့ကလည်း ကိုယ်တိုင်တွေ့ဖူးမှယုံကြည်ကြပါတယ်။ တစ်ချို့ကလည်း ကိုယ်တိုင်မကြူံဘူးပေမဲ့ ယုံကြည်လောက်တဲ့ အထောက်အထားတွေကို တွေ့ပြီး ယုံကြည်ကြပါတယ်။ ဘုရားဟော ဇတ်တော်တွေမှာလည်း နတ်၊ နဂါး၊ ပြိတ္တာ တွေအကြောင်းပါဝင်ပါတယ်။ ကျွှန်တော်အယူအဆကတော့ ကိုယ်တိုင်မမြင်ဘူးသော်လည်း ယုတ္တိတန်တယ်ဆိုရင် ယုံကြည်သင့်တယ် ထင်ပါတယ်။ ပရလောကသားတွေကို တစ်ခါလောက်မျက်ဝါးထင်ထင် မြင်ဘူးချင်တယ်။ တစ်ခါတော့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေး တစ်ခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ဖူးပါတယ်။  အဲဒီဖြစ်ရပ်လေးကို အားလုံးသိအောင် ရေးသားလိုက်တာပါ။ ဒီဇတ်လမ်းမှာပါဝင်တဲ့ လူပုဂ္ဂိုလ် တွေရဲ့ အမည်နာမ၊ ရွာအမည်များကို လွှဲပြောင်းထားတာကလွဲလို့ ဇတ်လမ်းတစ်ခုလုံးက ဖြစ်ရပ်မှန်ပါပဲ။

Monday, August 26, 2013

Andriod ဖုန်းနဲ့ ကွန်ပျူတာကနေ သတင်းပေါင်းစုံ ဖတ်မယ်...

  

HWH ဥုံ ဘာလဲဆိုတာတော့ အကျယ်တ၀င့် မရှင်းတော့ပါဘူး။ အင်တာနက် ၁၅မိနစ်ရှိရုံနဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း ပြောင်းလဲနေတဲ့ အင်တာနက်ပေါ်မှာ စီးဆင်းနေတဲ့ သတင်း၊ သုတ၊ ရသ၊ နည်းပညာ၊ အားကစား၊ စသဖြင့် ကဏ္ဍမျိုးစုံကို ဖတ်ရူနိုင့်မယ့် Offline News Readerလေးပါ။ ယခု Android Versionသစ်မှာတော့ RFA, BBC, VOA, NHK နေ့စဉ် အသံလွှင့် အစီအစဉ် များကိုပါ Onlineဖြင့် တိုက်ရိုက် နားဆင်နိုင်ပါတော့မယ်။ Windows Computer Versionကတော့ The First Myanmar Offline News Reader လို့ထင်ပါတယ်။ ပထမဆုံး Versionဖြစ်တဲ့ အပြင် ကျွန်ုပ်သည်လည်း Developer/Programmerကြီး တစ်ယောက်မဟုတ်လို့ အားနည်းချက် များစွာရှိနိုင်ပါတယ်။ သို့ပေမဲ့ အင်တာနက်ပေါ်က အကောင်းဆုံးဆိုတဲ့ Frameကို ယူသုံးထားလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

***အထူးအသိပေးလိုသည်မှာ Downloadဆွဲ ရယူပြီး rar ဖိုင်အား ဖွင့်ပြီးလျှင် Read Me First ဖိုင်အား ဦးစွာဖတ်ပေးပါရန်နှင့် Windows Computer Software Install မလုပ်မီ Read Me First စာအုပ်ပါ လမ်းညွှန်ချက် နံပါတ်များအတိုင်း လုပ်ဆောင်ပါက ပို၍ အဆင်ပြေစေမည်ဖြစ်သည်။***

 ဒီနေရာမှာ ရယူပါ


အောင်ထွန်းဦး

Saturday, August 24, 2013

သားသတ်သမား

 ကျွန်တော်က သားသတ်သမား..။ လုပ်တာက သားသတ်တဲ့အလုပ်..။ ငယ်စဉ်ကတည်းက အကောင်ငယ်လေးတွေကို သတ်ရာမှာ ကျွန်တော် ၀ါသနာထုံခဲ့သည်။ အကောင်ငယ်လေးတွေ သွေးသံရဲရဲ နှင့် မြင်ရလျှင် ကျွန်တော့်မှာ ပျော်လို့မဆုံး..။ မိဘနှစ်ပါး ငယ်စဉ်ကတည်းက ဆုံးပါးသွား တာကြောင့် ကိုယ့်ဝမ်းစာအတွက် ဒီသားသတ်ရုံမှာ အလုပ်လုပ်လာခဲ့တာ အခုဆိုရင် ဒီမြို့ထဲမှာ သားသတ်မယ် ဆိုရင် ကျွန်တော် မပါလျှင် မပြီးသလောက်..။ ဒီ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသည်။ ကျွန်တော် လုပ်ချင်တာနဲ့ လုပ်နေရတာနဲ့ ဆန္ဒနဲ့လက်တွေ့ တစ်ထပ်တည်းချသည်ဟု ကျွန်တော်ထင်မိသည်။

နွားတွေ..၊ ၀က်တွေ သတ်ရတာ ကျွန်တော့် အတွက်တော့ သာမာန်အလုပ်သာ ဖြစ်သည့်အတွက် ဘာခံစားမှုမှ မရှိ..။ သူတို့တွေက ကိုယ်ချွတ်ပေးမှ ဒီဘ၀က ကျွတ်ကြရတာလေ..။ ဒီ့အတွက် သူတို့တွေ ကျွန်တော့်ကို တောင် ကျေးဇူးတင်သင့်သေးသည်။ 

"ဒီကောင်ကြီးကို တစ်ပိသာ အတွဲတွေ လုပ်ထားလိုက်.."

ဝက်တစ်ကောင်ကို သတ်ပြီး ရောင်းချဖို့အတွက် တပည့်တွေကို ခေါ်ပြီး အတွဲခိုင်းလိုက်သည်။ ဒီနေ့တော့ ၀က် ၂ကောင်နှင့် နွားတစ်ကောင် ပေါ်ဖို့ရှိသည်။ အခုထိ ၀က်နှစ်ကောင် ပေါ်လို့ ပြီးသွားပြီ..။ နွားတစ်ကောင် ပေါ်ဖို့သာ ကျန်တော့်သည်။ နွားတစ်ကောင် ပေါ်ရတာ မခက်..။ ကြိုးတုတ်ပြီး လည်ပင်းမှာ ရှိတဲ့ သွေးကြောလှီးချ လိုက်ရင် ပြီးပီ..။ ၀က်တွေက တစ်ခါတစ်လေ အရမ်းအော်လွန်းသည်။ ပြီးတော့ သူတို့ရဲ့ နှလုံးကို ဓါးနဲ့ထိုးရတာ နည်းနည်းခက်သည်။ နှလုံးနေရာတွေက ၀က်တစ်ကောင်နဲ့ တစ်ကောင် မတူ..။ ဒါမျိုးက လုပ်သက်ရှိမှသာ သိပြီး တစ်ချက်တည်းနဲ့ ကိစ္စပြီးနိုင်သည်။ 

"ကဲ… ကျန်တဲ့ကောင်ကို ဆွဲခဲ့တော့…"

ကျန်တဲ့နွားတစ်ကောင်ကိုပေါ်ဖို့ တပည့်တွေကို လှမ်းသတိပေးလိုက်သည်။ ကျန်တဲ့ တစ်ကောင်ကို မြန်မြန် ပေါ်ပြီး အိမ်မှာ ကိုယ်ဝန် နေ့စေ့လစေ့ နှင့် ဇနီးသည်ထံ အမြန်ပြန်ရအုံးမည်။ သားဦးမို့ အတွေ့အကြုံမရှိပဲ ကြောက်နေရှာသော ဇနီးသည်နားမှာ ပြန်ပြီး အချိန်ပေးပြီး အားပေးနေဖို့လိုသည်လေ..။

"ဆရာ.. အခုပေါ်မယ့် အကောင်က ဇီးကြီးနဲ့…"

"ဟင်…."

"ဟုတ်တယ်ဆရာ.. ကျွန်တော်တို့ ဒီကောင်မ မွေးပြီးမှပဲ ပေါ်လိုက်ရအောင်.."

"မင်းက ဆရာလား..ငါက ဆရာလား.."

"ဒါပေမယ့်… ဒီကောင်မက နက်ဖန် သဘက်ခါလောက်ဆို မွေးတောင် မွေးတော့မှာ ဆရာ.."

"တိတ်… ဆွဲခေါ်လာခဲ့…. ဘာဇီးရှိရှိ… ငါဒီနေ့ ဈေးထဲ အမဲဖြန့်ပေးဖို့ ကတိပေးထားတယ်…"

"ဆရာ..စဉ်းစား…."

"ငါ စကားနှစ်ခါ မပြောဘူး ဆိုတာ မင်းသိတယ်နော်…"

"ဟုတ်…"

စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားသော တပည့်ကို ကြည့်ရင်း စိတ်တိုမိသည်။ အလိုလိုနေရင်း သနားဖို့လောက် စဉ်းစားနေတဲ့ကောင်..။ တိုးတက်မယ့်ကောင်မဟုတ်ဘူး..။ စီးပွားရေး လုပ်ရတာ ကတိက အရေးကြီးသည်။ ကတိပျက်ရင် နောင် ဘယ်ဖောက်သည်မှ ရမည် မဟုတ်..။
အသံတွေကြားရတာတော့ ဟိုနွားမကို တော်တော် ဆွဲထုတ်နေရသည် ထင်သည်။ 

"ဟိုကောင်တွေ သွားကူလိုက်အုံး… ဟိုဂရုဏာရှင်ကြီးကို.."

ခဏကြာတော့ လူလေးယောက်လောက် အတင်း ၀ိုင်းဆွဲလာတဲ့ နွားမကိုတွေ့လိုက်ရသည်။

"တော်တော်ကို ဆွဲထုတ်လာရတယ် ဆရာ.. ဇီးနဲ့ မို့လို့ ဇီးဇောကပ်နေလားမသိဘူး.."

"မသိရင်မှတ်ထား…. အဲ့ဒါ သေမှာ ကြောက်လို့ ဖြစ်နေတာ…ခုချိန်မှာ သူ့ကလေးတောင် သူသတိရမှာ မဟုတ်ဘူး.."

ကျွန်တော် နွားမကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်ဝန်းမှာ မျက်ရည်တွေ ရှိနေသည်။ သူ့မျက်ဝန်းတွေက ကျွန်တော့်ကို အသနားခံတဲ့ အကြည့်..။ ခဏလေး နေဖို့ အချိန်ပေးပါအုံးဆိုတဲ့ အကြည့်…။ အို… သေခါနီး နွားတိုင်း မျက်ရည်ကျနေတာပဲလေ.. အထူးအဆန်းမှ မဟုတ်တာ..

ကျွန်တော် လုပ်နေကျအတိုင်း သူ့လှည်ပင်းက သွေးကြောတွေပေါ် ကျွန်တော့် ဓါးသွားနဲ့ ခုတ်ဖြတ်လိုက်သည်။ တပွက်ပွက်ထွက်လာသောသွေး.. တစ်ဆန့်ဆန့် ဖြစ်နေသော ခေါင်း.. ရုန်းကန်နေသော ခြေလက်များ.. မြင်နေကျ မြင်ကွင်းဖြစ်သည့်အတွက် ကျွန်တော့် အတွက်တော့ အထူးအဆန်းမဟုတ်…။ ထိုအချိန်မှာပင်…. ထူးဆန်းတာ တစ်ခုက ဖြစ်လာသည်။

"ဟာ… ဒီကောင်မ ကလေးပါ မွေးပီဟေ့..ဒုက္ခပဲ"

"ဟင်…"

တစ်ဆန့်ဆန့် အသက်ငင်နေသော နွားမမှ ကလေးမွေးတာ ကျွန်တော့်ဘ၀တွင် ပထမဆုံး မြင်တွေ့ဖူးချင်းဖြစ် သည့် အတွက် အံ့သြထူးဆန်းစွာပင် ကြည့်နေမိသည်။ မွေးဖွားလာသော နွားပေါက်လေးမှာ ကံကောင်းထောက်မ စွာ အသက်ရှိသေးသည်။ နွားပေါက်လေး မွေးဖွားပြီးသည်နှင့် လှုပ်ရှား ရုန်းကန်နေသော နွားမကြီး ခန္ဒာကိုယ် တစ်ခုလုံး ငြိမ်ကျသွားသည်။ 

"ကဲ..ကဲ.. ဒီကံကောင်းလေးကို..ခြံထဲပြန်ယူသွားလိုက်.."

"ဆရာ..ဆရာ.. လာကြည့်ပါအုံး.."

"ဘာဖြစ်လို့လဲ.."

"နွားပေါက်လေးက သူ့အမေ နွားမကြီး နို့ကိုစို့နေတယ်…"

"ဟင်…."

မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်နင့်စရာကောင်းလှသလို ဒီမြင်ကွင်းကိုလည်း ကျွန်တော့် စိတ်ထဲကနေ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည်မဟုတ်..။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့် လက်နဲ့ ပေါ်ခဲ့တဲ့ အသက်မရှိတော့တဲ့ နွားမကြီးရဲ့ နွားကို အားရပါးရ စို့နေရှာသော နွားပေါက်လေး…။ 

"ဆရာ.. ဆရာ့ အမျိုးသမီး…ဗိုက်နာနေလို့တဲ့...အကြောင်းကြားခိုင်းလိုက်လို့…မွေးတော့မယ်ထင်တယ်…"

"ဟင်…."

ကျွန်တော် မြင်နေတဲ့မြင်ကွင်းသည်ချက်ချင်းပင် ပြောင်းလဲသွားသည်။ သေဆုံးနေတဲ့ နွားမကြီးနဲ့ နွားပေါက်လေးနေရာမှာ ကျွန်တော့် ဇနီးသည်နဲ့ မွေးဖွားလာမည့် ကလေးငယ်လေးကို မြင်ယောင်မိသည်။ အသက်မရှိတော့တဲ့ မိခင်ရဲ့ နို့ရည်သောက်သုံးနေတဲ့ ကလေးငယ်လေး….

"ဘုရား..ဘုရား…"

လက်ထဲမှာ ကိုင်ထားတဲ့ ဓါးကို လွတ်ချမိလိုက်သည်။

"ငါ ဘာတွေ လုပ်လိုက်တာလဲ…"

"ငါ…ငါ…. မလုပ်သင့်တာကို လုပ်လိုက်မိပြီ…"

သူများအလှည့်တုန်းက မစဉ်းပဲ လုပ်ခဲ့ပြီး ကိုယ့်အလှည့်ကျတော့ ဘယ်လိုခံစားရမလဲ ကျွန်တော် မတွေးကြည့်ရဲတော့..။ ကျွန်တော် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။ ငါ..ငါ…. ဒီသားသတ် အလုပ်ကို တစ်သက်လုံး စွန့်လွှတ်လိုက်ပြီး အခုချိန်ကစပြီး တစ်ခြား အလုပ်နဲ့ ငါအသက်မွေးတော့မယ်..။ ငါ တစ်သက်လုံး ဘယ်သူ့ အသက်မှ မသတ်တော့ဘူး..။

ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း အိမ်ကို ကျွန်တော် အမြန်ပြန်ပြေးသည်။ လမ်းတစ်လျှောက်လုံး ကျွန်တော့် ပါးစပ်ကနေ တောက်လျှောက် ရွတ်နေမိသည်က..

"မိန်းမ ဘာမှ မဖြစ်ပါစေနဲ့… ကလေးလည်း ဘာမှ မဖြစ်ပါစေနဲ့ ဘုရား…"

အောင်ထွန်းဦး

Wednesday, August 14, 2013

ကလေးတစ်ယောက်ရဲ့ ခံစားချက်



နွေရာသီတွင်း ခြောက်သွေ့စွာ တိုက်ခတ်လျက်ရှိသော လေပူတို့သည် လူတို့၏ စိတ်ကို ပိုမိုပင်ပန်းစေသည်ဟု ကျွန်တော် ထင်မိသည်။ နွေရာသီကို မုန်းသူများထဲတွင် ကျွန်တော်လည်း ပါသည်ဟု ထင်မိသည်။ အကြောင်းပြ ချက်ကတော့ ရေရေရာရာမရှိ…။ ကျွန်တော်သည် မိဘမဲ့ကလေးများအတွက် စာသင်ပေးနေရသည့် ကျောင်း ဆရာတစ်ယောက် ဖြစ်သည့်အလျောက် နွေရာသီ ဆိုလျှင် ကျောင်းများ ပိတ်ထားသောကြောင့် အလုပ်လက်မဲ့ဖြစ်နေတတ်သည်။ ဒီအကြောင်းအရာကပင် နွေရာသီကို မုန်းစရာ ဖြစ်ပေါ် စေလာသလားတော့ ကျွန်တော် မပြောတတ်..။ ကျွန်တော့်အဖို့တော့ ကျွန်တော်ချစ်သော မိဘမဲ့ကလေးများနဲ့ ခွဲနေရသောအချိန် ကိုသာ ကျွန်တော် မုန်းခြင်း ဖြစ်ပေလိမ့်မည်။

ကျွန်တော် အရင်က ကလေး ချစ်တတ်သူတစ်ဦး မဟုတ်..။ သို့သော် ကျောင်းပြီးပြီးချင်း အတွေ့အကြုံရရန် ဒီ မိဘမဲ့ကလေးကျောင်းမှာ ကျောင်းဆရာလာလုပ်ခဲ့ခြင်းဖြစ်သည်။ ကလေး မချစ်တတ်သော ကျွန်တော့်အဖို့ ပထမအစပိုင်းတွင် အထာမကျခဲ့ပဲ အဆင်မပြေမှု များစွာနဲ့ ကြုံတွေ့ခဲ့ရသည်။ သို့သော် အချိန်ကြာလာသည် နှင့်အမျှ တစ်ခြားကလေးတွေနဲ့မတူပဲ သိမ်ငယ်စိတ်လေးတွေ ကိုယ်စီ ရှိတတ်ကြသည့် ဒီကလေးတွေကို ကျွန်တော် အသည်းနှလုံးထဲကကို ချစ်မြတ်နိုးခဲ့သည်။ သနားမိခဲ့သည်။ စာနာမိခဲ့သည်။ ဒါကြောင့် ကျွန်တော့် အဖို့ ကျောင်းတွေ ပြန်ဖွင့်မည့် အချိန်တွေကိုသာ စောင့်စားရင်း ဒီနွေရာသီကို မြန်မြန်ကုန်လွန်စေချင် နေမိတော့ သည်။

ကျောင်းတွေ ပြန်ဖွင့်တော့ ကလေးတွေရဲ့ မျက်နှာလေးတွေကို ကြည့်ပြီး ကျွန်တော် ပျော်ရွှင်နေမိသည်။ ကျွန်တော် အတန်းပိုင်ဖြစ်သော ပထမတန်းအခန်းသို့ ၀င်ဝင်လိုက်ခြင်း ကလေးတွေရဲ့ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ "မင်္ဂလာပါ ဆရာ" ဟူသော တစ်ပြိုက်နက် နှုတ်ဆက်သံသည် ကျွန်တော့်အဖို့ အစွမ်းအထက်ဆုံး စွမ်းအားတွေ ဖြစ်ပေါ်လာစေခဲ့သည်။

ဒီနေ့ မိသားစု တစ်စုမှ သူတို့သားလေး (၇) နှစ်မြောက် မွေးနေ့အတွက် ကျောင်းကို ကြာဇံဟင်းခါး လာတိုက် မည်ဖြစ်သည်။ ဒီကျောင်းမှ ဆင်းရဲနွမ်းပါးသည့် မိဘမဲ့ကလေးများကို စာနာသနား တတ်သည့် ငွေကြေးရှင်များမှလည်း အခါ အားလျော်စွာ လာရောက် ကုသိုလ်ယူ လှူဒါန်းကျွေးမွေးလေ့ရှိသည်။

အလှူရှင် မိသားစု အခန်းထဲကို ၀င်လာသည်နှင့် ကလေးများ၏ မျက်လုံးများသည် ၄င်းတို့နှင့် ရွယ်တူ မွေးနေ့ ရှင် ကောင်လေးပေါ်သို့ ကျရောက်ကုန်ကြသည်။ သူတို့၏ အကြည့်တွင် အားကျခြင်း.၊ သိမ်ငယ်ခြင်းနှင့် ရိုးသားသော မနာလိုခြင်းများ ပါဝင်ကြလေသည်။ သူတို့သည်လည်း ထိုမွေးနေ့ရှင် ကောင်လေးလိုမျိုး မိဘ အစုံအလင်နဲ့ ဒီလိုမျိုး လာရောက် ကျွေးမွေးချင်စိတ် ရှိကြမှာ မလွဲမသေ ဖြစ်သည်..။ အကြောင်း အမျိုးမျိုးကြောင့်သာ မိဘတွေ နဲ့ ဒီလိုဝေးတဲ့နေရာမှာ လာရောက်နေထိုင် နေကြရခြင်းဖြစ်သည်။ တစ်ချို့ ကလေးများက မွေးနေ့ရှင်ကို တစ်ချက်ကြည့်ပြီး ခေါင်းငုံ့သွားကြသလို တစ်ချို့ကလေးများမှာလည်း ၀မ်းနည်း စွာ ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့လေးတွေရဲ့ စိတ်ထဲက ၀မ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ၊ လွမ်း ဆွတ်မှုတွေကို ကျွန်တော် မြင်နေရသည်။ သို့ပေမယ့် ကျွန်တော်သည်လည်း ထိုအခြင်းအရာတွေအတွက် ဘာမှ လုပ်ပေးနိုင်စွမ်းမရှိသည့် ဆရာတစ်ယောက်ပဲလေ..။

Tuesday, August 13, 2013

Viber ကို PC ပေါ်မှာ အသုံးပြုမယ်

မနေ့က Facebook ပေါ်ကနေ Viber ကို PC မှာ အသုံးပြုလို့ရကြောင်း သတင်းလေးတစ်ခုတွေ့တာနဲ့ စမ်းကြည့်တာ အတော် အဆင်ပြေတယ်ဗျ… သူငယ်ချင်းတွေလည်း ကိုယ့် Laptop ဒါမှမဟုတ် Desktop ပေါ်ကနေ viber ကို အသုံးပြုနိုင်မယ့် နည်းလမ်းလေးကို မျှဝေ ပေးလိုက်ပါတယ်..။
အရင်ဆုံး အောက်က link မှာ ပါတဲ့ software လေးကို ဒေါင်းလုပ် ရယူပြီး computer မှာ Install လုပ်ပါ..။ Internet connection ရှိဖို့လိုပါမယ်..။
ပြီးရင် မိမိဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်ပါ…။ မိမိဖုန်းထဲမှ viber ကိုလည်း internet ဖွင့်ထားရမှာ ဖြစ်ပြီး viber မှ မိမိဖုန်းထဲကို code နံပါတ် message လှမ်းပို့ပေးမှာ ဖြစ်ပါတယ်..။
(သတိ ။   ။ မိမိဖုန်းထဲမှ viber သည် latest version ဖြစ်နေရပါမယ်.. မဖြစ်သေးရင် အောက်က link မှာ download ရယူပြီး ဖုန်းထဲမှာ ပြန်သွင်းလိုက်ပါ..)
မိမိဖုန်းထဲပို့လာတဲ့ Code ကို PC ရဲ့ viber မှာ ရိုက်ထည့်ပေးလိုက်တယ်ဆိုရင်ပဲ သင်ဟာ viber ကို PC မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်..။

အဆင်ပြေကြပါစေဗျာ..။

အောင်ထွန်းဦး

Sunday, August 11, 2013

အမေတစ်ယောက် လိမ်ညာမှုများ

ဒီဖြစ်ရပ်တွေဟာ ကျွန်တော်ကလေးဘ၀မှာ စတင်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဆင်းရဲတဲ့မိသားစုမှ မွေးဖွားလာရပါတယ်..။ တစ်ခါတစ်လေ တစ်မိသားစုလုံး စားဖို့မရှိလို့ ဗိုက်မှောက်နေခဲ့ရတဲ့ ဘ၀ပါ..။ ထမင်းစား တဲ့အချိန်တိုင်းမှာ အမေဟာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို ကျွန်တော့်ကို ခွဲပေးလေ့ ရှိပါတယ်..။ အဲ့လိုအချိန်မျိုးမှာလည်း အမေက "စား...သားလေး..၀အောင်စား…အမေက မစာဘူး.." ပြန်ပြောလေ့ရှိပါတယ်..။ အဲ့ဒါကတော့ အမေ့ရဲ့ ပထမဆုံးအကြိမ် လိမ်ညာမှုပါ.။
ကျွန်တော် ကြီးကောင်ဝင်လာခဲ့အခါ…ဇွဲကောင်းတဲ့ အမေဟာ သူမရဲ့ပိုတဲ့အချိန်တွေကို မြစ်ဘေးမှာ ငါးမြှားရင်း ကုန်ဆုံးစေခဲ့ပါတယ်..။ ဖမ်းမိလို့ရလာတဲ့ ငါးအကြီးတွေကို ကျွန်တော့်ကြီးထွားမှု အဟာရ အတွက်ချက် ပြုတ် ကျွေးမွေးလေ့ရှိပါတယ်..။ ကျွန်တော် အမေချက်ပေးတဲ့ ငါးဟင်းချိုကို သောက်နေတုန်း.. အမေကတော့ ကျွန်တော့်ဘေးမှာထိုင်ပြီး ကျန်တဲ့ငါးအသေးအနုတ်ဟင်းနဲ့သာ စားလျက်ရှိပါတယ်..။ ကျွန်တော် စိတ်မကောင်း ဖြစ်ပြီး တူနဲ့ ကျွန်တော့် ပန်းကန်ထဲက ငါးတစ်ကောင်ကို အမေ့ကို ထည့်ပေး ခဲ့ပါတယ်..။ ဒါပေမယ့် အမေက ချက်ချင်း ငြင်းပယ်လိုက်ပြီး "စားပါသားရဲ့… အမေက အဲ့ဒီလို ငါးအကြီးတွေ မကြိုက်လို့ မစားတာပါ.."တဲ့..။ ဒါကတော့ အမေ့ရဲ့ ဒုတိယအကြိမ် လိမ်ညာမှုပါ..။
ကျွန်တော် မူကြိုတက်တော့ အမေက စက်ရုံတစ်ခုက မီးခြစ်ဗူးခွံအဟောင်းတွေကို စုစည်းပြီး ပြန်လည် ပြုပြင်ကာ ဆိုင်မှာ ပြန်သွင်းပါတယ်..။ အဲ့ဒီကနေ ရတဲ့ ပိုက်ဆံနဲ့ ကျွန်တော့် ကျောင်းစရိတ်နဲ့ စားဝတ် နေရေး ကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်..။ ဆောင်းညတစ်ညမှာ.. ကျွန်တော် ရုတ်တရက်နိုးလာတော့ အိပ်ယာဘေးမှာ မအိပ်ပဲ မီးခြစ်ခွံဟောင်းတွေကို ပြန်လည်ပြုပြင်နေတဲ့ အမေ့ကို တွေ့လိုက်ရတယ်..။ ကျွန်တော်က "အမေ.. မအိပ်သေး ဘူးလား.. မနက်ဖြန်လည်း အစောကြီး အလုပ်သွားရအုံးမှာလေ.." ဆိုတော့… အမေက ပြုံးပြီး "အမေ ..မအိပ်ချင်သေးလို့ပါကွယ်… သား အိပ်တော့နော်…" တဲ့..။ ဒါကတော့ အမေ့ရဲ့ တတိယအကြိမ် လိမ်ညာမှုပါ..။

ကျွန်တော့်စာမေးပွဲ နောက်ဆုံးရက်မှာ.. အမေက အလုပ်ကနေ ခွင့်တစ်ရက်ယူပြီး ကျွန်တော်နဲ့ အတူ လိုက်ပါပေးခဲ့ပါတယ်..။ စာမေးပွဲဖြေနေချိန် ကျစ်ကျစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ အမေက ကျွန်တော့်ကို စောင့်နေခဲ့ပါတယ်..။ ခေါင်းလောင်းထိုးလို့ ကျောင်းဝန်းထဲကနေ ပြေးထွက်လာတဲ့ ကျွန်တော့်ကို အမေက ပွေ့ချီလိုက်ပြီး သူမပြင်ဆင်လာတဲ့ ရေခဲစိမ် အအေးတစ်ဗူးကို တိုက်ပါတယ်..။ ချွေးတွေစိုနေတဲ့ အမေ့ရဲ့မျက်နှာကိုကြည့်ပြီး အမေသောက်ဖို့ အချိုရည်ဗူး ပေးလိုက်တော့.. "သောက်ပါ သားရဲ့.. အမေက သောက်ပြီးသွားပြီ…" တဲ့..။ ဒါကတော့ အမေ့ရဲ့ လေးကြိမ်မြောက် လိမ်ညာမှုပါ..။

Saturday, August 10, 2013

မြေးအဘိုး သရဲနှင့် တွေ့ဆုံခြင်း


"ဟရောင်… ငါတို့ မပြန်ပဲ… ဒီရွာမှာပဲ ညအိပ်ရင် ကောင်းမလား.."

"အာ.. မဖြစ်ဘူးကွ… မနက်ဖြန် … ကျောင်းတက်ရမှာ မင်းလည်း အသိကို.. ငါတို့ ဒီည မြို့ကို ပြန် ရောက်မှ ဖြစ်မှာ…"

"ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့်.. ငါတို့ မြို့ထိပ်က သင်းချိုင်း အကြောင်းလည်း မင်းသိသားနဲ့. နေ၀င်ပီဆို ဘယ်သူမှတောင် ဖြတ်တော့တာ မဟုတ်ဘူး… ငါတို့ ဒီအချိန်သွားရင် သင်းချိုင်းကို ညလယ်ချိန်မှာ ဖြတ်ရမှာနော်…"

"ဆိုင်ကယ်နဲ့ပဲကွာ… ဘာဖြစ်လဲ… ဖြတ်တာပေါ့…"

ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း တစ်ယောက် သူတို့ရွာကို အလည်သွားရာမှ အချိန်လွန်ပြီး အိမ်ပြန်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဟုတ်လည်း ဟုတ်သည်။ ကျွန်တော်တို့ မြို့ပြင် သင်းချိုင်းက နာမည်ကြီးသည်။ သုဘရာဇာတောင် ညဘက် အလောင်းချစရာရှိရင် နေ့လည်ကတည်း က ကျွင်းတူးထားပြီး ညနေကို ကိစ္စအပြီးဖြတ်ပြီး မြို့ထဲ ပြန်အိပ်သည်။ ညနေ မှောင်စပျိုးပြီဆိုတာနဲ့ သချိုင်းထဲတွင် ခွေးလေခွေးလွင့်များမှအပ ဘာမှ မရှိတော့…။

"ဟရောင်… ဒီလိုလုပ်… လမ်းတစ်လျှောက်လုံး.. ငါတို့ ဆိုင်ကယ်စီးရင်း.. စကားပြောသွားကြမယ်.. ဒီလိုဆို အဲ့ဒီသင်းချိုင်း ဘယ်လို ကျော်လို့ ကျော်သွားမှန်းတောင် သိမှာမဟုတ်ဘူး.."

"အေး..အဲ့ဒီ အစီအစဉ်ကောင်းတယ်…"

ဒီလိုနဲ့ နှစ်ယောက်သား စကားတပြောပြောနဲ့ ဆိုင်ကယ်စီးလာလိုက်ကြတာနဲ့…. ခရီး တစ်ဝက်ကျိုး  ည၁၀း၀၀ ခွဲလောက်လဲ ရောက်ရော.. ဆိုင်ကယ် ရှေ့မီးက ဖြတ်ကနဲ ကျွမ်းသွားတယ်..

"ဟ…သောက်ကျိုးနဲ…မီးသီးကျွမ်းသွားပဟ…"

"မင်းက သရဲ ကြောက်ကြောက်နဲ့ လီဗာ အသားကုန် လွတ်ဆွဲတာကိုးဟ.."

"ဟရောင်… ဒီအကြောင်း မစပါနဲ့ဆို… ခွီးတဲ့မှ… မင်းမှာ ဓါတ်မီးပါတယ်မှတ်လား.. ငါ့ကို နောက်ကနေ မီးထိုးပေး.."

ဒီလိုနဲ့ ဖြစ်သလို ဆက်မောင်းလာလိုက်ကြတာ… ည (၁း၀၀) ရောက်လည်း ရောက်ရော.. မြို့ထိပ် က သင်းချိုင်းကုန်း နားကို ရောက်လာပါရော…

"ဟရောင်… အသားကုန်ဆွဲကွာ.. လမ်းက ဖြူးနေတာပဲကို…"

ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဟိုကောင် မြှောက်ပေးတဲ့အတိုင်း လီဗာကို မိုင်ကုန်ဆွဲပြီး သင်းချိုင်းကို အမြန်ကျော်ဖို့ ကြိုးစားလိုက်တယ်..။ အဲ့ဒီအချိန်မှာပဲ..

Thursday, August 8, 2013

အမေ - ၎


ဘ၀မှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကျွန်တော့်မှာ အပြင်းထန် ဆုံး ဆန္ဒတစ်ခုရှိပါတယ်..။ အဲ့ဒါကတော့ ငယ်စဉ်ကတည်းက ကျွန်တော့်အတွက် စွန့်လွတ်အနစ်နာခံ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တာပါပဲ..။ ဒါကြောင့် တစ်နေ့မှာ….

"အမေ… အမေ့ကို ကျွန်တော် တစ်ခုခုပေးချင်တယ်..။ တစ်ခုခု လုပ်ပေးချင်တယ်..၊ အမေ သားအပေါ်မှာ ချစ်ခဲ့သမျှ စွန့်လွတ်အနစ်နာခံခဲ့သမျှတွေအတွက် သား တစ်ခုခု ပြန်လည် ပေးဆပ်ချင်တယ်.."

အမေက ကျွန်တော့်ကို အံ့သြတဲ့ပုံစံနဲ့ကြည့်ပြီး

"သားက ဘာလို့ ဒီလိုထင်ရတာလဲ..။ သားအမေ့ကို ဘာမှ ပြန်ပေးဆပ်ဖို့ မလိုပါဘူး..။ အမေတစ် ယောက်ရဲ့တာဝန်ကို အမေလုပ်ခဲ့တာပါ..။ ပြီးတော့ အမေတစ်ယောက်ရဲ့ အချစ်တွေအတွက် သားက ပြန်လည် ပေးဆပ်ဖို့ဆိုတာ နည်းလမ်းလည်း မရှိပါဘူးကွယ်…"

ကျွန်တော်ကလည်း မကျေနပ်နိုင် သေးပဲ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်နိုင်ဖို့အတွက် ကြိုးစားပြီး ပြောဆိုနေသလို.. အမေကလည်း တောက်လျှောက်ကို ငြင်းနေပါတော့တယ်..။ နောက်ဆုံး..

"ကဲ..ကဲ… သားဒီလောက်တောင် ဆန္ဒရှိနေရင်လည်း.. ဒီည သား အမေ့အိပ်ယာမှာ အမေနဲ့အတူ လာအိပ်… သားငယ်ငယ်တုန်းက အတိုင်းပေါ့… အဲ့ဒါ အမေ့ဆန္ဒပဲ…"

ကျွန်တော် ပျော်ရွင်စွာ မဆိုင်းမတွပဲ အမေ့ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်ခဲ့တယ်..။

ကျွန်တော် အမေအိပ်ယာပေါ်မှာ အမေနဲ့အတူ အိပ်ပျော်သွားပြီး ခဏအကြာမှာပဲ အမေဟာ အိပ်ယာက ထပြီး မီးဖိုချောင်ထဲက ရေပုံးတစ်ပုံးကို ယူလာတယ်..။ ပြီးတော့ ရေခွက်တစ်ခွက်နဲ့ ကျွန်တော့် အိပ်ယာဘက်အခြမ်းကို လောင်းလိုက်တယ်..။ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကျွန်တော်ဟာ စိုတွေ့တဲ့အထိအတွေ့ကြောင့် တစ်ခြား အိပ်ယာဘက်ခြမ်းကို ကိုယ်ကိုလှိမ့်ပြီး ပြောင်းအိပ်လိုက် တယ်…. ကျွန်တော် ပြန်အိပ်ပျော်သွားတာနဲ့ အမေဟာ တစ်ခြားဘက်ကို ထပ်ပြီး အိပ်ယာခင်းပေါ်ကို ရေတွေ ထပ်လောင်းချလိုက်တယ်..။

ရေစိုတဲ့အထိအတွေ့ကြောင့် ဒီတစ်ခါတော့ ကျွန်တော်နိုးလာခဲ့ပြီး အိပ်ယာတစ်ခုလုံး စိုရွှဲနေတာကို တွေ့လိုက်ရတယ်..။ အမေကတော့ လက်ထဲမှာ ခွက်နဲ့ ရေပုံးကိုင်ပြီး ကုတင်ဘေးမှာ ရပ်နေပါတယ်.။ ကျွန်တော် စိတ်ဆိုးစွာနဲ့ပဲ

"အမေ ဘာလုပ်နေတာလဲ..။ ဒီမှာ ကျွန်တော် အိပ်လို့တောင် မရတော့ဘူး..။ ကုတင် တစ်ခုလုံး လည်း စိုရွှဲနေတာပဲ..။ အမေ သားကို ဒီလို ရေစိုနေတဲ့နေရာမှာ အိပ်စေချင်နေတာလား.."

"အမေ သားငယ်ငယ်တုန်းက.. သားရှုးပေါက်ချလို့ စိုနေတဲ့ ကုတင်ပေါ်မှာ အိပ်ခဲ့တယ်..။ သားရဲ့ သေးစိုနေတဲ့ ဘောင်းဘီကိုလဲပေးပြီး ခြောက်တဲ့ဘက်ခြမ်းမှာ သိပ်ခဲ့သလို အမေကတော့ စိုတဲ့ အခြမ်း မှာ အိပ်ခဲ့တယ်..။ သားက အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တယ်ဆို..။ ဒီလို စိုနေတဲ့ ကုတင် ပေါ်မှာ သား တစ်ညလောက် အမေနဲ့အတူ အိပ်ပေးနိုင်မလား….."

သင်ခန်းစာ ။    ။ လောကမှာ ရှိသမျှ အကြွေးတွေအကုန်လုံးကို ပြန်ဆပ်နိုင်ပါလိမ့်မယ်..။ ဒါပေမယ့် အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ စွန့်လွတ် အနစ်နာခံမှုတွေကိုတော့ ပြန်ဆပ်လို့ရမှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့ဟာ အမေရဲ့ သွေးသား အပိုင်းအစတွေ စုစည်းထားတာဖြစ်ပါတယ်..။ ဒါကို ကျွန်တော်တို့မေ့ဖို့မသင့်ပါဘူး ဘာလို့လဲဆိုတော့ အမေတွေက ဒါကို ဘယ်တော့မှ မမေ့ထားလို့ပါပဲ..။

ကျွန်တော် သိပါတယ်.. ဒီအချိန်မှာ သင် …အမေ့ ကို သတိရ လွမ်းစွတ် နေပါလိမ့် မယ်..။ ချက်ချင်းပဲ သင့်အမေကို ပွေ့ဖက်ပြီး "အမေ့ကို ချစ်တယ်" လို့ပြောလိုက်ပါ..။ အဝေးမှာ ရောက်နေရင် ဖုန်းဆက်လိုက်ပါ..။ သင်နဲ့အတူ ရှိမနေတော့ဘူးဆိုရင်တော့ သင့်နှလုံးသားထဲမှာ ဒီစကားလေးကို အမြဲတမ်းသိမ်းဆည်းထားလိုက်ပါ..။

အောင်ထွန်းဦး

Wednesday, August 7, 2013

Gtalk ထဲက ကိုယ့်ကို ဘယ်သူ block ထားလဲဆိုတာကို သိဖို့...

Gtalk က ခုခေတ် အင်တာနက်သုံးတဲ့ လူငယ်တွေကြား အတော်ကို အသုံးများလာကြပါတယ်..။ အကြောင်း မသင့်လို့ ကိုယ့်ကို တိတ်တိတ်လေး ဘယ်သူတွေ block ထားလဲဆိုတာ မသိချင်ကြဘူးလားဗျာ.... လွယ်ပါတယ်.... အရင်ဆုံး.... အောက်က Link မှာပါတဲ့ software လေး အရင် ဒေါင်းလုပ် ဆွဲပြီး computer ထဲမှာ Install လုပ်လိုက်ပါ...။


၁- Pidgin ကိုဖွင့်ပြီး သင့် Gmail နဲ့ Log in ၀င်လိုက်ပါ..။

၂- Buddies ကို ဖွင့်လိုက်ပြီး Show Offline Buddies ကိုtick လုပ်ပါ..။

၃- Offline contacts တွေပါ မြင်နေရပီဆိုရင် ကိုယ့်ကို block ထားတယ်လို့ ထင်တဲ့ account ကို Right Click ထောက် လိုက်ပါ..။

၎- "Get Info" ဆိုတာကိုရွေးပေးလိုက်ပါ…။







၅- အဖြေလေးကတော့ ရှင်းပါတယ်.. Contact မှာ information အနည်းငယ်ဖော်ပြထားတယ်ဆိုရင် block မလုပ်ထားတဲ့သူဖြစ်ပြီး ဘာမှ မဖော်ပြထားဘူးဆိုရင်တော့ သူ ကိုယ့်ကို block ထားပီပေါ့ဗျာ…။


အောင်ထွန်းဦး

Monday, August 5, 2013

ထူးဆန်း ကြည်ညိုဖွယ်ရာ သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်



''ရွှေလက်ပံငုံစီစီ၊ ဒုတိယ ပုဂံပြည်'' ဟုလူသိများ၍ ရှေးဟောင်း သမိုင်းဝင် စေတီ ပုထိုးကြီးများဖြင့် အထူးစည်ကားလျက် ရှိသော
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့၏ အနောက်တောင်ဘက် ၁၄ မိုင်ခန့် အကွာရှိ သုံးပန်လှ စံပြကျေးရွာ၌ ကျန်စစ်သားမင်းနှင့် သမ္ဘူလ မိဖုရားကြီးတို့ တည်ထား ကိုးကွယ်ခဲ့သော သမိုင်းဝင် စေတီတိုက် ဘုရား ပရိဝုဏ် အတွင်းမှ တွေ့ရှိရသည့် သစ်နွယ်ပင်ကြားမှ ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ အလွန်ထူးဆန်း ကြည်ညိုဖွယ် ကောင်းကြောင်း ယင်းဘုရားကြီး၏ ဂေါပက အဖွဲ့ဝင်ဖြစ်သူ ဦးဘဂျမ်းက ပြောပြခဲ့သည်။

''သမိုင်း သုတေသီတွေရဲ့မှတ်ချက် အရဆိုရင်တော့ ဟောဒီ ရှင်ဥပဂုတ္တ မထေရ်မြတ်၏ ပုံတော် ဖြစ်ပေါ်နေတဲ့ သစ်နွယ်ပင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ ကတည်းက ရှိနေတယ်လို့ ပြောကြတယ်'' ဟု ၎င်းဂေါပက လူကြီးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ သစ်နွယ်ပင်ခွကြား၌ ဖူးမြော်တွေ့ရှိနိုင်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်၏ ပုံတော်မှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ထုဆစ် ပြုလုပ် ထားသည်ဟု ယေဘုယျ ဆိုနိုင်သော်လည်း ထုဆစ် ပြုလုပ်သည့် လက်ချက်များကြောင့် သစ်နွယ် အကြောအမျှင်များ ပြတ်တောက်နေရမည့် အစား ပိုမို၍ ထူးဆန်း အံ့သြရသည်မှာ သစ်နွယ်ပင်များ၏ မူလ သဘာဝ သစ်ပင် အကြောအမျှင် များသည် ပုံတော်နှင့် တစ်ဆက်တစ်စပ် တည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ပန်းပုပညာရှင် များ၏ သုံးသပ် ပြောကြားချက်များ အရ သိရသည်။

အဆိုပါဒေသ၌ ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး အများအပြား တည်ရှိနေပေရာ စေတီ အဆူတော် အရေအတွက်ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်စေရန် ရှေးစာဆိုများက ''ရွှေလက်ပံငုံစီစီ'' ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ရှေးဟောင်းစေတီ ပုထိုးအရေအတွက်မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ညွှန်ပြဖွဲ့ဆို ထားခြင်းဖြစ်သော်လည်း မျက်မှောက် ခေတ်တွင်မူ သဘာဝ ဘေးအန္တရာယ်များနှင့် ရာသီဥတု၏ တိုက်စား ချေဖျက်မှုကြောင့် အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိတော့ကြောင်း ထိုဒေသရှိ မြေတိုင်း စာရေးကြီး ဦးကျော်ဆွေ၏ စာရင်းပြုစု ချက်များအရ သိရသည်။

ရှေးဟောင်း ယဉ်ကျေးမှု ပုဂံဒေသရှိ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်နှင့် အဆိုပါ စေတီပုထိုးများ၏ ပုံပန်းသဏ္ဌာန်မှာ တထေရာတည်းဖြစ်ကြောင်း ယင်းဒေသသို့ ဘုရားဖူး အလည်အပတ် ရောက်ရှိလာသူ ရှေးဟောင်း ဗိသုကာ ပညာရှင် ဦးလှသောင်း၏ ပြောပြချက်များ အရ သိရသည်။


Credit to - Myawady news

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ