အလွန်ကို
ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို
ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့
ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။
Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို
ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။
Gene
တစ်ခုဟာ Mutant ဖြစ်ပြီး လူခန္ဓာကိုယ် တစ်ခုလုံးကို ပြောင်းလဲစေခြင်းပဲ
ဖြစ်ပါတယ် ။ Mutant ဆိုတာ ကတော့ gene တွေ ပုံ သဏ္ဍာန်ပြောင်းလဲခြင်းလို့
အလွယ်တကူမှတ်ယူ နိုင်ပါတယ် ။ Progeria ရောဂါနဲ့ မွေးဖွား လာသူဟာ နှစ်ပေါင်း
၃၀ လောက်တော့ အသက်ရှင်လျှက်နေထိုင် နိုင်ပါတယ် ။ အချို့ ကတော့ ဆယ်ကျော်
သက် အသက်နှစ်ဆယ်လောက်ထိပဲ အသက်ရှင်ဖို့ အခွင့်အလမ်းရှိပြီး လွန်စွာ
ရှားပါးသော တစ်ယောက် တစ်လေ မှသာလျှင် အသက် ၄၀ လောက်ထိကို ရောက်ရှိနိုင်မှာ
ဖြစ်ပါတယ် ။
ဒီရောဂါ
ဖြစ်စဉ်ဟာ အလွန်ဖြစ်ပွားမှု နည်းပါးပြီး 8 million အရှင်မွေးတွေမှာမှ ၁
ယောက်သာလျှင် ဖြစ်နိုင်ပါတယ် ။ ဒီ Leon Botha ဆိုတဲ့ လူကတော့ Progeria
ရောဂါခံစားနေရပြီး အသက် ၂၄ ရှိပြီဖြစ်ပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ
သူဘယ်လောက်ထိ ဆက်လက် အသက်ရှင်နိုင်မလဲဆိုတာ မသိနိုင်ပါဘူး ။ ဒါပေ မယ့်
သူကတော့ တကယ့်ကို ဂြိုလ်သားပုံသဏ္ဍာန်နဲ့ ဆင်တူလှပါတယ် ။
ရောဂါဖြစ်နေလို့ဒီလောက်ထိပိန်နေတာလား။
ReplyDelete