ရန်ကုန်၊
သြဂုတ် ၃
ယနေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့၊ မြေနီကုန်းအနီး၊ ပြည်လမ်းပေါ်ရှိ UNHCR ရုံးရှေ့၌ "မြန်မာနိုင်ငံ ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောပြခဲ့သော သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားအား ထောက် ခံပါသည်" ဟူသော စာတန်းများ ကိုင်ဆောင်ပြီး မြန်မာ ပြည်သူ ၁၀၀ ခန့်က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း၊ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်

အတူယှဉ်တွဲ
နေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ချခြင်း၊ ရိုဟင်ဂျာများအား
မြန်မာတိုင်းရင်းသားဟု ဖိအားပေး ပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ
နိုင်ငံများအား ရှုတ်ချဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်
ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။
ထို့နောက် “ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများ
ချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ”ဟူ၍ ကြွေးကြော်ခဲ့ကြပြီး နိုင်ငံတော်သီချင်းသီဆိုကာ ဆန္ဒဖော်ထုတ်မှုကို ရုပ်သိမ်းခဲ့ကြသည်။

No comments:
Post a Comment