Pages
▼
Saturday, September 8, 2012
ရုပ်ချင်းတူတဲ့ လေးမွှာပူး...
တစ်ဦးနှင့် တစ်ဦးခွဲမရလောက်အောင်ရုပ်ချင်းဆင်တူနေသည့် တရုတ်နိုင်ငံမှ လေးမွှာပူးသားယောကျာင်္း
လေးများ၏မိခင်တစ်ဦးက ကျောင်းမှဆရာများနှင့် အတန်းဖော်များအား ၎င်းတို့ ကိုအလွယ်တစ်ကူခွဲခြား
သိမြင်နိုင်စေရန် ခေါင်းမှဆံပင်များအား၇ိတ်ပေးလိုက်ပြီး နံပါတ်စဉ်များဖြင့် သာထားရှိပေးခဲ့ ခြင်းဖြင့် ကူညီ
ဖြေရှင်းပေးခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ဂွမ်တုံပြည်နယ်၊ ရှန်ကျင့် ဒေသရှိမူလတန်းကျောင်းမှ ဆရာများအနေဖြင့် အသက် ၆ နှစ်ရှိ
အဆိုပါ လေးမွှာပူးကျောင်းသားများအား တစ်ခြားသူများအနေဖြင့် ခွဲခြားသိနိုင်မှာမဟုတ်တာကို စိုးရိမ်
နေခဲ့ ကြတယ်လို့ မိခင်ဖြစ်သူ တန်ချောင်ယွန် ကဆိုပါတယ်...
" သူတို့ လေးယောက်စလုံးက ရုပ်တွေချွတ်စွပ်တူနေကြတာမို့ ကျွန်မတောင်ခွဲရခက်ပါတယ်...သူတို့ ကိုတွေ
ကြားမှာ ခြားနားချက်ဆိုလို့ မျက်ခွံ၊မျက်ရစ်မတူတာပါပဲ..." လို့ သူမကဆိုပါတယ်...
ထိုကဲ့ သို ခွဲမရအောင်တူနေခြင်းကြောင့် ကလေးတွေကိုထိန်းကျောင်းရတာအခက်အခဲတွေဖြစ်ရပါတယ်...
တဲ့ အပြစ်အတွက် ဒုတိယအမွှာကို မှားပြီးအပြစ်ပေးတာမျိုးတွေလည်းဖြစ်တတ်ပါတယ်..." လို့ သူမကဆို
ပါတယ်...
ကလေးတွေငယ်စဉ်ကတော့ သူတို့ လေးတွေရဲ့ ခြေကျင်းဝတ်မှာ အမှတ်အသားလေးတွေချိန်ပြီးတော့ ခွဲ
ခြားပါတယ်...
အခုတော့ ကလေးတွေကိုတစ်ခြားပိုမိုကောင်းမွန်တဲ့ နည်းတွေနဲ့ ခွဲခြားနိုင်အောင်လုပ်ဆောင်လာရပါတော့ 
တယ်...
ခေါင်းကဆံပင်ပုံစံ (နံပါတ်စဉ်ဂဏာန်းအတိုင်းညှပ်ထားတာမို့ )  နဲ့ ဆိုတော့ ဆရာတွေရော အတန်းဖော်
တွေပါ အခုဆို မမှားနိုင်တော့ ပါဘူးလို့ သူမကဆိုပါတယ်....
1 comment:
  1. ပိုလွန်းတရ်ကွာလျော့အုံး
    ReplyDelete