Pages

▼

Thursday, September 27, 2012

မျက်နှာမဲ့ လူသား



ကြောက်စရာကောင်းတဲ့ မျက်နှာပုံသဏ္ဍာန်ပျက်ယွင်းမှု ရောဂါကို ခံစားနေရပြီး မျက်နှာမဲ့ လူသားလို့ လူအများ သိကြတဲ့ Jose Mestre ဟာ အခုဆိုရင် မြင့်မားလှတဲ့ ဆေးပညာရပ်တွေကြောင့် မျှော်လင့်ချက်တွေ ရှိလာခဲ့ ပါတယ်..။


ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့က Jose Mestre ဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက သူ့မျက်နှာပေါ်က ကြီးထွားလာတဲ့ အရာတစ်ခုကြောင့် မျက်နှာတစ်ခုလုံးပျောက်ခဲ့ရပြီး ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရပါတယ်..၊ ဆေးပညာ သမိုင်းမှာတော့ အကြီးမားဆုံး မျက်နှာပိုင်းဆိုင်ရာ အကြိတ်ကို တွေ့ကြုံရတာဖြစ်တယ်လို့ သိရပါတ်..၊ ၅၁ နှစ်အရွယ် Jose ရဲ့ မျက်နှာပေါ်မှာ ရှိတဲ့အကြိတ်ဟာ သွေးကြောထုံးတာကနေ တစ်ဖြည်းဖြည်း ကြီးထွားလာခဲ့တယ်လို့ သတ်မှတ်ရပါတယ်..။



Jose Mestre ကိုမွေးတုန်းက သူ့အပေါ်နှုတ်ခမ်းမှာ စတော်ဘယ်ရီရောင် အမှတ်လေးပါလာခဲ့ပါတယ်..၊ လူပျိုပေါက် အရွယ်မှာ အဲဒီအမှတ်လေးက စတင်ကြီးထွားလာခဲ့ပါတယ်..၊ အခုတော့ အဲဒါဟာ ၃၃ စင်တီမီတာ ရှည်ပြီး ၃ကီလိုဂရမ်လောက်ကို လေးနေပါပြီ….၊ ဒါပေမယ့် Jose က သူ့ကိုယ်ထဲကို တစ်ခြားလူရဲ့သွေးကို သွင်းဖို့ ငြင်းဆန်တာကြောင့် ခွဲစိတ်ကုသဖို့က အခက်တွေ့ခဲ့ပါတယ်..၊ ဒီအကြိတ်ကြောင့်ပဲ သူဟာ သူရဲ့ မျက်လုံးတစ်ဖက်ကန်းခဲ့ရပါတယ်..။



Jose ဟာ သာမန်ဘ၀ကို လိုချင်သူဖြစ်ပါတယ်..၊ နောက်ဆုံးတော့ Jose ဟာ သွေးသွင်းစရာ မလိုပဲ ခွဲစိတ်မှု တစ်ခုကို လုပ်ဖို့ သဘောတူခဲ့ပါတယ်.၊ လန်ဒန်မြို့က ဆရာဝန်တွေက Jose ကို သွေးသွင်းစရာမလိုတဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပြီး သူ့မျက်နှာပေါ်မှာရှိတဲ့ အကြိတ်တွေကို ဖယ်ရှားပေးမှာပဲ ဖြစ်ပါတယ်..။


အောင်ထွန်းဦး

No comments:

Post a Comment