Pages

▼

Tuesday, October 2, 2012

ကလေးတွေကို ဆေးကုပေးတာဆိုပဲ..



BaBa Jamun Yadav ဆိုတဲ့ လူဟာ သူ့ကိုယ်သူ ဘုရားရဲ့ သားတော်လို့ ခံယူထားပါတယ်..၊ သူဟာ အိန္ဒိယနိုင်ငံ Katihar ပြည်နယ်ထဲမှာ ရှိတဲ့ ရွာငယ်လေးတွေမှာ နာမကျန်းဖြစ်နေတဲ့ ကလေးတွေကို ဆေးကုသပေးလျက်ရှိပါတယ်..




သူဆေးကုသပေးတဲ့ ပုံစံကတော့ ထူးခြားပါတယ်.၊ ကလေးကို မြေကြီးပေါ်မှာ လဲခိုင်းလိုက်ပြီး သူရဲ့ ကြမ်းတမ်းတဲ့ ခြေထောက်တွေနဲ့ ကလေးတွေရဲ့ လည်မျိုကို တက်နင်းတာပဲဖြစ်ပါတယ်..။


သူဟာ ခြေထောက်တစ်ဖက်ကို ကလေးရဲ့ ကိုယ်ပေါ်တင်၊ တစ်ခြားတစ်ဖက်ကို ကလေးရဲ့ လည်မျို ပေါ်တင်ပြီး Jai Ho လို့ အဆက်မပြတ်ရွတ်ဆိုတာပဲ ဖြစ်ပါတယ်..။ တစ်ကယ်ဆို ဒီလုပ်ရပ်မျိုးဟာ ကလေးကို အသက်ရှုလမ်းကြောင်းပိတ်စေပြီး အသက်ဆုံးရှုံးနိုင်ပါတယ်..



သိပ်မကြာမီမှာပဲ Headlines Today သတင်းစာကနေ ဒီဖြစ်ရပ်ကို ဓါတ်ပုံတွေနဲ့ ဖော်ပြခဲ့ရာမှာ အခုတော့ Yadav ဟာ ကလေးသူငယ် ညှင်းပမ်းနှိပ်စက်မှုနဲ့ အဖမ်းခံခဲ့ရပြီး . သူ့ကို စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်..

Yadav ဟာ ရိုးသားတဲ့ ရွာသူရွာသားတွေကို သူဟာ ဘုရားရဲ့ သားတော်ဖြစ်ပြီး မကြည်နိုင်တဲ့ တန်ခိုး စွမ်းပကားတွေရှိကြောင်း ပြောဆိုခဲ့တာကြောင့် ရွာသားတွေကလည်း သူတို့ရဲ့ နားမကျန်းဖြစ်နေတဲ့ ကလေးတွေကို ကုသစေခဲ့တာဖြစ်ပါတယ်..။


အောင်ထွန်းဦး



No comments:

Post a Comment