Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Wednesday, March 27, 2013
Saturday, February 16, 2013
အပိုင်းပိုင်းပြတ်နေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ (ကြောက်တတ်သူများ မကြည့်သင့်ပါ..)
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ
သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း
ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထား
သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်
ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်
တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

Thursday, February 14, 2013
ကလေးအထူးကုဆရာဝန်၏ အမှားလား။ မြန်မာဘယဆေးရဲ့ အပစ်လား။
အသက် ၃နှစ်အရွယ် ရှမ်းကလေးငယ်တဦး လည်ပင်းအောက်မှာ အသားတွေ နီရဲနေလို. အင်ပျင်တွေ ထသလို ဖြစ်လို. မိဘတွေက ဆရာခို ဆေးကို အရေပြားပေါ်မှာ လိမ်းပေးခဲ့ပါသည်။
မသက်သာသဖြင့် မူဆယ်မြို. ပြည်သူ.ဆေးရုံက ကလေးအထူးကု ဆီသွားပြရာ-- အထူးကုက ဆေးပေးလိုက်ပြီး မသက်သာလျင် ပြန်လာပါ ဆိုတာကြောင့် ဆေးရုံ ပြန်သွားတဲ့အခါ အထူးကုရဲ့ ညွှန်ကြားချက်အရ ထိုးဆေး အကျောဆေးသွန်းပေးပြီးနောက် ကလေးမလေးရဲ့ ခေါင်း လည်ပင်းနှင့် ကျောတပြင်လုံး ရေနွေးပူလောင်ထားသလို တကိုယ်လုံး အပူဖုတွေ အရည်ကျည် အဖုတွေဟာ မြင်မကောင်းအောင် ဖြစ်လာပါသည်။
မိဘတွေက ဆရာဝန် ဆေးထိုးလို.ဖြစ်တာလို. ပြောတဲ့အခါ အထူးကုဆရာဝန်က ညီးတို. ဆရာခို ဆေး လိမ်းလို.ဖြစ်တာ ဆိုပြီး အပစ် ပုံချပါသည်။ အခုလောလောဆယ် မူဆယ်မြို. ပြည်သူ.ဆေးရုံမှာ ကလေးငယ်ဟာ ဆေးကုသခံယူနေပြီး မိဘတွေကတော့ အထူးကုဆရာဝန်ကို အယုံအကြည်မရှိတော့တာမို. ဆေးရုံက ဆင်းဖို. စဉ်းစားနေပါတယ်။
ဒါကြောင့် အထူးကုဆရာဝန်ကြီး၏ အမှားလား မြန်မာဆေး ဆရာခိုဆေးရဲ့ အပစ်လား-- လက်တွေ. ခံစားနေရတာကတော့ ၃နှစ်အရွယ် ရှမ်းကလေးမလေးနဲ. သူမ၏ မိဘများသာ ဖြစ်ပါသည်။
မူဆယ်ဆေးရုံက အထူးက ဆရာဝန်ကြီးက ဒီအောက်ပါ ဆေးတွေကို တနေ. ၃ ကြိမ်အထိ ထိုးပေကြောင်း မိဘတွေက ပြောဆိုပါသည်။
credit to - Thit htoo lwin blog
အောင်ထွန်းဦး
Friday, January 25, 2013
မိန်းကလေးများ သတိထားကြရန်...
တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။
ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။
Saturday, January 19, 2013
မိကျောင်းနဲ့လူကြားက မေတ္တာတရား
သတ္တ၀ါကို ကိုယ်က မေတ္တာတကယ်ထားရင် ဘယ်လောက် ကြောက်စရာကောင်းတဲ့ သတ္တ၀ါဖြစ်စေ ကိုယ့်ကို မေတ္တာပြန်ထားတယ်ဆိုတာ Mr chito ဆိုသူက သက်သေပြနိုင် ပါတယ်။ သူက ငါးဖမ်းသမားပါ။ တနေ့ မိကျောင်းတကောင် မျက်လုံးတဘက် သေနတ်ပစ်ခံရပြီး သည်အတိုင်း ကုန်းပေါ်မှာ သေအံ့ မူးမူး ဖြစ်နေတာကို mr chito က အိမ်သယ်လာပြီး ကောင်းမွန်စွာ ဆေးကုပေးပါတယ်။ ဆေးကုပေးပြီး ပြန် လည်ကောင်းမွန်လာတော့ သူ့ကို တောထဲ ပြန်သွားလွှတ်ပေးပါတယ်။
ဒါပေမယ့် မိကျောင်းက သူအိမ်အထိကို ပြန်လိုက်လာခဲ့ပါတယ်။ အဲ့တာနဲ့ တောထဲ ပြန်မပို့တော့ဘဲ သူနဲ့ အတူနေလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော် လာပါပြီ။
by သုတစွယ်စုံကျမ်း။
အောင်ထွန်းဦး
Thursday, January 17, 2013
သနားစရာ ကလေးငယ်
ဘယ်ဘ၀က ၀ဋ်ကြွေးတွေ ဘာခဲ့လို့ ဒီလိုမျိုး ခံစားနေရတာပါလိမ့်... ကိုယ်ကိုယ်တိုင် မဟုတ်ပဲနဲ့ ကိုယ့် ဆွေမျိုးသားချင်းဆိုတဲ့ အသိကလေးဝင်ကြည့်ရင်ကို တော်တော် သနားဖို့ကောင်းနေပါပြီ..။
ထိုင်းနိုင်ငံမှာပါ...။ အကူအညီ လိုအပ်နေပါတယ်....။
သင့်ရဲ့ ဒီသတင်းလေးကို မျှဝေမှုက ဒီကလေးဆေးကုဖို့ အတွက် အထောက်အကူ ဖြစ်မှာပါ..။
အောင်ထွန်းဦး
ထိုင်းနိုင်ငံမှာပါ...။ အကူအညီ လိုအပ်နေပါတယ်....။
သင့်ရဲ့ ဒီသတင်းလေးကို မျှဝေမှုက ဒီကလေးဆေးကုဖို့ အတွက် အထောက်အကူ ဖြစ်မှာပါ..။
အောင်ထွန်းဦး
Tuesday, January 15, 2013
ခွေးကြောင့် မျက်နှာအစားထိုးခွဲစိတ်မှုပြုခဲ့ရသူ
Isabelle
Dinoire ဟာ ပြင်သစ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်..။ သူမဟာ စိတ်ကျရောဂါကို
ခံစားနေရပြီး May 2005 မှာ အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကို
သတ်သေခဲ့ပါတယ်..။ အဲ့ဒီအချိန်မှာ သူမမွေးထားတဲ့… Tania ဆိုတဲ့ခွေးလေးဟာ သူမရဲ့
မျက်နှာကို စတင်ကုတ်ခြစ် ကိုက်ဆွဲပါတော့တယ်..။ ခွေးလေးဟာ သူရဲ့ သခင် ချက်ချင်းပဲ သူ့ကိုတုန့်ပြန်မှု
မရှိတော့တာကြောင့် သူရဲ့ သခင်ကို လှုပ်နိုးတာဖြစ်နိုင်ပါတယ်..။ Isabelle ပြန်လည်
သတိရလာချိန် မှာတော့ သူမရဲ့ ပါး၊ နှုတ်ခမ်း၊ နှာခေါင်း စတာတွေ မရှိတော့ပါဘူး..။
သူမကို ပြင်သစ်နိုင်ငံ Centre Hospitalier Universitaire Nord in Ameins မှာ ၂၇
နိုဝင်ဘာ ၂၀၀၅ မှာ မျက်နှာအစားထိုး ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်..။ Isabelle Dinoire
ဟာ ပထမဦးဆုံး မျက်နှာ အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်သူ အဖြစ်
မှတ်တမ်းဝင်ခဲ့ပါတယ်…။
အောင်ထွန်းဦး
အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူများ
ကမ္ဘောဒီးယားနိုင်ငံဟာ
ကမ္ဘာပေါ်မှာ အက်ဆစ်နဲ့တိုက်ခိုက်မှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံ တစ်ခု
ဖြစ်ပါတယ်..။ ၂၀၀၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Cambodian Acid Survivors Charity
(CASC) ဟာ အခုဆိုရင် လူပေါင်း ၂၇၀ ခုနှစ်ကို ပြုစုကုသမှုပေးခဲ့ပြီးဖြစ်ပါတယ်..။
ဒါအရေအတွက်ဟာ CASC ကနေ ကုသမှု ခံယူတဲ့ အရေအတွက်သာဖြစ်သည့်အတွက် ဒီ့ထက်တောင်
ပိုများနိုင်ပါသေးတယ်..။ ၂၀၁၀ ပထမ သုံးလအတွင်းမှာ ၁၀ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး
ဇွန်လထဲမှာတော့ Sokreun Mean ဆိုတဲ့ အမျိုးသမီးဟာ အက်ဆစ်နဲ့
တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်..။ ယေဘုယျတွက်ကြည့်မယ်ဆိုရင် ကမ္ဘောဒီး ယားနိုင်ငံဟာ
ရက်အနည်းငယ်အတွင်းမှာ အက်ဆစ်နဲ့ တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွားနေတယ်ဆိုတာ ကို
တွေ့ရမှာဖြစ်ပါတယ်..။
Thursday, January 10, 2013
ရထားပေါ်က ရန်ပွဲ
ဒီပုံလေးတွေကို
အင်တာနက်မှာ မြင်ဖူးတွေ့ဖူးတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်… China Bus Station မှာ
အရှင်လတ်လတ် လူကို သတ်ဖြတ်ပြီး စားသောက်တယ်ဆိုပြီး ဒီဓါတ်ပုံတွေနဲ့အတူ အင်တာနက်မှာ
နာမည် ကြီးခဲ့ပါတယ်.. အမှန်တော့ ဒီပုံတွေက လူသားစားတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး…။
တရုတ်နိုင်ငံ
Guangzhou Subway Line 4 မှာ အသက် ၆၀ အရွယ်ရှိ အဖိုးအိုတစ်ယောက်နှင့် ၂၈ နှစ်အရွယ်
ကျောင်းဆရာတစ်ဦးတို့ ရထားပေါ်မှာ ထိုင်ခုံလုရင်း တိုက်ခိုက်နေကြတာကို လူတစ်ယောက်မှ
ဓါတ်ပုံရိုက်ကူး ခဲ့တာပဲဖြစ်ပါတယ်..။ တွေ့ရတဲ့ပုံတွေမှာ ကျောင်းဆရာခေါင်းနဲ့ လက်မောင်းတွေမှာ
သွေးတွေ စွန်းပေနေခဲ့ ပြီး နားရွက်ကိုလည်း ကိုက်ဖြတ်ခြင်း ခံထားရပါတယ်… အဘိုးအိုရဲ့နှာခေါင်းမှ
သွေးများစီးကျနေခဲ့ပြီး ရထားကြမ်း ပြင်မှာ သွေးတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်…။ ထူးဆန်းတာကတော့
သူတို့နှစ်ယောက်ကို ရထားပေါ်ကလူတွေက ဖြန်ဖြေခြင်း၊ တားဆီးခြင်း မလုပ်ပဲ ရပ်ကြည့်နေခဲ့ပါတယ်…။
အောင်ထွန်းဦး
ခန်းခြောက်ခဲ့တဲ့ ရေအိုင်တစ်ခုရဲ့ မြင်ကွင်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ… ငါးတွေဟာ မြေကြီးထဲမှာ ယခုလိုသေဆုံးနေရပုံတွေကို အံ့သြစွာ တွေ့ရှိရမှာပါ…။ ဒီငါးတွေဟာ သေဆုံးနေပေမယ့်လည်း ရေထဲမှာ သွားလာလှုပ်ရှားနေတဲ့ပုံစံလိုပဲ သေဆုံးနေခဲ့တာပါ..။
Saturday, January 5, 2013
ရေနစ်နေတဲ့အလုပ်သမားကို အသက်ပေးပြီး ကယ်တင်ခဲ့တဲ့ အလုပ်ရှင်
အလုပ်ရှင်တွေဟာ
အလုပ်သမားတွေ အပေါ်မှာ သက်ညှာမှု မရှိပဲ..၊ ကိုယ့်စီးပွားတစ်ခုတည်းကိုပဲ ကြည့်ကြတယ်လို့
လူအများစု လက်ခံထားကြပါတယ်..။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်
လေးကတော့ အဆိုပါ လူတွေကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်..။ ဟုတ်ပါတယ်…။ အလုပ်ရှင်ဖြစ်တဲ့
သန်းပေါင်း များစွာ ကြွယ်ဝပိုင်ဆိုင်တဲ့သူဌေးဟာ ရေနစ်နေတဲ့ သာမည သူ့အလုပ်သမားလေးကို
ကယ်ဆယ်ရာမှ အသက်ဆုံးရှုံးခဲ့ရတာပါ..။
ဒီဇင်ဘာလ
၂၁ မှာ Zhejiang Yongkang မြို့က စတီးကြိုး လုပ်ငန်းရှင် သူဌေးဖြစ်တဲ့ Du Guanghua
ဟာ ဒီဇင်ဘာလ (၂၁) ရက်ညမှာ ကျရောက်တတ်တဲ့ ဆောင်းယဉ်စွန်းချိန် (Winter Solstice)
ကို ညစာစားရင်း အတူကုန်ဆုံး ခံစားဖို့ သူ့ အလုပ်သမားတွေကို ဖိတ်ခဲ့ပါတယ်..။
အဲ့ဒီထဲ က အလုပ်သမားတစ်ယောက်ဟာ အရက်အလွန်မူးခဲ့ပြီး ကမ်းပါးကနေ မြစ်ထဲကို
ခြေချော်ပြုတ်ကျ ခဲ့ပါတယ်..။ သူဌေးဖြစ်တဲ့ Du ဟာ တွေဝေနေခြင်းမရှိပဲ ချက်ခြင်း
မြစ်ထဲကို ခုန်ချပြီး သူ့အလုပ်သမား ကို ကယ်ဆယ်ခဲ့ပေမယ့် သူကတော့
အသက်ဆုံးရှုံးခဲ့ပါတယ်..။ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့… မြို့နေ လူထုအချို့က
မြစ်ကမ်းပါးပေါ်မှာ Du Guanghua အတွက် လွမ်းသူ့ပန်းစည်းလေးတွေ လာရောက်ချထားကြပါတယ်..။
ဒီဇင်ဘာ ၂၄ မှာတော့.. Yongkang မြို့ရဲ့ မြို့တော်ဝန်ဟာ ပြည်သူလူထုတွေအတွက် Du Guanghua ဟာ စံပြ တစ်ဦးဖြစ်ကြောင်းနဲ့ ကျန်ပြည်သူများမှ အတုယူသင့်ကြောင်း ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ ပါတယ်..။ Yongkang တစ်မြို့လုံးကတော့ Du ကို hero ဆိုပြီး အမည်တပ်ခဲ့ကြပါတယ်..။

ဂန္ဓမာပန်းတွေနဲ့
ဝေဆာနေတဲ့ Du Guanghua သေဆုံးခဲ့တဲ့ နေရာဖြစ်ပါတယ်…။
Du
Guanghua အသက်ရှိစဉ်က သူ့ရဲ့ဓါတ်ပုံလေးဖြစ်ပါတယ်…။
အောင်ထွန်းဦး
Tuesday, January 1, 2013
India နိုင်ငံမှ ၀မ်းနည်းဖွယ်ရာ သတင်းတစ်ပုဒ်
သူမက ကျောင်းသူလေးပါ...
သူမ အသက်က ၂၃နှစ်...
သူ့ဘ၀မှာ ကံအဆိုးဆုံးအမှားကတော့ ကြောက်စရာကောင်းလှတဲ့ကားတစ် စီးပေါ် တက်စီးမိခဲ့တာပါ...
အိုး... သူကမိန်းကလေးတစ်ယောက်ပါ...
လူသားမဆန်တဲ့ယောက်ျားခြောက် ယောက်က တစ်ယောက်တစ်လှည့်စီသူမကိုမု ဒိမ်းကျင့်ခဲ့ကြတယ်...
သံချောင်းတွေနဲ့ သူမရဲ့မိန်းမကိုယ်ကိုဆုတ်ဖြဲခဲ့တယ်...
အူသိမ်အူမတွေ အလိမ်လိမ်ထွက်လာကုန်တယ်...
လမ်းမပေါ်မှာ ဒီတိုင်းသေသည်အထိ...
အ၀တ်စားဗလာ...
ဒဏ်ရာဒဏ်ချက်များစွားနဲ့...
လူမြင်ကွင်းအလယ်မှာ...
သူ့ဘ၀မွှေနှောက်ဖျက်ဆီးခံလို က်ရတယ်...
ဒီထက်ကံဆိုးတာက သူ့ကိုလှည့်ကြည့်မဲ့သူမရှိခဲ့ဘူး...
သူ့အပေါ်မှာ စောင်လေးတစ်ထည်လွမ်းခြုံပေး ဖို့လူတွေက တွန့်တိုနေကြတယ်...
သူ ပုံမှန် အိမ်ထောင်သည်မိန်းမသားဘ၀ကို ပြန်မရနိုင်တော့ဘူး...
သူ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ခဏခဏသတိလစ်မေ့မျောတာ ၅ ကြိမ်ရှိပြီ...
သူသတိမလည်တော့ဘူး...
သူ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လူ့ဘ၀ကနေထွက်ခွာသွားလိုက်ရပါပြီ...
သူမဟာ ခင်ဗျားတို့တွေရဲ့ညီမမဟုတ်ဘူး...
သူမဟာ ခင်ဗျားတို့တွေရဲ့သမီးမဟုတ် ဘူး...
ဒါပေမဲ့ သူမရဲ့ပေးဆပ်လိုက်ရခြင်းဟာ ဒီလူမဆန်တဲ့ လုပ်ရပ်တွေကို လူတွေသိအောင်၊
ရပ်တန့်အောင်တပ်လန့်ပေးလိုက်ပါတယ်...
ဒီလူသားမဆန်တဲ့ကောင်တွေကို အကြီးမားဆုံးသောပြစ်ဒဏ် စီရင်သင့်တယ်...
ဒီဖြစ်ရပ်မျိုးဟာ အိန္ဒိယမှာဘဲ ဖြစ်ပျက်နေတာမဟုတ်ဘဲ ကမ္ဘာတလွှားမှာ အမျိုးသမီးများ ဒီလိုအကြမ်းဖက်ခံနေရပါတယ်.. .
ဒါဟာဒီကမ္ဘာမှာနေဖို့တောင်ရှ က်စရာကောင်းလှပါတယ်...
အကယ်၍ သူမရဲ့သေဆုံးခြင်းဟာ ခင်ဗျားတို့ရဲ့နှလုံးသားကို ရိုက်ခက်ခဲ့ရင်၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှုကိုဆန့်ကျင်ရင် "RIP" လို့ရေးပါ...
အောင်ထွန်းဦး (Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်..)
သူမ အသက်က ၂၃နှစ်...
သူ့ဘ၀မှာ ကံအဆိုးဆုံးအမှားကတော့ ကြောက်စရာကောင်းလှတဲ့ကားတစ်
အိုး... သူကမိန်းကလေးတစ်ယောက်ပါ...
လူသားမဆန်တဲ့ယောက်ျားခြောက်
သံချောင်းတွေနဲ့ သူမရဲ့မိန်းမကိုယ်ကိုဆုတ်ဖြ
အူသိမ်အူမတွေ အလိမ်လိမ်ထွက်လာကုန်တယ်...
လမ်းမပေါ်မှာ ဒီတိုင်းသေသည်အထိ...
အ၀တ်စားဗလာ...
ဒဏ်ရာဒဏ်ချက်များစွားနဲ့...
လူမြင်ကွင်းအလယ်မှာ...
သူ့ဘ၀မွှေနှောက်ဖျက်ဆီးခံလို
ဒီထက်ကံဆိုးတာက သူ့ကိုလှည့်ကြည့်မဲ့သူမရှိခ
သူ့အပေါ်မှာ စောင်လေးတစ်ထည်လွမ်းခြုံပေး
သူ ပုံမှန် အိမ်ထောင်သည်မိန်းမသားဘ၀ကို
သူ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ခဏခဏသတိလစ်မေ့မျောတာ ၅ ကြိမ်ရှိပြီ...
သူသတိမလည်တော့ဘူး...
သူ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လူ့ဘ၀ကနေထွက်ခွာသွားလိုက်ရပ
သူမဟာ ခင်ဗျားတို့တွေရဲ့ညီမမဟုတ်ဘ
သူမဟာ ခင်ဗျားတို့တွေရဲ့သမီးမဟုတ်
ဒါပေမဲ့ သူမရဲ့ပေးဆပ်လိုက်ရခြင်းဟာ ဒီလူမဆန်တဲ့ လုပ်ရပ်တွေကို လူတွေသိအောင်၊
ရပ်တန့်အောင်တပ်လန့်ပေးလိုက
ဒီလူသားမဆန်တဲ့ကောင်တွေကို အကြီးမားဆုံးသောပြစ်ဒဏ် စီရင်သင့်တယ်...
ဒီဖြစ်ရပ်မျိုးဟာ အိန္ဒိယမှာဘဲ ဖြစ်ပျက်နေတာမဟုတ်ဘဲ ကမ္ဘာတလွှားမှာ အမျိုးသမီးများ ဒီလိုအကြမ်းဖက်ခံနေရပါတယ်..
ဒါဟာဒီကမ္ဘာမှာနေဖို့တောင်ရှ
အကယ်၍ သူမရဲ့သေဆုံးခြင်းဟာ ခင်ဗျားတို့ရဲ့နှလုံးသားကို
အောင်ထွန်းဦး (Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်..)
Monday, December 31, 2012
တောင်မြင့်သုသာန်မီးသဂြိုဟ် စက် အပြီး တိုင် ပိတ် သိမ်း သုသာန်ရွှေ့ဆိုင်းစဉ် ထူးဆန်း မှုများ
မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီသန့်ရှင်းရေးဌာန လက်အောက်ရှိ တောင်မြင့်သုသာန်နှင့် မီးသဂြိုဟ်စက်အား
မေ ၁ ရက်တွင် အပြီးပိတ်သိမ်းပြီး အမရပူရမြို့နယ် တောင်အင်း/
မြောက်အင်းသုသာန်နှင့် မီးသဂြိုဟ်စက်အား မေ ၁ ရက်မှ စတင်၍ အသုံးပြုနေပြီဖြစ်ကြောင်း
မြို့တော်စည်ပင်၏ တရားဝင် ထုတ်ပြန် ချက်အရ သိရသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ်ရှိ တောင်မြင့်သုသာန်အား ပိတ်သိမ်းရာတွင် ဘာသာရေး ဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း သြ၀ါဒါ စရိယဆရာတော် ဘဒန္တနေမိနက 7Day News သို့ မိန့်ကြားသည်။
တောင်မြင့်သုသာန်ပိတ် သိမ်းပွဲကို ဗုဒ္ဓဘာသာဓလေ့ထုံးထမ်းစဉ်လာအရ ပြုလုပ်ကြောင်း၊ ရှေးဦးစွာ မြို့တော် စည်ပင်သန့် ရှင်းရေးဌာနမှူးက တောင်မြင့်သု သာန်ပိတ်သိမ်းကြောင်း အမိန့်ပြန်တမ်းကိုဖတ်ကြားကြောင်း၊ ထို့နောက် တောင်မြင့်သုသာန်မှ ၀ိဉာဉ်များကို တောင်အင်းမြောက် အင်းရွှေ့ရန်အတွက် အသင့်စီစဉ် ထားသော Dump Truck ယာဉ် များပေါ်သို့ တက်ရောက်ရန်ဖိတ်ခေါ်ကြောင်း၊ ၀ိဉာဉ်များသုသာန် ပြောင်းရွှေ့ ရေးအတွက် ယာဉ်ပေါ်တက်ရန် နာရီဝက်ခန့်အချိန် ပေးကြောင်း၊ တောင်မြင့်သုသာန်အား လေးဘက်လေးတန် စည်းခြားသတ်မှတ်ပြီး ၀ိဉာဉ်အားလုံးကို ဖိတ်ခေါ်ပြီးနေရာပြောင်းရွှေ့ရေးအတွက် အမိန့်ပြန်တမ်း ဖတ် ကြား ကြောင်း၊ ထို့နောက် ဆရာတော် သံဃာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပြီး၊ ကားတစ်စီး လျှင်ဆရာတော်တစ်ပါး ဦးဆောင်ကာ တောင်မြင့် သုသာန်မှ တောင်အင်း/မြောက်အင်း သုသာန်သို့ ၀ိဉာဉ်များ ပို့ဆောင်ပေးခဲ့ကြောင်း၊ မြို့တော်စည်ပင် သန့်ရှင်းရေးဌာနဌာနမှူးဦးနေ၀င်းမြင့်က အတည် ပြုပြောကြားသည်။
ထိုသို့ တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများကို မြို့ တော်စည်ပင်မှ အမိန့်ထုတ်ပြန်ပြီး ယာဉ်များ ပေါ်သို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တက်ရောက်ရန် နာရီဝက်အချိန်ပေးပြီး၊ ယာဉ်များ စတင်ထွက်ခွာရာ ကောင်းကင် တစ်ခုလုံးမှုန်မှိုင်းပြီး လေပြင်းမုန်တိုင်းများတိုက်ခတ်ကြောင်း၊ မိမိတို့ ၀ိဉာဉ်များ၊ နာနာဘာဝများ တင်ဆောင်လာသော ကားများ တောင်မြင့်သုသာန်မှ ထွက်ခွာချိန်တွင် လေကြီး၊ မိုးကြီးကျပြီး လေပြင်းများ တိုက်ခိုက်လာကြောင်း၊ ယာဉ်မှူးတစ်ဦးက ၎င်း၏ အတွေ့ အကြုံကို ပြောသည်။ ၀ိဉာဉ်များ၊ နာနာဘာဝများ ကားပေါ်တက်ရောက်ရန် အမိန့်ထုတ်ပြန်ချိန်တွင် မိမိကားသည်လေးလာပြီး ကားမောင်းနှင်ရာတွင် ၀န်များ ပါလာသလို ခံစားရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
တောင်မြင့်သုသာန်မှ ၀ိဉာဉ်များ၊ နာနာဘာဝများတင်ဆောင်လာသော ကားများသည် ဧပြီ ၃၀ ရက် ညနေ ၆ နာရီခန့် အသစ်ရွှေ့ပြောင်းသော တောင်အင်း/မြောက်အင်းသုသာန်သို့ရောက်ရာတွင်၊ မြို့တော် စည်ပင် သန့်ရှင်းရေးဌာန ဌာနမှူးက သင်တို့အသစ်နေရမည့် နေရာသစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ယာဉ်ပေါ်မှ ဆင်းရန် နာရီဝက်အချိန်ပေးကြောင်း၊ မိမိတို့ကြိုက်နှစ်သက်သော နေရာတွင် သင့်သလို နေရာယူ နေနိုင် ကြောင်း၊ အမိန့်ပြန်တမ်းထပ်မံဖတ်ကြားပြီး သုသာန်ရွှေ့ပြောင်းမှုကို ဘာသာရေးထုံး တမ်းစဉ်လာများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(credit to - ထူးထူးဆန်းဆန်း)
အောင်ထွန်းဦး
Subscribe to:
Posts (Atom)