Saturday, January 12, 2013
မြွေနဲ့မှ အိပ်တဲ့ကလေးငယ်
ကမ္ဘောဒီးယားနိုင်ငံမှ ၇ နှစ်သား Uorn Sambath ဆိုသူနဲ့ ကြီးမားလှတဲ့ စပါးအုံး မြွေမနဲ့ အတူ အိပ်နေတဲ့ပုံ ဖြစ်ပါတယ်။
သူဟာ အဲ့ဒီမြွေကို နမ်းလိုက် ခွစီးလိုက် လုပ်လေ့ရှိပါတယ်။ သူတို့ဟာ အတူတူ ကြီးပြင်း ခဲ့ပြီး Uorn Sambath ၃ လသား အရွယ်ကတည်း က ထိုမြွေဟာ အိမ်ထဲသို့ အလိုလို ၀င်ရောက် လာခဲ့ခြင်းဖစ်ပါတယ်။
ဖနွမ်းပင် မြို့နဲ. ၂၀ ကီလိုမီတာ ဝေး တဲ့ Setbo ရွာလေးမှ သူတို့ မိသားစု အိမ်ကလေး ဟာ ယခု အခါမှာ ခရီသွားဧည့်သည် များစွာတို့၏ စိတ်ဝင်စားရာ နေရာ တခုပါပဲ။
ထိုမြွေမ ဟာ အရှည် ၅ မီတာ နဲ့ အလေးချိန် ၁၀၀ ကီလို ရှိပါတယ်။ ကလေး၏ ဖခင် ပြောပြချက်အရ သူ့ ကလေး နဲ့ ထိုမြွေဟာ ပုခက် ထဲမှာ အတူတူ အိပ်လေ့ ရှိကြောင်း သိရှိရပါတယ်။
အောင်ထွန်းဦး
ရင်သို့ထိသော စာစုများ - ၎
အသက် နှစ်ဆယ့်လေးနှစ်အရွယ်မှာ
အိမ်ထောင်ပြုခဲ့တဲ့သူမဟာ အခုအသက် ၄၀ အရွယ်ရောက်တဲ့တိုင်အောင် ကလေး
မရနိုင်ပဲဖြစ်နေခဲ့ပါတယ်..။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့်လည်း
မထူးခြားခဲ့ပါဘူး..။ လက်ထပ်ပြီး ၁၆ နှစ်အကြာမှာတော့ ကလေး အရမ်းလိုချင်တဲ့
သူမအမျိုးသားက သူမကို ထားရစ်ခဲ့ပါတယ်..။
စိတ်ဓါတ်ကျပြီး အထီးကျန်နေတဲ့သူမဟာ
သူမရဲ့အချိန်တွေကို တရားထိုင်ခြင်း၊ ဘာသာရေးလိုက်စာခြင်း၊ ခွေး၊ ကြောင်နဲ့
အနီးနားမှ ကလေးငယ်တွေနဲ့အတူ ကုန်ဆုံးစေခဲ့ပါတယ်…. အသက် ၄၃
နှစ်အရွယ်မှာတော့..သူမနဲ့ဘ၀တူ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး မေတ္တာမျှခဲ့ပါတယ်…။
အဆိုပါ အမျိုးသားရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မတော်တဆမှု တစ်ခုမှာ
ဆုံးပါးသွားခဲ့ပြီး အထီးကျန်တဲ့ဘ၀ကို ဖြတ်သန်းနေရသူ ဖြစ်ပါတယ်..။
ကံကောင်းမှုတွေ သူမစတင်ကြုံတွေ့ခဲ့ပြီး အဆိုပါအမျိုးသားနဲ့ သူမ ကိုယ်ဝန်ရှိခဲ့ပါတယ်..။ သူမဟာ အခုဆို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ..။ သူမရဲ့ အရင်အမျိုးသားက သဘောထားကြီးစွာ ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေ မှာ အိမ်တစ်လုံးကို ၀ယ်ပေးခဲ့ပါတယ်..။ သူမဟာ သိပ်မကြာခင်မှာ အရမ်းချစ်စရာကောင်းတဲ့ "Merry" ဆိုတဲ့ သမီးလေး ကို ပိုင်ဆိုင်ခဲ့ပါတယ်..။ သမီးလေးဟာ သူမရဲ့ကမ္ဘာဖြစ်ခဲ့ပြီး သမီးလေးရဲ့ သုံးနှစ်မြောက် မွေးနေ့မှာ သမီးလေးအတွက် လိမ္မာတဲ့ ခွေးတစ်ကောင်ကို သူမ၀ယ်ပေးခဲ့ပါတယ်..။ အဲ့ဒီခွေးလေးဟာ သမီးလေးရဲ့ အဖော်ဖြစ်ခဲ့ပြီး ခွေးလေးက သမီးလေးကို အရမ်း သံဃောဇဉ်တွယ်ကာ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။
တစ်နေ့မှာ… သူမဟာ ဈေးဝယ်ဖို့ ကုန်စုံဆိုင်တစ်ခုကို ထွက်လာခဲ့ပါတယ်.. သမီးလေးကိုတော့ ခွေးလေးနဲ့အတူ အိမ်ထဲက ပန်းခြံထဲမှာထားခဲ့ပါတယ်..။ ကုန်စုံဆိုင်က ပြန်လာတော့….. သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ထိတ်လန့် ဖို့ ကောင်းပါတယ်..။ ခွေးလေးရဲ့ ပါးစပ်နဲ့ မျက်နှာမှာ သွေးတွေ စွန်းပေနေပြီး ခွေးရဲ့ လက်သည်းမှာ သမီးလေးရဲ့ အ၀တ်အစားတွေ စုတ်ပြဲ ကပ်ညှိနေတာကို တွေ့လိုက်ရပါတယ်..။
ကံကောင်းမှုတွေ သူမစတင်ကြုံတွေ့ခဲ့ပြီး အဆိုပါအမျိုးသားနဲ့ သူမ ကိုယ်ဝန်ရှိခဲ့ပါတယ်..။ သူမဟာ အခုဆို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ..။ သူမရဲ့ အရင်အမျိုးသားက သဘောထားကြီးစွာ ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေ မှာ အိမ်တစ်လုံးကို ၀ယ်ပေးခဲ့ပါတယ်..။ သူမဟာ သိပ်မကြာခင်မှာ အရမ်းချစ်စရာကောင်းတဲ့ "Merry" ဆိုတဲ့ သမီးလေး ကို ပိုင်ဆိုင်ခဲ့ပါတယ်..။ သမီးလေးဟာ သူမရဲ့ကမ္ဘာဖြစ်ခဲ့ပြီး သမီးလေးရဲ့ သုံးနှစ်မြောက် မွေးနေ့မှာ သမီးလေးအတွက် လိမ္မာတဲ့ ခွေးတစ်ကောင်ကို သူမ၀ယ်ပေးခဲ့ပါတယ်..။ အဲ့ဒီခွေးလေးဟာ သမီးလေးရဲ့ အဖော်ဖြစ်ခဲ့ပြီး ခွေးလေးက သမီးလေးကို အရမ်း သံဃောဇဉ်တွယ်ကာ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။
တစ်နေ့မှာ… သူမဟာ ဈေးဝယ်ဖို့ ကုန်စုံဆိုင်တစ်ခုကို ထွက်လာခဲ့ပါတယ်.. သမီးလေးကိုတော့ ခွေးလေးနဲ့အတူ အိမ်ထဲက ပန်းခြံထဲမှာထားခဲ့ပါတယ်..။ ကုန်စုံဆိုင်က ပြန်လာတော့….. သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ထိတ်လန့် ဖို့ ကောင်းပါတယ်..။ ခွေးလေးရဲ့ ပါးစပ်နဲ့ မျက်နှာမှာ သွေးတွေ စွန်းပေနေပြီး ခွေးရဲ့ လက်သည်းမှာ သမီးလေးရဲ့ အ၀တ်အစားတွေ စုတ်ပြဲ ကပ်ညှိနေတာကို တွေ့လိုက်ရပါတယ်..။
သူမ ချက်ချင်းပဲ အနီးနားမှာတွေ့ရတဲ့ ပေါက်တူးကို ဆွဲယူလိုက်ပြီး ခွေးကို အဆက်မပြတ် ရိုက်နှက်လိုက်ပါတယ်..။ လုံးဝ သေဆုံးပြီး မလှုပ်မယှက် ဖြစ်တဲ့အထိကို မနားတမ်း ရိုက်နှက်လိုက်ပါတယ်..။ သူမဟာ ငိုယိုပြီး သွေးစက်တွေနောက်ကို လိုက်ခဲ့ပါတယ်…။ နောက်ဆုံး သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက သူမရဲ့ သမီးလေး "merry" ဟာ အ၀တ်အစားတွေ စုတ်ပြဲပြီး ပျော်ရွင်စွာ ကစားနေတာကိုပါ…။ သမီးလေးရဲ့ ဘေးမှာတော့ ….. ကြီးမားလှတဲ့ စပါးကြီးမြွေ တစ်ကောင်ဟာ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့ပါတယ်…။
တစ်ကယ်တော့ခွေးလေးဟာ သမီးလေးကို စပါးကြီးမြွေရဲ့
အန္တရာယ်ကနေ ကာကွယ်ဖို့ ကိုက်ဆွဲပြီး ဆွဲခေါ်သွားခဲ့တာပါ…။ သူမရဲ့
ချစ်သမီးလေးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကတော့ သူမရဲ့ တစ်ခဏာတာ ဖြစ်ပေါ်လာတဲ့
စိတ်ဆန္ဒကို ဦးစားပေးခဲ့မှု ကြောင့်…………..
သင်ခန်းစာ : ကိစ္စ.၊
အကြောင်းအရာတစ်ခုကို ဘယ်တော့မှ အပေါ်ယံ သွင်ပြင်ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး..။
အောင်ထွန်းဦး
Thursday, January 10, 2013
အမေ - ၂
"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို
စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။
"ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ
"
"အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး..
ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ်
သွားနေတော့ မယ်…"
"ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."
ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။
ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော
မာနကြီးသော ဂုဏ်ဒြပ်အရှိန်အ၀ါကြီးမားသော အသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့်
ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။
ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက
အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက ဈေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု
ဘ၀ဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့
ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအ၀ိုင်းတွေ သဘောမတူ တားဆီးထားသည့်ကြားမှ
ကျွန်တော့်နောက်ကို အရဲစွန့်ပြီး လိုက်ခဲ့သည်..။
ရထားပေါ်က ရန်ပွဲ
ဒီပုံလေးတွေကို
အင်တာနက်မှာ မြင်ဖူးတွေ့ဖူးတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်… China Bus Station မှာ
အရှင်လတ်လတ် လူကို သတ်ဖြတ်ပြီး စားသောက်တယ်ဆိုပြီး ဒီဓါတ်ပုံတွေနဲ့အတူ အင်တာနက်မှာ
နာမည် ကြီးခဲ့ပါတယ်.. အမှန်တော့ ဒီပုံတွေက လူသားစားတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး…။
တရုတ်နိုင်ငံ
Guangzhou Subway Line 4 မှာ အသက် ၆၀ အရွယ်ရှိ အဖိုးအိုတစ်ယောက်နှင့် ၂၈ နှစ်အရွယ်
ကျောင်းဆရာတစ်ဦးတို့ ရထားပေါ်မှာ ထိုင်ခုံလုရင်း တိုက်ခိုက်နေကြတာကို လူတစ်ယောက်မှ
ဓါတ်ပုံရိုက်ကူး ခဲ့တာပဲဖြစ်ပါတယ်..။ တွေ့ရတဲ့ပုံတွေမှာ ကျောင်းဆရာခေါင်းနဲ့ လက်မောင်းတွေမှာ
သွေးတွေ စွန်းပေနေခဲ့ ပြီး နားရွက်ကိုလည်း ကိုက်ဖြတ်ခြင်း ခံထားရပါတယ်… အဘိုးအိုရဲ့နှာခေါင်းမှ
သွေးများစီးကျနေခဲ့ပြီး ရထားကြမ်း ပြင်မှာ သွေးတွေနဲ့ ဖုံးလွှမ်းခဲ့ပါတယ်…။ ထူးဆန်းတာကတော့
သူတို့နှစ်ယောက်ကို ရထားပေါ်ကလူတွေက ဖြန်ဖြေခြင်း၊ တားဆီးခြင်း မလုပ်ပဲ ရပ်ကြည့်နေခဲ့ပါတယ်…။
အောင်ထွန်းဦး
ခန်းခြောက်ခဲ့တဲ့ ရေအိုင်တစ်ခုရဲ့ မြင်ကွင်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ… ငါးတွေဟာ မြေကြီးထဲမှာ ယခုလိုသေဆုံးနေရပုံတွေကို အံ့သြစွာ တွေ့ရှိရမှာပါ…။ ဒီငါးတွေဟာ သေဆုံးနေပေမယ့်လည်း ရေထဲမှာ သွားလာလှုပ်ရှားနေတဲ့ပုံစံလိုပဲ သေဆုံးနေခဲ့တာပါ..။
Saturday, January 5, 2013
ရေနစ်နေတဲ့အလုပ်သမားကို အသက်ပေးပြီး ကယ်တင်ခဲ့တဲ့ အလုပ်ရှင်
အလုပ်ရှင်တွေဟာ
အလုပ်သမားတွေ အပေါ်မှာ သက်ညှာမှု မရှိပဲ..၊ ကိုယ့်စီးပွားတစ်ခုတည်းကိုပဲ ကြည့်ကြတယ်လို့
လူအများစု လက်ခံထားကြပါတယ်..။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်
လေးကတော့ အဆိုပါ လူတွေကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်..။ ဟုတ်ပါတယ်…။ အလုပ်ရှင်ဖြစ်တဲ့
သန်းပေါင်း များစွာ ကြွယ်ဝပိုင်ဆိုင်တဲ့သူဌေးဟာ ရေနစ်နေတဲ့ သာမည သူ့အလုပ်သမားလေးကို
ကယ်ဆယ်ရာမှ အသက်ဆုံးရှုံးခဲ့ရတာပါ..။
ဒီဇင်ဘာလ
၂၁ မှာ Zhejiang Yongkang မြို့က စတီးကြိုး လုပ်ငန်းရှင် သူဌေးဖြစ်တဲ့ Du Guanghua
ဟာ ဒီဇင်ဘာလ (၂၁) ရက်ညမှာ ကျရောက်တတ်တဲ့ ဆောင်းယဉ်စွန်းချိန် (Winter Solstice)
ကို ညစာစားရင်း အတူကုန်ဆုံး ခံစားဖို့ သူ့ အလုပ်သမားတွေကို ဖိတ်ခဲ့ပါတယ်..။
အဲ့ဒီထဲ က အလုပ်သမားတစ်ယောက်ဟာ အရက်အလွန်မူးခဲ့ပြီး ကမ်းပါးကနေ မြစ်ထဲကို
ခြေချော်ပြုတ်ကျ ခဲ့ပါတယ်..။ သူဌေးဖြစ်တဲ့ Du ဟာ တွေဝေနေခြင်းမရှိပဲ ချက်ခြင်း
မြစ်ထဲကို ခုန်ချပြီး သူ့အလုပ်သမား ကို ကယ်ဆယ်ခဲ့ပေမယ့် သူကတော့
အသက်ဆုံးရှုံးခဲ့ပါတယ်..။ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့… မြို့နေ လူထုအချို့က
မြစ်ကမ်းပါးပေါ်မှာ Du Guanghua အတွက် လွမ်းသူ့ပန်းစည်းလေးတွေ လာရောက်ချထားကြပါတယ်..။
ဒီဇင်ဘာ ၂၄ မှာတော့.. Yongkang မြို့ရဲ့ မြို့တော်ဝန်ဟာ ပြည်သူလူထုတွေအတွက် Du Guanghua ဟာ စံပြ တစ်ဦးဖြစ်ကြောင်းနဲ့ ကျန်ပြည်သူများမှ အတုယူသင့်ကြောင်း ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ ပါတယ်..။ Yongkang တစ်မြို့လုံးကတော့ Du ကို hero ဆိုပြီး အမည်တပ်ခဲ့ကြပါတယ်..။
ဒီဇင်ဘာ ၂၄ မှာတော့.. Yongkang မြို့ရဲ့ မြို့တော်ဝန်ဟာ ပြည်သူလူထုတွေအတွက် Du Guanghua ဟာ စံပြ တစ်ဦးဖြစ်ကြောင်းနဲ့ ကျန်ပြည်သူများမှ အတုယူသင့်ကြောင်း ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ ပါတယ်..။ Yongkang တစ်မြို့လုံးကတော့ Du ကို hero ဆိုပြီး အမည်တပ်ခဲ့ကြပါတယ်..။
ဂန္ဓမာပန်းတွေနဲ့
ဝေဆာနေတဲ့ Du Guanghua သေဆုံးခဲ့တဲ့ နေရာဖြစ်ပါတယ်…။
Du
Guanghua အသက်ရှိစဉ်က သူ့ရဲ့ဓါတ်ပုံလေးဖြစ်ပါတယ်…။
အောင်ထွန်းဦး
Thursday, January 3, 2013
မျက်စိလှည့်စား ဓါတ်ပုံများ - ၃
အင်တာနက်မှာ ရှာဖွေတွေ့ရှိခဲ့ရတဲ့ စိတ်ဝင်စားဖွယ် ဓါတ်ပုံကောင်းကောင်းလေးတွေကို တင်ပေးလိုက်ရပါတယ်..။
ဒီလိုတက်တူးမျိုး ထိုးထားလို့ကတော့ တွေ့တဲ့သူတိုင်း ငေးနေမှာပဲ....
ဒီလိုတက်တူးမျိုး ထိုးထားလို့ကတော့ တွေ့တဲ့သူတိုင်း ငေးနေမှာပဲ....
သူတို့ခြေထောက်တွေကို သေချာကြည့်နော်... ဘယ်လိုကြီးလဲ ???
ခေါင်းပေါ်မှာ ဖြတ်ဖေါက်ထားတဲ့လမ်း...
ဓါတ်ပုံရိုက်တဲ့သူက သုံးဦးထဲပါ...
ဓါတ်ပုံကို သေချာတော့ ကြည့်ပါနော်.... ဟိဟိ ...
အောင်ထွန်းဦး
Tuesday, January 1, 2013
ကျွန်တော်နှင့် ၂၀၁၂ ပေါက်ကရ အိပ်မက်
ပြေးရင်းတန်းလန်းနဲ့မှ မခံရပ်နိုင်အောင် မောလာလို့ အရိပ်ကောင်းကောင်း သစ်ပင်ကြီး တစ်ပင်အောက်မှာ ခဏ ရပ်နားလိုက်သည်..။ သစ်ပင်ကြီးက အတော့်ကို ကြီးသည်..။ လူသုံးယောက် ဖက်စာလောက်ရှိမည်။ သစ်ပင်ရဲ့ တစ်ဖက်မှာ လူတစ်ယောက်တရားထိုင်နေတာကို တွေ့လိုက်ရသည်။ ကျွန်တော် ကြည်ညိုစွာဖြင့် ထိုသူ၏ မျက်နှာကို သေချာကြည့်လိုက်မိသည်…။ ဘယ်သူများလဲလို့…. မကြာခင်ကမှ မြန်မာနိုင်ငံကို လာလည်ပြီး မိန့်ခွန်းပြောကြားခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား ဖြစ်နေပါရော့လားးးးး…။
"ဟလို… ခင်ဗျားက အမေရိကန် သမ္မတကြီး…၊ အိုဗားဘား မှတ်လား…"
"အေး..ဟုတ်တယ်"
"မြန်မာနိုင်ငံကိုလာပြီးမှ တရားတွေ ဘာတွေထိုင်နေတယ်ဆိုတော့ သတင်းတွေထွက်နေတဲ့အတိုင်း သမ္မတကြီး က ဗုဒ္ဓဘာသာကို ပြောင်းတော့မှာပေါ့.."
"ဘာတွေ လာပြောနေတာလဲ..၊ ဘယ်သူက တရားထိုင်နေလို့လဲ..၊ ငါ့ဘာသာငါ ဒီအပင်အောက်မှာ မြန်မာနိုင်ငံ က ကလေးတွေနဲ့ ဂေါ်လီပြိုင်ရိုက်မလို့ ချိန်းထားတာ.. မင့်တို့ မြန်မာနိုင်ငံက ကလေးတွေက ထုံးစံအတိုင်း နောက်ကျနေလို့ ငါစောင့်ရင်း ငိုက်နေတာဟေ့…"
"သြော်…၊ မြန်မာနိုင်ငံက ကလေးတွေကို သမ္မတကြီး မနိုင်နိုင်ပါဘူး.."
"ဘာလို့တုန်း"
"သူတို့က အငြင်းသန်တယ်ဗျ…နိုင်ချင်ရင်တော့ ရွှေတိဂုံဘုရားမှာ သွားဆုတောင်းချေ…"
အိုဘားမားလည်း မြန်မာကလေးတွေကို ဘယ်လောက်တောင် နိုင်ချင်နေရှာသည်မသိ..။ ငေါက်ခနဲထကာ ရွှေတိဂုံဘုရားပေါ်သို့ ဆုတောင်းရန် ငေါက်ဆိုက် ငေါက်ဆိုက်နဲ့ ထွက်ခွာ သွားချေတော့သည်..။
ကျွန်တော်လည်း အမောပြေပြီး ခရီးဆက်မယ် ကြံကာရှိသေးတယ်.. သစ်ပင်နောက်မှ ကျယ်လောင်သော ရီမောသံ တစ်ခုထွက်လာသည်..။
"ဟားဟားဟားဟားဟားး…."
ကျွန်တော် ဒီရယ်သံကို ရင်းနှီးစွာကြားဖူးသည်..။ သို့ပေမယ့် ဘယ်မှာ ကြားဖူးမှန်းမမှတ်မိ..။ ခဏကြာတော့ နောက်တစ်ခါ ရယ်သံကြားရပြီး သစ်ပင်နောက်မှ လူတစ်ယောက်ထွက်လာသည်..။
ဘယ်သူလဲ သေချာကြည့်လိုက်တော့ မြန်မာနိုင်ငံရဲ့ အဆိုကျော် Fokker ဖြစ်နေသည်..။ ကျွန်တော်လည်း မေးလိုက်သည်..။
"ကို Fokker ကြီး..၊ ဘာတွေကို ဒီလောက်တောင် သဘောကျနေတာတုန်း.."
"သောက် သတောင်းစား.၊ ငါ့ဟာငါ ဘာရီရီ မင်းနဲ့ ဘာဆိုင်တုန်း.."
"ဗျာ… မဆိုင်ပါဘူး…၊ သိချင်လို့ မေးးးးး"
"တော်…တန်…တိတ်…"
"သောက်သတောင်းစားလို့ နောက်ထပ် အဆဲမခံချင်ရင် ငါ့ရှေ့က မြန်မြန်ထွက်သွားစမ်း…" ဆိုပြီး လက်ထဲမှာ ကိုင်ထားတဲ့ CD ချပ်တွေနဲ့ ကျွန်တော့်ကို ပစ်ပေါက်တော့သည်..။ ကျွန်တော်လည်း နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်ပဲ ဆိုပြီး ထွက်ပြေးခဲ့ပါတယ်..။ ကို Fokker ကြီးနှယ်…၊ ဒေါသကြီးလိုက်တာလဲ လွန်ရော….။
ပြေးတာနဲနဲ ကြာလာတော့ လူကမောလာပြန်သည်..။ ခဏကြာတော့ အရှေ့မှာ အင်္ကျီအဖြူ..၊ ကချင်ပုဆိုးဝတ်ထားပြီး အသားညိုညို အရပ်ပုပြတ်ပြတ် လူတစ်ယောက်ကိုတွေ့လိုက်ရသည်..။ ကျွန်တော်အားတက်သွားသည်..။ အကူအညီ ရလိုရငြား သူ့ဆီကို ချဉ်းကပ်လိုက်သည်…။
"အေး… မင်းငါ့ဆီကို လာတာမှတ်လား.." သူ့ဆီကို လာမှန်း သိသိကြီးနဲ့ ဒီလိုကြီးပြောလာတော့ နည်းနည်းတော့ ကြောင်သွားမိသည်…။
" ဟုတ်ပါတယ် ခင်ဗျ…"
" အေး … ငါဆိုတဲ့ကောင်က အကုန်သိ..၊ အကုန်တတ်တယ်…၊ တစ်ချိန်ကြရင် သမ္မတ လုပ်မယ့်ကောင်… မင်းတို့ထဲမှာ..၊ သမ္မတကို တစ်ယောက်တည်း စိန်ခေါ်ရဲတဲ့သူ ရှိလား.."
" မရှိပါဘူး ခင်ဗျာ…"
"အေး..မှတ်ထား…ငါစိန်ခေါ်ထားတယ်…၊ ဟိုဘက်က လက်ခံ/မခံ အကြောင်းမပြန်သေးလို့…စကားမစပ် ပြောရအုံးမယ် .ငါက ဗိုလ်ချုပ်သေပြီး ၀င်စားတာလေ..."
"ဟုတ်လား..၊ ဘယ်လိုသိတာလဲ.."
"ငါနဲ့ ဗိုလ်ချုပ်နဲ့က မွေးနေ့က ရက်ကော.. လကော ..တူတယ် လေ…"
"အာ…၊ အဲဒါလေးနဲ့တော့ ဗိုလ်ချုပ်ဝင်စားတယ် ပြောလို့မရပါဘူး..၊ အဲ့လိုသာဆိုရင် ကမ္ဘာမှာ ဗိုလ်ချုပ်ဝင်စားတဲ့သူတွေ အများကြီးရှိ…"
"တိတ်စမ်း..၊ ငါဝင်စားတယ်ဆို ၀င်စားလိုက်.. ဟုတ်ပြီလား…"
"သြော်..ဟုတ်ပါပြီ…၊ဒါနဲ့ ဆရာကြီး နာမည်က.."
"သမ္မတလောင်းလေး… မောင်ထိန်…."
"ဟိုးးးးးဆရာ…၊ သိပြီ…၊ သိပြီ…၊ နာမည်ကြီးပဲ…၊ ခုတော့ ကျွန်တော့်ကို သွားခွင့်ပြုပါအုံး.."
"နေပါအုံး..၊ ဖုန်းနံပါတ်လေး ယူသွားလိုက်အုံး..၊ လိုတာရှိရင် ဖုန်းဆက်လိုက်…"
"နေ…နေပါစေ..ဆရာကြီးရယ်… မယူတော့ပါဘူး..၊ သွားစရာလေးရှိလို့ သွားလိုက်ပါအုံးမယ်…"
"အေး..သွားစေ..၊ မင်းသွားတော့မယ်ဆိုတာငါသိနေတယ်…. ငါက အကုန်သိအကုန်တတ်ပဲဟာကို..ငါရွေး ကောက်ပွဲဝင်ရင် မဲပေးဖို့ မမေ့နဲ့နော်…"
ဘာမှ ပြန်မပြောတော့ပဲ အမြန်ထွက်လာမိသည်..။ ဘယ့်နှယ့်ဗျာ… ဘယ်လိုလူတွေနဲ့ လာတွေ့လို့ တွေ့နေမှန်းမသိ..။ တစ်ယောက်မှ အဆင်မပြေ..။ တွေးတောနေတုန်း.. ပုခုံးတစ်ဖက်ကို လာပုတ်တာခံရသည်…။ လှည့်ကြည့်တော့ လူတစ်ယောက်ကိုတွေ့လိုက်ရသည်..။ လက်ထဲမှာလည်း ဘာတွေကိုင်ထားမှန်းမသိပဲ သူ့ပုံစံက ဝေခွဲရခက်နေသည့်ပုံစံ… အဆိုပါလူက
"ညီလေးကို အကူအညီတောင်းစရာရှိလို့…"
"ဟုတ်ကဲ့ပြောပါခင်ဗျ…"
"ဒီဟာတွေက မီးခိုးဗုံးလား..၊ မီးလောင်ဗုံးလား…" ဆိုပြီး သူ့လက်ထဲမှာကိုင်ထားတဲ့ ဗူးလေးတွေကို ထုတ်ပြသည်။
"အာ……၊ ဒါတွေ ကျွန်တော်မသိဘူး..၊ ကျွမ်းလည်း မကျွမ်းဘူးဗျ…"
"ထင်သားပဲ..၊ ဒါတွေက မီးလောင်ဗုံးဆိုတာကို.."
"မဟုတ်ဘူးလေ…၊ ကျွန်တော် မသိဘူးပြောတာလေ.."
"ဟုတ်တယ်ညီလေး.. ဒါက မီးလောင်ဗုံးတွေ.. ညီလေးထင်တာနဲ့ အစ်ကိုထင်တာ တစ်ထပ်တည်းပဲ.."
"ဒီမှာ.. ခင်ဗျားကို ကျွန်တော် မီးလောင်ဗုံးလား..၊ မီးခိုးဗုံးလား မခွဲတတ်ဘူးလို့ ပြောနေတာဗျ…"
"ကျေးဇူးတင်ပါတယ်ညီလေး….၊ ဒီလို မီးလောင်ဗုံးဆိုတာကို တိတိကျကျ ဖြေပေးတဲ့အတွက်.."
"ဟုတ်တယ်ဗျို့…….၊ အဲ့ဒါတွေက မီးလောင်ဗုံးတွေ…၊ကဲ… ကျေနပ်ပလား…"
"ဟေးးးးးးးးးးးးးးးး…..အဖြေရပြီဟေ့…၊ နက်ဖန် သတင်းစာထဲမှာထည့်မယ်..၊ ဒါတွေက မီးလောင်ဗုံးဆိုတာကို.." ဆိုပြီး ပျော်ရွှင်စွာ ပြန်လည် ခုန်ပေါက်ထွက်ခွာသွားလေတော့သည်…။
ဘာတွေ ဖြစ်နေမှန်းကို မသိ….။ စိတ်ညစ်ညစ်နဲ့ ဆက်လက် လမ်းလျှောက်လာနေမိတော့သည်..။ လမ်းတစ်လျှောက် ဘယ်သူတွေနဲ့ လာတွေ့လို့ တွေ့နေမှန်းကို မသိ…။ တွေးရင်းငေးရင်း လမ်းလျှောက်နေရင်းမှ နားထဲကို ဆူညံသံတွေ တိုးဝင် လာသည်..။ နောက်ကို လှည့်ကြည့်လိုက်တော့… လေယဉ်တစ်စင်း ကိုယ့်နောက်ကို လိုက်နေသည်..။ မောလို့ နားရမယ်မှ မကြံရသေး လေယဉ်အတိုက်မခံရရန် မြေပြင်ပေါ်တွင် ကျွန်တော် ပြေးလွှားနေရသည်..။ ပြေးရင်းနဲ့ ကျွန်တော် နောက်ကိုလှည့်ကြည့်မိသည်..။ မြန်မာနိုင်ငံမှ ထင်ရှားသော သူဌေးကြီးတစ်ဦးက လေယဉ်ခေါင်းပေါ်တွင်ထိုင်ပြီး လေယဉ်ကို မြင်းလှည်းမောင်းသလို ကြိုးနှစ်ချောင်းဖြင့် မောင်းနေတာကို တွေ့လိုက်ရသည်..။ ကျွန်တော်လည်း အလွန်မောပန်းနေပြီး ဆက်လက်မပြေးနိုင်တော့သည့် နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုပြီး အပြေးရပ် နောက်လှည့်ကာ လက်နှစ်ဘက်ကို ရှေ့ဆန့်ထုတ်လိုက် ပြီး အသံကုန်ဟစ်အော်လိုက်သည်…။
"အဘရေ…ကယ်ပါ…."
"ကျွီ……."
အလွန်လျင်မြန်လှသော အရှိန်ဖြင့်မောင်းနှင်နေသော လေယဉ်ကြီးမှာ ကျွန်တော့်ရှေ့ တစ်ပေ အကွာခန့်တွင် တိခနဲ ထိုးရပ်သွားသည်..၊ လေယာဉ်ပေါ်မှ သူဌေးကြီးကပျာကယာဆင်းလာသည်…ပြီးတော့ ကပျာကယာဖြင့်
"ဘယ်မှာလဲ..အဘ..၊ ပြောစမ်းပါ ဘယ်မှာလဲ..အဘ…"
"ဘာတွေလာပြောနေတာလဲ..၊ ကျွန်တော့်ဟာကျွန်တော် လန့်ပြီး လျှောက်အော်မိတာကို…"
"သေနာလေး..၊ နောက်ခါအော်ရင် တစ်ခြားဟာအော်.. အဘမပါစေနဲ့ ကြားလား..၊ မဟုတ်ရင် လေယာဉ်နဲ့ လိုက်တိုက် လိုက်မယ်…"
"သြော်…ဟုတ်ကဲ့.." ဆိုပြီး လေယဉ်ပြန်လည်ထွက်ခွာသွားတာကို ကြည့်နေမိသည်..။ သြော်.. အဘကျေးဇူး ကြောင့် လေယဉ်အတိုက်မခံရတာပါလား…။
ထိုစဉ် ကျွန်တော့်ဆီသို့ အပြေးလှမ်းလာနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်..။ အဝေးကဆိုတော့ သူ့ရုပ်က မသဲကွဲ..၊ အနီးရောက်မှ သေချာကြည့်မိတော့… ၂၀၁၁ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုရှင် အကယ်ဒမီ နောင်နောင်ဖြစ်နေသည်..။ လက်ထဲမှာလည်း အကယ်ဒမီ ရုပ်ထုကို ကျစ်ကျစ် ဆုပ်ကိုင်လို့…။ ကျွန်တော့်ဆီကို ရောက်တာနဲ့…
"အစ်ကို…အစ်ကို… ကျွန်တော့်ကို သိလားဟင်.." သူ့မျက်လုံးမှာ မျှော်လင့်ချက်တွေ တောက်ပနေသည်..။ ကျွန်တော့်ဆီက အဖြေကို ရဖို့ အရမ်းမျှော်လင့်နေသည်..။
"သိတယ်မှတ်လား..အစ်ကို..၊ ကျွန်တော့်ကို သိတယ်လို့ ပြောလိုက်စမ်းပါ.." ကျွန်တော့်ဆီက လိုချင်သော အဖြေကို သူက စကားကြောင်းပေးနေသည်..။
"ထာဝရအလင်းတန်းများလေ…၊ ၂၀၁၁ အကယ်ဒမီလေ..၊ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင် ဆုလေ…သိတယ် မှတ်လား " နာမည်မပြောရုံတမည် သူ့ကိုမှတ်မိစေနိုင်သော အကြောင်းအရာတို့ကို တောက်လျှောက် ပြောပြနေတော့သည်..။
ကျွန်တော်လည်း… "ကျွန်တော်ထင်တယ်.. ခင်ဗျားက နောင်နောင်..ဟုတ်….."
"ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး"
ကျွန်တော့်စကားမှ မဆုံးသေး ပျော်ရွှင်စွာ အော်ဟစ်လိုက်သော သူ့အသံကို ကြားလိုက်ရသည်..။ တစ်ဆက်တည်း..
"တွေ့လားး…၊ လူတွေပြောနေကြတာ..၊ ငါက အကယ်ဒမီသာရတာ..၊ ငါ့နာမည်ကို လူတွေက မကြားဘူး မသိကြဘူးတဲ့…၊ မမြင်ဘူးရင်လာကြည့်ကြ…၊ ဟောဒီမှာ နောင်နောင်ကို သိတဲ့..၊ နောင်နောင်ကိုချစ်တဲ့..၊ နောင်နောင်ရဲ့ ပရိတ်သတ်. အရှင်လတ်လတ်ကြီး..၊ မမြင်ဘူးရင် လာကြည့်လှည့်…"
သူပြောမှ ကိုယ့်ကိုယ်ကို နောင်နောင်ပရိတ်သတ် ဖြစ်မှန်း သိရတော့သည်..။ ကိစ္စမရှိ..၊ အသားပဲ့ပါ သွားတာလိုက်လို့..။
ထိုစဉ်………. "သားကြီး…ထတော့…၈း၀၀ နာရီထိုးနေပြီ..၊ ရုံးသွားရမယ်မှတ်လား…" …. အမေ့ရဲ့ နှိုးစက်သံကို ကြားလိုက်ရသည်..။ မျက်နှာသစ် သွားတိုက်ရင်း ညက မက်ခဲ့သော အိပ်မက်ကို ပြန်လည် စဉ်းစားမိပြီး ပြုံးဖြစ်သည်..။ တစ်ခုတော့ စဉ်းစားစရာရလိုက်သည်..။
ရှေ့လျှောက်တော့ ငါ Facebook လျှော့သုံးဖို့ လိုနေပြီ…:-D
အောင်ထွန်းဦး
India နိုင်ငံမှ ၀မ်းနည်းဖွယ်ရာ သတင်းတစ်ပုဒ်
သူမက ကျောင်းသူလေးပါ...
သူမ အသက်က ၂၃နှစ်...
သူ့ဘ၀မှာ ကံအဆိုးဆုံးအမှားကတော့ ကြောက်စရာကောင်းလှတဲ့ကားတစ် စီးပေါ် တက်စီးမိခဲ့တာပါ...
အိုး... သူကမိန်းကလေးတစ်ယောက်ပါ...
လူသားမဆန်တဲ့ယောက်ျားခြောက် ယောက်က တစ်ယောက်တစ်လှည့်စီသူမကိုမု ဒိမ်းကျင့်ခဲ့ကြတယ်...
သံချောင်းတွေနဲ့ သူမရဲ့မိန်းမကိုယ်ကိုဆုတ်ဖြဲခဲ့တယ်...
အူသိမ်အူမတွေ အလိမ်လိမ်ထွက်လာကုန်တယ်...
လမ်းမပေါ်မှာ ဒီတိုင်းသေသည်အထိ...
အ၀တ်စားဗလာ...
ဒဏ်ရာဒဏ်ချက်များစွားနဲ့...
လူမြင်ကွင်းအလယ်မှာ...
သူ့ဘ၀မွှေနှောက်ဖျက်ဆီးခံလို က်ရတယ်...
ဒီထက်ကံဆိုးတာက သူ့ကိုလှည့်ကြည့်မဲ့သူမရှိခဲ့ဘူး...
သူ့အပေါ်မှာ စောင်လေးတစ်ထည်လွမ်းခြုံပေး ဖို့လူတွေက တွန့်တိုနေကြတယ်...
သူ ပုံမှန် အိမ်ထောင်သည်မိန်းမသားဘ၀ကို ပြန်မရနိုင်တော့ဘူး...
သူ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ခဏခဏသတိလစ်မေ့မျောတာ ၅ ကြိမ်ရှိပြီ...
သူသတိမလည်တော့ဘူး...
သူ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လူ့ဘ၀ကနေထွက်ခွာသွားလိုက်ရပါပြီ...
သူမဟာ ခင်ဗျားတို့တွေရဲ့ညီမမဟုတ်ဘူး...
သူမဟာ ခင်ဗျားတို့တွေရဲ့သမီးမဟုတ် ဘူး...
ဒါပေမဲ့ သူမရဲ့ပေးဆပ်လိုက်ရခြင်းဟာ ဒီလူမဆန်တဲ့ လုပ်ရပ်တွေကို လူတွေသိအောင်၊
ရပ်တန့်အောင်တပ်လန့်ပေးလိုက်ပါတယ်...
ဒီလူသားမဆန်တဲ့ကောင်တွေကို အကြီးမားဆုံးသောပြစ်ဒဏ် စီရင်သင့်တယ်...
ဒီဖြစ်ရပ်မျိုးဟာ အိန္ဒိယမှာဘဲ ဖြစ်ပျက်နေတာမဟုတ်ဘဲ ကမ္ဘာတလွှားမှာ အမျိုးသမီးများ ဒီလိုအကြမ်းဖက်ခံနေရပါတယ်.. .
ဒါဟာဒီကမ္ဘာမှာနေဖို့တောင်ရှ က်စရာကောင်းလှပါတယ်...
အကယ်၍ သူမရဲ့သေဆုံးခြင်းဟာ ခင်ဗျားတို့ရဲ့နှလုံးသားကို ရိုက်ခက်ခဲ့ရင်၊ အမျိုးသမီးအပေါ်အကြမ်းဖက်မှုကိုဆန့်ကျင်ရင် "RIP" လို့ရေးပါ...
အောင်ထွန်းဦး (Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်..)
သူမ အသက်က ၂၃နှစ်...
သူ့ဘ၀မှာ ကံအဆိုးဆုံးအမှားကတော့ ကြောက်စရာကောင်းလှတဲ့ကားတစ်
အိုး... သူကမိန်းကလေးတစ်ယောက်ပါ...
လူသားမဆန်တဲ့ယောက်ျားခြောက်
သံချောင်းတွေနဲ့ သူမရဲ့မိန်းမကိုယ်ကိုဆုတ်ဖြ
အူသိမ်အူမတွေ အလိမ်လိမ်ထွက်လာကုန်တယ်...
လမ်းမပေါ်မှာ ဒီတိုင်းသေသည်အထိ...
အ၀တ်စားဗလာ...
ဒဏ်ရာဒဏ်ချက်များစွားနဲ့...
လူမြင်ကွင်းအလယ်မှာ...
သူ့ဘ၀မွှေနှောက်ဖျက်ဆီးခံလို
ဒီထက်ကံဆိုးတာက သူ့ကိုလှည့်ကြည့်မဲ့သူမရှိခ
သူ့အပေါ်မှာ စောင်လေးတစ်ထည်လွမ်းခြုံပေး
သူ ပုံမှန် အိမ်ထောင်သည်မိန်းမသားဘ၀ကို
သူ ဒီဇင်ဘာ ၁၆ ရက်နေ့ကနေစပြီး ခဏခဏသတိလစ်မေ့မျောတာ ၅ ကြိမ်ရှိပြီ...
သူသတိမလည်တော့ဘူး...
သူ ဒီဇင်ဘာ ၂၈ရက်နေ့မှာ လူ့ဘ၀ကနေထွက်ခွာသွားလိုက်ရပ
သူမဟာ ခင်ဗျားတို့တွေရဲ့ညီမမဟုတ်ဘ
သူမဟာ ခင်ဗျားတို့တွေရဲ့သမီးမဟုတ်
ဒါပေမဲ့ သူမရဲ့ပေးဆပ်လိုက်ရခြင်းဟာ ဒီလူမဆန်တဲ့ လုပ်ရပ်တွေကို လူတွေသိအောင်၊
ရပ်တန့်အောင်တပ်လန့်ပေးလိုက
ဒီလူသားမဆန်တဲ့ကောင်တွေကို အကြီးမားဆုံးသောပြစ်ဒဏ် စီရင်သင့်တယ်...
ဒီဖြစ်ရပ်မျိုးဟာ အိန္ဒိယမှာဘဲ ဖြစ်ပျက်နေတာမဟုတ်ဘဲ ကမ္ဘာတလွှားမှာ အမျိုးသမီးများ ဒီလိုအကြမ်းဖက်ခံနေရပါတယ်..
ဒါဟာဒီကမ္ဘာမှာနေဖို့တောင်ရှ
အကယ်၍ သူမရဲ့သေဆုံးခြင်းဟာ ခင်ဗျားတို့ရဲ့နှလုံးသားကို
အောင်ထွန်းဦး (Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်..)
Subscribe to:
Posts (Atom)



























