Wednesday, July 24, 2013

အမေ - ၃


ကျွန်တော်တို့ ရပ်ကွက်ထဲတွင် လကုန်ရက်များတိုင်း တစ်စုံတစ်ခုကို စောင့်မျှော်နေတတ်သော အဒေါ်ကြီး တစ်ယောက်ရှိလေသည်…………….။

အဒေါ်ကြီးမှာ ယောက်ျားဖြစ်သူဆုံးပါးသွားပြီး နောက်ပိုင်း သားသမီး (၃) ယောက်တို့ကို ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ပြီး ပညာသင်ပေးခဲ့သည်။ အဒေါ်ကြီးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲတွင် စံပြ မိသားစုဖြစ်ခဲ့ပြီး အားလုံးက လေးစားခဲ့ကြသည်။ ယခုဆိုလျှင် အကြီးဆုံးသားဖြစ်သူမှာ ဘွဲ့ရပြီး နိုင်ငံခြားမှာ အလုပ်လုပ်နေပြီဖြစ်ပြီး မိသားစုကို ပြန်လည် ထောက်ပံ့ပေးလျက်ရှိသည်။ အရင်က ဈေးတောင်း ခေါင်းရွက်ပြီး တစ်ရပ်ကွက်လုံး ဟင်းသီးဟင်းရွက် လှည့်ရောင်းခဲ့သော အဒေါ်ကြီးမှာလည်း ဇရာကြောင့် ယခုအခါ အရင်လို မလုပ်နိုင်တော့….၊ကျွန်တော် တစ်ခုသတိထားမိသည်မှာ ဒီအဒေါ်ကြီးသည် လကုန်ရက်ပိုင်းများတွင် ညနေတိုင်း အိမ်ရှေ့သို့ ထွက်ပြီး တစ်စုံတစ်ခု ကိုစောင့်မျှော်နေတတ်သည်။
ကျွန်တော်နဲ့ အတော်အတန် ခင်မင်ရင်းနှီးမှုရှိတာကြောင့် တစ်နေ့ စကားကြုံတာနဲ့ ကျွန်တော် ဒီအကြောင်း ကိုမေးကြည့်မိသည်။

"အဒေါ့် သားဆီက စာကိုမျှော်နေတာပါ...သားက ပုံမှန် တစ်လတစ်ခါ လကုန်တိုင်း စာနဲ့အတူ ပိုက်ဆံထည့်ပြီး ပို့ပေးနေကျလေ."

ကျွန်တော်ပြန်ရရှိလိုက်သည့် အဖြေက ရိုးရိုးလေးပင်ဖြစ်သည်။ ကျွန်တော် မအံ့သြမိ…။ စားဝတ်နေရေးနှင့် ကျန်တဲ့သားသမီး နှစ်ယောက်ကျောင်းစရိတ်အတွက် အဒေါ်ကြီး လစဉ်တိုင်း မျှော်လင့်သင့်သည်ပဲလေ…။
စာပို့သမားရောက်လာတဲ့အခါ ပျော်ရွှင်စွာ ပြေးထွက်သွားပြီး သူ့သားရေးပေးလိုက်သော စာကို သူ့သားသမီးတွေနဲ့အတူ အရသာခံပြီး ဖတ်လေ့ရှိသည်။ အဲ့ဒီညနေတွင်လည်း တစ်ရပ်ကွက်လုံးကို သူ့သား စာထဲတွင် ဘာတွေ ထည့်ရေးလိုက်ကြောင်းကိုလည်း ပျော်ရွှင်စွာ လှည့်လည် ကြွားလေ့ရှိလေတော့သည်။

ခုတစ်လော အဒေါ်ကြီးကို ကြည့်ရတာ မျက်နှာသိပ်မကောင်း…။ လကုန်ရက်တိုင်း စာပို့သမားကို စောင့်နေမြဲ စောင့်နေသော်လည်း စာပို့သမားမှာ ရောက်မလာခဲ့..။ စောင့်ရတဲ့ လတွေ များနေပေမယ့်လည်း သေချာနေတာ တစ်ခုကတော့ အဒေါ်ကြီးသည် လကုန်ရက် ညနေပိုင်းများတွင် အိမ်ရှေ့မှာ ထွက်ထိုင်ပြီး စာပို့သမားကို စောင့်မျှော်နေတာပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲတွင် လကုန်ရက်များတွင် အိမ်အလည်လာမည့် ဧည်သည့်တစ်ယောက် လျော့ပါးသွားခဲ့တာ ကြာပြီဖြစ်သည်။

 တစ်ရက်… အရင်ကထက် များစွာ ပိုမို အိုမင်းနေသယောင် ရှိသော အဒေါ်ကြီးကို တစ်ရက် အိမ်ရှေ့မှာ ထွက်စောင့် နေတာ ကျွန်တော် တွေ့လိုက်ရသည်။ ဟုတ်သည်ပဲလေ..။ ခုရက်ပိုင်း က လကုန်ရက်ဖြစ်နေသည်ကိုး..။

"သားဆီက စာမလာဘူးလား အဒေါ်…."

ဝမ်းနည်းသွားသယောင် ရှိသွားသော အဒေါ်ကြီး မျက်နှာကိုကြည့်ပြီး မေးမိသော ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

"အေးကွယ်.. စာမလာတာ ငါးလလောက်ရှိပြီ…."

ကျွန်တော် တစ်ကယ်ဝမ်းနည်းသွားသည်။ ဒါဆို ဒီငါးလအတွင်း ဒီမိသားစုတစ်ခုလည်း ကို အဒေါ်ကြီး ဘယ်လို ရှာဖွေ ကျွေးမွေးနေ သနည်း..။ မေးခွန်းများစွာက ကျွန်တော့် ခေါင်းထဲကို တိုးဝင်လာသည်။
"ကျွန်တော့်ကို အားမနာပါနဲ့နော်… လိုအပ်တာရှိရင်ပြောပါ..အဒေါ်.." ကျွန်တော် တစ်ကယ့်ကို ကူညီလိုစိတ်ရင်း အပြည့်နဲ့ မေးလိုက်မိသည်။

"မလိုပါဘူးကွယ်… ကျေးဇူးတင်ပါတယ်….. အဒေါ့်သားက တစ်နှစ်စာအတွက် ပိုက်ဆံပို့ထားပေးပါတယ်.."

"ဗျာ..ဒါဆို…."

"ဟုတ်တယ်… လစဉ်ပို့ရင် ရှုပ်လို့ဆိုပြီး သားက တစ်နှစ်စာအတွက် ပိုက်ဆံပို့ပေးထားတယ်.."

ပြောရင်း အဒေါ်ကြီး အသံတိမ်ဝင်သွားတာကို သတိထားမိလိုက်သည်။ မျက်ဝန်းမှ မျက်ရည်တွေ စို့လာသည်ထင့်..။ ကျွန်တော့်ကို မျက်နှာလွှဲပြီး…

"တစ်ကယ်တော့ ..အဒေါ်.. သားဆီက လစဉ်လာတဲ့ ပိုက်ဆံကိုပဲ ပိုမက်မောတယ်….သူ့ကိုလည်း အရင်လို လစဉ် ပို့ပေးဖို့ အဒေါ် ပြန်ပြောထားတယ်…."

"နောက်လကျရင် သူလွှဲပေးထားတဲ့ ပိုက်ဆံအားလုံးကို အဒေါ် ပြန်လွှဲပေးလိုက်တော့မယ်…"

အဒေါ်ကြီး မျက်ရည်တွေ သုတ်နေတာကို ကျွန်တော်တွေ့လိုက်ရသည်။ ကျွန်တော် ပြန်ပြောစရာ စကားမဲ့နေသည်။ ကျွန်တော် သိလိုက်ပါပြီ..။ အဒေါ်ကြီးသည် ကျွန်တော် ထင်သလို သားဆီက  ပိုက်ဆံတစ်ခုတည်းကို စောင့်မျှော်နေတတ်သော အမေ မဟုတ်ပါလား…။

အမေတို့သည် ကျွန်တော်တို့ မသိသော စွမ်းအားများကိုပိုင်ဆိုင်ထားကြသည်။ ထိုစွမ်းအားများသည် ကမ္ဘာပေါ်တွင်ရှိသော မည်သည့်စွမ်းအားနှင့်မျှ နှိုင်းယှဉ်လို့မရ…။ ထိုစွမ်းအားများသည် အခြေအနေ လိုအပ်ချက်ရှိမှသာ ထွက်ပေါ်လာတတ်သည်။ သားသမီးကို ချစ်သော အမေတစ်ယောက်၏ အချစ်သည် ကမ္ဘာပေါ်မှာ ရှိသမျှသော အဖိုးအနဂ္ဂတို့တက် သာလွန်မည်ဆိုပါက ကျွန်တော် လွန်မည်မထင်ပေ…။

အမေတွေကို ချစ်တတ်ကြပါစေ…..။


အောင်ထွန်းဦး

Tuesday, July 23, 2013

ဘုရားဆင်းတုတော်ထုလုပ်ရာမှာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ်ဦးနှောက်တော် ပုံသဏ္ဌာန် တည်ရှိနေကြောင်းဖူးမြော်တွေ့ရှိရ


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အောက်ခြေအနီးရှိ သစ္စဝေဒဂူ (မိုးကုတ်ဝိပဿနာကျောင်းတိုက်) တွင်ပူဇော်ထားရှိရန်အတွက် ကုက္ကိုသားဖြင့် ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ဆင်းတုတော်ကြီးတစ်ဆူထုလုပ်ရာ ဦးခေါင်းတော်အတွင်း၌ ထူးဆန်းဖွယ် ဦးနှောက်တော် ပုံသဏ္ဌာန် ၊ ၀မ်းဗိုက်တော်အတွင်း ၌ အူးများယှက်လိမ်နေပုံ ပုံသဏ္ဌာန် ၊ ခြေဖ၀ါးတော်တွင် သွေးကြောများယှက်ဖြာနေပုံ သဏ္ဌာန် ထူးဆန်းအံ့သြဖွယ်ဖူးတွေ့ရပါသည်။

ဆင်းတုတော်ကြီးကိုထုလုပ်သည့် ကုက္ကိုပင်ကြီးမှာ ပြီးခဲ့သည့်မေလ ၄ရက်နေ့က မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်စဉ် ပြိုလဲခဲ့သော မန္တလေး ၃၅လမ်း ၈၅ လမ်း ယွန်းဝင်းဓမ္မာရုံ အနီးမှ သက်တမ်းရင့် ကုက္ကိုပင်ကြီး တစ်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်းရာချီခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

"ကုက္ကိုပင်က ပေ၇၀လောက်ရှိတော့ အကောင်းဆုံးနေရာ ပင်စည်ပေ ၂၀လောက်ကို အဖြတ်မှာ အပင်ကြီးရဲ့သစ်ခေါင်းတစ်လျှောက်သစ်မြစ်တွေလိမ်ယှက်နေတာကိုတွေ့ရတယ်... ဆင်းတုတော်ကြီးကိုထုလုပ်ရင်းကနေ ဦးခေါင်းတော်အရောက်မှာ အတွင်းမှာ သစ်မြစ်တွေက ဦးနှောက်လိုထုံးဖွဲ့နေတာကို ထူးဆန်းစွားတွေ့မြင်ရတော့တာဘဲ... ၀မ်းဗိုက်တော်မှာလဲ အူတွေလိုလိမ်ဖွဲ့နေတယ်... ခြေဖ၀ါးတော်မှာလဲ သွေးကြောတွေလိုဖြာထွက်နေပါတယ်... ကျွန်တော်တို့ ပန်းပုထုတဲ့သက်တမ်းတစ်လျှောက်မှာဒီလို တစ်ခါမှ မကြုံတွေ့ခဲ့ရဘူး"လို့ ပန်းပုဆရာ ဦးထွန်းလင်းက ပြောသည်... 

ဝါဆိုလပြည့်နေ့တွင် အားလုံးဖူးမြော်ကြည်ညိုနိုင်ရန် အတွက်မျှဝေပေးလိုက်ပါသည်။

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

သတင်းချစ်သူ - ဝေဟင်

အောင်ထွန်းဦး

မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို SMS စနစ်ဖြင့် လျှောက်ထားပါက ချက်ချင်းအသုံးပြုနိုင်


ယခင်က မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားရောက် လျှောက်ထားရသည့် မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို မိမိ၏ မိုဘိုင်းဖုန်းပေါ်မှ တစ်ဆင့် SMS စနစ်ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

တစ်ရက်နှင့်အထက် ကြာမြင့်သည့်အထိ အင်တာနက်စနစ် အသုံးပြုနိုင်ရန် ယခင်က စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ၌ SMS စနစ်ဖြင့် လျှောက်ထားပါက "You have ordered data service successfully" ဟု SMS ပြန်စာ ရောက်ရှိလာသည့်နောက်ပိုင်း ချက်ချင်းအသုံးပြုနိုင်သည်ဟု သိရသည်။ အထက်ပါ SMS စနစ်အတိုင်း မိမိမိုဘိုင်းဖုန်းသို့ ပြန်လည်ရောက်ရှိလာပါက မိုဘိုင်းဖုန်းကို Restart ပြုလုပ်ပေးရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။

SMS ဖြင့် မိုဘိုင်းအင်တာနက်စနစ်ကို လျှောက်ထားလိုပါက 1331 သို့ "Order data Service" ဟူ ၍ ပေးပို့ရမည်ဟု သိရသည်။ SMS ပေးပို့သည့် မိုဘိုင်းဖုန်းအတွင်း၌ လက်ကျန်ငွေသည် ငွေကျပ် တစ်သောင်းပြည့်ရန် လိုအပ်ကြောင်း၊ မိုဘိုင်းအင်တာနက်စနစ်အတွက် ကျသင့်ငွေ တစ်သောင်းကျပ်ကို အဆိုပါလက်ကျန်ငွေအတွင်းမှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုသည်။

GSM နှင့် WCDMA မိုဘိုင်းဖုန်းလိုင်းများအနေဖြင့် အဆိုပါကဲ့သို့ အင်တာနက်စနစ်ကို လျှောက်ထားနိုင်မည်ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဘီလ်စနစ်ကို မိုဘိုင်းဖုန်းငွေလက်ကျန်အတွင်းမှ တစ်မိနစ်လျှင် ၂ ကျပ် (GSM) ၊ ၄ ကျပ်(WCDMA) ဟူ၍ ယခင်အတိုင်း မပြောင်းလဲဘဲ ကောက်ခံသွားမည်ဖြစ်သည်။ CDMA မိုဘိုင်းဖုန်းလိုင်းများအတွက် အင်တာနက်စနစ် လျှောက်ထားခြင်းကိုမူ ယခင်အတိုင်း ဆက်သွယ်ရေးရုံးများသို့ သွားရောက် လျှောက်ထားရမည် ဖြစ်သည်။

Copy : Internet Journal


အောင်ထွန်းဦး

Saturday, July 20, 2013

ခွေးလေးတွေကို အကြောင်းမဲ့ သတ်ဖြတ်နေတဲ့ လူတစ်ယောက်


လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဒီလူဟာ ဒီလို ခွေးလေးတွေကို သတ်ဖြတ်တဲ့ပုံတွေကို တောက်လျှောက် တင် လာခဲ့ပါတယ်..။ ပုံတွေမှာ ခွေးလေးတွေရဲ့ အတွင်းကလီစာတွေကို ဆွဲထုတ်ထားပြီး မျက်လုံးတွေကို အရှင် လတ်လတ် ဖောက်ထုတ်ထားတဲ့ပုံတွေ… ခေါင်းဖြတ်တဲ့ပုံတွေပါဝင်ပါတယ်..။ ထပ်ပြီးတော့ ဒီလူဟာ ဒီလိုပုံတွေ ထပ်တင်အုံးမယ်ဆိုပြီး စိန်ခေါ်ထားပါတယ်… သူဟာ Weibo မှာ ID@sg00ll00 နဲ့ တင်နေတာ ဖြစ်ပြီး ရှန်ဟိုင်း ဆောင်းဂျန် ပြည်နယ် ပေကျင်း ဆေးကောလိပ်ကနေ ဘွဲ့ရခဲ့တာပဲဖြစ်ပါတယ်…။

ကျွန်တော်တို့အနေနဲ့ သူ့ကို စုံစမ်းအရေးယူဖို့ လက်လှမ်းမမှီပေမယ့် ဒီသတင်းလေးကို share ပေးခြင်းဖြင့် နောက်ထပ် ခွေးလေးတွေ အနှိပ်စက်ခံရတဲ့ အန္တရာယ်ကနေ ဆုတောင်းပေးနိုင်ပါတယ်..။ တရုတ်နိုင်ငံမှာဆို ရင်လည်း အခုဆိုရင် အဲ့ဒီလူကို ခြေရာခံလိုက်နေပြီဖြစ်ပြီး တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုနဲ့ အရေးယူမှာ ဖြစ်ကြောင်း သိရပါတယ်…။ သူ့ကို မြန်မြန်မိပါစေလို့သာ ဆုတောင်းနေမိတော့တယ်ဗျာ…။ 

စိတ်ခိုင်တဲ့သူတွေဆိုရင်တော့ အောက်က ဓါတ်ပုံလေးတွေ ဆက်ကြည့်လိုက်ကြပါအုံး…။

  

Tuesday, July 16, 2013

ယုံဖို့ခက်တဲ့ ဓါတ်ပုံများ

ကမ္ဘာတစ်ဝှမ်းက လျှပ်တစ်ပြက်အချိန်အတွင်းမှာ ရိုက်ထားလိုက်တဲ့ တန်ဖိုးရှိတဲ့ ဓါတ်ပုံလေးတွေပါ..
အပျင်းပြေ ကြည့်လိုက်ပါအုံး....ယုံကြည်ဖို့ ခက်ခဲပေမယ့် ပြုပြင်မှုမလုပ်ထားတဲ့ ဓါတ်ပုံအစစ်တွေပါ...

thumbs 15 Top 20 Most Unbelievable Real Photos as seen on CoolWeirdo.com

b8beaq6 1209225753HBwquph Top 20 Most Unbelievable Real Photos as seen on CoolWeirdo.com

gje08g6 1210645489pKeTLUP Top 20 Most Unbelievable Real Photos as seen on CoolWeirdo.com

လူခန္ဓာကိုယ်တွင်း ထူးဆန်းတဲ့တွေ့ရှိမှုများ

ထူးခြားဆန်းပြားလှတဲ့ လောကကြီးမှာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကို ကြုံရစမြဲပါ..။ အခုလည်း ဒီပစ္စည်း တွေ ဘယ်လိုလုပ်ပြီး ခန္ဓာကိုယ်ထဲ ၀င်ရောက်သွားသလဲ ဆိုတာ စဉ်းစားစရာပါ..အပျင်းပြေ ကြည့်လိုက်ကြပါအုံး...။
ဇွန်းမျို ထားတယ် ထင်တာပဲ.....

spoon xray Most Bizarre Foreign Objects Found In Human Bodies Pictures Seen on www.VyperLook.com

ဦးနှောက်ထဲကို ၁.၉ စင်တီမီတာရှိတဲ့ ၀င်ရောက်သွားတာ...

autullo nail in the head Most Bizarre Foreign Objects Found In Human Bodies Pictures Seen on www.VyperLook.com

autullo nail in the head 2 Most Bizarre Foreign Objects Found In Human Bodies Pictures Seen on www.VyperLook.com

Sunday, July 14, 2013

အိမ်ထောင် တစ်ခု ဆိုတာ......


အဲ့ဒီည ကျွန်တော် အိမ်ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော်ဇနီးက ညစာကို ပြင်ဆင်လျက်ရှိပါတယ်..။ ကျွန်တော် သူမလက်ကို ဆွဲကိုင်လိုက်ပြီး

"ငါ့မှာ မင်းကို ပြောစရာ ရှိတယ်…"

သူမ ငြိမ်သက်စွာပဲ ကျွန်တော်ရှေ့မှာထိုင်ချလိုက်ပါတယ်..။ ပြီးတော့ သူမမျက်ဝန်းတွေထဲမှာ နာကျင်မှုအရိပ်အယောင်တွေကို ကျွန်တော် တွေ့လိုက်ရတယ်..။

ကျွန်တော် ရုတ်တရက် သူမကို ဘယ်ကဘယ်လို စပြောရမှန်း မသိခဲ့ပါဘူး…။ ဒါပေမယ့် ကျွန်တော် သူမကို ဆက်မပေါင်းလိုတော့ပါဘူး..။ ကျွန်တော် ဒီ မိသားစုထဲက ထွက်သွားချင်တယ်ဆိုတာကို သူမကို သိစေချင်ပါတယ်..။ ကျွန်တော် သူမနဲ့ မျက်နှာချင်းမဆိုင်ပဲ

"ငါတို့ ကွာရှင်းကြရအောင်…."

သူမ ပုံစံက အံ့သြပြီး တုန်လှုပ်နေတဲ့ ပုံစံမဟုတ်ပါဘူး…။ သူမက တည်ငြိမ်စွာပဲ..

"ဘာလို့ ကွာရှင်းသင့်တယ်လို့ ရှင်ထင်လဲ…"

ကျွန်တော် သူမမေးခွန်းကို ရှောင်ရှားခဲ့ပါတယ်..။ ကျွန်တော်ဒီလိုလုပ်တာကို သူမအတော်ကို စိတ်ဆိုးသွားပါတယ်..။ လက်ထဲမှာကိုင်ထားတဲ့ ဇွန်းကို ပစ်ပေါက်ပြီး…"ရှင် ယောက်ျားမဟုတ်ဘူး…" ဆိုပြီး အော်ဟစ်ခဲ့ပါတယ်..။ အဲ့ဒီညက ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောခဲ့ကြပါဘူး..။ သူမကတော့ တစ်ညလုံး ငိုနေပါတယ်..။ ကျွန်တော် သိပါတယ်.. သူမ ဘာလို့ ကျွန်တော်သူ့ကို ကွာရှင်းချင်ရသလဲဆိုတာ ကို သူသိချင်နေပါလိမ့်မယ်.. ဒါပေမယ့် ကျွန်တော့်မှာ သူကျေနပ်စေနိုင်မယ့် အဖြေမျိုးမရှိပါဘူး..။ ဘာလို့လဲဆိုတော့ ကျွန်တော် Jane ဆိုတဲ့ ကောင်မလေးကို ချစ်မိနေပြီလေ.. ကျွန်တော်သူမအပေါ် သနားရုံကလွဲပြီး ဘာခံစားချက်မှ မရှိတော့ပါဘူး..။

ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိမှန်းသိပါတယ်..။ ဒါကြောင့် ကျွန်တော် ကွာရှင်းစာချုပ်မှာ ကျွန်တော့်ရဲ့အိမ်..ကား..နဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ (၃၀%) ကို သူမကို ပေးဖို့ ပြင်ဆင်ခဲ့ပါတယ်..။ သူမ ကွာရှင်းစာချုပ်ကို တစ်ချက်ကြည့်ပြီး အပိုင်းပိုင်း အစစ ဖြစ်အောင် ဆုတ်ဖြဲခဲ့ပါတယ်..။ ကျွန်တော့်ဘေးမှာ ၁၀ နှစ်လောက် အတူတကွ ရှိလာခဲ့တဲ့ ကျွန်တော့်ဇနီးဟာ အခုဆို ကျွန်တော့်အတွက် သူစိမ်းတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ..။ သူမရဲ့ အဲ့ဒီအချိန်တွေ၊ အချစ်တွေ..၊ ခွန်အားတွေ အတွက် သူမကို ကျွန်တော်အားနာပါတယ်..။ နောက်ဆုံးတော့ သူမ ကျွန်တော့်ရှေ့မှာ အကျယ်ကြီး အော်ငိုပါတယ်..။ ကျွန်တော် ဒါကို မျှော်လင့်နေတာပါ..။ ကျွန်တော့်အတွက်တော့ ငိုခြင်းဟာ သူမအတွက် ထွက်ပေါက်တစ်ခုပါပဲ..။ ရက်သတ္တပတ် အတော်ကြာ အစပျိုးလာခဲ့ရတဲ့ ကျွန်တော်တို့ ကွာရှင်းခြင်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။

နောက်တစ်နေ့.. ကျွန်တော်အိမ်ကို နောက်ကျစွာ ပြန်လာခဲ့တဲ့အချိန်မှာ သူမဟာ စားပွဲပေါ်မှာ တစ်စုံတစ်ခုကိုရေးနေပါတယ်..။ ကျွန်တော် ညစာ မစားတော့ပဲ အခန်းထဲကို တန်းဝင်ပြီး အိပ်စက်ခဲ့ပါတယ်..။. ကျွန်တော် ဒီနေ့တစ်နေလုံး Jane နဲ့ လည်ပတ် ပျော်ရွှင်ခဲ့တာကြောင့် ပင်ပန်းတာနဲ့ ကျွန်တော် ချက်ချင်းပဲ အိပ်ပျော်သွားခဲ့ပါတယ်..။ ကျွန်တော်နိုးလာတဲ့အခါမှာ သူမက စားပွဲပေါ်မှာ စာရေးလျက်ရှိနေတုန်းပါပဲ..။ ကျွန်တော် သူမ ဘာတွေ ရေးနေလည်း မသိချင်ပါဘူး.. ဒါကြောင့် တစ်ဖက်လှည့်ပြီး ပြန်အိပ်ပျော်သွားခဲ့ပါတယ်..။

နောက်တစ်နေ့မှာ သူမ ကျွန်တော့်ဆီက ဘာမှမလိုချင်တဲ့အကြောင်း…၊ ဒါပေမယ့် မကွာရှင်းမီ တစ်လအတွင်းမှာ ကျွန်တော်တို့နှစ်ယောက် တတ်နိုင် သလောက် သာမန်ပုံစံအတိုင်း ပုံမပျက် နေထိုင်ရမယ်ဆိုတဲ့ အချက်ကို တောင်းဆိုပါတယ်..။ သူမ အကြောင်းပြချက်က ရှင်းပါတယ်..။ ကျွန်တော်တို့ သားလေး ဒီလ ထဲမှာ စာမေးပွဲရှိတောကြောင့် ဒီကိစ္စကြောင့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါတဲ့..။

ဒါတွေဟာ ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး..။ ဒါပေမယ့် သူမနောက်တစ်ခု ထပ်တောင်းဆိုပါတယ်..။ အဲ့ဒါကတော့ ကျွန်တော်တို့ မင်္ဂလာဦးညက သူမကို ပွေ့ချီတဲ့ပုံစံအတိုင်း မနက်တိုင်း သူမကို အိပ်ယာထဲကနေ အိမ်ရှေ့ တံခါးပေါက်ဝအထိ ပွေ့ချီပြီး ပို့ပေးဖို့ပါ..။ သူမဘာလို့ ဒါကိုတောင်းဆိုလဲ ကျွန်တော် နားမလည်ပါဘူး..။ ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာအနှောင့်အယှက်မှ မဖြစ်စေချင်တာနဲ့ ကျွန်တော် ဒါကိုလည်း လက်ခံခဲ့ပါတယ်..။

ကျွန်တော် Jane ကို ဒီအကြောင်းတွေ ပြောပြတော့ သူမ ကျယ်လောင်စွာ အော်ရယ်ပြီး ဒါဟာ ဟာသပြဇာတ်ပဲလို့ ပြောခဲ့ပါတယ်..။ သူမ ဘယ်လို နည်းလမ်းတွေပဲသုံးသုံး… နောက်ဆုံးတော့ သူမ ကွာရှင်းရမှာဆိုပြီး ပြောဆိုခဲ့ပါတယ်..။

ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ ဒီကွာရှင်းဖို့ ဇာတ်လမ်းကို ကျွန်တော် စတင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် အထိအတွေ့မရှိခဲ့ကြပါဘူး.။ ဒါကြောင့် ပထမဦးဆုံးနေ့.. ကျွန်တော် သူမကို ပွေ့ချီလိုက်တော့.. ကျွန်တော်တို့ နှစ်ယောက်လုံး ရှက်နေကြပါတယ်.. ။ ကျွန်တော်တို့သားလေး က နောက်ကနေ "ဖေဖေက မေ့မေ့ကို ပွေ့နေပြီဟေ့…" ဆိုပြီး နောက်ကနေ လက်ခုပ်တီးနေပါတယ်..။ သားလေးရဲ့စကားဟာ ကျွန်တော့်ကို နာကျင်စေ ခဲ့ပါတယ်..။ အိပ်ခန်းထဲကနေ ဧည့်ခန်း..ပြီးတော့ အိမ်ရှေ့ ကျွန်တော်သူမက ပွေ့ချီပြီး ၁၀ မီတာလောက် လမ်းလျှောက်ခဲ့ပါတယ်..။ သူမက မျက်လုံးကို ပိတ်ထားပြီး ကျွန်တော့်ကို တိုးတိုးလေးပြောပါတယ်..။

"ကွာရှင်းမယ့်အကြောင်းကို သားလေး မသိပါစေနဲ့…"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်.. ကျွန်တော် သူမကို တံခါးပေါက်ရဲ့အပြင်မှာ ချလိုက်တယ်..။ ပြီးတော့ ကျွန်တော် ရုံးကို ကားမောင်းထွက်ခဲ့တော့တယ်..။

ဒုတိယနေ့က ကျွန်တော်တို့နှစ်ယောက်လုံးအတွက် သိပ်အခက်အခဲမရှိပါဘူး..။ သူမက ကျွန်တော့်ရဲ့ရင်ဘတ်ပေါ်မှာ အိပ်စက်နေပါတယ်..။ သူမဆီက ရေမွှေးနံ့ကို ကျွန်တော် ရှုရှိုက်မိနေပါတယ်..။ ကျွန်တော် အခုမှ သတိထားမိတာက ကျွန်တော် သူမကို သေချာမကြည့်ဖြစ်တာ အတော်ကြာပြီ ဆိုတာ ကိုပါပဲ..။ သူမက မငယ်တော့ပါလား…။ မျက်နှာမှာ အရေးအကြောင်း ငယ်လေးတွေ တွေ့နေရပြီ..။ သူမ ဆံပင်တွေလည်း မီးခိုးရောင် သန်းနေပါပြီ..။

လေးရက်မြောက်နေ့.. ကျွန်တော်သူ့ကို မလိုက်တဲ့အခါမှာ..ကျွန်တော်သူမအပေါ် ကြင်နာတဲ့စိတ်ဖြစ်ပေါ်လာခဲ့ပါတယ်..။ ဒီအမျိုးသမီးဟာ ကျွန်တော့် အတွက် ၁၀နှစ်ဆိုတဲ့ အချိန်ကာလကို ကျွန်တော်နဲ့အတူ ကုန်ဆုံးစေခဲ့ပါလား…။ တစ်မနက်မှာ သူမ ဘာဝတ်ရမလဲဆိုတာကိုရွေးနေပါတယ်..။ သူမ အ၀တ်အထည်တွေအများကြီးရှိပေမယ့်လည်း တော်တဲ့ဟာကို မတွေ့ဘူးဖြစ်နေပါတယ်.. သူမ သက်ပြင်းချလိုက်ပြီး "အ၀တ်တွေက အကုန်ချောင်ကုန်ပြီ" ဆိုပြီး ညင်းညူ လိုက်ပါတယ်…။ ကျွန်တော်အခုမှ သတိထားလိုက်မိပါတယ်..။ သူမဟာ အရင်ကထက် အတော့်ကို ပိန်ကျသွားခဲ့ပါတယ်.။ ဒါကြောင့် ကျွန်တော့်အတွက် သူမကို ပွေ့ချီရတာ ပိုလွယ်လာတယ်လို့ ထင်နေမိတာကိုး..။

သူမဟာ သူမရဲ့ ခံစားမှုတွေ နာကျည်းမှုတွေကို ရင်ထဲမှာ ပိတ်လှောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်..။ မရည်ရွယ်ပဲ ကျွန်တော် သူမရဲ့ ခေါင်းကို ကြင်နာစွာ ပွတ်ပေးမိလိုက်ပါတယ်..။ အဲ့ဒီအချိန်မှာ သားလေးက အခန်းထဲဝင်လာပြီး

"ဖေဖေ… မေ့မေ့ကို ချီဖို့ အချိန်ကြပြီ…."

သူမက သားလေးကို သူမအနီးခေါ်လိုက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်ပါတယ်..။ ကျွန်တော် ချက်ချင်းမျက်နှာလွဲလိုက်ပါတယ် ..ဘာလို့လဲတော့ ကျွန်တော့်ရဲ့ ကွာရှင်းချင်တဲ့စိတ် ဒီအချိန်လေးမှာ ပြောင်းသွားမှာ စိုးလို့ပါ..။

သူမအတော်လေးကို ပိန်ကျလာတာ ကျွန်တော့်ကို ၀မ်းနည်းစေခဲ့ပါတယ်..။ နောက်ဆုံးနေ့မှာ… ကျွန်တော် သူမကိုပွေ့ချီပြီး ခြေလှမ်းတစ်လှမ်းချင်းကို ခက်ခဲစွာ လျှောက်လှမ်းနေရပါတယ်..။ သားလေးကတော့ ကျောင်းသွားနေပါပြီ..။ ကျွန်တော်တို့ ဧည့်ခန်းထဲရောက်တော့ သူမက ကျွန်တော်လက်ထဲက ဆင်းပြီး စားပွဲထဲကနေ စာရွက်တစ်ရွက်ထုတ်လိုက်ပြီး ကျွန်တော့်ကိုပေးလိုက်ပါတယ်..။ အဲ့ဒီစာရွက်က သူမရဲ့ ဆေးစစ်မှု မှတ်တမ်းဖြစ်ပြီး သူမဟာ သွေးကင်ဆာရောဂါကို ခံစားနေရပါတယ်တဲ့လေ….။ သူမကို ကြည့်လိုက်တော့ သူမမျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုပြီး ကျွန်တော့်ကို ကြည့်နေပါတယ်..။

"မင်း..ဒါ…ငါ့ကိုဘာလို့ အရင်က မပြောတာလဲ…."

ကျွန်တော်သူမကို အော်မေးခဲ့ပါတယ်..။

"ဒီရောဂါကြောင့် ရှင်ကျွန်မဘေးမှာ ဆက်ပြီး နေနေမှာကို ကျွန်မ မလိုချင်ဘူး…"

ကျွန်တော် ချက်ချင်းပဲ ပြေးထွက်ခဲ့ပြီး ရုံးကို ကားမောင်းခဲ့ပါတယ်..။ ရုံးရောက်ရောက်ချင်း ကားထဲက ကားသော့မဖြုတ်ပဲပြေးထွက်ခဲ့ပါတယ်..။ ကျွန်တော် အခုချိန်မှာ စိတ်ပြောင်းသွားမှာ အရမ်းကြောက်မိပါတယ်..။ ကျွန်တော် Jane ဆီရောက်တော့…

"Jane ကိုယ့်ကို ခွင့်လွတ်ပါ..။ ကိုယ် ကိုယ့်ဇနီးကို မကွားရှင်းနိုင်ဘူး…"

သူမကျွန်တော့်ကို ကြည့်ပြီး ကျွန်တော့် နဖူးကို လာစမ်းပါတယ်..။

"ရှင်ဖျားနေတာလား…နေမှကောင်းရဲ့လား.."

ကျွန်တော်သူမလက်ကို ဖယ်ရှားလိုက်ပြီး

"တောင်းပန်ပါတယ်.. ကိုယ်တို့ အိမ်ထောင်ရေးဟာ ပျင်းဖို့ကောင်းရင်ကောင်းနေပါလိမ့်မယ် ဒါပေမယ့် ကိုယ်ဟာ ကိုယ်ယူထားတဲ့ မိန်းမတစ်ယောက်ရဲ့လက်ကို သေသည့်တိုင်အောင် ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ.."

Jane အံ့သြတုန်လှုပ်စွာနဲ့ ကျွန်တော့်ပါးကို တစ်ချက်ရိုက်ပြီး မျက်ရည်တွေနဲ့ ထွက်ပြေးသွားခဲ့ပါတယ်..။ ကျွန်တော် ကားမောင်းပြီး အိမ်အပြန်လမ်းမှာ ပန်းဆိုင်တစ်ဆိုင်မှာ ရပ်ပြီး ပန်းတစ်စည်းမှာလိုက်ပါတယ်..အရောင်းစာရေးမလေးက ကျွန်တော့်ကို ကဒ်ထဲမှာ ဘာရေးပေးရမလဲမေးတော့… .ကျွန်တော်ပြုံးလိုက်ပြီး

"ကိုယ် မင်းကို မနက်တိုင်း သက်ဆုံးတိုင်အောင် ချီပိုးခွင့်ပြုပါ..…"

ကျွန်တော် ညနေ အိမ်ပြန်ရောက်တော့.. ကျွန်တော့်လက်ထဲမှာ ပန်းတွေနဲ့ပါ… ကျွန်တော် ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ကျွန်တော်တို့ အိပ်ခန်း အပေါ်ထပ်ကို ပြေးတက်ခဲ့ပါတယ်..။ အိပ်ယာပေါ်မှာတွေ့လိုက်ရတာကတော့ ကျွန်တော် လုံးဝ မမျှော်လင့်ထားတဲ့ မြင်ကွင်းတစ်ခု………. သူမဟာ သေဆုံးနေခဲ့ပါပြီ….။

ကျွန်တော်ဟာ ကွာရှင်းဖို့ ကိစ္စကို လုံးပန်းနေတာနဲ့ပဲ သူမ ကင်ဆာရောဂါခံစားနေရမှန်းမသိခဲ့ပါဘူး..။ သူမဟာ ဆရာဝန်က ပြောထားသည့် နေရမည့် သက်တမ်းကာလ တစ်လအတွင်းမှာ ကျန်ရစ်ခဲ့မယ့် ကျွန်တော်နဲ့ သားလေးကြားမှာ ဘာအမုန်းတရားမှ မရှိအောင် ဖန်တီးခဲ့တာပါ..။ သူမ သေဆုံးပြီးမှ သာကျွန်တော်နဲ့ Jane တို့ လက်ထပ်တယ်ဆိုရင်လည်း သားလေးအမြင်မှာတော့ ကျွန်တော်ဟာ အဖေကောင်းတစ်ယောက်ဖြစ်နေမှာပေါ့…။

ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြပါစေဗျာ….။


အောင်ထွန်းဦး


Saturday, July 13, 2013

သားအတွက် အသက်စတေးခံခဲ့တဲ့ အမေ


ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်.. 

"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။

ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ 
အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

အောင်ထွန်းဦး

Sunday, July 7, 2013

သူငယ်ချင်းတွေကို ကယ်တင်ခဲ့တဲ့ သူရဲကောင်း




Om Prakash Yadav ဆိုတဲ့ ကောင်လေးက ခုနှစ်တန်း ကျောင်းသားလေးဖြစ်ပါတယ်.. သူ့အဖေကတော့ Uttar Pradesh လို့ခေါ်တဲ့ သာမန် လယ်သမားလေးတစ်ဦးပါ..။ 

သူဟာ သူ့ သူငယ်ချင်းတွေကို မီးလောင်နေတဲ့ van ကားထဲကနေ ဆွဲထုတ်ပြီး အသက်ကယ်တင်ခဲ့သူပါ..။
စက်တင်ဘာ ၄၊ ၂၀၁၀ မှာ သူဟာ အခြား ကျောင်းသား ကျောင်းသူတွေနဲ့ အတူ ကျောင်းကားနဲ့ ကျောင်းသွားနေခဲ့တာပါ..။ 

ဒါပေမယ့် ချက်ချင်းပဲ ၀ါယာရှော့ကနေ တစ်ဆင့် ကားဟာ မီးလောင်ကျွမ်းခဲ့ပါတယ်..။ ကားဆရာက ကားထဲကနေ ခုန်ထွက်ပြီး ထွက်ပြေးသွားခဲ့ပေမယ့် သူကတော့ ကားတံခါးကိုဖွင့်ပြီး ကားထဲမှ အခြား သူငယ်ချင်းတွေကို ချီပိုးပြီး ကယ်ဆယ်ခဲ့ပါတယ်.. သူရဲ့ မျက်နှာပြင် လက်မောင်းနဲ့ ကျောမှာ သေရာပါတဲ့ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်..။

သူဟာ ကားထဲမှ သူငယ်ချင်း ၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်..။ ဒီလုပ်ရပ်ကြောင့် သူဟာ Sanjay Chopra ဆိုတဲ့ ဆုချီးမြှင့်ချင်းခံခဲ့ရပါတယ်..။ 

အောင်ထွန်းဦး

စိတ်တိုရင် ဘာကြောင့် အော်ဟစ်နေကြသလဲ…



ရဟန်းပျို တစ်စုဟာ ဂင်္ဂါမြစ်ကမ်း နဘေးမှာ ရေချိုးနေကြရင်း တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုံ ပြုလုပ်ရာကနေ ဒေါသနဲ့ အော်ဟစ် နေကြပါတယ်.။ ခေါင်းဆောင် ရဟန်းက အဆိုပါ ရဟန်းတွေကို 

 "အသင်တို့ ဘာလို့ ဒေါသဖြစ်တဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်နေကြတာလို့ ထင်လဲ…."

ရဟန်းပျိုတွေဟာ တစ်ခါဏမျှ စဉ်းစားပြီး သူတို့ထဲက တစ်ဦးမှ.. "တပည့်တော်တို့ စိတ်လွတ် သွားလို့… အော်ဟစ်ကြတာပါဘုရား…"

"ဒါပေမယ့် ကိုယ့်အနားမှာပဲ ရှိနေတဲ့သူကို ဘာလို့ အော်ဟစ်ပြောဆိုရတာလဲ… အသင်တို့ ပြောလိုတာကို အေးဆေးသက်သာစွာ ပြောလို့ ရတာပဲလေ…" ရဟန်းခေါင်းဆောင်က ပြန်မေးလိုက်တယ်…။

ရဟန်းပျိုတွေက အဖြေ အမျိုးမျိုးပေးကြပေမယ့် တစ်ယောက်အဖြေကို ကျန်တဲ့သူတွေက မကျေနပ်တာနဲ့ပဲ နောက်ဆုံးတော့ ရဟန်းခေါင်းဆောင်က..

"လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးကြပြီဆိုရင်… သူတို့ရဲ့ နှလုံးသားတွေဟာ ဝေးကွာ သွားကြတယ်…ဒါကြောင့် ဝေးကွာသွားတဲ့ အကွာအဝေးအလျှောက်… တစ်ဦးပြောစကားကို တစ်ဦး ကြားရဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ကြခြင်းဖြစ်တယ်…"
"သူတို့ ပိုစိတ်ဆိုးလေလေ…၊ သူတို့ နှလုံးသားတွေက ပိုဝေးကွာလေလေဖြစ်ပြီး… သူတို့ ပိုမို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြမှာ ဖြစ်တယ်…"

"နောက်ဥပမာတစ်ခုနဲ့ပြောရရင် လူနှစ်ဦး ချစ်ကြိုက်သွားတယ်ဆိုပါဆို့… သူတို့နှစ်ဦးဟာ အော်ဟစ်ပြောဆိုခြင်း မပြုပဲ တိုးတိတ်ညှင်သာစွာပဲ ပြောဆိုကြတယ်..။ သူတို့နှလုံးတွေက အနီးဆုံးမှာ ရှိနေကြတယ်လေ…သူတို့နှလုံးသားကြားမှာရှိတဲ့ အကွာအဝေးက မရှိသလောက်ကို နည်းပါးတယ်…။ တစ်နည်းအားဖြင့် သူတို့ ပိုချစ်လာလေလေ…သူတို့ နှလုံးသားတွေ ပိုမိုနီးကပ်လာလေလေ ဖြစ်ပြီး နောက်ဆုံး သူတို့ စကားတောင် ပြောဖို့ မလိုတော့ပဲ မျက်လုံးက အကြည့်ချင်းနဲ့တင်ကို စကားပြောလို့ရကြပါတယ်.။"

"ဒါကြောင့် အသင်တို့ အငြင်းအခုံ လုပ်ကြတဲ့အချိန်မှာ..အသင်တို့ရဲ့ နှလုံးသားတွေကို အဝေးမရောက် စေပါနဲ့..၊ နှလုံးသားနှစ်ခု အဝေးရောက်စေမယ့် စကားတွေကို မပြောကြပါနဲ့…၊ ဒါမှမဟုတ်ရင်.. လူနှစ်ယောက်ရဲ့ နှလုံးသားဟာ ဝေးကွာလွန်းသွားပြီး ပြန်လည်နီးကပ်ဖို့ လမ်းစကို အသင်တို့ ရှာမတွေ့ပဲ ဖြစ်လိမ့်မယ်…"

အောင်ထွန်းဦး



LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ