Thursday, October 24, 2013

စကားပြောတဲ့ ဓါတ်ပုံ



ဒီပုံလေးကတော့ မြင်ရတာ စိတ်မကောင်းစရာပါပဲ…။ အိန္ဒိယနိုင်ငံက အိမ်ခြေမဲ့ ကောင်လေး တစ်ယောက်ဟာ ဗိုက်ဆာလွန်းတာကြောင့် ခွေးတစ်ကောင်ရဲ့ နို့ကို စို့နေတဲ့ ပုံလေးပါ..။ ဒီပုံလေးဟာ အိန္ဒိယနိုင်ငံမှာ တော်တော် ဂယက်ရိုက်ခဲ့မှုရှိခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမှုနဲ့ ချမ်းသာမှု ကွာခြားချက် ကို မီးမောင်းထိုး ပြခဲ့တဲ့ ဓါတ်ပုံအဖြစ် တင်စားခဲ့ကြပါတယ်..။




အောင်ထွန်းဦး

ရုံးအကူ



အလုပ်လက်မဲ့ တစ်ယောက်ဟာ နာမည်ကြီး Company တစ်ခုမှာ ရုံးအကူ ရာထူးအတွက် အလုပ်လျှောက် ထားခဲ့တယ်..။ မန်နေဂျာက သူ့ကို အင်တာဗျူးပြီးတော့ စမ်းသပ်မှု့တစ်ခုကို လုပ်ခိုင်းခဲ့တယ်.."ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပြပါ…"
 
သူကြမ်းပြင်ကို သေချာစွာ သန့်ရှင်းပြီးတဲ့နောက်မှာတော့ "မင်းကို ခန့်လိုက်ပြီ..၊ ငါ့ကို မင်းရဲ့ email လိပ်စာ ပေးပါ..။ ငါမင်းကို ဖြည့်ရမယ့် အချက်အလက်တွေရယ်.. ဘယ်အချိန် အလုပ်စ၀င်ရမယ်ဆိုတာကို ပို့ပေးလိုက်မယ်…"

သူက "ကျွန်တော့်မှာ ကွန်ပျူတာလည်း မရှိသလို email လည်း မရှိပါဘူး.."

"၀မ်းနည်းပါတယ်.. email မရှိဘူးဆိုရင် မင်းကို အလုပ်ခန့်ဖို့ မဖြစ်နိုင်ပါဘူး.၊ အခုခေတ်မှာ လူတိုင်းက email နဲ့ အလုပ်လုပ်နေကြတာလေ…"

သူဟာ စိတ်ပျက်စွာနဲ့ ထွက်လာခဲ့တယ်..။ ဘာလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်..။ သူရဲ့ အိပ်ကပ် ထဲမှာတော့ $10 USD ရှိနေပါတယ်..။

သူဟာ supermarket တစ်ခုကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး 10kg ရှိတဲ့ အာလူး တစ်ဖါကို ၀ယ်ယူလိုက်တယ်..။ ပြီးတော့ သူဟာ တစ်အိမ်တက် တစ်အိမ်ဆင်း အာလုံးလိုက်ရောင်းတော့တယ်..။ နှစ်နာရီအတွင်းမှာ အာလူးတွေ အားလုံးကုန်ခဲ့ပြီး သူ့ရဲ့ ပိုက်ဆံလည်း နှစ်ဆ ဖြစ်လာခဲ့တယ်..။

သူဟာ ဒီလိုမျိုး နောက်ထပ် သုံးကြိမ် ပြုလုပ်ခဲ့ပြီး $60 USD နဲ့ အိမ်ပြန်လာခဲ့တယ်..။ သူဟာ ဒါဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ပဲလို့ သတ်မှတ်လိုက်ပြီး နေ့တိုင်း အစောကြီး ဈေးသွားကာ နောက်ကျမှ အိမ် ပြန်တော့တယ်..။ ဒီလိုနဲ့ သူရဲ့ ပိုက်ဆံဟာလည်း တစ်ဖြည်းဖြည်း တိုးပွားလာခဲ့တယ်..။ အချိန်အတိုအတွင်းမှာ သူဟာ ကုန်တင်လှည်း၊ ပြီးတော့ ကား၊ ပြီးတော့ ကိုယ်ပိုင် တိုက်ခန်းတွေလည်း ပိုင်ဆိုင်လာခဲ့တယ်..။

ငါးနှစ်ကြာတဲ့အခါမှာ၊ သူ့ရဲ့ company ဟာ အစားအသောက် ရောင်းဝယ်မှု ဈေးကွက်ထဲမှာ အကြီးဆုံး ဖြစ်နေပါပြီ..။ သူဟာ သူ့မိသားစုရဲ့ အနာဂတ်အတွက်..၊ အသက် အာမခံ ထားဖို့ အာမခံ ကုမ္ပဏီနဲ့ ဆက်သွယ်ခဲ့တယ်..။

အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူမှ .."ခင်ဗျားဟာ email တစ်ခုတောင် မရှိပဲနဲ့ ဒီလိုမျိုး စီးပွားရေးကို ထူထောင် နိုင်ခဲ့တယ်..။ တစ်ကယ်လို့ ခင်ဗျားမှာသာ email ရှိခဲ့ရင်တော့ ဘယ်လောက်တောင် အောင်မြင်မှာလဲဆိုတာကို ခင်ဗျား တွေးမိရဲ့လား…"

သူဟာ ခဏမျှ စဉ်းစားလိုက်ပြီး တစ်လုံးချင်း ပြန်ပြောလိုက်တယ်…"ကုမ္ပဏီ တစ်ခုမှာ ရုံးအကူပါ…"


အောင်ထွန်းဦး

Saturday, October 12, 2013

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။
အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါ တခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။
အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။


ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။
VRoot Screenshots

ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေ ပါတယ်။ ဖုန်းတွေ မြန်မာဖောင့် ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ် ကို ကောင်းပါတယ်ဗျာ။

 မှတ်ချက်  :  အပေါ်က  Rootres.zip ဗျာ လင့်တွေ တင်လိုက် အဖျက်ခံလိုက်ရ နဲ့ အခု လင့်အများကြီးနဲ့ တင်ပေးထားပါတယ်။ အပေါ်က Rootres.zip ကို ဒေါင်းမရရင် ဒီအောက်မှာ ရှိတဲ့ လင့်တွေထဲက စိတ်ကြိုက် ဒေါင်းနိုင်ပါပြီဗျာ။
Download  Rootres.zip >>>>>>>>>


အဲလောက်တောင်သေချင်နေတဲ့ လင့် 5 လင့်တင်ထားပေးပါတယ်။ ကြိုက်ရာလင့်ကနေ ဒေါင်း ယူနိုင်ပါပြီ ။

အားလုံးအဆင်ပြေပါစေ.......။
 


အောင်ထွန်းဦး

Wednesday, October 9, 2013

ဆရာကို ဓါးနဲ့ထိုးသတ်တဲ့ ကျောင်းသား



စက်တင်ဘာလ ၁၄ ရက်နေ့က Fuzhou Linchuan အထက်တန်းကျောင်းက grade 12th ကျောင်းသား ဖြစ်တဲ့ Lei X ဟာ သူရဲ့ ဆရာကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ နှစ်ရက် လောက်က Lei X ဟာ စာသင်ခန်းထဲမှာ ဖုန်းဆော့ကစားနေတဲ့အတွက် ဆရာက သူရဲ့ဖုန်းကို သိမ်းလိုက်ပြီး အိမ်ကို အကြောင်းကြားမယ်လို့ ပြောခဲ့ပါတယ်..။ 




Lei X ဟာ အသက် 18 နှစ်တောင် မပြည့်သေးပါဘူး..။ Lei X ဟာ နေ့လည် 11း26 မှာ ဆရာရဲ့ ရုံးခန်းထဲကို သွားရောက်ခဲ့ပြီး ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ အဆိုပါ အချိန်မှာ အခြား ကျောင်းဆရာတစ်ဦး ရှိနေပေမယ့်လည်း ခုံတွေ စာအုပ်တွေနဲ့ ကွယ်နေတာကြောင့် သေချာ မမြင်တွေ့ခဲ့ရပဲ ဆရာရဲ့အော်သံကို ကြားမှသာ အပြေး လာရောက်ခဲ့တာပဲဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်..။ 

တရုတ်မီဒီယာတွေကတော့ ကျောင်းသားနဲ့ ဆရာကြားမှာရှိတဲ့ ဆက်ဆံရေးကို မေးခွန်း ထုတ်ခဲ့ကြပါတယ်..

အောင်ထွန်းဦး

ကလေး ဓါးစာခံဖြစ်ခဲ့ရတဲ့ မိဘ ရန်ပွဲ

အောက်တိုဘာလ ၂ ရက်နေ့ နံနက် 7း00 နာရီခန့်မှာ တရုတ်နိုင်ငံ Henan ပြည်နယ် မှာရှိတဲ့ Xinda တံတား အနီးမှာ လင်မယားနှစ်ယောက် ရန်ဖြစ်ခဲ့ကြပါတယ်.. ဒီလို ဆွဲလားရန်းလားနဲ့ ရန်ဖြစ်နေချိန်မှာ သူတို့ရဲ့ သားလေးဟာ တံတားအောက်ကို ပြုတ်ကျသွားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်..။ အခုတော့ လင်မယားနှစ် ယောက်စလုံးကို ရဲစခန်းကနေ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်..။




ဒီအဖြစ်အပျက်ကို အမေဖြစ်သူက သတင်းပေးပို့ခဲ့တာပါ..။ ရဲဝန်ထမ်းတွေ ရောက်ရှိလာတဲ့အခါမှာတော့ သူမဟာ ကြောက်ရွှံ့နေတဲ့ပုံစံဖြစ်နေပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ရှာပါဘူး..။ သူမ ကတော့ " ကလေး တံတားအောက်ကို ကျသွားပီ. "  ဆိုတာကိုသာ အထပ်ထပ်ပြောနေပါသတဲ့..။ ကြားထဲကနေ ဓါးစာခံဖြစ်သွားခဲ့ရတဲ့ ကလေးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်..။

အောင်ထွန်းဦး

Thursday, September 5, 2013

လယ်သမားနဲ့ နာရီ ပုံပြင်


တစ်ခါက လယ်သမားတစ်ယောက်ဟာ စပါးကျီထဲမှာ အလုပ်လုပ်နေရင်း လက်မှာ ပတ်ထားတဲ့ နာရီဟာ ပျောက်သွားခဲ့တယ်..။ ဒီနာရီဟာ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာ ရှိနေတဲ့ နာရီ တစ်လုံးလည်း ဖြစ်တယ်..။ အသစ်ပြန်ဝယ်လို့ ရနိုင်ပေမယ့် ဒီနာရီကို သူအရမ်း နှမျောတသ ဖြစ်နေမိတယ်..။

သူဟာ အတော်ကြာအောင် နာရီကို ကောက်ရိုးပုံတွေကြားထဲမှာ ရှာဖွေခဲ့တယ်..။ နောက်ဆုံးတော့ သူဟာ လက်လျှော့လိုက်ပြီး အပြင်မှာဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ် လိုက်တယ်..။ ပြီးတော့ နာရီတွေ့အောင်ရှာပေးတဲ့ကလေးကို ဆုချမယ်လို့လည်း မက်လုံးပေးလိုက်တယ်..။
ဒါကိုကြားကြားခြင်းပဲ ကလေးတွေဟာ စပါးကျီထဲကို ပြေးဝင်သွားကြပြီး သူ့ထက်ငါ အလုအယက် ရှာဖွေ ကြတယ်..။ ဒါပေမယ့် ပျောက်ဆုံးနေတဲ့ နာရီကိုတော့ ပြန်မတွေ့ ပါဘူး..။

 ဒီလိုနဲ့ နောက်ဆုံး မရှာတော့ပဲ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခြားကလေးတွေလို နာရီကို ၀င်မရှာပဲ ထိုင်နေတဲ့ ကလေး တစ်ယောက်က သူရှာပေးမယ် ဆိုပြီး လယ်သမားကြီးကို ပြောလာပါတယ်…

လယ်သမားက "ကလေးတွေတော့ ရှာပြီးကုန်ပြီ.. ထပ်ရှာသေးချင်ရင်လည်း ရှာလေ.." လို့ ပြောလိုက်တယ်..။ ကလေးဟာ စပါးကျီထဲကို အေးအေးဆေးဆေးဝင်သွားပြီး ခဏအကြာမှာတော့ လက်ထဲမှာ နာရီ တစ်လုံး ကိုင်ပြီး ပြန်ထွက်လာပါတယ်..။

လယ်သမားဟာ အံ့သြ ၀မ်းသာမှုတွေနဲ့အတူ ကလေးကို တစ်ခြားကလေးအများကြီး ရှာမတွေ့တာကို တစ်ယောက်တည်း ဘယ်လို ရှာလာတာလဲလို့ မေးလိုက်တယ်..။

ကောင်လေးက "ကျွန်တော် ဘာမှ ထွေထွေထူးထူး မလုပ်ပါဘူး..။ အားလုံးတိတ်ဆိတ်နေတဲ့အခါမှာ..၊ နာရီရဲ့ တစ်ချက်ချက် မြည်သံကို နားထောင်ရင်း သူ့နေရာကို ခန့်မှန်းရှာလိုက်တာပါ…."


သင်ခန်းစာ  ။    စိတ်ကို တည်ငြိမ်အောင် ထားပြီး အလုပ်တစ်ခုကို တွေးတော လုပ်ဆောင်တာဟာ စိတ်စောလျင်စွာ အလောတကြီး လုပ်ဆောင်တာထက် ပိုမို အကျိုးရှိပါတယ်..။ 

အောင်ထွန်းဦး 

Wednesday, September 4, 2013

နေရာလေးတော့ ပြောခဲ့ပါ..


တနှစ်က မန္တလေးသင်္ကြန်ကို သွားလည်ဖြစ်တယ်။
သင်္ကြန်တွင်း လူအစည်ကားဆုံးဖြစ်တဲ့ကျုံးနဲ့ အနီးဆုံးဟော်တယ်တစ်ခုမှာ တည်းခိုဖို့သွားတော့ အခန်းတိုင်း လူပြည့်နေတယ်တဲ့။
တော်တော်စိတ်ညစ်သွားတယ်။
ကောင်တာစာရေးမက ဆက်ပြောလာတယ်..
.
"အခန်းလွတ်တစ်ခုတော့ ကျန်သေးတယ် ဦး၊ ဒါပေမဲ့ အဲဒီအခန်းက အိမ်သာပျက်နေလို့ ပြင်နေတာ မပြီးသေးဘူး၊ အများသုံးအိမ်သာမှာ အသုံးပြုပြီးနေနိုင်တယ်ဆိုရင်တော့ ဦး နေလို့ရပါတယ်"

ဘယ်မှလည်းထပ်မရှာချင်တော့တာနဲ့ အဲဒီအခန်းကိုဘဲ ယူလိုက်တယ်။
မန္တလေးသင်္ကြန်မှာ ပျော်ပါတယ်။
အခန်းပြန်ရောက်လို့ အပေါ့အလေးသွားတဲ့အခါ နည်းနည်းကသီတာကလွဲလို့ ကျန်တာအားလုံးအိုကေပါတယ်...

အဲ...မအိုကေတာက ပြန်မယ့်နေကျမှဖြစ်တာ၊
ပြန်မယ်ဆိုပြီး ပစ္စည်းတွေထုတ်ပိုးသိမ်းဆည်းပြီးကာမှ ဗိုက်ကရစ်ရစ်ပြီးနာလာတယ်..
ဒါနဲ့ အိမ်သာရှိရာ ကမန်းကတန်းပြေးရတာပေါ့၊ ကံများမကောင်းချင်တော့ အိမ်သာက တခန်းမှ မအားဘူး။
ဟိုတယ်က ၂ထပ်ဆိုတော့ အောက်ထပ်မှာလဲ အများသုံးအိမ်သာရှိတာနဲ့ အောက်ထပ်ဆင်းပြေးရပြန်တယ်..

အာ..အောက်ထပ်က အိမ်သာတွေမှာလဲ လူအပြည့်..ခက်ပြီ၊ ဒီမှာလဲထွက်ကျတော့မယ်...
ကြံရာမရတဲ့အဆုံး အခန်းကိုဘဲပြန်လာလိုက်တယ်...

အခန်းထဲက စာပွဲပေါ်မှာအလှတင်ထားတဲ့ ပန်းအိုးကိုယူလိုက်တယ်၊
ပန်းတွေကို ဆွဲထုတ်လိုက်ပြီး ပန်းအိုးထဲကို ဗိုက်နာတဲ့ကိစ္စရှင်းချလိုက်တယ်။
ပြီးတော့ ပန်းတွေ ပြန်စိုက်ထဲ့လိုက်တယ်။
ခုမှနေသာထိုင်သာရှိတော့တာကိုး...

ပြီးတာနဲ့ အိတ်ဆွဲပြီးခပ်တည်တည်နဲ့ ထွက်လာခဲ့တာပေါ့။
ဒီလိုနဲ့.....
နောက်တစ်ပတ်လောက်ကြာတော့ ဟိုတယ်က ပို့လိုက်တဲ့ ပို့စ်ကဒ် တစ်ခု စာတိုက်က ရောက်လာတယ်..
ပို့စ်ကဒ်မှာရေးထားတာက... ...

"လူကြီးမင်းရှင့်...
 အားလုံးကိုခွင့်လွတ်ပါသည်၊
 ဘယ်နေရာမှာ ပါခဲ့တယ်ဆိုတာကိုတော့ သိပါရစေရှင်"
....တဲ့

(ကိုယ်တွေ့မဟုတ်ပါခမျာ၊ အင်တာနက်က ဟာသ ကိုမြန်မာမှုပြုထားတာပါ၊ )

Credit to >>> Original Writer

အတုယူသင့်တဲ့ အဘွားအို



ဒီပုံထဲက အမျိုးသမီးကြီးကတော့ Shila Ghosh လို့ခေါ်ပြီး အသက် ၈၃ နှစ်ရှိပြီဖြစ်ပါတယ်..။ သူမဟာ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘင်ဂေါက Pali မှာ နေထိုင်ပါတယ်..။ သူမရဲ့ တစ်ဦးတည်းသော သားဟာ လွန်ခဲ့တဲ့ လအနည်းငယ်က နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်.. သူမဟာ သူမစားဝတ်နေရေးအတွက် ညနေတိုင်း Pali ကနေ Kolkata ကို အာလူးကြော် ရောင်းချဖို့ အတွက် လာရောက်ပါတယ်..။ 
ဒီလိုနေ့တိုင်း သွားလာဖို့အတွက် အခက်အခဲမရှိဘူးလားလို့ မေးတော့ သူမက.."မရှိပါဘူး..။ ကားက ဒီအထိ ပို့ပေးတယ်လေ..။ ဒီလောက်တော့ ကျန်းမာရေး ကောင်းပါသေးတယ်.."လို့..ပြုံးပြီး..ဖြေပါတယ်.. 
တစ်ကယ်ဆို အခြေအနေတွေက သူမရဲ့ဝမ်းစာအတွက် တောင်းရမ်းစားသောက်ဖို့ ဖန်တီးခဲ့ပေမယ့် သူမကတော့ လမ်းပေါ်မှာ တောင်းရမ်းဖို့ထက် နောက်ဆုံးအချိန်ထိ အလုပ်လုပ်သွားဖို့ ဆုံးဖြတ် သွားခဲ့ပါတယ်..။ 
ကျွန်တော်တို့တွေ တစ်ခုခု အဆင်မပြေလို့ ဆင်ခြေပေးဖို့ စဉ်းစားတိုင်း သူမကို သတိရသင့်ပါတယ်..။ သူမဟာ သူမရဲ့ ပြသနာ ကို ဆင်ခြေမပေးပဲ သူမကိုယ်ပိုင် နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာပဲလေ..။ 
သူမကို လူအများစုက ကူညီလှူဒါန်းချင်ကြပါတယ်.. ဒါပေမယ့် သူမ လက်မခံခဲ့ပါဘူး… ဒါကြောင့် လူတွေဟာ သူမရဲ့ အာလူးကြော်တွေကို များများဝယ်စားခြင်းဖြင့် သူမကို တစ်ဖက်တစ်လမ်းကနေ ကူညီနေကြပါတယ်..။ 
သင်တို့လည်း အခွင့်အခါကြုံလို့ Kolkata ကိုရောက်ခဲ့ရင် ဒီအမျိုးသမီးကြီးဆီက အာလူးကြော်ကို ၀ယ်စားဖို့ မမေ့ပါနဲ့…။ 
အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ