Thursday, October 24, 2013

ပေါင်မုန့်တစ်ချပ် ကလေးတစ်ယောက်နဲ့ ခွေးတစ်ကောင်



လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ကျွန်တော်ဟာ Bombay Airport (India) မှာ တာဝန်ကျခဲ့ပါတယ်..။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ကားနဲ့ တာဝန်ကျရာနေရာဖြစ်တဲ့ South Bombay ကို ထွက်လာခဲ့ပါတယ်.။
 
ကျွန်တော်ဟာ ရှုပ်ထွေးလှတဲ့ကားတွေ အလျင်လိုနေကြတဲ့လူတွေရဲ့ ကားတွေကို အလျင်စလို ဖြတ်မောင်းမှု တွေကိုကြည့်ရင်း လမ်းပိတ်နေတဲ့ လမ်းဆုံမှာ ကားပိတ်မိနေပါတော့တယ်..။

ဒီလိုစောင့်နေရင်းနဲ့ပဲ..၊ ကျွန်တော်ဟာ အသက် ၁၂ နှစ်လောက်သာ ရှိမယ့် အရမ်း ဆင်းရဲပြီး လမ်းပေါ်မှာ တောင်းရမ်းစားသောက်တဲ့ ကလေးတစ်ယောက်ကို တွေ့ရှိ ခဲ့ရပါတယ်..။ သူဟာ သူ့အိပ်ကပ်ထဲက ပေါင်မုန့် တစ်ခုကို ထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်ပြီး စားလိုက်ပါတယ်..။

သူနောက်တစ်ကိုက် စားဖို့အလုပ်မှာ..၊ ဆာလောင်နေတဲ့ ခွေးတစ်ကောင်ဟာ အမြီးကို ဝှေ့ရမ်းရင်း သူ့အနားကို ရောက်လာခဲ့ပါတယ်..။ ကောင်လေးဟာ တွေဝေခြင်းမရှိပဲ ထိုင်ချလိုက်ပြီး ခွေးစားဖို့အတွက် ပေါင်မုန့်ကို လမ်းပေါ်ချပေး လိုက်ပါတယ်..။

ခွေးဟာ ပေါင်မုန့်ကို နမ်းရှုံ့လိုက်ပြီး မစားပဲ အဝေးကို ထွက်ခွာသွား ခဲ့ပါ တယ်..။ ကောင်လေးဟာ ခွေးပေါင်မုန့် ကို မစားတော့ တာ သေချာ တာနဲ့ ပေါင်မုန့် ကို ပြန်ကောက် ယူလိုက်ပြီး စားလိုက်ပါတယ်..။

ဒီမြင်ကွင်းကို ကြည့်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ တစ်မျိုးခံစားလိုက်ရပြီး ကျွန်တော် ကောင်လေးဆီကို ကားတံခါးဖွင့်ပြီး လျှောက်သွား ခဲ့ချင်ပေမယ့် အဲ့ဒီအချိန်မှာ ကားတွေ ရှင်းပြီး ထွက်ဖို့ အချက်ပြတာကြောင့် မသွားဖြစ်ခဲ့ပါဘူး..။ ကျွန်တော် တစ်နေကုန် ညနေစာ စားတဲ့အချိန်ထိ ကောင်လေးအကြောင်းကို စဉ်းစားနေမိခဲ့ပါတယ်..။ ကျွန်တော် ကားရပ်ပြီး ကောင်လေးကို သွားတွေ့သင့်ခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော် မလုပ်ဖြစ်ခဲ့ပါဘူး..။

ကျွန်တော် တွေးမိနေတာကတော့ ကောင်လေးဟာ အရမ်းဆာလောင်နေပေမယ့်လည်း သူ့မှာ ရှိတဲ့ တစ်ခုတည်း သော ပေါင်မုန့်ကို ခွေးကို ကျွေးခဲ့ပါတယ်..။ ကောင်လေးဟာ ကျွန်တော်နဲ့စကားတစ်ခွန်းမှ မပြောရပဲ ကျွန်တော့်ကို ကိုယ်ပိုင်ဆိုင်တဲ့ ပျော်ရွှင်မှုတွေ အချစ်တွေတွေကို ဘယ်လို ဝေငှ ရမလဲဆိုတာ သင်ခန်းစာ တစ်ခု ပေးခဲ့ပါပြီလေ..။ ကျေးဇူးတင်ပါတယ် ကောင်လေးရယ်….။

အောင်ထွန်းဦး

စကားပြောတဲ့ ဓါတ်ပုံ



ဒီပုံလေးကတော့ မြင်ရတာ စိတ်မကောင်းစရာပါပဲ…။ အိန္ဒိယနိုင်ငံက အိမ်ခြေမဲ့ ကောင်လေး တစ်ယောက်ဟာ ဗိုက်ဆာလွန်းတာကြောင့် ခွေးတစ်ကောင်ရဲ့ နို့ကို စို့နေတဲ့ ပုံလေးပါ..။ ဒီပုံလေးဟာ အိန္ဒိယနိုင်ငံမှာ တော်တော် ဂယက်ရိုက်ခဲ့မှုရှိခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမှုနဲ့ ချမ်းသာမှု ကွာခြားချက် ကို မီးမောင်းထိုး ပြခဲ့တဲ့ ဓါတ်ပုံအဖြစ် တင်စားခဲ့ကြပါတယ်..။




အောင်ထွန်းဦး

ရုံးအကူ



အလုပ်လက်မဲ့ တစ်ယောက်ဟာ နာမည်ကြီး Company တစ်ခုမှာ ရုံးအကူ ရာထူးအတွက် အလုပ်လျှောက် ထားခဲ့တယ်..။ မန်နေဂျာက သူ့ကို အင်တာဗျူးပြီးတော့ စမ်းသပ်မှု့တစ်ခုကို လုပ်ခိုင်းခဲ့တယ်.."ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပြပါ…"
 
သူကြမ်းပြင်ကို သေချာစွာ သန့်ရှင်းပြီးတဲ့နောက်မှာတော့ "မင်းကို ခန့်လိုက်ပြီ..၊ ငါ့ကို မင်းရဲ့ email လိပ်စာ ပေးပါ..။ ငါမင်းကို ဖြည့်ရမယ့် အချက်အလက်တွေရယ်.. ဘယ်အချိန် အလုပ်စ၀င်ရမယ်ဆိုတာကို ပို့ပေးလိုက်မယ်…"

သူက "ကျွန်တော့်မှာ ကွန်ပျူတာလည်း မရှိသလို email လည်း မရှိပါဘူး.."

"၀မ်းနည်းပါတယ်.. email မရှိဘူးဆိုရင် မင်းကို အလုပ်ခန့်ဖို့ မဖြစ်နိုင်ပါဘူး.၊ အခုခေတ်မှာ လူတိုင်းက email နဲ့ အလုပ်လုပ်နေကြတာလေ…"

သူဟာ စိတ်ပျက်စွာနဲ့ ထွက်လာခဲ့တယ်..။ ဘာလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်..။ သူရဲ့ အိပ်ကပ် ထဲမှာတော့ $10 USD ရှိနေပါတယ်..။

သူဟာ supermarket တစ်ခုကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး 10kg ရှိတဲ့ အာလူး တစ်ဖါကို ၀ယ်ယူလိုက်တယ်..။ ပြီးတော့ သူဟာ တစ်အိမ်တက် တစ်အိမ်ဆင်း အာလုံးလိုက်ရောင်းတော့တယ်..။ နှစ်နာရီအတွင်းမှာ အာလူးတွေ အားလုံးကုန်ခဲ့ပြီး သူ့ရဲ့ ပိုက်ဆံလည်း နှစ်ဆ ဖြစ်လာခဲ့တယ်..။

သူဟာ ဒီလိုမျိုး နောက်ထပ် သုံးကြိမ် ပြုလုပ်ခဲ့ပြီး $60 USD နဲ့ အိမ်ပြန်လာခဲ့တယ်..။ သူဟာ ဒါဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ပဲလို့ သတ်မှတ်လိုက်ပြီး နေ့တိုင်း အစောကြီး ဈေးသွားကာ နောက်ကျမှ အိမ် ပြန်တော့တယ်..။ ဒီလိုနဲ့ သူရဲ့ ပိုက်ဆံဟာလည်း တစ်ဖြည်းဖြည်း တိုးပွားလာခဲ့တယ်..။ အချိန်အတိုအတွင်းမှာ သူဟာ ကုန်တင်လှည်း၊ ပြီးတော့ ကား၊ ပြီးတော့ ကိုယ်ပိုင် တိုက်ခန်းတွေလည်း ပိုင်ဆိုင်လာခဲ့တယ်..။

ငါးနှစ်ကြာတဲ့အခါမှာ၊ သူ့ရဲ့ company ဟာ အစားအသောက် ရောင်းဝယ်မှု ဈေးကွက်ထဲမှာ အကြီးဆုံး ဖြစ်နေပါပြီ..။ သူဟာ သူ့မိသားစုရဲ့ အနာဂတ်အတွက်..၊ အသက် အာမခံ ထားဖို့ အာမခံ ကုမ္ပဏီနဲ့ ဆက်သွယ်ခဲ့တယ်..။

အာမခံ ကုမ္ပဏီမှ တာဝန်ရှိသူမှ .."ခင်ဗျားဟာ email တစ်ခုတောင် မရှိပဲနဲ့ ဒီလိုမျိုး စီးပွားရေးကို ထူထောင် နိုင်ခဲ့တယ်..။ တစ်ကယ်လို့ ခင်ဗျားမှာသာ email ရှိခဲ့ရင်တော့ ဘယ်လောက်တောင် အောင်မြင်မှာလဲဆိုတာကို ခင်ဗျား တွေးမိရဲ့လား…"

သူဟာ ခဏမျှ စဉ်းစားလိုက်ပြီး တစ်လုံးချင်း ပြန်ပြောလိုက်တယ်…"ကုမ္ပဏီ တစ်ခုမှာ ရုံးအကူပါ…"


အောင်ထွန်းဦး

Saturday, October 12, 2013

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။
အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါ တခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။
အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။


ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။
VRoot Screenshots

ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေ ပါတယ်။ ဖုန်းတွေ မြန်မာဖောင့် ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ် ကို ကောင်းပါတယ်ဗျာ။

 မှတ်ချက်  :  အပေါ်က  Rootres.zip ဗျာ လင့်တွေ တင်လိုက် အဖျက်ခံလိုက်ရ နဲ့ အခု လင့်အများကြီးနဲ့ တင်ပေးထားပါတယ်။ အပေါ်က Rootres.zip ကို ဒေါင်းမရရင် ဒီအောက်မှာ ရှိတဲ့ လင့်တွေထဲက စိတ်ကြိုက် ဒေါင်းနိုင်ပါပြီဗျာ။
Download  Rootres.zip >>>>>>>>>


အဲလောက်တောင်သေချင်နေတဲ့ လင့် 5 လင့်တင်ထားပေးပါတယ်။ ကြိုက်ရာလင့်ကနေ ဒေါင်း ယူနိုင်ပါပြီ ။

အားလုံးအဆင်ပြေပါစေ.......။
 


အောင်ထွန်းဦး

Wednesday, October 9, 2013

ဆရာကို ဓါးနဲ့ထိုးသတ်တဲ့ ကျောင်းသား



စက်တင်ဘာလ ၁၄ ရက်နေ့က Fuzhou Linchuan အထက်တန်းကျောင်းက grade 12th ကျောင်းသား ဖြစ်တဲ့ Lei X ဟာ သူရဲ့ ဆရာကို ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ လွန်ခဲ့တဲ့ နှစ်ရက် လောက်က Lei X ဟာ စာသင်ခန်းထဲမှာ ဖုန်းဆော့ကစားနေတဲ့အတွက် ဆရာက သူရဲ့ဖုန်းကို သိမ်းလိုက်ပြီး အိမ်ကို အကြောင်းကြားမယ်လို့ ပြောခဲ့ပါတယ်..။ 




Lei X ဟာ အသက် 18 နှစ်တောင် မပြည့်သေးပါဘူး..။ Lei X ဟာ နေ့လည် 11း26 မှာ ဆရာရဲ့ ရုံးခန်းထဲကို သွားရောက်ခဲ့ပြီး ဓါးနဲ့ ထိုးသတ်ခဲ့ပါတယ်..။ အဆိုပါ အချိန်မှာ အခြား ကျောင်းဆရာတစ်ဦး ရှိနေပေမယ့်လည်း ခုံတွေ စာအုပ်တွေနဲ့ ကွယ်နေတာကြောင့် သေချာ မမြင်တွေ့ခဲ့ရပဲ ဆရာရဲ့အော်သံကို ကြားမှသာ အပြေး လာရောက်ခဲ့တာပဲဖြစ်ပြီး ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်..။ 

တရုတ်မီဒီယာတွေကတော့ ကျောင်းသားနဲ့ ဆရာကြားမှာရှိတဲ့ ဆက်ဆံရေးကို မေးခွန်း ထုတ်ခဲ့ကြပါတယ်..

အောင်ထွန်းဦး

ကလေး ဓါးစာခံဖြစ်ခဲ့ရတဲ့ မိဘ ရန်ပွဲ

အောက်တိုဘာလ ၂ ရက်နေ့ နံနက် 7း00 နာရီခန့်မှာ တရုတ်နိုင်ငံ Henan ပြည်နယ် မှာရှိတဲ့ Xinda တံတား အနီးမှာ လင်မယားနှစ်ယောက် ရန်ဖြစ်ခဲ့ကြပါတယ်.. ဒီလို ဆွဲလားရန်းလားနဲ့ ရန်ဖြစ်နေချိန်မှာ သူတို့ရဲ့ သားလေးဟာ တံတားအောက်ကို ပြုတ်ကျသွားခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်..။ အခုတော့ လင်မယားနှစ် ယောက်စလုံးကို ရဲစခန်းကနေ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်..။




ဒီအဖြစ်အပျက်ကို အမေဖြစ်သူက သတင်းပေးပို့ခဲ့တာပါ..။ ရဲဝန်ထမ်းတွေ ရောက်ရှိလာတဲ့အခါမှာတော့ သူမဟာ ကြောက်ရွှံ့နေတဲ့ပုံစံဖြစ်နေပြီး စကားတောင် ကောင်းကောင်း မပြောနိုင်ရှာပါဘူး..။ သူမ ကတော့ " ကလေး တံတားအောက်ကို ကျသွားပီ. "  ဆိုတာကိုသာ အထပ်ထပ်ပြောနေပါသတဲ့..။ ကြားထဲကနေ ဓါးစာခံဖြစ်သွားခဲ့ရတဲ့ ကလေးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်..။

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ