Monday, December 31, 2012

အချစ်ဆိုသည်မှာ....



အရပ်ချင်း ၁ပေ၊ ၆ လက်မ ကွာခြားသော်လည်း ချစ်ခြင်းမေတ္တာတရားရဲ့ စေစားချက်လို့ ဆိုရမလိုပင် 
အသက် ၁၇ နှစ်အရွယ်တွင် အရပ် ၆ပေ၊ ၈ လက်မရှိသည့် ကမ္ဘာ့ အရပ်အရှည်ဆုံးဆယ်ကျော်သက်မိန်းကလေး၊ ဘရာဇီးလ်နိုင်ငံသူကလေး အယ်လစ်စနီ ဒါက၇ုစ်ဆေးလ်ဗာ ဟာ သူမရဲ့ ချစ်သူဖြစ်သည့် အသက် ၂၂ နှစ်အရွယ်ရှိ အရပ် ၅ ပေ၊ ၄ လက်မသာမြင့် သည့် ဖရန်စီနယ်လ်ဒို ဒါဆေးလ်ဗား ကာဗယ်လ်ဟို နှင့် လက်ချင်းချိတ်ကာ လျှောက်လှမ်း လျှက် ချစ်သူကိုအနမ်းပန်းချွေဖို့ ခါးကိုင်းကာ ခေါင်းငုံ့ မွှေးကြူခဲ့ ပါတယ်....

Imobile IStyle ဖုန်းများအား root ပြုလုပ်ခြင်း



Comments ကနေ တောင်းဆိုထားတဲ့ Imobile I Style ဖုန်းများအား root ပြုလုပ်ခြင်းဖြစ်ပါတယ်..။ တစ်ခုပြောလိုတာက အခုတင်ပေးမယ့် နည်းလမ်းဟာ internet ပေါ်မှ တွေ့ရှိရတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပြီး ကျွန်တော်လည်း မစမ်းသပ်ရသေးပါဘူး…Do risk your own လို့ ပြောပါရစေ….အဆင်ပြေမယ်လို့တော့ ထင်ပါတယ်.. ဒါကြောင့် တစ်ခုခုမလုပ်ခင် ထုံးစံအတိုင်း အရေးကြီးတဲ့ data များကို backup အရင်ယူ ထားလိုက်ပါ..။

ဒီဖုန်းကို root လုပ်ဖို့အတွက် computer လိုပါတယ်..။ အရင်ဆုံး ဖုန်းမှာ setting> Development> USB Debugging ကို အမှန်ခြစ်ပေးပါ။ ပြီးရင် computer နဲ့ချိတ်ဆက်လိုက်ပါ..။ Driver Not Found ဆိုပြီးပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင်မိမိဖုန်းရဲ့ driver ကို computer ထဲအရင်သွင်းရမှာဖြစ်ပါတယ်..။ အောက်က driver ကိုဒေါင်းလိုက်ပါ..။

 (Q2 driver တင်ထားခြင်းဖြစ်ပါတယ်..၊ ကိုယ့်ဖုန်း driver ကို download ရမှဖြစ်ပါတယ်.. )

My computer ကို right click နှိပ်ပြီး manage ကို သွားလိုက်ပါ..။ My computer> Manage> Device manager မှာ ? ပြနေသော driver တွင် rightclick နှိပ်ပြီး update driver software> browse my computer driver software ကို အဆင့်ဆင့်ရွေးပေးပြီး ဒေါင်းထားတဲ့ MT6573ADBdrivers ကိုရွေးပေးလိုက်ပါ..။ ထိုအခါ လိုအပ်နေသော driver နဲ့ computer ချိတ်ဆက်မှု ရရှိအောင် လုပ်ဆောင်ပြီးစီးပြီ ဖြစ်ပါတယ်..။

USB ကြိုးကို Computer မှဖြုတ်ပြီး ဖုန်းပိတ်လိုက်ပါ..။ Power နဲ့ Volume Down ခလုပ်နှစ်ခုကို တွဲနှိပ်ပါ..။ ဖုန်းပွင့်လာရင် power ခလုပ်ကိုလွှတ်ပြီး volume down ခလုပ်ကို ဆက်နှိပ်ထားပါ..။ Factory Mode ကိုရောက်ပါက ခလုပ်လွှတ်ပြီး usb ကြိုးနဲ့ computer ကိုချိတ်ဆက်ပါ..။ computer မှာ driver Not found ပဲပြပါလိမ့်မယ်..။ အဲ့ဒီအခါကျရင် computer>manage>device manager ထဲက CBC နဲ့ Imoblie Istyleq2 တို့မှာ ? ပြနေတာကို တွေ့ရပါမယ်..။ 

Imoblie Istyle q2 မှာ right click နှိပ်ပြီး update driver software>browse my computer for driver software ကိုရွေး ပေးပါ..။ နောက်ထပ် Menu တစ်ခုပေါ်လာပါက let me pick from a list of device driver on my computer ကိုနှိပ်ပြီး ပေါ်လာသော menu မှ android phone ကိုရွေးပေးပါ..။ ပြီးလျှင် Next, yes, ok ကိုပဲရွေးပေးပါ..။

ဒါဆိုရင် computer က android device ကို သိရှိသွားပြီဖြစ်သည်။ root လုပ်ငန်းစတင်ရန် အောက်က link မှာပါတဲ့ root q2 ဖိုင်မှ TPSparky root ကို နှိပ်ပါ..။


TPSparky root ကို နှိပ်ပြီး ချက်ချင်းပဲ့ ဖုန်းမျက်နှာပြင် မီးပိတ်သွားလိမ့်မယ်... အဲ့ဒီနေရာမှာ enter မနိုပ်ပဲ့နဲ့ volume down အရင်ဖိနိုပ်ပြီး Factory mode ထဲ ရောက်သွားတော့မှ enter နိုပ်ပြီး auto reboot တတ်တတ်လာတာနဲ့ enter ပဲ 4ကြိမ်လောက်လုပ်လိုက်ရင် root ပြီးသား ဖုန်းတစ်လုံးကို သင်ပိုင်ဆိုင် နိုင်ပါပြီ..။

အောင်ထွန်းဦး

Tuesday, December 25, 2012

Samsung Galaxy Ace [Cooper] GT-S5830, GT-S5830T and Galaxy Gio GT-S5660 များကို Root လုပ်ခြင်း

Samsung Galaxy Ace [Cooper] GT-S5830, GT-S5830T and Galaxy Gio GT-S5660 စတဲ့ ဖုန်းတွေကို အခုတင်ပေးတဲ့ Super One Click ကိုသုံးပြီး Root ပြုလုပ်လို့ရပါတယ်..။ 

ဒီဖုန်းတွေကို root လုပ်ဖို့အတွက် ဖုန်း drivers တွေကို computer ထဲမှာအရင်ဆုံး install ပြုလုပ် ထားရမှာ ဖြစ်ပါတယ်..။ (အရေးကြီးပါတယ်..)

ဖုန်းရဲ့ USB debugging ကို ON ထားပေးပါ..။ (Setting> application> development> USB debugging) 

အောက်က link မှာပါတဲ့ zip.file လေးကို download ဆွဲပြီး ဖြည်လိုက်ပါ..။


ဖုန်းကို computer နဲ့ချိတ်ဆက်ပါ..။ (ဒီနေရာမှာ SD card ကို mount (သို့) connect မပြုလုပ်ရပါ..)

Download ဆွဲထားတဲ့ file ထဲက super one click လေးကို run လိုက်ပြီး root ဆိုတဲ့ button လေးနှိပ် ပေးလိုက်ပါ..။ ဖုန်း reboot ကျသွားပြီး ပြန်တက်လာတာနဲ့ root လုပ်ပြီးသား ဖုန်းတစ်လုံးကို သင်ပိုင်ဆိုင်နိုင်ပြီပေါ့ဗျာ.....။

(ထုံးစံအတိုင်း အဆင်ပြေသည် မပြေသည် အကျိုးအကြောင်းလေး ပြောပေးခဲ့ပါအုံးနော်.....)


အောင်ထွန်းဦး

Sunday, December 23, 2012

အလှအပ နှစ်သက်လွန်းသူလေး



ဆယ်ကျော်သက် မော်ဒယ်လ်တစ်ယောက်ဖြစ်ချင်လို့ ခန္ဒာကိုယ်ပိန်သွားအောင် အစာ အငတ်ခံပြီး နေခဲ့သူကတော့ မော်နာကို (Monaco)နိုင်ငံက Valeria Levitin ဆိုတဲ့ အမျိုးသမီး တစ်ယောက် ပဲဖြစ်ပါတယ်... ကာလကြာရှည်စွာ အစာမစားတဲ့ အကျိုးဆက်အနေနဲ့ နောက်ပိုင်း တဖြေးဖြေး အစာစားချင်စိတ်တွေပါပျောက်လာပြီး အစားအသောက်စားမရတာကနေ အခြေအနေ ဆိုးရွား လာတာပါ... အဲဒါဟာ Anorexia ဆိုတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်... အသက် (၃၉)အရွယ်... အရပ် ၅ပေ ၈လက်မရှိတဲ့ Valeria ဟာ အခုဆိုရင် ကိုယ်အလေးချိန် ၅၆ ပေါင် (၂၅ကီလို)သာရှိပြီး အရိုးပေါ်အရေတင် ဖြစ်နေပါတယ်...။ (လှချင်ပချင်သူများ သင်ခန်းစာယူနိုင်ကြပါစေ...။)

အောင်ထွန်းဦး

ကိုယ့်ညီကို ကိုယ်ဝန်ဆောင်ရသူ



လွန်ခဲ့သောနှစ်က အိန္ဒိယနိုင်ငံ Nagpurမြို့တော်မှာနေထိုင်တဲ့အိန္ဒိယနိုင်ငံသားSanju bhagat ရဲ့အစာအိမ်ဟာအလွန်ကိုဖောင်းကားလာတာကိုသိသိသာသာမြင်တွေ့လာရပါတယ်...။သူ့ကိုတွေ့မြင်သူတိုင်းက ယောက်ျားလေးတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်နေသူလို့ကောက်ချက်ချခံရပါတယ်...။

ဒီလိုဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမျိုးသူ့အပေါ်မှာကျရောက်လာလို့ Sanju Bhagat ဟာအလွန်ကို အံ့အားသင့်နေရပါတယ်...။ ဆရာဝန်တွေနဲ့ပြသကြည့်ချိန်သောအခါတွင်လည်း သေသေချာချာ အဖြေမထုတ်နိုင်ပဲ အိန္ဒိယဆရာဝန်တွေတော်တော်ခေါင်းစားကြခဲ့ရပါတယ်..။

ဆရာဝန်တွေကအာထရာဆောင်းရိုက်ကြည့်သောအခါတွင်လဲဗိုက်ထဲတွင်လူသားတယောက်လက္ခဏာများကို မြင်တွေ့ရတယ်လို့ အတည်ပြုဆိုခဲ့ပါတယ်..။ ဒါကြောင့်ဆရာဝန်တွေဟာ ခွဲလဲမခွဲစိတ်ဝံ့တော့ပါဘူး..။ အမှန်တကယ်သန္ဒေ တည်နေခြင်းဆိုလျှင် ချက်ချင်းခွဲစိတ်ပါက ကလေးအသက်ဆုံးမည်မဟုတ်ပါလော...။ sanju bhamaဟာသူ့ပုံစံကိုသူ မယုံနိုင်အောင်လဲဖြစ်၊ ငြင်းလဲမငြင်းရှာနိုင်တဲ့အခြေအနေဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ရခြင်းမှန်ရင်ကိုးလကြာရင် ဗိုက်နာပြီးကလေးမွေးမှာပဲ။

ဒါကြောင့် အချိန်ကိုစောင့်ကြည့်မယ်ဆိုပြီးကိုးလတိတိ ကိုယ်ဝန်ဆောင်အသွင်နဲ့နေခဲ့ရပါတယ်...။
ကိုးလကြာသော်လည်းပဲ သူ့ဟာဗိုက်နာခြင်းအလျဉ်းမရှိတာကြောင့် ဆရာဝန်တွေက ခွဲစိတ်ကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။ ဆရာဝန်တွေက ကိုးလပြည့်လိုခွဲစိတ်ကြတဲ့အခါမှာတော့ သူ့ဗိုက်ထဲက ထွက်လာတာတွေက....?????? 

sanju bhagat အရမ်းကိုကြောက်ရွံ့အံ့သြစရာကောင်းအောင်ကိုပဲ ပထမဆုံး ခြေထောက်တ ဖက် ပြီးတော့ နောက်ခြေထောက်တဖက် ပြီးတော့ ဆံပင်တွေ၊ လက်တွေ.. မေး၇ိုးတွေ.... လူကိုယ်ခန္ဒာ ရဲ့အပိုင်းအစတွေ ပြွတ်ကာသီကာထွက်ကျလာပါတော့တယ်.... ခွဲစိတ်ကုဆရာဝန်ကြီးများဟာ ကိုယ့်မျက်လုံးကိုယ်ပင်မယုံကြည်နိုင်ဖြစ်ကြရပြီး နောက်သေသေချာချာဆန်းစစ်ကြည့်ပါတော့မှ sanju bhagat ရဲ့ဗိုက်ထဲမှာရှိတာတွေက သူ့ရဲ့အမွှာညီအကိုရဲ့ ကိုယ်ခန္ဒာအစိတ်အပိုင်းတွေဖြစ်နေ ပါတော့တယ်။

တကယ်တော့ sanju bhagatကို သူ့မိခင်ကမွေးဖွားစဉ်က အမွှာ သန္ဒေကိုလွယ်ခဲ့တာပါ..။
ဘာလို့နောက်တယောက် က sanju bhagatရဲ့ဗိုက်ထဲရောက်နေခဲ့ရတာလဲဆိုတာကို အဖြေထုတ်တော့ သူတို့နှစ်ဦးကို သွေးနဲ့အစာအာဟာရအထောက်အပံ့ပေးတဲ့ချက်ကြိုးဟာ sanju bhagat ရဲ့ဘက်ကပွင့်နေပြီး သူနဲ့ညီအကိုတော်တဲ့တယောက်ဖက်မှာတော့ ကံမကောင်းစွာပိတ်နေခဲ့ပါတယ်..။

အဲ့တာကြောင့် မဖွံမဖြိုးနဲ့သန္ဒေတည်ခဲ့တဲ့ sanju bhagat ရဲ့ညီအကိုဟာ လူခြောက် တယောက်ကဲ့သို့  ဖြစ်တည်နေပြီး၊ မိခင်ဝမ်းထဲမှာ အခြေအနေအမျိုးမျိုးကြောင့် bhagatရဲ့ဗိုက်ထဲ ကိုရောက်ခဲ့ရာကနေခု လိုထူးထူးဆန်းဆန်းဖြစ်လာခဲ့ရတာပါ...။ ထိုအဖြစ်အပျက်ဟာ အိန္ဒိယဆေးသမိုင်းမှာ ပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ဖြစ်ပြီး ဒီလိုထူးထူးဆန်းဆန်းဖြစ်တည်မှုကို ဆရာဝန်တွေတော်တော်များများလဲသြချခဲ့ရပါတယ်...။


အောင်ထွန်းဦး

Saturday, December 22, 2012

ဓါတ်ပုံထဲက ၀ိဥာဉ်


ခုခေတ်လူငယ်တွေ တော်တော်များများဟာ သရဲ၊ တစ္ဆေ၊ နာနာဘာဝတွေ ရှိတာကို မယုံကြည်ကြပါဘူး..။ လက်တွေ့မြင်ဖူးမှ ကြုံဖူးမှပဲ တစ်ကယ်ရှိတယ်ဆိုတာ လက်ခံသွားကြပါတယ်..။ ကျွန်တော့်အနေနဲ့ကတော့ သရဲ၊ တစ္ဆေ၊ နာနာဘာတွေ ရှိတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်ပါတယ်..။ ဘုရားဟော ကျမ်းဂမ်တွေထဲမှာလည်း ပါသလို ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရဖူးလို့ပါ..။

အပေါ်က ပုံလေးကတော့ တော်တော်လေး ထူးဆန်းတယ် ပြောရပါမယ်..။ ကားတိုက်မှုဖြစ်တဲ့ မြင်ကွင်းကို အမှုအခင်းထုံးစံတွေအရ ရဲသားတစ်ယောက်က ဓါတ်ပုံရိုက်ယူထားတာပါ..။ ကားတိုက်မှုဖြစ်စဉ်မှာ သားအမိ နှစ်ယောက်ပါဝင်ခဲ့ပြီး သမီးဖြစ်သူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်..။ အမေဖြစ်သူကတော့ ဆေးရုံပေါ်မှာ အရေးပေါ် အခြေအနေနဲ့ ဆေးကုသနေရပါတယ်...။ ဒီဓါတ်ပုံကို ရိုက်ကူးခဲ့ရာမှာ ဒီအတိုင်း အမှုမဲ့ အမှတ်မဲ့ ရိုက်ကူးခဲ့တာပါ..။

ဒါပေမယ့် ဓါတ်ပုံကို ပြန်ထုတ်ကြည့်တဲ့အခါမှာတော့ ကားရဲ့နောက်မြင်ကွင်းမှာ အင်္ကျီအဖြူရောင်နဲ့ ကောင်မလေးတစ်ယောက်ပုံစံ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ပါတယ်..။ အဆိုပါ ရဲသား ဒီဓါတ်ပုံကိုရိုက်တုန်းက သေချာတာတော့ အဲ့ဒီနောက်မှာ ဘယ်သူမှ ရှိမနေပါဘူး..။ အဲ့ဒီနေရာကလည်း လူရှိမနေနိုင်တဲ့ ချုံထဲမှာဖြစ်ပြီး ကောင်မလေးရဲ့ပုံစံက လေထဲမှာ မြှောက်တက်နေတဲ့ပုံစံဖြစ်နေပါတယ်..။ သူကြောက်လန့် တကြား ဆေးရုံကို အပြေးလှမ်းခဲ့ပါတော့တယ်..။

ဆေးရုံရောက်တော့ ကောင်မလေးရဲ့ အမေက ခွဲစိတ်ခန်းထဲဝင်နေပါတယ်..။ အပြင်မှာစောင့်နေတဲ့ သေဆုံးသူ ကောင်မလေးရဲ့ အဖေဖြစ်သူကို သူရဲ့ ထူးဆန်းတဲ့ဓါတ်ပုံ ထုတ်ပြခဲ့ပါတယ်..။ သူရဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ ကျဆင်းလာခဲ့ပြီး

"ဒါကျွန်တော့်သမီးပါ...၊ သူ အဲ့ဒီနေ့က ဒီအင်္ကျီအဖြူရောင်လေး ၀တ်ထားတာပါ..." ဆိုပြီး ငိုယိုပြောပြခဲ့ပါတယ်..။ 


အောင်ထွန်းဦး

SAMSUNG GALAXY MINI (GT-S5570B) ကို Root ပြုလုပ်ခြင်း

 
ဒါလေးကတော့ Cholat Mon က comments ကနေ တောင်းထားတဲ့ SAMSUNG GALAXY MINI (GT-S5570B) ကို ROOT လုပ်နည်းလေးပါ..။ များသော အားဖြင့် root process တွေ အတွက်က ကွန်ပျူတာ မလိုပါဘူး..။ ဒီနည်းလမ်းလေးကလည်း ကွန်ပျူတာ မလိုပဲ အင်တာနက်လိုင်းရှိတဲ့ ဖုန်းတစ် လုံးရှိပြီဆိုရင် root လုပ်လို့ရပါပြီ..။

SAMSUNG GALAXY MINI (GT-S5570B)   ကို root မလုပ်ခင် မိမိဖုန်းထဲက အရေးကြီး data များကို backup ပြုလုပ်ထားပါ..။ ဆက်လက်ပြီး root လုပ်ဖို့အတွက် အောက်က link မှာပါတဲ့ file ကို အရင် download ရယူပါ..။
ရလာတဲ့ root GT-S5570B.zip file လေးကို ဖုန်းရဲ့ SD Card ထဲကို ကူးထည့်လိုက်ပါ..။ ဒီနေရာမှာ ကိုယ်က Computer နဲ့သုံးပြီး download ဆွဲတာ မဟုတ်ပဲ ဖုန်းနဲ့ download ဆွဲတာဆိုရင်တော့ မိမိ download ဆွဲထားတဲ့ file ဖုန်းရဲ့ ဘယ်နေရာမှာ ရှိတယ်ဆိုတာ အရင်ရှာထားပေးရပါမယ်.. (များသော အားဖြင့်က Downloads ဆိုတဲ့ file ထဲမှာ ရှိတတ်ပါတယ်...)
ပြီးရင် ဖုန်းမှ (Power + Volume Up + Home) ခလုပ်သုံးခုကို တွဲနှိပ်ထားပေးပါ..။
Recovery Mode သို့ရောက်သွားပါလိမ့်မယ်..။ install zip from SD card ထဲကနေ ကိုယ် Download ဆွဲထားတဲ့ root GT-S5570B.zip file လေးကိုရွေးပေးလိုက်ပါ..။
(Recovery Mode မှာ touch screen ဟာ အလုပ်မလုပ်တဲ့အတွက် Volume +,- ခလုပ်တွေကို အသုံးပြုပြီး ရွေးချယ်နိုင်ပါတယ်..။) 
Phone reboot ပြန်တက်လာရင် ဖုန်းထဲမှာ superuser icon လေးကို မြင်ရမှာဖြစ်ပြီး root လုပ်ပြီးသားဖုန်းတစ်လုံးကို သင်ပိုင်ဆိုင်ပါပြီဗျာ…။


အောင်ထွန်းဦး

Thursday, December 20, 2012

သရဲ၊ နာနာဘာဝများနှင့် ကခုန်ခြင်း - ၃ (သရဲ ခေါ်ခြင်း)



ကျွန်တော်တို့ ငယ်ငယ်တုန်းက သရဲ ခေါ်တယ်ဆိုတာ ခေတ်စားပါတယ်..။ ဒါပေမယ့် အဲ့ဒီလို သရဲ ခေါ်ဖို့ ဆိုတာ လူတိုင်း မလုပ်တတ်ပါဘူး။ သရဲ ခေါ်ပုံခေါ်နည်း၊ မေးပုံမေးနည်း၊ အထာကောက်နည်း၊ ပြန်လွှတ်နည်း ဒါတွေ မျိုးစုံရှိပါတယ်..။ ကျွန်တော်မှတ်မိသလောက်ကတော့ ဂါဏာတစ်ခုလည်း ရွှတ်ရတယ် ထင်ပါတယ်..။ ကျွန်တော့်အသက် (၁၃) နှစ်အရွယ်လောက်မှာပဲ ရပ်ကွက်ထဲမှာ ပထမဦးဆုံး သရဲခေါ်တာကို စတင်ကြုံဖူးပါတော့တယ်…။

ကျွန်တော်တို့ရပ်ကွက်ထဲကို မုံရွာက မိသားစုတစ်စုပြောင်းလာပါတယ်..။ အေးအေးဆေးဆေးနေတတ်ပြီး သဘောကောင်းတဲ့ မိသားစုပါ..။ သူတို့မိသားစုထဲမှာ ကျွန်တော့်အရွယ် ကောင်လေးတစ်ယောက်ပါပြီး မကြာခင်မှာပဲ ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်..။ သူတို့မိသားစုမှာ ထူးခြားမှု တစ်ခုက သူတို့ဟာ ညတိုင်း (၉း၀၀) နာရီလောက်ရောက်ပြီဆို ဖက်တစ်ခုထဲကို ထမင်းတွေ၊ ဟင်းတွေထည့်ပြီး လမ်းဆုံ လမ်းလေးခွမှာ ချပြီး ဖရောင်းတိုင်တွေ အမွှေးတိုင်တွေနဲ့ ပူဇော်ပါတယ်..။ ကျွန်တော် အစက ထင်တာက သူတို့ နတ်တွေကို ပူဇော်တယ် ထင်နေတာပါ…။ နောက်ပိုင်းမှ သူငယ်ချင်းက အဲ့ဒီလို လုပ်တာဟာ နာနာဘာဝတွေကို အစားအစာကျွေးတာဖြစ်ကြောင်းနဲ့ နာနာဘာဝ အများစုဟာ လမ်းဆုံလမ်းလေးခွမှာ နေကြတာများကြောင်း ပြောပြပါတယ်..။ သူက အဲ့ဒီ နာနာဘာဝတွေခေါ်ပြီး သိချင်တာတွေ မေးလို့ရတဲ့အကြောင်းပြောပြတော့ ကျွန်တော် တော်တော်ကို အံ့သြသွားခဲ့ရပါတယ်..။ ကျွန်တော်က မယုံဘူးဆိုတော့ သူကလက်တွေ့ပြမယ်လို့ပြောပါတယ်..။ ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေကိုပြောပြတော့ သူတို့လည်း စိတ်ဝင်စားကြတာနဲ့ တစ်ရက်မှာ အဲ့ဒီကိစ္စကို ကြည့်ကြဖို့ အတွက် တိုင်ပင်လိုက်ကြပါတယ်..။

Sunday, December 16, 2012

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်




ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ်ဖြစ်နေသော အသားပိုကြီးကို ဗြိတိန်ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။

အသက် ၆ နှစ်အရွယ်ရှိ ဒီဒီယာမွန်တာလ်ဗိုသည် ရှားပါးသည့် လက္ခဏာတစ်ရပ်ဖြစ်သော Congenital Melanocytic Nevus ဆိုသော ရောဂါကို ခံစားနေရခြင်းဖြစ်သည်။ အန္တရာယ်ရှိသော အခြေအနေဖြစ်သော်လည်း ဒီဒီယာ၏မိခင်မှာ ငွေကြေးမတတ်နိုင်ခဲ့သောကြောင့် ခွဲစိတ်ကုသမှု ပြုမပေးနိုင်ခဲ့ရာ တဖြည်းဖြည်း ကြီးလာခဲ့ပြီး လိပ်ခွံသဖွယ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကျေးလက်တွင် နေထိုင်သော ဒီဒီယာတို့မိသားစုမှာ အယူသည်းသော ရွာသားများ၏ ၀ိုင်းပယ်ခြင်းကိုပါခံခဲ့ရပြီး ဒီဒီယာတွင် ယင်းသို့ဖြစ်ခဲ့သည်မှာ နေကြတ်ချိန်တွင် ကိုယ်ဝန်ရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်ဟု ဆိုသည်။
မိစ္ဆာများ၏ ထိတွေ့မှုကို ခံခဲ့ရသူဖြစ်သည်ဟုယူဆပြီး ဒီဒီယာကို ၀ိုင်းပယ်ခဲ့ခြင်းကြောင့် ကျောင်းမတက်နိုင်ခဲ့သလို နှစ်ခြင်းလည်း မခံနိုင်ခဲ့ပေ။

ယင်းဖြစ်စဉ်ကို ကြားသိခဲ့ရသော ဗြိတိန်မှ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီး နေးလ်ဘားစထရုတ်သည် ကိုလံဘီယာမြို့တော် ဘိုဂေါ့တာသို့ လာရောက်ခဲ့ပြီး ခွဲစိတ်ဆရာဝန်အဖွဲ့နှင့်အတူ ဖယ်ရှားပေးခဲ့သည်ဟု သိရသည်။ အချိန်မီသာ မဆောင်ရွက်နိုင်ပါက ခန္ဓာကိုယ်အတွင်းသို့ ပါ ကူးစက်လာနိုင်သည်ဟု သိရသည်။

ဒီဒီယာကဲ့သို့ ဖြစ်စဉ်မျိုးမှာ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်ပေါ်ရသည်ကို မသိရှိသေးသော်လည်း သန္ဓေသားဘ၀တွင် မျိုးဗီဇ ပုံပြောင်းမှုကြောင့် အရေပြားဆဲလ်များ ဖွံ့ဖြိုးမှု ပုံစံပြောင်းခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြသည်။


အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ