Thursday, April 4, 2013

Gmail အကောင့်တစ်ခုကို Phone verifcation မလိုပဲ အလွယ်တကူ ပြုလုပ်နည်း

ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ် .. (ပုံတွေသေးနေရင် ပုံပေါ်ကို မောက်လေးတင်လိုက်ပါဗျို့)


Monday, April 1, 2013

ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)


မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။

၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

Saturday, March 30, 2013

ကျွန်တော်နှင့်သရဲပူးခြင်း (သရဲ၊နာနာဘာဝများနှင့် ကခုန်ခြင်း - ၅)



ကျွန်တော့် အဖေက စစ်သားဆိုတော့ အဖေတာဝန်ကျရာ နေရာကို ကျွန်တော်တို့ မိသားစုက လိုက်နေရပါတယ်…။ ဒါကြောင့် နေရာတော်တော်များများကို ကျွန်တော် ရောက်ဖူးပြီး မရိုးလှတဲ့ အတွေ့အကြုံ အသစ် များစွာကိုလည်း ရရှိခဲ့ရပါတယ်..။ ကျွန်တော့်အနေနဲ့ အရင်တုန်းက ပြောခဲ့သလိုပါပဲ…၊ ကျွန်တော့်မှာ ထူးခြားတဲ့ ပါရမီခေါ်မလား..၊ ကံပဲ နိမ့်တယ် ခေါ်မလား..၊ ကျွန်တော် ဟာ သရဲ၊ ၀ိဥာဉ် ၊ တို့ရဲ့ ခြောက်လှန့်ခြင်း ကို အကြိမ်ပေါင်းများစွာ ခံခဲ့ရပါတယ်…။

ဒီလိုဖြစ်ရပ်မျိုးတွေမှာ ကြောက်စရာသိပ်မကောင်းခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ရှိပေမယ့် တစ်ချို့ဖြစ်ရပ်တွေကတော့အသည်းငယ်သူတွေအဖို့တော့သည်းချေပျက်နိုင်လောက်တဲ့  ဖြစ်ရပ်မျိုးတွေပါ…။ အဲ့ဒီထဲက ဖြစ်ရပ် တစ်ခုကို ကျွန်တော် ဒီပို့စ်လေးမှာ ဖောက်သည်ချပြီး ပြောပြပါ့မယ်…။

Friday, March 29, 2013

ကြောက်တတ်သူများ မဖတ်ပါနှင့်


(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)

  ၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။
ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာလည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာသူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက်ဖက်တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ
ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ
ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်

တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ
သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာ
အားလုံးက ကံကောင်းတယ် လိုက်ဖက်ပါတယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ဆုံခဲ့ရပါတယ်

ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်
သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက်သွားရရှာပါတယ်

Friday, March 22, 2013

Huawei G510 (Build Number 165) မဟုတ်တဲ့ ဖုန်းတွေကို root မယ်



Huawei G510 Build Number 165 မဟုတ်တဲ့ ဖုန်းတွေအတွက် root လုပ်နည်းလေး လာပါပြီဗျာ…၊ Build Number 165 မဟုတ်တဲ့ ဖုန်းတွေအတွက် root လုပ်နည်းဆိုပေမယ့်လည်း အထူး အခြားတော့ မဟုတ်ပါဘူး…။ Root လုပ်လို့ရမယ့် Build Number 165 ကို firmware ပြောင်းတင်ပြီး root လုပ်တဲ့ နည်းလမ်းလေးပါ…။

ကဲ…အရင်ဆုံး Huawei G510 Buildnumber 165 ကို firmware တင်ဖို့ အောက်က file ကို အရင်ဆုံး download ရယူပါ…။

Download link >>> Click Here !

- firmware download လုပ်လို့ရလာတဲ့ ဇစ်ဖိုင်လေးကို ဇစ်ဖြည်(extract) လုပ်လိုက်ရင် UPDATE.APP ဖိုင်လေးတစ်ခုရလာပါမယ်။ အဲဒီဖိုင်လေးကိုခဏသိမ်းထားပါ။

- ပြီးရင်မိမိဖုန်းကို USB ကြိုးဖြင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဖုန်းနဲ့ SD Card ထဲမှာ dload ဆိုတဲ့ နာမည်နဲ့ folder တစ်ခုဆောက်ပါ။

- ပြီးရင် အခုဆောက်လိုက်တဲ့ dload ဖိုဒါထဲကို ခုနက ဇစ်ဖြည်လို့ရလာတဲ့ UPDATE.APP ဖိုင်လေးကို ထည့်လိုက်ပါ။

-ပြီးရင်ကွန်ပျူတာနဲ့ ဖုန်းကိုချိတ်ဆက်ထားတာကိုဖြုတ်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။

-Power ပိတ်ပြီးသွားပြီဆိုရင်တော့ firmware စတင်ပါမယ်။ firmware တင်ဖို့အတွက် ဖုန်းရဲ့ Power Button + End Call Button( ဖုန်းတွေမှာအမြဲပါတဲ့ ဖုန်းချတဲ့ ခလုတ်အနီ) + Volume Up Button(အသံကျယ်ခလုတ်) အဲဒီခလုတ်သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။

-ဒါဆိုရင် Firmware update process စတင်ပါလိမ့်မယ်။

Update process ပြီးသွားပြီဆိုရင်တော့ ဖုန်းက အလိုအလျောက် reboot လုပ်ပါလိမ့်မယ်။ ပြီးရင်တော့ အခုတင်လိုက်တဲ့ Firmware အသစ်နဲ့ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

(တကယ်လို့ update လုပ်နေစဉ်မှာ Update Failed ဖြစ်သွားခဲ့ရင် ဖုန်းကို Batter ဖြုတ် ၊ ပြန်ထည့်ပြီး အပေါ်က Step တွေကိုတစ်ဆင့်ချင်းပြန်လုပ်ပါ။)

ကဲ..ဒါဆိုရင် သင့် Huawei G510 ဟာ Build Number 165 နဲ့ ဖြစ်သွားပါပြီ…။ ကျန်တဲ့ root လုပ်နည်း အဆင့်ဆင့်ကို ဒီမှာ ၀င်ရောက်ကြည့်ရှု့ပေးပါခင်ဗျာ…။

Reference and Credit to - (Myanmar Mobile App Store)


အောင်ထွန်းဦး




Huawei G510 (Build Number 165) ကို Root ပြုလုပ်ခြင်း

အခုတခါ Huawei c8813 နဲ့ G510-0010  လေးအမြစ်လှန်နည်းလေးပြပေးမယ်ဗျာ…U8825D တို့လိုမျိုးပဲ Bootloader Unlock အရင်လုပ်ရတယ်ဗျ….Bootloader unlock လုပ်ဖို့သူ့ Official Site မှာ Unlock code 16 လုံးအရင်တောင်းရပါမယ်…
Unlock Code တောင်းဖို့ အောက်မှာပေးထားတဲ့လင့်တွေကသွားပါ……

Unlock Code တောင်းရန် တရုတ်ဆိုဒ်….

Unlock Code တောင်းရန် English ဆိုဒ်…


တချို့ကတရုတ်ဆိုဒ်ကတောင်းတာမြန်တယ်တဲ့တချို့ကြတော့တရုတ်စာတွေနဲ့မလုပ်တတ်လို့တဲ့
ဒါကြောင့်Code တောင်းဖို့နေရာလင့်နှစ်ခုပေးလိုက်တာ……တောင်းချင်တဲ့နေရာကတောင်း..
ဘယ်လိုတောင်းရမလဲအောက်မှာကြည့်နော်တောင်းတတ်တဲ့လူလဲတောင်းတတ်နေပြီ…
ကျွန်တော်ကတော့ကြည့်တဲ့လူတွေလွယ်အောင် English ဆိုဒ်ကနေပဲလုပ်ပြပါမယ်…
Licence aggrement ကိုအမှန်ခြစ်ပါ။ Next နှိပ်ပါ။လိုတာလေးတွေဖြည့်ရပါမယ်။ Email လိပ်စာကိုအမှန်ထည့်ပါ။မိမိထည့်တဲ့မေးလ်လိပ်စာအတွင်းသို့ unlock code ပြန်ပို့မှာမို့လို့ပါ။ Smart phone ကိုရွေး ဖုန်းမော်ဒယ် ထည့်ပါ…အောက်ပုံတွင်ဆက်ကြည့်ပါ……




Monday, March 18, 2013

Andriod ဖုန်းတွေရဲ့ adb driver installer



မိမိဖုန်းရဲ့ Andriod ဖုန်း driver တွေ ဘယ်လို ရှာရမှန်း မသိ ဖြစ်နေသူများအတွက် ADB driver installer ဆိုတဲ့ software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်…၊  software လေးက ဘာလန်းသလားတော့ မမေးနဲ့ဗျို့…၊ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်လိုက်…ပြီးရင် software လေးကို run လိုက်ပြီး မိမိရဲ့ Andriod ဖုန်းကို ရွေးပြီး Install နှိပ်ပေးလိုက်တာနဲ့ ကွန်ပျူတာကို မိမိဖုန်း driver ကို install လုပ်ပေးပါလိမ့်မယ်…။



လိုချင်သူများ အောက်က link မှာ ဒေါင်းနိုင်ပါတယ်..။


အောင်ထွန်းဦး

Huawei ဖုန်းတွေအတွက် One Key Tools

ကျွန်တော်လည်း ဖုန်းအကြောင်းလေးတွေ မရေးဖြစ်တာ တော်တော်ကြာပါပြီ.. မရေးဖြစ်ဆို… ကိုယ်တိုင်လည်း မကလိအားတာကြောင့်လည်း ပါပါတယ်…။ အခုတော့ အသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုတွေ့လို့ ပြန်လည် ဝေမျှရခြင်း ဖြစ်ပါတယ်…



ကျွန်တော်တို့ HUAWEI ဖုန်းတွေမှာ Myanmar Font ထည့်ဖို့အတွက် ဖုန်းကို root ပြုလုပ်ရပါတယ်..၊ အဲ့ဒီအခါမှာ Huawei Company ကို email လှမ်းပို့ပြီး unlock code တောင်းတာကအစပြုလို့ CWM recovery သွင်းတာ..၊ Recovery mode ကနေ zip file ကို install လုပ်ပြီး root တာ အထိ ပြုလုပ်ကြရပါတယ်..၊ အဲ့ဒီလိုလုပ်တဲ့အခါမှာလည်း Unlock လုပ်တာ..၊ CWM သွင်းတာတွေဟာ Huawei ဖုန်းအမျိုးအစားတွေပေါ်မူတည်ပြီး softwares တွေ အများကြီးထွက်ရှိခဲ့ပါတယ်…။

ကျွန်တော် အခုတွေ့တဲ့ software လေးကတော့ Huawei ဖုန်းမှန်သမျှကို Bootloader Unlock လုပ်တာ.၊ CWM recovery သွင်းတာ အစရှိတာတွေကို ပြုလုပ်နိုင်မှာပါ..၊ root လည်း လုပ်လို့ရတယ်လို့ပြောထားပါတယ်.. (ဒါပေမယ့် တရုတ် version နဲ့ ဖြစ်နေမှာပါ…) …ဖုန်းရဲ့ drivers ကိုတော့ ကွန်ပျူတာ ထဲမှာ အရင်ဆုံး install လုပ်ထားဖို့တော့ လိုတာပေါ့နော်…

လိုချင်သူများ အောက်မှာ ဆွဲနိုင်ပါတယ်…။


အောင်ထွန်းဦး

၄၅မိနစ်ထက်မကြာပဲ ရူးစေမည့်အခန်း


အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ်မှာ ရှိတဲ့ Orfield ဓာတ်ခွဲခန်း ဌာန မှာ ရှိတဲ့ အခန်းတစ်ခန်း ဖြစ်ပါတယ်။

အသံစမ်းသပ်ရန် ပြုလုပ်ထားတဲ့ အခန်းဖြစ်ပြီး ကမ္ဘာ့အသံတိတ်ဆိတ်ဆုံး အခန်း အဖြစ် ၂၀၀၄ ခုနှစ်က စံချိန်ထားပါတယ်။ ဒါ့အပြင် ယင်း အခန်းမှာ လူ တစ်ယောက်ဟာ ၄၅ မိနစ်ထက် ပိုကြာကြာ မနေနိုင်ဘူးလို့လည်း ရှာဖွေ တွေ့ရှိထားပါတယ်။ နေနိုင်မယ်ဆိုရင်တောင် ၄၅ မိနစ်ကျော်ရင် ရူးသွားမှာ ဖြစ်ပါတယ်။

အခန်းရဲ့  တည်ဆောက်ပုံက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ခြောက်ခြား စရာ ကောင်းတာကို မြင်တွေ့ ရပါတယ်။ အသံကာ၊ အသံ စစ်ထုတ်စနစ် များလည်း အဆင့်ဆင့်ခံထားတဲ့အတွက် အထဲမှာ ခြင်တောင်ပံ ခတ်သံ တောင် ကြားရတယ်လို့ ဆိုပါတယ်။ အထဲမှာ လူတစ်ဦးတည်းကိုသာ ခုန်တစ်လုံးမှာ ထိုင်ခိုင်းစေတဲ့ စမ်းသပ်မှု ပြုလုပ်ပါတယ်။

မိနစ်အနည်းငယ်အတွင်း သူ့ နှလုံးခုန်သံကိုပါ ကြားရလာ ပါတယ်။ နောက် ဆုံး ဘာသံမှ မကြားတဲ့အဆုံး နားထဲမှာ ကျယ်လောင် ဆူးရှတဲ့ အသံများ ကြားရလာမှာ ဖြစ်ပါတယ်။ ပြီးတော့ မြင်မြင် သမျှ ကလည်း အာရုံသာ မဆိုက်နိုင်ရင် ခေါင်းမူးစေမှာဖြစ်ပါတယ်။ ဒီတော့ အမြင်ရော၊ အကြားရော တိုက်ခိုက်မှုပေါင်း များစွာကြောင့် နောက်ဆုံး တစ်ယောက် တည်း အော်ဟစ် ငိုကြွေးရပါမယ်။ ငိုလေလေ၊ အသံထွက်လေလေ ပိုမို စိတ်ခြောက်ခြားဖယ် ရာ ကောင်းလာပြီး ရူးသွားတဲ့ အဆင့်ထိကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယင်းအခန်းကို ကမ္ဘာ့အတိတ်ဆိတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခန်းလို့လည်း ခေါ်ဆိုကြကြောင်း သိရပါတယ်။
--
Ref: rarefacts

International news for myanmar

--
http://www.innewsmyanmar.com/2013/03/blog-post_16.html


အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ