Pages

▼

Tuesday, January 15, 2013

ဒဏ်ရာလား.. ရောဂါလား (ကြောက်တတ်သူများ ကြည့်ရန်မသင့်)

ဒီပုံတွေက တရုတ်နိုင်ငံကပါ..။ ဒါပေမယ့် ဒီဓါတ်ပုံတွေနဲ့ပတ်သက်တဲ့ သတင်းအစုံအလင်ကိုတော့ မရရှိခဲ့ပါဘူး.. ဒါပေမယ့် ဒီ ရောဂါဆိုးကတော့ ကြည့်ရုံနဲ့တင်ကို အတော်ကို ကြောက်ဖို့ကောင်းနေပါ တယ်..။ ဒီရောဂါကြီးက ဘယ်ကနေဘယ်လိုစဖြစ်တယ်..၊ ကုသလို့ ရနိုင် မရနိုင် စတာတွေကို ကျွန်တော် တကယ်ပဲ သိချင်နေမိပါတယ်..။












ဓါတ်ပုံထဲကအတိုင်းဆိုရင် ဒီကောင်လေးက အသက်ရှိနေဆဲပါ..။ ဒီလောက်ဆိုးဝါးတဲ့ရောဂါ အခြေအနေနဲ့ဆိုရင် အသက်ရှိနေသေးတာ တော်တော်ကို အံ့သြစရာကောင်းပါတယ်..။ ဒီ ဦးခေါင်းခွံ ရောဂါဆိုးဟာ တစ်ဖြည်းဖြည်းနဲ့ သူ့ဦးနှောက်ကို စားနေပါတယ်..။ တစ်ကယ်ဆို လူရဲ့ဦးနှောက်ဟာ လူတစ်ကိုယ်လုံးမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတစ်ကိုယ်လုံးရဲ့ အစိတ်အပိုင်း အားလုံးကို ခိုင်းစေနေတာပါ…။



တစ်ချို့ပုံတွေကြည့်ရတာတော့ ကောင်လေးဟာ မီးလောင်ခံထားရတယ်လို့ ထင်ချင်စရာပါ..။ သူရဲ့ ခေါင်း၊ မျက်နှာ၊ နားရွက်၊ နှုတ်ခမ်းနဲ့ နှာခေါင်းတွေမှာ ပြင်းထန်တဲ့ဒဏ်ရာ ရထားတဲ့ပုံစံမျိုးတွေ့ရ ပါတယ်..။ သူ့ရဲ့လက်တစ်ဖက်ဟာလဲ ပြတ်နေခဲ့ပြီး ဒါဟာ မီးလောင်ခံရမှုကို ကြုံတွေ့ရမှုကြောင့် တစ်ရှုးတွေ ဆုံးရှုံးခဲ့ပြီး ဆရာဝန်က လက်ကို ဖြတ်တောက်ခဲ့ရတာ ဖြစ်နိုင်ပါတယ်..။

အောင်ထွန်းဦး

No comments:

Post a Comment