Pages

▼

Tuesday, January 15, 2013

အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရသူများ

ကမ္ဘောဒီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အက်ဆစ်နဲ့တိုက်ခိုက်မှု အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်..။ ၂၀၀၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Cambodian Acid Survivors Charity (CASC) ဟာ အခုဆိုရင် လူပေါင်း ၂၇၀ ခုနှစ်ကို ပြုစုကုသမှုပေးခဲ့ပြီးဖြစ်ပါတယ်..။ ဒါအရေအတွက်ဟာ CASC ကနေ ကုသမှု ခံယူတဲ့ အရေအတွက်သာဖြစ်သည့်အတွက် ဒီ့ထက်တောင် ပိုများနိုင်ပါသေးတယ်..။ ၂၀၁၀ ပထမ သုံးလအတွင်းမှာ ၁၀ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး ဇွန်လထဲမှာတော့ Sokreun Mean ဆိုတဲ့ အမျိုးသမီးဟာ အက်ဆစ်နဲ့ တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်..။ ယေဘုယျတွက်ကြည့်မယ်ဆိုရင် ကမ္ဘောဒီး ယားနိုင်ငံဟာ ရက်အနည်းငယ်အတွင်းမှာ အက်ဆစ်နဲ့ တိုက်ခိုက်မှု တစ်ကြိမ် ဖြစ်ပွားနေတယ်ဆိုတာ ကို တွေ့ရမှာဖြစ်ပါတယ်..။











အက်ဆစ်ဒဏ်ရာတွေအတွက် ပျောက်ဆေးဆိုတာ မရှိပါဘူး..။ အက်ဆစ်နဲ့ တိုက်ခိုက်ခံရတဲ့လူ တော်တော်များများဟာ ရုပ်အဆင်းအင်္ဂါတွေ ချို့ယွင်းခဲ့ပြီး ကြောက်စရာကောင်းတဲ့ အမာရွတ်တွေ နဲ့ ကျစ်ရစ်ခဲ့ရတာပါ… အချို့ဆို စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုးတွေတောင် ရှိပါတယ်..။ အခုဖြစ်ရပ်မှာလည်း Sokreun Mean ဟာ သူမရဲ့ မျက်လုံးတွေ ဆုံးရှုံးခဲ့ရပြီး မျက်နှာ သွင်ပြင်မပေါ်တော့လောက်အောင် ပျက်စီးသွားခဲ့ပါတယ်…။ သူမဟာ ယောက်ျားဖြစ်သူနဲ့ ကွဲကာနေ သူဖြစ်ပြီး အဆိုပါ ယောက်ျားမှ သူမရဲ့ မျက်နှာပေါ် များပြားလှတဲ့ အက်ဆစ်တွေနဲ့ ပက်ခဲ့တာဖြစ် ပါတယ်..။ သူမဟာ အကြိမ် ၂၀ ထက်မက ခွဲစိတ်ကုသမှု ခံယူခဲ့ပေမယ့် သူမရဲ့ သွင်ပြင်ဟာ လုံးဝ ပျက်စီးသွားခဲ့ပြီး မျက်လုံးတွေကလည်း လုံးဝ မမြင်ရတော့တဲ့ အခြေအနေကိုရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်..။

အောင်ထွန်းဦး

1 comment:

  1. သား တို့ သ မီး တို့ ရေ အ မေ ကို ပြစ် မ ထား ဘဲ သေ ချာ ပြု စု ပေး လိုက် ပါ ကွယ် ဒီ ဘ ဝ မှာ တင် ဒီ လို ကြောက် စ ရာ ကောင်း တဲ့ အ ဖြစ် တွေ ထပ် မ ဖြစ် ပါ စေနဲ့ ဆု တောင်း ပေး ပါ တယ် ဝဠ် ကြွေ ရှိ ပါ က ကျေ ပါ စေ

    ReplyDelete