ဒီဇာတ်လမ်းလေးက တစ်ကယ် ဖြစ်ပျက်ခဲ့တဲ့
ဇာတ်လမ်းလေးတစ်ခုဖြစ်ပါ..။ ဇာတ်လမ်းကတော့ တစ်နယ်ခြားမှာ စစ်တိုက်ထွက်နေရတဲ့ စစ်သား
လေး တစ်ယောက် အကြောင်းပဲဖြစ်ပါတယ်..။ သူဟာ တိုင်းပြည်အတွက် ဗီယက်နမ်နိုင်ငံမှာ
စစ်ပွဲ ဆင်နွှဲပြီး မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်..။ သူဟာ Delhi မြို့ ကို
ရောက်တဲ့ အခါမှာတော့ အမေရိကန်မှာရှိတဲ့ သူ့မိဘတွေဆီကို ဖုန်းဆက်ခဲ့ပါတယ်…။
"အဖေနဲ့အမေ..၊ ကျွန်တော် အခု
အိမ်ပြန်လာနေပါပြီ..၊ ဒါပေမယ့် အဖေနဲ့အမေကို ကျွန်တော်တောင်းဆိုစရာ တစ်ခုရှိပါတယ်..။
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို ကျွန်တော် အိမ်ကို ခေါ်လာချင်ပါတယ်.."
"ခေါ်လာလို့ ရတာပေါ့သားရယ်..၊
တောင်းဆိုစရာ မလိုပါဘူး.."
"ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်..၊
ကျွန်တော့်သူငယ်ချင်းက တိုက်ပွဲမှာ မိုင်းထိခဲ့တဲ့အတွက် လက်တစ်ဖက်နဲ့ ခြေထောက်
တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်..၊ သူ့မှာ ဘယ်မှ သွားစရာနေရာမရှိပါဘူး.၊ ဒါကြောင့်
သူ့ကိုသား အိမ်ကို ခေါ်လာမလို့ပါ.."
"အမေတို့ ကြားရတာ စိတ်မကောင်းပါဘူး
သားရယ်..၊ အမေတို့ သူ့ကို တစ်နေရာမှာ နေနိုင်ဖို့ ကူညီပေးနိုင်မှာပါ.."
"မဟုတ်ဘူးအမေ..၊ ကျွန်တော် သူ့ကို
ကျွန်တော်တို့ မိသားစုနဲ့အတူ နေစေချင်တာပါ.."
"သား…….၊ သားဘာလုပ်နေလဲ ဆိုတာကို
သားသိမှာ မဟုတ်ဘူး..၊ ဒီလိုမျိုး ဒုက္ခိတ တစ်ယောက် ကို ခေါ်တင်ထားဖို့ဆိုတာ ဘယ်လောက်
တာဝန်ကြီးလဲ၊ သူ့ကို ဝေယျာဝစ္စ အ၀၀ကို ဘယ်သူလုပ်ပေးမှာလဲ..၊ သူ့ကို
ဘယ်သူဂရုစိုက်ရမှာလဲ..၊ အဖေနဲ့ အမေလား…. ဒီမှာလည်း ကိုယ့်မိသားစုနဲ့ကိုယ်လေ..၊
ကိုယ့်မိသားစုဘ၀ကို အနှောင့်အယှက်ပေးမယ့် ဘာတစ်ခုကိုမှ အမေတို့ ခွင့်ပြုမှာ
မဟုတ်ဘူး..၊ သား သူ့အကြောင်းကိုမေ့ပစ်ပြီး အိမ်ကိုသာပြန်လာခဲ့ပါ..၊ သူလည်း သူ့ဟာသူ
အဆင်ပြေသွားပါလိမ့်မယ်.."
အဲ့ဒီအချိန်မှာ
သားဖြစ်သူဟာ ဖုန်းချလိုက်ပါတယ်.။ ဖုန်းမြည်သံကလွဲပြီး ဘာမှ မကြားရတော့ပါဘူး..။
ရက်အနည်းငယ် ကြားတဲ့အခါမှာ..၊ Delhi ရဲစခန်းကနေ သူတို့ဆီကို
ဖုန်းတစ်ခုဝင်လာပါတယ်..။ သူတို့သားဟာ အဆောက်အဦအမြင့်တစ်ခုပေါ်ကနေ ပြုတ်ကျပြီး သေဆုံးသွားကြောင်း
လှမ်း အကြောင်းကြားတာပါ.။ ရဲတွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုလို့
သတ်မှတ်ထားကြပါတယ်.။
မိဘနှစ်ပါးဟာ ချက်ချင်းပဲ
လေယဉ်နဲ့ Dehli ကိုရောက်လာပြီး သေဆုံးသူဟာ သူတို့ရဲ့သား တစ်ကယ်ဟုတ်/မဟုတ်ကို
ကြည့်ရှု့ခဲ့ကြပါတယ်..။ သေချာပါတယ်..။ ဒါဟာ သူတို့ရဲ့သားပါ..။ ဒါပေမယ့် သူတို့
မသိလိုက်တာ တစ်ခုက . သူတို့သားဟာ ခြေတစ်ဖက်နဲ့ လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတ
တစ်ယောက်ဖြစ်နေတယ်ဆိုတာကိုပါပဲ…
လူတိုင်းလူတိုင်း စာနာစိတ်လေးတွေ မွေးဖွားနိုင်ကြပါစေဗျားးးး…။
အောင်ထွန်းဦး
No comments:
Post a Comment