Pages

▼

Saturday, July 23, 2016

ခေါ်သံများ


သင်၏ ဘ၀တစ်လျှောက်လုံးတွင် မည်သူမျှ မခေါ်ပဲနဲ့ သင်၏အမည်ကို တစ်စုံတစ်ဦးမှ ခေါ်ဆိုသံကို ရှင်းရှင်းလင်းလင်း ကြားဖူးကြမည်ဖြစ်သည်။ ထိုအခါမျိုးတွင် သင်မည်သို့ ခံစားရမည်နည်း။ အမှုမဲ့ အမှတ်မဲ့သာ နေတတ်သူများ ရှိသလို အချို့သူများသည်လည်း ကြက်သီး တဖြန်းဖြန်းထကာ ကြောက်ရွှံ့မှုကို ခံစား တတ်ကြသည်။ ကျွန်တော်အဖို့တော့ ထိုသို့သော ခံစားမှုများကို မကြာခဏ ခံစားရသည်။ တစ်ယောက်တည်း ရှိနေသော အချိန်တွင် မိမိအမည်ကို ခေါ်သံကြားရပါက ကြောက်ရွှံ့ပြီး လူအများရှိနေပါက အမှုမဲ့ အမှတ်မဲ့သာ နေမိတော့သည်။ ယခု ပြောပြမည့် အကြောင်းအရာသည် အဆိုပါ ခေါ်သံများနှင့် ပတ်သက်နေလေတော့သည်။

တစ်ခါသော နွေရာသီ ကျောင်းပိတ်ရက်တွင် မန္တလေးရှိ ဦးလေးအိမ်သို့ ကျွန်တော် နွေရာသီ အားလပ်ရက် အဖြစ် အလည်သွားခဲ့သည်။ ဦးလေး၏ အိမ်ပုံစံမှာ ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်ပြီး ဦးလေးက ဒီအိမ်ကို လွန်ခဲ့တဲ့ တစ်လခန့်ကမှ အလွန်တန်သော ဈေးဖြင့် ၀ယ်ထားခြင်းဖြစ်သည်။ ဦးလေးက ရောက်ရောက် ချင်းပင်

“တူလေး..၊ ဒီအိမ်မှာ ပျော်သလောက်နေ၊ ဒါပေမယ့် တစ်ခုတော့ သတိပေးထားမယ်..၊ ဒီအိမ်မှာ ဘယ်သူမှ နာမည်ရင်း မခေါ်ဘူး..၊ သားနာမည်အရင်းကို တစ်စုံတစ်ယောက်က ခေါ်လာခဲ့ရင်လည်း ဘယ်တော့မှ ပြန်မထူးမိစေနဲ့….”