ဝေလငါးတွေ ကြည့်ရှု့လေ့လာရန်တဲ့ ဧရိယာအဖြစ် သတ်မှတ်ထားတဲ့ Guangxi ပြည်နယ်ထဲက ပင်လယ်ကမ်းခြေ တစ်နေရာမှာ..၊ ဝေလငါးမတစ်ကောင်ဟာ နက်နဲလှတဲ့ ပင်လယ်ကို ခက်ခဲစွာ ကူးခတ်နေပါတယ်..၊ သူမရဲ့ ကျောပေါ်မှာတော့ ဝေလငါးငယ်လေးတစ်ကောင်ဟာ ငြိမ်သက်စွာ လဲလျောင်း လိုက်ပါလာပါတယ်..၊

ပြင်းထန်လှတဲ့ လှိုင်းတံပိုးတွေကြောင့် ဝေလငါးငယ်လေးဟာ ပင်လယ်အောက်ကို အကြိမ်ကြိမ် ပြန်လည် ပြုတ်ကျပြီး နှစ်မြှစ်ခဲ့ပြီးပါပြီ…၊ ဒါပေမယ့် ဝေလငါးမကြီးက သူ့သားငယ်လေးကို ပြန်လည် သယ်ယူ ပြီး သူ့ကျောပေါ်တင်ကာ ကူးခတ်နေတာပဲ ဖြစ်ပါတယ်..၊

ဝေလငါးမကြီးကတော့ သူရဲ့ ရည်ရွယ်ရာနေရာကို မရောက်မချင်း သူ့ကလေးကို ဘယ်တော့မှ စွန့်လွှတ်မယ့်ပုံ မပေါ်ပါဘူး…၊ ကြည့်ရှု့သူတွေစီးလာတဲ့ စက်လှေ သူ့အနားရောက်လာတောင်မှ လုံးဝ မမှုပဲ သူ့ရဲ့ ခရီးကိုသာ တစ်စိုက်မက်မက် ချီတက်နေပါတယ်..။
"သားရယ်..၊ သားကို ဘယ်တော့မှ မစွန့်လွှတ်ဘူး..၊ သားကို အိမ်အရောက်ပြန်ခေါ်သွားမယ်" လို့များ ဝေလငါးမကြီး တွေးနေမလား…???
အောင်ထွန်းဦး
No comments:
Post a Comment