Friday, October 19, 2012

လားရှိုးမြို့တွင် ၁၂ ဘီးကား တိုက်မှုဖြစ်ပွား

(၁၀.၁၀.၂၀၁၂) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီ လောက်မှာ..၊ လားရှိုးမြို့ ရပ်ကွက် (၈) သုံးထောင့်နားရှိ သိန်းနီလမ်းမပေါ်မှာ ၁၂ ဘီးကာမှ ရှေ့တာယာကွဲပြီး လမ်းဘေးမှာရှိနေတဲ့ ဆိုင်ကယ်ပြင်ဆိုင်ကို ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်..။

၎င်းဖြစ်ရပ်ကြောင့် ဆိုင်ကယ်ဆိုင်တွင် လုပ်ကိုင်နေသော လူတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး သေဆုံးပြီ အထင်ဖြင့် စောင်ဖြင့်အုပ်ထားရာ အနည်းငယ်လှုပ်ရှားလာသည်ကိုတွေ့ရသောကြောင့် ဆေးရုံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်..၊ သို့သော် ဆေးရုံရောက်ပြီး မကြာမီတွင် အသက်ဆုံးရှုံးခဲ့သည်..

 



၎င်းဆိုင်ကယ်ဆိုင်တွင် ဆီလာဖြည့်နေသော ကောင်လေးနှစ်ယောက်မှာလည်း ကားအောက်သို့ ရောက်သွားခဲ့ပြီး အသက်ရှင်/မရှင် မသိရပဲ ၄င်းတို့ကိုထုတ်ယူရန် ကြိုးစားနေကြပြီး ကားကိုမတင်ရန် ကားမှပဲများကို အခြား ကားတစ်စီးသို့ ပြောင်းရွှေ့ခြင်းကို အမြန်ပြုလုပ်နေကြသည်..

၎င်းနေရာသည် လားရှိုးမြို့တွင် ယဉ်တိုက်မှု အဖြစ်ပွားဆုံးနေရာဖြစ်ပြီး အဝေးပြေးကားများနှင့် မြို့တွင်းမှ ကားများ အမြဲရှုပ်ယှက်ခတ်နေသော နေရာဖြစ်ပြီး မီးပွိုင့်လည်း တပ်ဆင်ထားခြင်းမရှိပေ..၊ အဆိုးဆုံးမှာ အဝေးပြေးကားများမှ မြို့ထဲတွင် ကျွမ်းကျင်မှုမရှိသော နောက်လိုက် စပယ်ယာများကို ကားတက်မောင်းစေခြင်းဖြစ်သည်..၊ လမ်းပုံစံမှာ တောက်လျှောက် ကုန်းဆင်းဖြစ်နေပြီး ယခင်ကလည်း ယခုကဲ့သို့ ၁၂ဘီးကားနှင့် တိုက်မှုမျိုး မကြာခဏ ကြုံခဲ့ရသည်..၊ အများစုမှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်သောကြောင့် နီးစပ်ရာသို့ ကားဂေါင်းတည်ပေးလိုက်ပြီး ကားဂေါက်ရှိရာ အပြစ်မဲ့ပြည်သူတို့မှာ ဓါးစာခံဖြစ်ခဲ့ရသည်..။

ယခုကားတိုက်မှုတွင် ယဉ်မောင်းမှာ အသက်ငယ်ရွယ်ပြီး ၁၈နှစ်ပင် ပြည့်ဟန် မရှိသေးချေ..၊ ယဉ်မောင်းနှင့် နောက်လိုက်မှာ ဒဏ်ရာအနည်းငယ်ရသည်မှအပ စိုးရိမ်စရာ မရှိချေ..ယဉ်မောင်းကိုလည်း သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်..












အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ