သူ့အမျိုးသမီးဟာ
လွန်ခဲ့တဲ့ ၁ နှစ်လောက်က ကလေးတစ်ယောက်နဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်..။ မိန်းမနဲ့ ကလေးကို
အရမ်းချစ်ရတဲ့ သူဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ အစွမ်းကုန် ကြိုးစား ရှာဖွေမှု
ကိုပြုလုပ်ပေမယ့် မတွေ့ရှိခဲ့ပါဘူး..
နောက်ဆုံးသူဟာ
ကြံရာမရတဲ့အဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်.. ၊ အဲဒါကတော့ လူစည်ကားရာ မြို့လယ်မှာ
အင်္ကျီမပါပဲ ပျောက်ဆုံးနေတဲ့ သူ့မိန်းမနဲ့ ကလေးဖြစ်သူရဲ့ ဓါတ်ပုံကိုချိတ်ပြီး လေးဘက်ထောက်သွားပြီး
လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူဖို့ပဲဖြစ်ပါတယ်..၊
ဒီကိစ္စကို ဆောင်ရွက်ဖို့ သူ့သူငယ်ချင်းတစ်ယောက်ကလည်း
ပူးပေါင်းကူညီပေးခဲ့ပါတယ်..
လူအများစုဟာ
သူ့အပေါ် အထူးဂရုဏာသက် သနားခဲ့ပြီး သူ့ဇနီးသည်ကို ပြန်ရှာတွေ့ဖို့ ၀ိုင်းဝန်းကြိုးစားပေးကြပေမယ့်
အခုထိတော့ မတွေ့သေးပါဘူး..၊ တစ်ယောက်ယောက်ကများ ဓါတ်ပုံထဲက အမျိုးသမီးကို အပြင်မှာတွေ့ဖူးတယ်ဆိုရင်
အကြောင်းကြားပေးလိုက်ပါဗျာ../
အောင်ထွန်းဦး
အော်တော်တော်ချစ်တာပဲနော်
ReplyDelete