ဒီနေ့ သူမအတွက်တော့ မနေ့နိုင်တဲ့နေ့ဖြစ်ပေလိမ့်မည်…။ ဒီနေ့ သူမချစ်သူ
မောင်မှ သူရဲ့ မိဘများ နှင့်တွေ့ပြီး ညနေစာ စားဖို့ ပြောထားသောကြောင့်ဖြစ်သည်..။ ချစ်သူ
လာခေါ်မယ့် အချိန်ကို စောင့်ရင်း အချိန်များ ကုန်ဆုံးတာ နှေးလွန်းသည်ဟု ထင်မြင်သည်..။
မောင့်ရဲ့မိဘများက သဘောကောင်းကြောင်း၊
ဖော်ရွှေကြောင်း၊ ခင်မင်တတ်ပြီး အဆင့်အတန်းမခွဲခြား တတ်ကြောင်း မောင် ပြောပြထားသော်လည်း
သူမ ကြောက်နေမိသည်..။ အမှားအယွင်းတစ်စုံတစ်ရာ မဖြစ်စေ ရန်ပဲ ဆုတောင်းမိသည်..။ မောင်လာခေါ်ရန်
အချိန်စောနေသေးတာကြောင့် ရေခဲသေတ္တာထဲမှ သဘောင်္သီး ဖျော်ရည်ကို ထုတ်သောက်ပြီး မောင့်ကို
စောင့်နေမိလိုက်သည်..။
အိမ်ရှေ့မှ ကားသံကြားသည်နှင့်
သူမအိမ်အပြင်ကို အလောတကြီး ထွက်ကြည့်မိလိုက်သည်..။ ဟုတ်ပါသည်..။ မောင်လာကြိုတာပါ..။
သူမ မောင့်ရဲ့ မိဘတွေနဲ့ တွေ့ရတော့မည့်အတွက် စိတ်လှုပ်ရှားနေမိနေလေသည်..။
မောင့်အိမ်က ထင်ထားတာထက်ပိုသားနားလွန်းပါသည်..။
မောင်က ချမ်းသာတဲ့မိသားစုက တစ်ဦးတည်းသော သားမှန်းသိထားသော်လည်း ဒီလောက်ထိ ချမ်းသာမှန်းအစကမသိခဲ့..။
အစကတည်းက သိမ်ငယ်စိတ်နဲ့ ကြောက်ရွှံ့နေသော သူမရဲ့စိတ်ကို မောင့်ရဲ့ ဂုဏ်ပကာန အဆောက်အဦတွေက
ထပ်ပြီး တိုးမြှင့် ပေးလိုက်သည်။
အိမ်ထဲဝင်ဝင်ခြင်းပဲ ဖော်ရွှေတဲ့အပြုံးနဲ့
နှုတ်ဆက်ပြီးကြိုနေတဲ့ မောင့် မိဘနှစ်ပါးကိုတွေ့လိုက်ရသည်..။ ဟုတ်ပါသည်..။ မောင်ပြောတဲ့အတိုင်းပါပဲ..။
မောင့်မိဘနှစ်ပါးက စိတ်သဘောထားကောင်းကြောင်း သူတို့ အပြုံးတွေကို ကြည့်တာနဲ့ သူမသိနိုင်ပါသည်..။
ဒီလိုနဲ့ မောင့်မိဘတွေနဲ့ စကားတွေပြောဖြစ်ကြသည်..။
ပြောတာတွေကတော့ အစုံပါပဲ..။ အားလုံး ရီရီမောမော ပျော်ပျော်ရွှင်ရွှင်နဲ့ စကားတွေ အပြန်အလှန်ပြောဖြစ်ခဲ့ကြပါသည်…။
ခုချိန်ထိ အစစအရာရာ အဆင်ပြေနေသည့်အတွက် သူမရဲ့ စိုးရိမ် သိမ်ငယ်စိတ်တွေ ပျောက်သွားခဲ့ရသည်..။
စကားပြောလို့ပြီးတာနဲ့ ထမင်းစားရန်
ထမင်းစားခန်းထဲသို့ သွားကြပါသည်..။ ပြင်ဆင်ထားသော ဟင်းလျာ များကို ကြည့်ပြီး သူမအတွက်
အတော်ကို ဂရုစိုက် ပြင်ဆင်ထားကြောင်းသိပြီး ၀မ်းသာရပြန်ပါသည်။ ဒီလိုနဲ့ ထမင်းစားလာကြတာ….
ခဏကြာတော့… သူမဗိုက်ထဲက ထိုးအောင့်ပြီး လေလည်ချင်လာသည်..။ မောင်လာ မကြိုခင်က သောက်ထားသော
သင်္ဘောသီး ဖျော်ရည်အစွမ်းပြပြီထင်သည်..။
သူမမျက်နှာ ပျက်ယွင်းနေသည်ကို
မိသားစုသတိမထားအောင် ဟန်ဆောင်နေရသည်..။ သူမ နဖူးမှ ချွေးတွေ ထွက်လာသည်…။ ယခုလို ထမင်းစားနေချိန်တွင်
အိမ်သာဘယ်မှာလဲလို့ မေးရမှာလဲ မဟုတ်သေး….. မတတ်နိုင်..လုံးဝ ထိန်းချုပ်မရသည့်အဆုံး
သူမ အနည်းငယ် လွှတ်လိုက်မိသည်..။
"ဘူ.. "
ကံဆိုးချင်တော့ စကားသံတွေ ရပ်ပြီး
တိတ်ဆိတ်တဲ့ အချိန်နဲ့မှ သွားကြုံပြီး အသံက အောင်မြင်စွာ ထွက်လာသည်..။ သွားပြီ…။ သူမရဲ့
သိက္ခာတွေ…၊ မိသားစုအလည်မှာ…၊ ဗြန်းဗြန်းကွဲလေပြီ…။ သူမ ရှက်ရွံ့စွာ ထပြေးဖို့ ကြိုးစားလိုက်သည်…သို့သော်…..
"ဂျက်ကီ…ဝေးဝေးနေစမ်း…"
အောင်မြင်တဲ့ မောင့်ရဲ့အဖေသံ
ထွက်ပေါ်လာသည်..။ သူမ ရဲ့ခြေထောက်အောက် က ခွေးလေး ကိုလှမ်းဆူ နေတာပါ..။ သူတို့တွေက အဲ့ဒီအသံကို
ခွေးလေးဆီက ထွက်လာတယ် ထင်နေတာပါ…။
ဒီလိုနဲ့ ထမင်း ဆက်စားရင်း နောက်ထပ်လုံးဝ
မထိန်းနိုင်လို့ နောက်တစ်ကြိမ် ထပ်လွှတ်လိုက် မိသည်..
"ဘူ…"
ဒီတစ်ခါ အသံက အရင်အသံထက်တောင်
အနည်းငယ်ကျယ်သည်..။
"ဂျက်ကီ…သားလေး… ဝေးဝေးနေစမ်းလို့
…ပြောနေတယ်နော်.."
ထင်သည့်အတိုင်းပင် မောင့်ရဲ့
အဖေသံ ထပ်မံထွက်ပေါ်လာပါသည်..။ ခွေးလေးဆီက ထွက်လာတဲ့ အသံလို့ပင်ထင်နေပုံရသည်..။ နောက်ဆုံး
သူမလည်း မထူးတော့ဘူး ဆိုပြီး နောက်ဆုံး လက်ကျန် လေးကို အသက်အောင့်ပြီး ရှိသမျှအား အသားကုန်ထုတ်ကာ
ညှစ်ထုတ်လိုက်မိသည်…။
"ဘူ…."
ခုမှပဲ နေထိုင်ရတာပေါ့သွားတော့သည်..။
သူမ စိတ်ညစ်တဲ့ပုံစံနဲ့ ခွေးလေးကို ခေါင်းစောင်းကာ ဟန်လုပ်ကြည့်လိုက်သည်…။ နောက်ဆုံး
မောင့်ရဲ့အဖေခွေးလေးကို ပြောလိုက်တာကတော့….
"ဂျက်ကီ.. ဝေးဝေး သွားနေပါဆို
မသွားဘူး… တော်ကြာ.. ဟိုက ထွက်ကျလာရင်… နင့်ကို ရေမဆေးပေးဘူးနော်…."
အောင်ထွန်းဦး
No comments:
Post a Comment