Portland's
University ဆေးရုံကို အမေရိကန်နိုင်ငံ အောရီဂွန် ပြည်နယ်က ဦးခေါင်းခွံကို မြှားဖောက်မှန်ထားတဲ့
လူနာ တစ်ယောက်ရောက်ရှိ လာခဲ့ပါတယ်.. တိုနီရောဘတ်လို့ခေါ်တဲ့ အသက်၂၅အရွယ်ရှိ လူငယ်ဟာ
သူငယ်ချင်းတွေနဲ့ အမဲလိုက်ထွက်ရင်း သူ့သူငယ်ချင်းတစ်ယောက်က ၀က်ဝံတစ်ကောင်ကို ပစ်လိုက်ရာမှ
ဝက်ဝံကိုမထိပဲ သူ့ရဲ့ညာဘက်မျက်လုံးကို လာရောက် စိုက်မှန်ခဲ့ခြင်းဖြစ်ပါတယ်..။
ဆရာဝန်က သူဟာ အလွန်ကံကောင်း ခဲ့ပြီး
မြှားဟာ ဦးနှောက်ရှိ အဓိကသွေးကြောနဲ့ ၁ မီလီမီတာခန့်သာ ကွာဝေး ကြောင်းနဲ့ ထိမှန်ခဲ့ပါက
အသက်ဆုံးရှုံးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်..။
အာရုံကြောဆရာဝန် ဒေါက်တာ ဂျွန်နီ
ဒီလရှော က မြှားဟာ ဦးနှောက်ထဲကို ၈ လက်မမှ ၁၀ လက်မအထိ ၀င်သွားခဲ့ပြီး နောက်ဖက်ဦးခေါင်းခွံကနေ
ပြန်လည် ဖောက်ထွက်ခဲ့ပါတယ်..၊ ဒါပေမယ့် အဓိကသွေးကြောတွေကိုတော့ ထိမှန် ခဲ့ခြင်း မရှိခဲ့ပါဘူး..လို့ပြောကြားခဲ့ပါတယ်..ဒါပေမယ့်သူဟာ
သူရဲ့ ညာဘက်မျက်လုံးကို ပြန်လည်ရရှိတော့မှာ မဟုတ်ပါဘူး..၊
တစ်ကယ်လို့သာ ရောဘတ်ဟာမြှားကို
ဆွဲနှုတ်ခဲ့မယ်ဆိုလည်း သူဟာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပင်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်..
အောင်ထွန်းဦး
No comments:
Post a Comment