ရက်စက်ပြီးတော့
စိတ်ပျက်စရာကောင်းတဲ့ အသုဘချနည်းသာဖြစ်ပါတယ်။ဒါပေမယ့် မြေမြှုပ်
မီးသဂြိုလ်မဲ့အတူတူ လင်းတတွေကို အစာကြွေးလိုက်ခြင်းဟာ ပိုပြီးတော့ကောင်းတယ်လို့
ခံယူထားသူတွေဖြစ်ပါတယ်။ လင်းတငှက်တွေကတော့ အမြဲတမ်းပဲ တိဘက်နိုင်ငံရဲ့တောင်ထိပ်တွေမှာ
ပျံဝဲလျှက်ရှိနေပါတယ်။
လူသေအလောင်းကိုတောင်ပေါ်ယူသွားပြီး အခေါင်းဖွင့်ကာ
ဓါးဖြင့်မွန်းပြီး လင်းတများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။ များသောအားဖြင့်
တိဘက်များဟာ ဗုဒ္ဒဘာသာဝင်များဖြစ်ပြီး
နောင်ဘဝကိုယုံကြည်သူများလည်းဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ဝိဥာဉ်မရှိတော့တဲ့
ဒီခန္ဒာကိုယ်ကြီးဟာ ဘာမှတန်ဖိုးမရှိတော့ပါဘူး။ဒါကြောင့် အကောင်းဆုံး
သဘာဝသားကောင်းများကို ကျွေးမွေးခြင်းဖြစ်ပါတယ်။နောက်ပြီး
ထိုသို့ပြုလုပ်ရခြင်းအကြောင်းရင်းတစ်ခုကတော့သူတို့(လူသေအလောင်း)တွေကိုမြေမြှုပ်ဖို့အတွက်ကျင်းတူးရင် တိဘက်နှိင်ငံရဲ့ပထဝီမြေအနေအထားအရ
မြေသားအောက်ခံတွေဟာ ကျောက်သားတွေဖြစ်တဲ့အတွက့်ကြောင့်
လူတစ်ကိုယ်စာမြေမြှုပ်နှိင်ရန်အတွက် လုံလောက်တဲ့အနက်ပေရအောင်တူးဖို့အတွက်တောင်
အလွန်ခက်ခဲသလို မီးသင်းဂြိုလ်ဖို့အတွက်ကျတော့လည်း သစ်သားကအလွန်ရှားပြီး
တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။
နောက်ဆုံးလူဟာသေဆုံးသွားသည့်တိုင်အောင်
သူခန္ဒာနဲ့ သတ္တဝါတွေကို ကောင်းမူ့ကုသိုလ်ပြုပြီး ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့
တိဘက်လူမျိုးတွေက ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်..။
အောင်ထွန်းဦး
No comments:
Post a Comment