တိရိစ္တာန်များကိုBonsai အဖြစ်ပြုလုပ်ခြင်းနှင့် key changeအဖြစ်ရောင်းချခြင်းအား ဆန့်ကျင်ကြပါစို့
လူတွေမှာတကယ်ပဲ သနားညှာတာစိတ်မရှိတော့တာလား အသွေးချင်းအသားချင်း
စာနာစိတ်မရှိတော့တာလား ဒါမှမဟုတ် ... ရက်စက်ကြမ်းတမ်းတဲ့စိတ်တွေ မွေးဖွားလာခဲ့တာလားဆိုတာ
ပြုလုပ်သူကာယကံရှင်တွေပဲသိပါလိမ့်မယ် ။
တစ်ကမ္ဘာလုံးက စာနာထောက်ထားသူတွေက တိရိစ္ဆာန်ညှင်းပမ်းမှုမှ ကာကွယ်စောင့်ရှောက်ရေးကို
အားတက်သရော ဆောင်ရွက်နေချိန်မှာ အင်တာနက်မှသတင်း ၂ ပုဒ်ကို ဝေမျှပေးလိုက်ပါတယ် ။
ပထမသတင်းကတော့ အရှင်လတ်လတ် ငါးကလေးတွေ နဲ့လိပ်ကလေးတွေကို
ကီးချိန်းအဖြစ်အိတ်ထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ ( သတင်းအမှန်ပါ )
တရုတ်ပြည်ရဲ့လမ်းမကြီးတွေမှာ လိပ်ကလေးတွေကို လက်ဆောင်အဖြစ်
အိတ်ကလေးတွေထဲထည့်ပြီး ရောင်းချနေကြတာတွေ့ရတယ် ဒီလိပ်ကလေးတွေက အသက်ရှင်နေတုန်းပါပဲ
။ စတိုးဆိုင်ပိုင်ရှင်ကတော့ ဒီလိုကီးချိန်းလေးတွေထဲက လိပ်ကလေးတွေဟာ တစ်လမှ ၃ လအထိအသက်ရှင်တယ်လို့ဆိုတယ်
တစ်ကောင်ကို 5RMB ပေးရပါတယ် ။ တော်တော်ရက်စက်ကြမ်းကြုတ်ပြီး လက်ခံနိုင်ဖွယ်ရာမရှိတဲ့လုပ်ရပ်ပါပဲ
။
ဒီလို အိတ်ထဲ ထည့်သွင်းခံရပြီးရောင်းချခံရတဲ့လိပ်ကလေးတွေငါးကလေးတွေဟာ
အသက်ရှုကြပ်ပြီးတစ်ချိန်မှာ မချိမဆန့်ဝေဒနာခံစားရပြီးသေဆုံးကုန်ကြတော့မှာပါ
။ ပြုလုပ်ရောင်းချသူတွေကို ပလပ်စတစ်အိတ်ကြီးထဲထည့်ပြီး လမ်းလယ်ခေါင် ချရောင်းကြရင်ဖြင့်
ဘယ်လိုနေကြမှာပါလိမ့် ။
ငွေရှာဖို့အတွက် တခြားနည်းလည်းမရှိဘူးလားလို့မေးစရာရှိပါတယ်
။ တကယ်တော့ ရောင်းတဲ့သူမှာရော ၀ယ်တဲ့သူမှာရော ၂ ဦး ၂ ဖက်စလုံးမှာ အကုသိုလ်များလွန်းလှပါတယ်
။ မီဒီယာတွေကနတဆင့်အစိုးရဟာ ဒီသတင်းကြားပြီး ဒီလိုလုပ်ရပ်တွေကို တရားမ၀င်လုပ်ရပ်အဖြစ်
သတ်မှတ်ပြီး အမြန်ဆုံးဖယ်ရှားနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။
http://skeptics.stackexchange.com/questions/8743/are-bagged-turtles-and-goldfish-sold-as-keychains-in-china
https://www.youtube.com/watch?v=UU1XGXMELyw
http://inhabitat.com/live-animals-trapped-in-plastic-bags-sold-as-key-chains-in-horrifying-chinese-souvenir-scheme/
====================================
နောက်သတင်းတစ်ခုကတော့ ကြောင်ကလေးတွေကို ဘွန်ဆိုင်းအဖြစ်
ပုလင်းတွေထဲမှာ ထည့်သွင်းရောင်းချခြင်းဖြစ်ပါတယ် ။ တရားဝင်လိုလိုပြုလုပ်ရောင်းချနေတဲ့ဆိုက်ကတော့http://bonsaikitten.com/bnw.html ဖြစ်ပါတယ် ။ တချို့သတင်းဆိုက်တွေမှာ
Hoax သတင်းမှားလို့ ဖော်ပြနေကြတာလည်းတွေ့ရပါတယ် ။
http://struckbyenlightning.wordpress.com/2010/03/29/bonsai-kittens-82-hoax/
မှာပြောထားတာကတော့ MIT Grad students အုပ်စုကဒီ
Bonsai Kitten ဆိုက်ကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ် ။ သတင်းထဲမှာတော့ တော်တော်ကြောက်ခမန်းလိလိပါပဲ
ဂျပန်မှာ ပြုလုပ်ရောင်းချတာလို့ဆိုပါတယ် ။
ဒါကတော့ကြောင်ကလေးတွေကို Bonsai လုပ်ဖို့လိုအပ်တဲ့အရာတွေပါ
။ အသေးစိတ်ကိုတော့ စိတ်ဆင်းရဲလွန်းလို့ ချမရေးချင်ပါဘူး ဆေးထိုးတဲ့အဆင့်ဆင့်တွေအများကြီး
ဖန်အိမ်ထဲနေနိုင်အောင်လေ့ကျင့်ပေးတဲ့အဆင့်တွေအများကြီးပါပဲ ။ ကုသိုလ်ကံမကောင်းလို့သတ္တ၀ါ
လာဖြစ်ရတဲ့ကြားထဲ ဒီလို လူတွေတွေကြောင့် ဘယ်လောက်များ ဒုက္ခခံစားရမှာပါလိမ့် ။
၁ ။ ပထမဆုံးအဆင့်အနေနဲ့ ကြောင်ကလေးကို အစာအငတ်ခံထားပြီး
၁၂ နာရီကြာတဲ့အခါ Ketamine , Valium 2mg ဆေးထိုးလိုက်ပါတယ် ။ ထည့်သွင်းမယ့် ဖန်ပုလင်းကို
အစာစားဖို့အပေါက်ရင် ကျင်ကြီးကျင်ငယ်စွန့်ဖို့အပေါက်ရယ် ဖောက်ထားပါတယ် ။
၂ ။ ကြောင်ကိုပုလင်းထဲသွတ်သွင်းပြီးတဲ့အခါမှာတော့
အစာစားတဲ့ပိုက်ကိုမထည့်ရသေးပါဘူး အသက်ရှုဖို့ကတော့ တစ်လက်မရဲ့လေးပုံတစ်ပုံလောက်ပဲရှိတဲ့အပေါက်ကလေးကနေရှုရပါတယ်
။
၃ ။ အဲဒီနောက်မှာ ကျင်ကြီးကျင်ငယ်စွန့်ချင်ရင် အပေါက်ထဲကနေ
စွန့်ရပြီး တော်တော်လေးကို ဒုက္ခဝေဒနာခံစားနေရတဲ့အဖြစ်ကို ခံစားလို့ရနိုင်မှာပါ
။ အဲဒီလိုပြုလုပ်တဲ့ လူတွေကိုလည်း ပုလင်းကြီးထဲ သွတ်သွင်းချင်စိတ်တွေဖြစ်လာမိတာတော့အမှန်ပဲ
တော်တော်လေးကို ကိုယ်ချင်းစာစိတ်မရှိတဲ့ လုပ်ရပ်ပါ ။
ဒီတော့ ကျွန်တော့်အနေနဲ့ပြောချင်တာကတော့
ပထမသတင်းသည် သတင်းမှန်ဖြစ်ပြီး ဒီလို ကီးချိန်းပြုလုပ်သူတွေကို
ထိထိရောက်ရောက်အရေးယူနိုင်ပါစေ ။ တရုတ်အစိုးရအနေနဲ့လည်းတင်းတင်းကြပ်ကြပ်တားမြစ်နိုင်ပါစေ
။
ဒုတိယသတင်းသည် သတင်းမှားဖြစ်ပါစေ တကယ်ပဲ MIT ကျောင်းသားတွေလက်ဆော့ထားတဲ့ အတုအယောင်
ဆိုက်တစ်ခုဖြစ်ပါစေး။ တကယ်သာအစစ်ဆိုရင်တော့ တော်တော်ရက်စက်ယုတ်မာတဲ့လုပ်ရပ်ပါပဲ
။
သက်တန့်ချို
28 April 2014
No comments:
Post a Comment