Saturday, June 8, 2013

ကိုယ့်ကို သတ်တဲ့အမေကို ပြန်ကယ်တဲ့ သား

ဇွန်လ ၅ ရက်နေ့မှာ၊ Chunan ပြည်နယ်က အသက် ၃၄ နှစ်အရွယ် ရှိတဲ့ Zhan ဆိုတဲ့ အမျိုးသမီးဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပါတယ်..။ သူမဟာ သူမရဲ့သားဖြစ်သူ အသက် ၆ နှစ်သာ ရှိသေးတဲ့ Xiao Yu ကို လည်ပင်းကို လှီးဖြတ်ပြီးနောက် သူမကို ကိုယ်မ သတ်သေဖို့ ကြိုးစားခဲ့တာပါ…။  ဒါပေမယ့် အသက်မသေသေးတဲ့ သားလေး Xiao ဟာ ဒဏ်ရာ ရရှိထားတဲ့ ကြားကပဲ ထပြီး သူ့အမေဆီက ဓါးကို လုယူခဲ့ပါတယ်..။ သူ့အမေ ကိုယ့်ကိုယ်ကို သတ်သေလို့ မရအောင်ပေါ့…။ ဒီလို ဓါးကို အတင်းလုယူခဲ့တာကြောင့် Xiao ရဲ့လက်မှာ ဓါးဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်..။


ဒီအချိန်မှာမှ အသိတရားဝင်လာတဲ့ မိခင်ဖြစ်သူဟာ ကလေးရဲ့ဖခင်ရင်းဆီ ဖုန်းဆီပြီး "ကျွန်မ သေတော့မယ်..၊ ရှင့်သားတော့ သေနေပြီ.." ဆိုပြီး ဖုန်းဆက်ပြောခဲ့ပါတယ်..။ ဒါကို သူ့ဖခင်ရင်းက စနောက်နေတယ်ထင်ပြီး ဖုန်းချသွားခဲ့ပါတယ်..။ နောက် ပထွေးဆီ ဆက်ပြန်တော့်လည်း အလားတူပါပဲ..။ နောက်ဆုံးသူမဟာ ကြံရာမရဖြစ်ပြီး ရဲစခန်းဆီကိုသာ ဖုန်းဆက်လိုက်ပါတော့တယ်..။
ကလေးကတော့ အခု အရေးပေါ် အခြေအနေမှာရှိပါတယ်.. ။ ကိုယ်ရရှိထားတဲ့ ဒဏ်ရာကို အလေးမထားပဲ မိခင်အန္တရာယ်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ခဲ့တဲ့ ခြောက်နှစ်အရွယ်သားလေးကို တရုတ် မီဒီယာတွေက ချီးကျူးခဲ့ကြပါတယ်..။


အောင်ထွန်းဦး


1 comment:

  1. ဟ... စောနက ကိုယ်မွေးတဲ့ သားသမီး ပြန်ချက်စားဖို့သတ်တဲ့မိဘ။ အခုက ကိုယ်မွေးတဲ့သား လည်တတ်လှီးတဲ့မိခင်။ ကျွတ်... လောကကြီးက တစ်ခုခုတော့ မှားနေပြီ။ လန်ထွက်နေတာပဲ။ အဲဒီကလေး ကံကောင်းပါစေဗျာ။ ဒီလို မိဘမျိုးတွေနဲ့ ဝေးပါစေရယ်လို့။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ