Friday, August 31, 2012
ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ဓါတ်ပုံ (၅) ပုံ
World Trade Center 9/11 (Steve Ludlum)
ဒီဓါတ်ပုံကို Steve Ludlum ဆိုတဲ့ပုဂ္ဂိုလ် ရိုက်ခဲ့တာပါ။ အမေရိကန်မှာရှိတဲ့ WTC ကို လေယဉ်နဲ့ အသေခံ ၀င်တိုက်ခဲ့စဉ်ကပုံဖြစ်ပါတယ်။ ဒုတိယမြောက်လေယဉ်တစ်စီး ၀င်တိုက်ပြီးတဲ့နောက် မီးခိုး၊ မီးလုံးတွေ ကောင်းကင်ယံကို အရှိန်အဟုန်ပြင်းစွာထိုးထွက်လာပုံကို အမိအရ ရိုက်ယူထားနိုင်ခဲ့ပါတယ်။
Thursday, August 30, 2012
သြဂုတ်လ ၃၁ ရက်နေ့ထုတ် Premier Eleven Sports Journal
သြဂုတ်လ ၃၁ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၁ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?4w5765mnwdsea72
https://www.box.com/s/c9767692b2a428dedb0c
http://db.tt/k9LgHph6
ကလေးတွေကံကောင်းစေဖို့ ပေ ၃၀ မှပစ်ချစို့ ...
ကလေးတွေကံကောင်းစေဖို့ ပေ ၃၀ မှပစ်ချစို့ ...
မြင်ကွင်းကတော့  ကြောက်ရွံ့ ထိတ်လန့် နေရှာသည့် ကလေးသူငယ်များဟာ ၀တ်ရုံများဝတ်
ဆင်ထားသည့် ဘာသာရေးဆိုင်ရာဘုန်းကြီးများက ၎င်းတို့ အား ပေ ၃၀ အမြင့် ရှိ လေသာ
ဆောင်အစွန်းတွင် ကိုင်လှုပ်မြှောက်ချီကာ အောက်သို့ ပစ်ချနေကြစဉ် အော်ဟစ်ငိုယိုနေကြ
ပါတယ်... 
ဒါဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်ဇတ်လမ်းက ဇတ်ဝင်ခန်းမဟုတ်ပါဘူး...အိန္ဒိယနိုင်ငံတောင်ပိုင်း
မှာ နှစ်ပေါင်းရာချီပြီးရှိခဲ့ တဲ့ ကလေးသူငယ်များအား ကံကောင်းစေဖို့ ၊ ကျန်းမာစေဖို့ ၊ စည်းစိမ်
ဥစ္စာတိုးပွားစေဖို့ အတွက်ဆိုပြီး ပြုလုပ်လေ့ ရှိတဲ့ ဘာသာရေးဆိုင်ရာဆုတောင်ဝတ်ပြုပွဲပဲဖြစ်ပါ
တယ်... 
ကြည့် ရှုမြင်တွေ့ ရသူအပေါင်း အူလှိုက်သည်းလှိုက်ဖြစ်စေရသည့်  ကာနာတာကာပြည်နယ်
တွင် နှစ်စဉ်ပြုလုပ်လေ့ ရှိတဲ့ အဆိုပါပွဲတော်အား လူရိုင်းများသာပြုလုပ်လေ့ ရှိသည့် အပြုအမူဟု
ကလေးသူငယ်ဆိုင်ရာအခွင့် အရေးဆောင်ရွက်သည့် အဖွဲ့ အစည်းများက ကင်ပွန်းတပ်ခဲ့ ကြပြီး
အဆိုပါပွဲအားအိန္ဒိယအစိုးရအနေဖြင့် တားဆီးပိတ်ပင်ပေးရန် ဆောင်းဆိုဆန္ဒပြုနေကြပါတယ်... 
A scene from a baby throwing ceremony in 2009. Toddlers are annually tossed from the roof of a temple to bring them good luck
ဒီပုံကတော့ ၂၀၀၉ ခုနှစ်က ကလေးငယ်တစ်ဦးအား ကျောင်းတော်အပေါ်မှပစ်ချစဉ်...
ကံကောင်းခြင်းတွေဖြစ်စေဖို့ ကလေးသူငယ်တွေကို နှစ်စဉ်ပဲ ယခုလို ကျောင်းတော်
ခေါင်မိုးပေါ်ကနေပစ်ချလေ့ ရှိပါတယ်...
A scene from a baby throwing ceremony in 2009. Toddlers are annually tossed from the roof of a temple to bring them good luck
လန်ဒန်အိုလံပစ်ပွဲမှာ တရုတ်တို့ ဘယ်လိုလေ့  ကျင့် ပြီး ချံပီယံဘွဲ့ တွေဆွတ်ခူးနိုင်ခဲ့ ကြသလဲ...
လက်ရှိကျင်းပနေသည့် လန်ဒန်အိုလံပစ်အားကစားပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံမှ ရွှေတံဆိပ်ဆု
အများဆုံးဖြင့် ထိပ်ဆုံးမှရှိနေပါတယ်...
လွန်လျင်မြန်လွန်းသောကြောင့် အမေရိကန်အပါအ၀င်ကမ္ဘာ့ နိုင်ငံများမှ အားကစားဆိုင်ရာတာ
ဝန်ရှိသူများပင် မယုံကြည်နိုင်လောက်အောင် ( သက်လုံကောင်းဆေး၊ စိတ်ကြွဆေးအကူအညီ
မပါပဲ၊ မသုံးစွဲပဲ ) ဖြစ်ခဲ့ ကြရပါတယ်...
ဒါပေမယ့် သူတို့ ဘာကြောင့် အခုလိုအောင်မြင်နေကြပါသနည်း.... တရုတ်အားကစားသမားများ
ငယ်စဉ်ကလေးဘ၀ကပင် ယခုကဲ့ သို့ ပင်ပန်းဆင်းရဲစွာလေ့ ကျင့် ခဲ့ ကြောင်း အောက်ပါဓါတ်ပုံ
များကြည့် ရှုပြီးသိနိုင်ပါတယ်...
လားဆိုတာကတော့ သင်ကိုယ်တိုင်သာ ပုံများကိုကြည့် ပြီးဆုံးဖြတ်ပါလေ...
China is one of the top countries today when it comes to sports records. Chinese team is currently on the first place in London Olympics standings. But the golden medals of Chinese sportsmen are achieved through painstaking trainings that start in the early childhood. Is the Olympic success worth the children’s tears? It’s up to you to decide.
How They Train Olympic Champions in China
Samsung ဖုန်းတွေမှာ မြန်မာစာ Font နှင့် မြန်မာစာ Keyboard သွင်းခြင်း (for not ICS version)
Samsung ဖုန်းတွေမှာ မြန်မာစာ Font နှင့် မြန်မာစာ Keyboard သွင်းခြင်း (for not ICS version)
Andriod ဖုန်းတော်တော်များများကို မြန်မာ fonts နဲ့ keyboard တွေသွင်းလို့ရပါပြီ..၊
 မြန်မာ font နဲ့ keyboard သွင်းခြင်းအားဖြင့် ဖုန်းထဲကနေ website တွေကို မြန်မာစာနဲ့ မြင်နိုင်မှာဖြစ်ပြီး facebook၊ gtalk စတဲ့ phone application များကိုလည်း မြန်မာစာ ရိုက်နိုင်မှာဖြစ်ပါတယ်..
၊ 
အခုဖုန်းတွေထဲက မြန်မာ fonts ထည့်ရတာ အလွယ်ဆုံးဖြစ်တဲ့ samsung ဖုန်းအကြောင်း ပြောပြမှာ ဖြစ်ပါတယ်။
အရင်ဆုံး အောက်မှာပေးထားတဲ့ file ၂ ခု အရင်ဆုံး download ဆွဲပါ။
Zawgyi application >>> Click here
Frozen Keyboard >>> Click here
ဖိုင် နှစ်ခုလုံးကို Phone ထဲတွင် install လုပ်ပါ
Setting > Display > Font Style ထဲမှာ ZawgyiOne.ttf ကိုရွေးပေးပါ။
ဒါဆိုရင် မြန်မာfont သွင်းပြီးပါပြီ။ Myanmar keyboard ကို ဆက်သွင်းရပါအုံးမယ်။
Setting > Locale and text > input method ထဲက frozen keyboard ကိုရွေးပေးပါ။
ဒါဆိုရင် သင့်ရဲ့ samsung ဖုန်းမှာ မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ်ကို လွယ်ကူစွာ အသုံးပြုနိုင်သွားပြီပဲ ဖြစ်ပါတယ်။
အဆင်ပြေကြပါစေ။
အောင်ထွန်းဦး
တစ်ချိန်တည်း ဆေးမှင်ကြောင်အပ်ပေါင်း ၃၂၀၀အစိုက်ခံပြီး 
ကမ္ဘာ့ စံချိန်တင်ရန်ကြိုးပမ်းသည့် အမျိုးသမီး....
တလိမ့် လိမ့် စီးကျလာသောသူမရဲ့ မျက်ရည်စများနှင့် နာကျင်ခံခက်၊ ပြုံးတစ်ဝက်မျက်နှာထားကြောင့် သူမ
အနေနှင့် မည်မျှခံစားရသည် ကိုဖော်ပြနေခဲ့ ပါတယ်...
တစ်ကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ်....အကြိမ်ပေါင်း ၃၂၀၀...
ယခုကဲ့ သို့ မိမိကိုယ်ကိုအကျိုးမဲ့ နာကျင်အောင်(အပ်စိုက်ခံနေခြင်းကား) ပြုလုပ်နေခြင်းကာ လပ်စ်ဗီးဂပ်
မြို့ မှ ဖျော်ဖြေတင်ဆက်သူ စတေရှာရန်ဒယ်လ် အတွက် ခန္ဓာကိုယ်အရေပြားပေါ်ဆေးမှင်ကြောင်ရုပ်ထိုးနေ
ခြင်းမဟုတ်ပါလေ....
သူမရည်မှန်းလုပ်ဆောင်နေသည်က တစ်ထိုင်းတည်း ခန္ဓာကိုယ်ပေါ်တွင် အရေအတွက်အများဆုံးအပ်စိုက်ခံ
ခြင်း ကမ္ဘာ့ စံချိန်ချိုးနိုင်ဖို့ ပင်....
That's got to sting: Staysha Randall, 22, grimaces in pain as another needle pierces her body in Inktoxicated Tattoos, Las Vegas
ပြုံး၍လည်းခံတော်မူပါ...ငို၍လည်းခံတော်မူပါလေ...
ကမ္ဘာ့ စံချိန်ချိုးချင်တယ်ဆိုတော့ လည်း...
 That's got to sting: Staysha Randall, 22, grimaces in pain as another needle pierces her body in Inktoxicated Tattoos, Las Vegas
Wednesday, August 29, 2012
ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေး...
ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေး...
မေတ္တာတရားဆိုတာငွေနဲ့ ပေးဝယ်လို့ မရဘူးလို့ ဆိုကြပေမယ့် ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ
၁.၅၄၈၅သန်း ) ကတော့ သင့် ကိုလူသားများအတွက် တန်ဖိုးအကြီးဆုံးမိတ်ဆွေဝယ်ပေးနိုင်ပါလိမ့် မယ်...
အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)
ဖြင့် ဝင်ယူခြင်းခံခဲ့ ရလို့ ကမ္ဘာ့ ဈေးအကြီးဆုံးခွေးဖြစ်သွားခဲ့ ရပါပြီ...
တရုတ်ဘာသာစကားဖြင့် ဟောင်တုံး လို့ ခေါ်ဆိုကြသည့် ပိုက်ဆံကြီး (ခွေးအမည် ) ၊ကိုတော့ တရုတ်နိုင်ငံ
မြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိကာ ကြက်သား၊ အမဲသားအပါအ၀င် တန်ဖိုးကြီးမားလူကြိုက်များသည့် တရုတ်ရိုး
ရာအစားအစာများဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်က
တော့ ယခုလို သန်းကြွယ်သူဌေးတစ်ဦးကသာပိုင်ရှင်ဖြစ်နေခြင်းကပိုလို့ ပင်ကံကောင်းထောက်မမှုတစ်ခု
ဖြစ်ပါတယ်...
Pricey pup: A Red Tibetan Mastiff called Big Splash has become the world's most expensive dog
မြန်မာငွေနဲ့ ဆိုယင်တော့ ခြေတစ်လှမ်းကို ကုဋေတစ်သန်းတန်တာ အမှန်ပဲပေါ့ ...
၁၈နှစ်တဲ့.. ဟုတ်မှဟုတ်ပါ့မလား...
အံ့ သြလွန်းလို့ ဘာမှတောင်မပြောနိုင်တော့ ပါဘူး...
ဟုတ်မှဟုတ်ပါ့ မလားလို့ တောင်ထင်မိပါတယ်...
You will never guess her age.
According to the source, this girl is 18 years old…
I’m speechless…
ပီဘိ အရုပ်မလေးနှယ်....
Tuesday, August 28, 2012
တောင်ကြီးမြို့မှာ ၁၀ တန်းကျောင်းသားလေး အုပ်စုဖွဲ့ ရိုက်ခံရပြီး သေဆုံး
သေဆုံးသူများအားပြန်လည်ဖော်ယူပြီးအ၀တ် အစားသစ်များလဲပေးသည့် ရွာကလေး...
သေဆုံးသူများအားပြန်လည်ဖော်ယူပြီးအ၀တ်
အစားသစ်များလဲပေးသည့် ရွာကလေး...
အကယ်၍သာဤအလောင်းကောင်များသာ အသက်ရှင်လျှက်ရှိနေပါလျှင် သူတို့ အားလုံးဝတ်
ဆင်ထားလိုက်သည်မှ အပျံစား၊ အကောင်းစားနှင့် အလှပဆုံးလို့ သာဆိုနိုင်ပါတယ်...
အဘယ်ကြောင့် ဆိုသော် အင်ဒိုနီးရှားနိုင်ငံမှ ရွာကလေးတစ်ခု၏ ဒေသဆိုင်ရာရိုးရာအစဉ်အလာ
အရ ထူးထူးဆန်းဆန်းပင် သေဆုံးသွားသူများ၏မြုပ်နှံထားခဲ့ သောအလောင်းများအားပြန်လည်
ဖော်ယူကာ အ၀တ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပေးလေ့ ရှိကြသောကြာင့် ပင်ဖြစ်ပါတယ်...
အားပြန်လည်တူးဖေါ်ယူကာ ၎င်းတို့ အားသတိတရ၊ အမှတ်ရသောအားဖြင့် အ၀တ်အစားသစ်
များ လဲလှယ်ဝတ်ဆင်ပေးကြတာဖြစ်ပါတယ်...
ရွာသားတွေဟာ ပြန်လည်ဖေါ်ယူထားသည့် အလောင်းကောင်များအား အ၀တ်အစားသစ်များ
ဝတ်ဆင်ပေးရုံသာမက သွေးစုတ်ဖုတ်ကောင်များကဲ့ သို့ အလား ရွာအတွင်းတွင် တစ်ပါတ်လည်
အောင်လျှောက်ပြလေ့ ရှိကြပါသေးတယ်...
A family member touches the preserved body of his relative during a traditional ritual called Ma'nene in Tana Toraja, Sulawesi island, Indonesia
ကဲ ... အ၀တ်အစားလည်းလဲပေးပြီးသွားပြီ... ရွာထဲလည်းလျှောက်ကြည့် ပြီးသွားပြီ...
ပြန်ပြီးအနားယူလိုက်ပါလေဦး...
A family member touches the preserved body of his relative during a traditional ritual called Ma'nene in Tana Toraja, Sulawesi island, Indonesia
ကမ္ဘာကိုတုန်လှုပ်စေတဲ့.. ၅၅ ပေ၇ှည်လျားသော..မြွှေကြီး...
တရုတ်ပြည် တောနက်ထဲမှာ တွေ့ရတဲ့ ၅၅ ပေရှည်တဲ့မြွေကြီးဟာ ယနေ့အချိန်မှာ ခေတ်အစားဆုံး သတင်း တပုဒ်ဖြစ်လို့လာခဲ့ပါပြီ ။ ဒီသတင်းကို
မူရင်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ Official Communist Party
သတင်းစာဖြစ်တဲ့ People's Daily ရဲ့ သတင်း website မှာ ဖော်ပြထားခဲ့ပါတယ် ။
Sunday, August 26, 2012
Andriod ဖုန်းများအတွက် မရှိမဖြစ် Gothere Myanmar Software
ဖုန်းတစ်လုံး၏ အဓိက တည်နေရာကို အခြားဖုန်းတစ်လုံး သို့မဟုတ် ဖုန်းနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာမှ တစ်ဆင့် အချင်းချင်း ချိတ်ဆက်မှု ရှိပါက တည်နေရာကို ခြေရာခံ ဖော်ပြပေးနိုင်မည့် Gothere Myanmar Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ အဆိုပါ Software ကို Android ဖုန်းများတွင် ထည့်သွင်းနိုင်မည် ဖြစ်ပြီး ဖုန်းပျောက်သော အချိန်တွင် ရှာဖွေနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိကလေး ရောက်ရှိနေသည့် နေရာကို သိရှိနိုင်ခြင်း စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ခွေးတွေကို သတ်ပြီး ဒီလိုရောင်းချပါသတဲ့
သြော် လူတွေ လူတွေ .... အစားအသောက်နဲ့ ပတ်သက်လာရင် တော်တော်ကို ကြောက်ဖို့ကောင်းနေပါပြီ...၊ အစားအစာမျိုးစုံ၊ တိရစ္ဆာန်ပေါင်းစုံကို နည်းမျိုးစုံနဲ့ ပါးစပ်အရသာ၊ ကိုယ်ကာယကျန်းမာဖို့အတွက် စားသောက်နေကြတဲ့ တရုတ်နိုင်ငံမှာပါ...၊ လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ လူတွေနဲ့ နီးစပ်မှုအရှိဆုံးလို့ ထင်ထားကြတဲ့ ခွေးတွေကို သတ်ပြီး ဒီလိုရောင်းစားနေကြတာပါ...၊ ၀ယ်နေတဲ့ လူတွေကလည်း မနည်းပါဘူး...၊ ကြည့်ရတာ စိတ်မကောင်းစရာပါပဲ...
မသန့်ရှင်းသော မျက်ကပ်မှန် ဆိုးကျိုး
အောက်က ပုံလေးကတော့ မသန့်ရှင်းတဲ့ မျက်ကပ်မှန်ကို အသုံးပြုရာမှ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ဖြစ်ပါသတဲ့...
ထိတ်လန့်စရာပါပဲ....၊ ဒါကြောင့် မျက်ကပ်မှန် အသုံးပြုတတ်သော သူများအနေနဲ့.. သန့်ရှင်းတဲ့ မျက်ကပ်မှန်များကိုသာ အသုံးပြုသင့်ပါတယ်... မျက်ကပ်မှန်ကိုလည်း မကြာခဏဆေးပေးသင့်ပြီး မျက်ကပ်မှန် ဆေးရည်နဲ့သာ ဆေးသင့်ပါတယ်...၊ မျက်ကပ်မှန်ကိုလည်း ခြောက်လတစ်ကြိမ်လောက် အမြဲ လဲလှယ်ပေးသင့်ကြောင်း သိရှိရပါတယ်...
Thursday, August 23, 2012
ဖားအသားဖျော်ရည်
အော်.. လူတွေ..လူတွေ.. အစားသောင်းကျန်းတဲ့ နေရာမှာတော့ ကြောက်ဖို့ကောင်းလိုက်တာ.. ။ အခု လည်း ဖားအသားဖျော်ရည်တဲ့ ။  သောက်ဖို့နေနေသာ မအန်ချင်အောင်ပဲ အတော် သတိထား ရပါလိမ့်မယ် ။ တကယ်တော့ ကမ္ဘာလောကကြီးမှာ လူသားတွေအတွက် စားသောက်စရာတွေဟာ မကုန်မ ခန်းနိုင်လောက်အောင်ပဲ ပေါများလှပါတယ် ။ ဘာကြောင့်များ ဒီလို အစမ်းထွင်ပြီး စားကြတာလည်းဆိုတာ မစဉ်း စားတတ်အောင်ပါပဲ ။ တိရိစ္ဆာန် ညှင်းပန်းကာကွယ်ရေး အဖွဲ့တွေကလည်း ဘာကြောင့်များ မမြင်ချင်ယောင် ဆောင်နေကြပါလိမ့် .... ။
သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး
သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး
Twinkle Dwivedi ဆိုတာ စိတ်ဝင်စား ပြီး ရှုပ်ထွေးဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်လို့နေပါတယ် ။ ယုံကြည်နိုင် ဖို့ ခက်ခဲသလို လက်ခံနိုင်ဖို့လည်း ခက်ခဲလွန်းလှပါတယ် ။ အခု ၁၄ နှစ်အရွယ် Indian မိန်းကလေး ငယ်လေး Twinkle ဟာ သူမမျက်လုံးတွေကနေ သွေးရည်တွေ ခဏခဏ ထွက်ကျလို့နေပါတယ်တဲ့ သူမရဲ့ အရေ ခွံတွေနောက်ဆုံးသူမ ခြေဖ၀ါးပါမကျန် နှာခေါင်းပေါက်တွေကနေလည်း သွေးတွေ ယိုစီးကျ လို့နေပါတယ် ။ Twinkle လေးနဲ့ သူ့မိဘတွေကတော့ ဆေးပညာရပ်ဆိုင်ရာက ဆရာဝန်တွေကိုရော နတ်ဆ ရာတွေရော သူတို့ ကို ကူညီဖို့နဲ့ တွင်ကယ်လေးရဲ့ ထူးဆန်းဖွယ်ကောင်းသော ပြဿနာ ကို ဖြေရှင်းပေး ကြဖို့ မေတ္တာ ရပ်ခံထားပါတယ် ။
Wednesday, August 22, 2012
ကမ္ဘာတစ်လွှား ထူးဆန်းထွေလာများ
မက်ဆာချူးဆက်ပြည်နယ် နော်သမ်တန်မြို့၌ နေထိုင်သော အေပရယ်ဘရစ်အမည်ရှိ အမျိုးသမီးသည် ထူးခြားသည့် ငှက်သံတစ်သံကိုကြား၍ သူ၏နောက်ဖေး မြေကွက်လပ်သို့ ထွက်ကာ စူးစမ်းကြည့်သည်။ ထိုအခါ ဦးခေါင်းနှစ်လုံးနှင့် နှုတ်သီးသုံးခုပါဝင်သော ငှက်ငယ်တစ်ကောင်ကို အံ့သြဖွယ်တွေ့ရှိရသည်။ သူသည် ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆ နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့် သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။ နောက်တစ်နေ့အရပ်၌ ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်။
သတင်းများကို အချိန်နှင့် တပြေးညီ မိမိဖုန်းပေါ်တွင် ဖတ်ရှုနိုင်ရန်
မိမိ Andriod ဖုန်းတွေကနေ အင်တာနက်ချိတ်ထားရုံနဲ့ the voice journal မှ သတင်းများကို updates သတင်းများကို ဖတ်နိုင်ဖို့ အတွက် အောက်က application လေးကို တင်ပေးလိုက်ရပါတယ်..
Andriod ဖုန်းများအတွက် မိုဘိုင်းလမ်းညွှန်
ဒီ Sm3 မိုဘိုင်းလမ်းညွှန်လေးဟာ အတော်လေးလန်းပါတယ်..
အင်တာနက် connection ရှိဖို့မလိုပဲ offline အသုံးပြုလို့ရပါတယ်...။
Tuesday, August 21, 2012
မြွေဖမ်းတာတဲ့..ကြည့်ကြပါအုန်းဗျာ...
မြွေဖမ်းတာတဲ့..ကြည့်ကြပါအုန်းဗျာ...
အော်...ဒီလူတွေဖမ်းစရာ ရှားလို့ မြွေကိုဒီနည်းနဲ့ ဖမ်းကြတာတဲ့..။ မတွေးရဲ စရာပဲနော် ။ Anaconda မြွေ
အမျိုးအစားတွေကို ဒီနည်းနဲ့ဖမ်းကြတာပါ ။
ပထမဆုံးလက်ကို အ၀တ်နဲ့စည်း ကြပါတယ် ။
သူယောင်မယ်သီး
သူယောင်မယ်သီး
ဂြိုလ်သားနှင့်တူသော လူသား
အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။
Monday, August 20, 2012
သင့်ဖုန်းမှာ Themes လှလှလေးတွေ ဖြစ်ဖို့ Go-Launcher လေး သုံးလိုက်ရအောင်
နာမည်ကြီး လူကြိုက်များနေတဲ့ Go-Launcher လေးဟာ andriod ဖုန်းပိုင်ရှင်တော်တော်များများ အကြိုက်တွေနေတဲ့ Launcher လေးဖြစ်ပါတယ်..၊
အောက်က link ထဲက ပါတဲ့ zip file ကို အရင်ဆွဲလိုက်ပါ။
Folder နှစ်ခုကို တွေ့ရပါလိမ့်မယ်။ Go Launcher Ex 2.29 နဲ့ Go Launcher ex themes တို့ပဲဖြစ်ပါတယ်။ Go Launcher Ex 2.29 မှာပါတဲ့ ဖိုင်လေးကို ဖုန်းမှာ အရင် install လုပ်လိုက်ပါ..၊ ပြီးရင် Go Launcher ex themes မှာပါတဲ့ ဖိုင်အားလုံးကိုလည်း ဖုန်းမှာ install လုပ်လိုက်ပါ။
ကဲ... ဒါဆိုရင်တော့ ကိုယ့်ဖုန်းမှာ Go Launcher လေးသွင်းပြီးပါပြီ... ကျန်တဲ့ အပိုင်းလေးတွေ ရှိပါသေးတယ်။
မိမိဖုန်းရဲ့ Home Button ကို နှိပ်လိုက်ပါ။ ပြီးရင် အပေါ်ဆုံးမှာ ပေါ်နေတဲ့ Go Launcher EX ဆိုတာလေးနှိပ်လိုက်ပါ။
မကြုံစဖူး ရေကြီးမှုကြုံနေရသော ကျွန်တော်တို့ လားရှိုးမြို့
ယခင် ရေကြီးခြင်းကို သိပ်မကြုံတွေ့ခဲ့ရသော လားရှိုးမြို့အဖို့ ယခုနှစ်သည် ရေကြီးခြင်းကို မျက်ဝါးထင်ထင် ကြုံတွေ့နေရသောနှစ်ဟုဆိုရပေမည်။ မြန်မာနိုင်ငံ မြို့အများစုတွင် ကြုံတွေ့နေရသည့် ရေကြီးမှု ပြသနာကိုလည်း လားရှိုးမြို့တွင် ကြုံတွေ့နေရပြီဖြစ်သည်။
ရပ်ကွက် (၁၂) မီးပွိုင့်
၁၉.၈.၂၀၁၂ တနင်္ဂနွေနေ့တွင် လားရှိုးမြို့တွင် မိုးများသည်းထန်စွာ ရွာသွန်းခဲ့ကြီး ရပ်ကွက်အချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်လာခဲ့ပါသည်။
Sunday, August 19, 2012
အလုပ်မရှိ အလုပ်ရှာ ၀က်ကိုတောင် tatoo ထိုးပေးရတယ်လို့.
ထူးထူးဆန်းဆန်း၊ ထူးထူးခြားခြားတွေ လုပ်နေရမှ ကျေနပ်နေတဲ့ သူတွေကတော့ တစ်ခုမဟုတ် တစ်ခု အမြဲတမ်း သူများနဲ့ မတူတာတွေကို လိုက်လုပ်နေကြတာပါပဲ...၊ အခုလည်း ကြည့်လေ... သူ့ဟာသူ နေတဲ့ ၀က်တွေကို tatoo တွေ ထိုးပေးထားပြန် သတဲ့....
Friday, August 17, 2012
အားရှိအောင် ကလေးကို စွပ်ပြုပ်လုပ်သောက်ကြတယ်တဲ့……
အားရှိအောင် ကလေးကို စွပ်ပြုပ်လုပ်သောက်ကြတယ်တဲ့……
တရုတ်မှာ လူသားကလေးငယ်ကို ကာမစွမ်းအားအတွက် စွပ်ပြုပ်အဖြစ် သုံးဆောင်နေကြသည်။
စွပ်ပြုပ်တစ်ပွဲရဲ့ တန်ဖိုးကတော့ ဒေါ်လာ 4,000 ခန့်ရှိပါတယ်။
အဲဒီဆိုင်ရဲ့ တာဝန်ခံကို သတင်းထောက်တစ်ယောက်မှ မေးမြန်းရာမှာ ဒီစွပ်ပြုပ်ကို သူစမ်းသောက်ကြည့်ကြောင်း၊ တစ်ကယ် အကျိုးသက်ရောက်မှုရှိကြောင်းနှင့် သူကိုယ်တိုင်လည်း ဒီ စွပ်ပြုပ်ကို မကြာခဏသောက်သုံးလေ့ရှိကြောင်း ပြောကြားပါတယ်..။
ရက်အနည်းငယ်ကြာတဲ့ အချိန်မှာ..၊ သူဟာ သတင်းထောက်ကို စားသောက်ဆိုင်ခေါ်လာခဲ့ပြီး သူတို့ ဒေသအခေါ် နံရိုးရံ ဟင်းလို့ခေါ်တဲ့ ကလေး စွပ်ပြုပ်ကို ရနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။
Thursday, August 16, 2012
ခွေးကနေ လူသားလေး မွေးတာတဲ့...
ဒါကတော့ တကယ်ဖြစ်ရပ်လား...၊ လိမ်ညာတာလားဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ပြီး ဆုံးဖြတ်ကြပါ...၊ ကျွန်တော်ကတော့ သိပ်မယုံချင်ပါဘူး.. ခွေးကနေ လူသားလေး မွေးဖွားတာတဲ့....
Andriod ဖုန်းများကို computer မှ ထိန်းချုပ်နိုင်ရန်
ကိုယ့် Andriod ဖုန်းကို ကိုယ့် Computer PC ပေါ်ကနေ အပြည့်အ၀ ထိန်းချုပ်ပေးနိုင်မယ့် Wondershare MobileGo for Andriod လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..
သြဂုတ်လ ၁၇ ရက်နေ့ထုတ် Premier Eleven Sports Journal
သြဂုတ်လ ၁၇ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၉ အမှတ် ၅၀ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?a6ha4827ulv8xlz
https://www.box.com/s/8770c000fd0c24ba8032
http://db.tt/ZpYKDph5
Wednesday, August 15, 2012
ကမ္ဘာ့ ထူးခြားအံ့ ဖွယ်မှတ်တမ်းသစ်များ
အကောင်းဆုံး၊ အတော်ဆုံးမှသည် ကြောင်တောင်တောင်အနိုင်ဆုံးအထိ စံချိန်တင်မှတ်တမ်းများပါပဲ...
၃၃.၅ လက်မသာမြင့် သည့် ကမ္ဘာ့ အသေးဆုံးနို့ စားနွားမ မှသည် အအေးစုတ်ပိုက်တံပေါင်း ၄၀၀ ကိုတစ်ပြိုင်နက်တည်း ပါးစပ်ထဲတွင် ၁၀ စက္ကန့် ကြာထည့် သွားထားနိုင်သူ အထိ အမျိုးစုံစံချိန်တင်နိုင်မှုများ ပါဝင်ပါသည်။ ထိုစံချိန်တင် မှတ်တမ်းသစ် များထဲမှာ အထူးခြားဆုံးတစ်ခုကတော့ နော်တင်ဟန် အရပ်မှ အသက် ၄၄ နှစ်အရွယ်ရှိသတင်းမီဒီယာဆိုင်ရာ နည်းပညာရှင် စတီဖင်ပါ့ ခ်စ် ဖြစ်ပြီး သူဟာ စမာ့ ဖ် ကာတွန်းဇတ်ဆောင်အမှတ်တရအရုပ်ကလေးပေါင်း ၁၀၆၁ ရုပ် စုဆောင်းထားနိုင်ခဲ့ မှုပဲဖြစ်ပါတယ်။ ဂီးနစ်မှတ်တမ်းအဖွဲ့ က ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမာရီလစ်စ် အက်ပီနိုဇာကတော့ " ဒီမှတ်တမ်းစာအုပ်မှာ ပါ
ဝင်မှတ်တမ်းတင်ခံနိုင်ဖို့ ဆိုတာ အလွန်မလွယ်ကူလှပါဘူး...ပါဝင်ဖို့ ကြိုးစားသူများရဲ့ ၈၀ ရာခိုင်နှုံးဟာ အ
ကြောင်းမညီညွတ်လို့ ပယ်ချခံခဲ့ ကြရတာချည်းပါပဲ..." လို့ ပြောကြားသွားပါတယ်...
Pekingese
၎.၅ လက်မရှိတဲ့ လျှာနဲ့ ကမ္ဘာ့ လျှာအရှည်ဆုံးခွေးပါတဲ့ ...
အသက် ကိုးနှစ်ရှိပြီး အမည်က ပက်ဂီပါ...
Tuesday, August 14, 2012
မျက်နှာ မရှိတဲ့ ကလေးမလေး
Julianna Wetmore လို့ခေါ်တဲ့ ဒီကလေးမလေးဟာ Treacher Collins Syndrome လို့ခေါ်တဲ့ ရောဂါဝေဒနာကို ခံစားနေရတဲ့ ကလေးမလေး ဖြစ်ပါတယ်..၊ ဒီလိုရောဂါမျိုးဟာ လူအယောက် (၁၀၀၀၀) မှာ မှ တစ်ယောက် ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းတယ် ဆိုပေမယ့် Julianna Wetmore ကတော့ တွေ့ခဲ့ရသမျှ ရောဂါခံစားခဲ့ရသူတွေထဲမှာ သူက အပြင်းထန်ဆုံး လို့သိရပါတယ်။ ဆရာဝန်တွေဟာ သူမကို ကိုယ်ဝန်ဆောင်စဉ် ကာလကတည်းက ဓါတ်မှန်ရိုက်ရာမှ ဒီအခြေအနေကို တွေ့ရှိခဲ့ကြပေမယ့် တစ်ကယ် သွင်ပြင်လက္ခဏာ အစစ်အမှန်ကိုတော့ ကလေးမွေးဖွားလာမှသာ တွေ့မြင်ခဲ့ရကြောင်း သိရှိရပါသည်။
ဒိန်းမတ်နိုင်ငံမှ ကြောက်မက်ဖွယ်ကောင်းတဲ့ လုပ်ရပ်
ကျနော် ဒီပုံတွေကိုတွေ့တော့ သိပ်ခံစားရတယ်။ အသိဥာဏ် အကြီးမားဆုံးလို့ ပြောနေတဲ့ လူသားတွေက အသိဥာဏ်အမဲ့ဆုံး အလုပ်တွေကို လုပ်နေကြပါလားလို့ သံဝေဂ ရမိတယ်။ ဒါကြောင့် တချို့ အင်္ဂလိပ်စာ အားနည်းတဲ့လူတွေ (အဲဒီလူတွေထဲမှာ  ကျနော်လည်း အပါအဝင်) နားလည်ပြီး ဖတ်လို့ရအောင် တတ်သလောက် မှတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ အမှားပါရင်လည်း စေတနာအမှားလို့ နားလည်ပေးပါ။ မှားခဲ့ရင် တကယ်တတ်တဲ့လူတွေက ထပ်ပြင်ပေးကြပေါ့။
                                                                          ဆလိုင်း ဟံသာစန်း
Denmark is a big shame.
      ဒိန်းမတ်နိုင်ငံအတွက် သိပ်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တခုပါ။
The sea is stained in red and it’s not because of the climate effects of nature.
                  သဘာဝ ရာသီဥတုဖောက်ပြန်လို့ ပင်လယ်ပြင်ကြီး အနီရောင်တွေ စွန်းထင်းနေတာ မဟုတ်ပါဘူး။
??? ???????
It's because of the cruelty that the human beings (civilised human) kill hundreds of the famous and intelligent Calderon dolphins.
 လိမ္မာပြီး ဥာဏ်ရှိ ယဉ်ပါးတဲ့ လင်းပိုင်ရာပေါင်းများစွာကို အသိဥာဏ်တွေရော နည်းပညာတွေပါ တိုးတက်နေပါတယ်ဆိုတဲ့ လူသားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်လို့ သူတို့ရဲ့သွေးတွေနဲ့ ပင်လယ်ပြင်ကြီး နီစွေးနေတာပါ။
သားပိုက်ကောင်ကို မြိုနေသောမြွေ
သားပိုက်ကောင်ကို မြိုနေတဲ့မြွေပုံကို တင်ပေးလိုက်ပါတယ်... မြွေမြိုတာကို မမြင်ဘူးတဲ့ သူတွေအတွက်ပါ...၊ ပုံတွေကို gmail ထဲမှာ မမြင်ရရင် Show Images Below ဆိုတာလေးကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်...၊
ဒီကလေးလေးအတွက် ကူညီပေးကြပါအုံး....:)
ဦးခေါင်းအသားပိုတစ်လုံးနှင့် ကလေးကိုစာနာကူညီနိုင်ဖို့အရေး သတင်းကို ဖတ်ရှု၍ ဂရုဏာသက်စွာ လှူဒါန်းချင်သူများ အနေဖြင့်
" နာရေးကူညီမှုအသင်း "
အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန် မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို
" ပေါ်ပြူလာ ဂျာနယ်တိုက် "
အမှတ် (၁၅၀/၁၆၀)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တစ်ဆင့်လည်း လှူဒါန်းနိုင်ပါကြောင်း။
Monday, August 13, 2012
မြွေ အကောင်လိုက်မွေးတာကို မမြင်ဖူးသူများအတွက်ပါ.
မြွေ အကောင်လိုက်မွေးတာကို မမြင်ဖူးသူများအတွက်ပါ.
မိခင်မြွေမကြီးရဲ့ ဗိုက်ကို ဖောက်ပြီးထွက်လာကြတာပါ...၊ မြွေမမြွေမကြီးကတော့ သူ့ကလေးတွေအတွက် သူ့အသက်ကို အဆုံးရှုံးခံရပါတယ်..၊
တိရစ္ဆာန်တွေထဲမှာတောင် ကိုယ့်မိခင်ကို သေစေပြီးမှ လောကထဲ ရောက်လာရတဲ့ တိရိစ္ဆာန်လောက် ဆိုးတာ ရှိတော့မယ် မထင်ပါဘူး...၊
သြဂုတ်လ ၁၄ ရက်နေ့ First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၁
သြဂုတ်လ ၁၄ ရက်နေ့ First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၁ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?m7pcoxh7q11wo1o
https://www.box.com/s/de52b225812199a99c32
http://db.tt/dPGI8CMP
Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…
Viber သုံးပြီး အခမဲ့ ဖုန်းပြောကြမယ်…
အခုတစ်လော နာမည်ကြီးလာတဲ့ Viber ဆော့ဝဲလ်လေးကို ကိုယ့်ဖုန်းမှာ သွင်းပြီး အင်တာနက် ချိတ်လိုက်တာနဲ့ အခြား viber ဆော့ဝဲလ်သွင်းထားတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် စကားပြောခြင်း၊ message ပို့ခြင်းတို့ကို အခမဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..၊
ဒီ Viber ဆော့ဝဲလ်ကို Andirod ရဲ့ OS ဖုန်း၊ ဒါမှမဟုတ် Apple ရဲ့ IOS ဖုန်းတွေမှာသာ အသုံးပြုလို့ရပါသေးတယ်။
ယခုအပတ်ထုတ် Mobile Guide Journal
Photo: Download Mobile Issue #65 here >>> http://www.mediafire.com/?8bmc0y9154w1z19
ဒီတစ်ပတ်ရဲ့ Mobile Guide Journal ...ဖုန်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားသူများအတွက်ပါ...
အောက်မှာ Download ယူပါ..
http://www.mediafire.com/?8bmc0y9154w1z19
Sunday, August 12, 2012
အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ
ရေသူမ....ရေသူမတဲ့..... ဒဏ္ဍာရီပုံပြင်ထဲက ရေသူမ...
ဇာတ်လမ်းတွေထဲမှာတော့ ချောချောလေးနဲ့ စိတ်ကူးယာဉ်လို့တော့ အကောင်းသားဗျ...
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ အပြီး ပင်လယ်ထဲက ကမ်းပေါ်မှာ ကျန်ခဲ့တဲ့ တစ်ကယ့်ရေသူမအစစ် အချောလေးတွေကို အောက်က ဓါတ်ပုံလေးတွေမှာ ကြည့်လိုက်ကြပါအုံး...:)
ပင်လယ်ပြင်မှ အရိုးအရှည်ဆုံးငါး
ပင်လယ်ပြင်မှ အရိုးအရှည်ဆုံးငါး - Oarfish
Oarfish တွေဟာ ပင်လယ်ထဲမှာ အကြီးဆုံး အလျှားအရှည်ဆုံးနဲ့ သူတို့ကို pelagic lampriform fish မျိုးနွယ်တွေ လို့ လူတွေသိကြတယ် ။ Family ကတော့ Regalecidae ဖြစ်ပါတယ် ။ အပူပိုင်းဒေ သပင် လယ်ပြင်တွေမှာ ကျက်စားပေမယ့် တွေ့ရဖို့တော့အလွန်ပဲ ခဲယဉ်းလှပါတယ် ။
Internet Network ကို 2G Network မှ 3G Network ကို ပြောင်းသုံးကြမယ်
Internet Network ကို 2G Network မှ 3G Network ကို ပြောင်းသုံးကြမယ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးထားတဲ့ အင်တာနက်လိုင်းများမှာ 2G နဲ့ 3G Network တွေဖြစ်ပါတယ်..၊ GSM ဖုန်းများအတွက် 2G Network ကို တစ်မိနစ် ၂ ကျပ်နှုန်းဖြင့် ချပေးထားပြီး WCDMA ဖုန်းများအတွက် 3G Network ကို တစ်မိနစ်လေးကျပ်နှုန်းနဲ့ ချပေးခဲ့ပါတယ်..၊ အခုပြောပြမယ့် အကြောင်း အရာကတော့ GSM ရဲ့ 2G Network ကနေ WCDMA ရဲ့ 3G Network ကို ပြောင်းသုံးမယ့် နည်းလမ်းလေးပါ..၊
အရင်ဆုံး setting အရင်ဖွင့်လိုက်ပါ....၊
Setting ကို ဖွင့်ပြီးပါက setting ထဲက Wireless and Networks ကိုရွေးပေးပါ.။
ပထမဦးဆုံး Myanmar Mobile App Market for Andirod
Myanmar Mobile App Market for Android
Share
Application Name- Myanmar Mobile App Market
Owner- Myanmar Mobile Application Store (www.myanmarmobileapp.com)
Development Team- Eonlogix Development
Application Version- 1.0
Requirements:Android OS 2.1 and up
This application is the product of Myanmar Mobile Application Store (www.myanmarmobileapp.com)
သြဂုတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven News Journal
သြဂုတ်လ ၁၃ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၅ အား Download ရယူနိုင်ပါသည်။
http://www.mediafire.com/?8de71aeqr45v65j
https://www.box.com/s/eae5128bc8c98b7f9efe
http://db.tt/U6IkkhuK
Friday, August 10, 2012
Wallpaper ကို လန်းလန်းလေး သုံးချင်သူများအတွက်
Wallpaper ကို လန်းလန်းလေး သုံးချင်သူများအတွက်
ဘယ်သူမဆို ကိုယ့်ဖုန်းကိုယ် wallpaper လှလှလေးတွေ တင်ချင်ကြမှာပါ။ အခုတင်ပေးမယ့် wallpaper ကတော့ လက်ရှိ ကျွန်တော့်ဖုန်းမှာလည်း တင်ထားတဲ့ wallpaper ဖြစ်သလို ကျွန်တော်အကြိုက်ဆုံး wallpaper လေးလည်း ဖြစ်ပါတယ်။
ကိုယ်ရေးချင်တာလေးတွေ ရေးပြီး wallpaper အနေနဲ့ ထားလို့ရသလို... ကိုယ်ကြိုက်တဲ့ စကားစုတွေ ဘာတွေကိုလည်း မှတ်ထားလို့ရပါတယ်..၊ theme အနေနဲ့လည်း 6 ခုပါတော့ ရှယ်ပါပဲ...ကျွန်တော်တော့ ကြိုက်လွန်းလို့ ပြန်တင်လိုက်ပါတယ်...
Download here!
အဆင်ပြေကြပါစေ။
အောင်ထွန်းဦး
သရဲ၊ နာနာဘာဝများနှင့် ကခုန်ခြင်း - ၁
သရဲ၊ နာနာဘာဝများနှင့် ကခုန်ခြင်း
ကျွန်တော်အနေနဲ့ ၀ိဥာဉ်၊ သရဲ၊ နာနာဘာဝများကို အယုံအကြည်မရှိခဲ့ပါ။ အရင်က ကိုယ်တိုင်လည်း မတွေ့ခဲ့ဘူး..၊ မမြင်ဘူးတာကြောင့်လည်း ပါမယ်ထင်သည်..။ သိုပေမယ့် ဒီကမ္ဘာ လောကကြီးမှာ ၀ိဥာဉ်၊ သရဲ တွေ တစ်ကယ် ရှိတယ်ဆိုတာကို ကျွန်တော် ယုံကြည်ရမယ့် အကြောင်းတရားတွေ အများကြီးနဲ့ တွေ့ကြုံခဲ့ရပါတယ်..၊
LinkWithin
Related Posts Plugin for WordPress, Blogger...
ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ