Tuesday, October 30, 2012

Andriod ဖုန်းပေါ်မှ သတင်းစုံ ဖတ်ရှုနိုင်ရန်

Mizzama သတင်းဌာန နဲ့ Hot News တို့ ရဲ့ သတင်းတွေကို မိမိရဲ့ Andriod ဖုန်းမှ တစ်ဆင့် ဖတ်နိုင်ပြီ ဖြစ်ပါတယ်...။ အရင်က ကျွန်တော့် site မှာ the voice နဲ့ news of myanmar application လေးတွေကိုလည်း တင်ပေးခဲ့ဖူးပါတယ်.. ဖုန်းထဲမှာ ဒါမျိုးလေးတွေ များများထည့်ထားတော့ သတင်းစုံစုံလေး ဖတ်လို့ရတာပေါ့ဗျာ..။ အင်တာနက်ရှိစဉ် update လုပ်ထားရုံနဲ့ သတင်းတွေကို offline ဖတ်ရှုနိုင်မှာဖြစ်ပါတယ်..။

The voice မှ သတင်းများ ဖတ်ချင်လျှင် >>> ဒီမှာ ကြည့်ပါ

News of Myanmar မှ သတင်းများ ဖတ်ချင်လျှင်  >>> ဒီမှာ ကြည့်ပါ




Hot News အတွက် download link >>> http://www.mediafire.com/?cpi4a44j864f5vp



Mizzima အတွက် download link >>> http://www.mediafire.com/?13h40lw4pdkg513


အောင်ထွန်းဦး

Andriod ဖုန်းတွေမှာ Myanmar လို Chatting လုပ်ကြမယ်.



ဒီနေ့ မြန်မာမိုဘိုင်းစတိုး (http://www.myanmarmobileapp.com) ကနေ ကောင်းတာလေး တွေ့လို့ မလာပါတယ်..။ ဘော်ဒါတို့လည်း ကြိုက်ကြလိမ့်မယ်ထင်ပါတယ်..။
Andriod ဖုန်း ပိုင်ရှင်တွေ အပျင်းပြေစေမယ့် ကိုယ့်ကို မြန်မာလို Chatting စကားပြန်ပြောတဲ့ application လေးပါ..။




မြန်မာပြောရင် သူလည်း မြန်မာလို ပြန်ပြောပါတယ်..။ တစ်ချို့ စကားတွေကတော့ ဆက်စပ်မှု ရှိပေမယ့် တစ်ချို့စကားတွေကျတော့ လုံးဝ ဆက်စပ်မှုမရှိပါဘူး..။
အသုံးပြုမယ့် ဖုန်းအနေနဲ့ internet connection ရှိထားရမှာဖြစ်ပါတယ်..။
စမ်းကြည့်ချင်တယ်ဆိုရင်တော့ အောက်က link မှာ download ရယူနိုင်ပါတယ်..။



အောင်ထွန်းဦး

Monday, October 29, 2012

Hauwei U8812D ကို Root လုပ်မယ်




ကျွန်တော့်ကို G-talk မှာ သူငယ်ချင်းတစ်ယောက် မေးထားလို့ တင်ပေးလိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။ အရင်ဆုံး လိုအပ်တဲ့ Root Tools လေးကို အောက်မှာ အရင် Download လုပ်လိုက်ပါ။

 
ROOT စတင်လုပ်ဆောင်ကြမယ်။......။
- အရင်ဆုံး မိမိဖုန်းရဲ့ Setting >> Developer Option >> USB Debugging ကို အမှန်ခြစ်ပေးထားပါ။ ( အရေးကြီးပါတယ်။ )
 
- Download ပြီးရင် Zip ဖိုင်လေးတစ်ခုရလာပါမယ်။ အဲ Zip File လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ root tools  ဆိုတဲ့ .exe     ဖိုင်လေးပါပါတယ်။
 
- အဲဒါလေးကို Run လိုက်ပါ။ တရုတ်စာတွေနဲ့ Box  တစ်ခုကျလာပါမယ်။ Ok နှိပ်ပါ။ နောက်ထပ် Box တစ်ခုကျလာပါမယ်။ Ok ထပ်ရွေးပေးလိုက်ပါ။
 
- ဒါဆို အောက်ကပုံလိုမျိုး ပေါ်လာပါမယ်။
 

- အဲမှာ ROOT ကို ရွေးပေးလိုက်ပါ။ သူ့ကသူ Install လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင် ဖုန်းက Reboot ကျသွားပါမယ်။  မကျရင်
  Reboot လုပ်ပေးလိုက်ပါ။

- ပြီးရင် မိမိဖုန်းရဲ့ Application List ထဲဝင်ကြည့်လိုက်ပါ။ Super user လေး ရောက်ရှိနေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ မိမိရဲ့ U8812D
  ဟာ ROOT လုပ်တာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။

credit to (http://hoppingdream.blogspot.com/)


အောင်ထွန်းဦး



ထူးခြားစွာ တရားဟောနေတဲ့ ၃ နှစ်အရွယ် ကလေးငယ်



ဒီနေ့တော့ Facebook ကနေ ဗွီဒီယိုလေးတစ်ခု ကြည့်ခဲ့ရပါတယ်..၊ ၃ နှစ်အရွယ် ကလေးလေး တစ်ယောက်က ဘုန်းကြီးတစ်ပါး ပုံစံထိုင်ပြီး ယပ်တောင်လေး တခပ်ခပ်နဲ့ တရားဟော နေတဲ့ ဗွီဒီယိုဖိုင်လေးပါ…၊ 


ဒီကလေးက အရင်ဘ၀ ဘုန်းကြီးတစ်ပါးပါး လူပြန်ဝင်စားတာလည်း ဖြစ်နိုင်ပါတယ်..၊ ဒါမှမဟုတ် အိမ်မှာ အမြဲတမ်းဖွင့်နေတဲ့ တရားတော်တွေကို နားယဉ်ပြီး ပြန်ပြောတာလည်း ဖြစ်နိုင်တာတယ်..၊ ကျွန်တော်တော့ လိုက်မမီတော့ပါဘူး..၊ ဘာပဲဖြစ်ဖြစ် ကလေးရဲ့ ပုံစံလေးက ချစ်ဖို့ကောင်းပြီး လေးစားစရာလည်း ကောင်းတာကြောင့် တင်ပေးလိုက်ပါတယ်…

ကြည့်ချင်သူများ အောက်က link မှာ download ရယူနိုင်ပါသည်..။

Download link >>>http://www.mediafire.com/?nujqf4837ivmqf7


အောင်ထွန်းဦး

Sunday, October 28, 2012

အရှင်လတ်လတ် မီးရှို့ခံခဲ့ရတဲ့လူ



အောက်တိုဘာ ၁၄ ရက်နေ့က တရုတ်ပြည်နယ် ဟူနန် ပြည်နယ် Xiangtang မြို့မှာ အသက် ၆၀ အရွယ်ရှိ လူတစ်ယောက်ဟာ အရှင်လတ်လတ် မီးရှို့ခြင်း ခံခဲ့ရပါတယ်..။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အသည်းနှလုံးကို စုတ်ဖြဲလိုက်သလိုကို ခံစားစေခဲ့ရပါတယ်..။ အခုတော့ အဆိုပါလူဟာ ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရပြီး သေဆုံးဖို့အခြေအနေများနေပါပြီ…။ 

တရုတ်နိုင်ငံမှာ အဆောက်အဦဟောင်းတွေကို ဖြိုချဖျက်စီးပြီး နေရာပြန်လည်ပြောင်းရွှေ့ပေးခြင်း အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..၊ နောက်ဆုံးတော့ အဆိုပါ အဖွဲ့မှ ဖွဲ့စည်းထားတဲ့ မြေအောက် ဒုစရိုက်ဂိုဏ်းတစ်ခုမှ လူတစ်စုဟာ အသက် ၆၀ အရွယ်ရှိပြီးဖြစ်တဲ့ လူတစ်ဦး လူမဆန်စွာ ရိုက်နှက်ပြီး မီးရှို့ခဲ့ကြပါတယ်..။








အောင်ထွန်းဦး

အသက် ၆ နှစ်မှ လိင်အင်္ဂါပြောင်းတဲ့ ထူးဆန်းရောဂါ



Josie Romeo ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းကလေးဖြစ်သွားခဲ့တာ။မွေးစကတော့ ယောက်ျားလေး တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။ သူ့အသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့ သူ့မိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို
ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး အဝတ်အစားတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကိုပဲဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ လိင်အင်္ဂါပြောင်းလဲမှုစတင်ခဲ့ပါတယ်။အသက် ၄၂ ရှိပြီဖြစ်တဲ့ သူ့အမေ Venessia က "ဂျိုးဇက်ထံမှာ အရုပ်ကလေးတစ်ရုပ်ရှိပါတယ်။ အဲ့ဒီအရုပ်က ယောက်ျားလေးပုံအရုပ်လေးဖြစ်ပါတယ်
စပြီးတော့ခြောက်လာပီးဂျိုးဇက်ဟာထိုယောက်ျားလေးအရုပ်ကို မိန်းကလေးပုံစံမျိုးဖြစ်အောင်း အမြဲတမ်းပြု လုပ်ပါတယ်။ သူစကားပြောတတ်တဲ့အချိန် ကနေစပြီးတော့ သူဟာမိန်းကလေးတစ်ယောက်ဖြစ်ကြောင်းကို တဖွဖွ ပြောတော့တာဘဲ။ ကျွန်မတို့ကတော့ မင်းဟာမိန်းကလေး မဟုတ်ဘူး ယောက်ျားလေး ဘဲဖြစ်တယ်လို့ အမြဲပြန်ပြောခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ တော့ သူက ကျွန်မဟာယောက်ျားလေးမဟုတ်ဘူး တကယ့်ကို မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဇွတ်ကိုပြောလာပါတော့တယ်။ သူ့ကို စပြီး အပြင်မှာကစားခိုင်းတော့ သူ့ကို ယောက်ျားလေးလို့ ပြော တဲ့သူမှန်သမျှကိုလည်း မဟုတ်ဘူး ကျွန်မက မိန်းကလေး ဆိုပြီး ပြောသမျှကို တုန့်ပြန်ခဲ့တယ်

ပြီးတော့ Venessia က ဂျိုစီ (ဂျိုးဇက်မှဂျိုစီ) အသက် လေးနှစ်ရောက်တဲ့ အချိန်မှာ ကျွန်မတို့ အသက်နှစ်နှစ်အရွယ် တရုတ်မလေးယောက်ကို မွေးစားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ဟာ ဂျပန် နိုင်ငံမှာဖြစ်ပါတယ်။ ပထမတော့ ကျွန်မတို့ က ဂျိုစီက သူညီမအသစ်ကို မနာလိုမှာစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုစီဟာ သူညီမလေး အသစ်တစ်ယောက်ရတာ အလွန်ပျော်ရွှင်ခဲ့တယ်။ သူတို့ဟာ အတူတူ ပျော်ရွှင်စွာကစားကြသလို အထူးသဖြင့် မိန်းကလေးပုံ အရုပ်များနှင့်ပိုပြီး ကစားတာတွေ့ရပါတယ်။ ပထမတော့ကျွန်မတို့မသိကြသေးဘူး နောက်ပိုင်းမှာတော့ ကျမသိခဲ့တာ ကျွန်မတို့မှာ အခြောက်လေးတစ်ယောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ 
သူ့ကိုကြည့်ရတာ ယောက်ျားလေးနဲ့လဲတူတယ် မိန်းကလေးနဲ့လည်းတူနေတယ်အဲ့ဒီအချိန်ကဂျိုစီက ၅ နှစ်အရွယ်ပေါ့။နောက်တော့ကလေးအထူးကုနဲ့ ပြကြည့်တယ် နောက်ဆုံးတော့ သူက ကျွန်မကို transgender ဆိုတဲ့စကားလုံးကိုရှာကြည့်လို့ပြောလိုက်တယ်။ ကျွန်မ ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆိုဒ် တစ်ခုကို ရှာကြည့်တယ် မတွေ့ဘူး နောက်တော့ Transgender Youth Family Allies ဆိုတဲ့ ဆိုဒ်တစ်ခုကို သွားတွေ့တယ် အဲ့ဒီမှာကလေးတစ်ရာလောက်က ဂျီုစီလို ဖြစ်တာမျိုးကို သွားတွေ့ခဲ့တယ်။ 

ဒါနဲ့ပဲ ကျွန်မ မိန်းကလေးအဝတ်အစားတချို့ ဝယ်ပြီး သူ့အဝတ်ဘီရိုထဲကို နှစ်ခြမ်းခွဲပြီး ထည့်ပေးလိုက်တယ် တခြမ်းကတော့ ယောက်ျားလေးအဝတ်အစားတွေပေါ့။ မနက်ကတော့ သူမကိုရွေးပြီးဝတ်ခိုင်းတော့ မိန်းကလေးအဝတ်တွေကိုပဲ ယူဝတ်တော့တယ်။ အထူးကုဆရာဝန်ကတော့ သူဟာ လိင်ပြောင်းသွားပြီ လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂျိုစီကို ကျွန်မတို့မိန်းကလေးအဖြစ် စပြီးလက်ခံလိုက်ရတယ်။ ကျွန်မယောက်ျားကတော့ သားတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားမှုမျိုးခံစားခဲ့ရတယ်။ ခင်ပွန်းသည်ဖြစ်သူက ပထမတော့လုံးဝလက်မခံနိုင်ဘူး ကျွန်တော်သားတစ်ယောက်ဆုံးရှုံးလိုက်ရလို့ အရမ်းဝမ်းနည်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ 

ဂျိုးစီ ဟာ အသက် ၁၂ နှစ်အရွယ်ရောက်လာရင် အမျိုးသမီးဟော်မုန်းတွေထွက်လာမှာ
ဖြစ်တဲ့အတွက် လုံးလုံး မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သွားဖို့ အတွက် ခွဲစိတ်ကုသ ရဦးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ကုသရမယ်ဆိုတာကိုလဲ ဂျိုစီတစ်ယောက် နားလည်ပြီးသားဖြစ်ပါတယ်။ သူမရဲ့ကိစ္စနဲ့ပါတ်သက်ပြီး Boston ကလေးဆေးရုံက ဆရာဝန် Norman Spack လက်ထဲ လွှဲအပ်ထားပြီးဖြစ်ပါတယ်။

 

မူကြိုဆရာမတစ်ယောက်ရဲ့ ကလေးများကို နှိပ်စက်မှု



အောက်တိုဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံ Weibo မှာ အများပြည်သူတွေကို စိတ်ပျက်စေတဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပေါ်ထွက်လာခဲ့ပါတယ်..၊ ကလေးငယ်လေး တစ်ယောက်ကို မူကြို ဆရာမ တစ်ယောက်က နားရွက်ကနေဆွဲထားပြီး ကလေးရဲ့ ခြေထောက်ဟာ လေပေါ်မှာ မြှောက်နေပါတယ်..၊ ဆရာမရဲ့ မျက်နှာမှာ အပြုံးများတွေ့နေရပြီး သနားစရာကလေးငယ်ကတော့ နာကျင်စွာ အော်ငိုလျက်ရှိပါတယ်..၊ ဒါဟာ တရုတ်နိုင်ငံ Zhejiang ပြည်နယ် Chenxi လမ်းမှာ ရှိတဲ့ ဒေါင်းပြာ ဆိုတဲ့ မူကြိုမှာ တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်..၊ အဲ့ဒီပုံပေါ်ထွက်လာပြီး တဲ့နောက်မှာ တာဝန်ရှိသူတွေဟာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး အဆိုပါနေ့မှာပဲ ဆရာမကို အလုပ်ထုတ် ပစ်ခဲ့ပါတယ်…။


Wednesday, October 24, 2012

စာမရလို့ ပါးအရိုက်ခံရတဲ့ ၅နှစ်အရွယ် ကျောင်းသူလေး



တစ်လောက Facebook မှာ တွေ့လိုက်ရပါသေးတယ်..၊ မြန်မာနိုင်ငံက မူကြို တစ်ခုမှာ မူကြိုဆရာမ တစ်ယောက်က ကလေးကို ပါးရိုက်လို့ဆိုပြီး ပြသနာ ဖြစ်ကြပါတယ်..။ အဲဒီကိစ္စတွေဟာ မြန်မာနိုင်ငံ တစ်ခုတည်း ဖြစ်နေတာ မဟုတ်ပါဘူး..။ ကလေးကို စာတကယ် တတ်စေချင်လို့ ရိုက်တာလား..၊ ဒါမှ မဟုတ် ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကို ကလေးပေါ် ပုံချတာလား..၊ ကလေး မိဘတွေကို မကျေနပ်လို့လား…စဉ်းစားစရာတွေတော့ အများကြီးပါ…။ ရိုက်ခဲ့တဲ့ ဆရာမတွေ ကိုယ်တိုင် အသိဆုံးပဲ ဖြစ်ပါလိမ့်မယ်…။


အခုလည်း တရုတ်နိုင်ငံမှာ ဆရာမတစ်ယောက်ဟာ ၅ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ကို စာမရလို့ဆိုပြီး ပါးအချက်ပေါင်း များစွာ ရိုက်ပြီး အပြစ်ပေးမှု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်..။ ဒီကလေးဟာ ၁၀ နဲ့ ၁ နဲ့ ပေါင်းတာ ဘယ်လောက်ရလဲ ဆိုတဲ့ အဖြေကို မဖြေနိုင်တဲ့ အတွက် ဒီလိုအရိုက်ခံရတာ ဖြစ်ကြောင်း သူ့အဖေက ပြောပါတယ်..။

Andriod ဖုန်းတွေမှာ ကစားနိုင်မယ့် Temple Run



Andriod ဖုန်းတွေမှာ ကစားနိုင်မယ့် Temple Run ဆိုတဲ့ ဂိမ်းလေးကို Share ပေးချင်ပါတယ်..။
ဘုရားကျောင်းပျက်ထဲက မျောက်တွေလိုက်တာကနေ ပန်းတိုင်ရောက်အောင် ထွက်ပြေးပြီး ကစားရမယ့် ဂိမ်းလေးပါ..။
 လမ်းတစ်လျှောက်မှာ ရွှေပြားတွေကိုလည်း စုဆောင်းထားနိုင်ပါတယ်..။

 
အကွေ့အကောက်တွေကြားထဲကနေ ပြေးရမှာဖြစ်ပြီး ခုန်ကျော်တာတွေ ငုံ့ရှောင်တာတွေကို ပညာသားပါပါ ကစားရမှာ ဖြစ်ပါတယ်..။ ကျွန်တော် ကစားတာတော့ အခုထိ တစ်ခန်းတောင် မအောင် သေးဘူး…J
ဆော့ချင်သူများ အောက်က link မှာ download ရယူနိုင်ပါသည်..။
Download link >>>  http://www.mediafire.com/download.php?6a25jctku27gc6k
 
အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ