Sunday, August 26, 2012

Andriod ဖုန်းများအတွက် မရှိမဖြစ် Gothere Myanmar Software


ဖုန်းတစ်လုံး၏ အဓိက တည်နေရာကို အခြားဖုန်းတစ်လုံး သို့မဟုတ် ဖုန်းနှင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာမှ တစ်ဆင့် အချင်းချင်း ချိတ်ဆက်မှု ရှိပါက တည်နေရာကို ခြေရာခံ ဖော်ပြပေးနိုင်မည့် Gothere Myanmar Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ အဆိုပါ Software ကို Android ဖုန်းများတွင် ထည့်သွင်းနိုင်မည် ဖြစ်ပြီး ဖုန်းပျောက်သော အချိန်တွင် ရှာဖွေနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိကလေး ရောက်ရှိနေသည့် နေရာကို သိရှိနိုင်ခြင်း စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပါသည်။



“ဒီ software ကနေ အခြားဖုန်းတစ်လုံးရဲ့ တည်နေရာကို သိချင်တယ်ဆိုရင် ကိုယ်သိချင်တဲ့ ဖုန်းပိုင်ရှင်ဆီကို message လှမ်းပို့ရပါမယ်။ တည်နေရာကို သိချင်တယ်။ လက်ခံမလား စသည်ဖြင့်ပေါ့။ ဟိုဘက်ဖုန်းက လက်ခံတဲ့ message ပြန်လာပြီဆိုရင် ဒီဖုန်းနှစ်လုံးကြားထဲမှာ software က အလုပ်လုပ်ပြီး သိချင်တဲ့ ဖုန်းရဲ့ တည်နေရာကို အမြဲပြပေးသွားမှာပါ။ ဒါ့အပြင် realtime mobile movement tracking လည်း လုပ်လို့ရတဲ့အတွက် ကုမ္ပဏီဝန်ထမ်းများ ကားအလွဲသုံးစားလုပ်ပြီး သွားလာတာ၊ Marketing Staff များ သတ်မှတ်ထားတဲ့ နေရာတွေမှာ မရှိတာတွေကိုပါ ချက်ချင်း သိရှိနိုင်ပါတယ်” ဟု အဆိုပါ software ကို ရေးသားသော Giga Gates Co.,Ltd မှ project manager တစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ Software ထည့်သွင်းထားပါက မိမိရောက်နေသော နေရာသို့ လာရောက်ရန် လမ်းမသိသော မိတ်ဆွေထံသို့ Location Sharing ပြုလုပ်၍ ဖုန်းမှတစ်ဆင့် လမ်းပြပေးနိုင်မည် ဖြစ်ပြီး GPS Tracking မှာ သွားးခဲ့သည့် နေရာများကို ပြန်လည် ကြည့်ရှုနိုင်သဖြင့် ကားများတွင် တပ်ဆင် အသုံးပြုနိုင်ခြင်း၊ အလုပ်သမားများကို အပြင်လွှတ်ပြီးသည့်အခါ ပြန်လည် ကြည့်ရှုနိုင်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

မြေပုံပေါ်တွင်လည်း မြို့၊ လုပ်ငန်း၊ အဆောက်အဦများကို အလွယ်တကူ ရှာဖွေနိုင်ပြီး Map Info ခြောက်သောင်းကျော်ခန့် သွင်းထားကြောင်း သိရသည်။ မိမိ ရောက်ရှိနေသည့် နေရာကို ကိုယ်ကိုယ်တိုင် မသိပါကလည်း ရောက်ရှိရာ နေရာအနီးရှိ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘတ်စ်ကား မှတ်တိုင်များကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ထိုသို့ အသုံးပြုရန်အတွက် GPS  ဖွင့်ရန် သို့မဟုတ် Internet Connection ချိတ်ဆက်ရန် လိုအပ်သော်လည်း Battery Saving, Cost Saving ဖြစ်စေရန် Assistant Location Sensing (ALS) စနစ်ကို ထည့်သွင်းပေးထားကြောင်း သိရသည်။ ယခု ဖော်ပြခဲ့ပြီးသော feature များအပြင် အသုံးပြုသူများအတွက် အဆင်ပြေမည့် feature များကိုပါ ထပ်မံ ထည့်သွင်းပေးထားပါသည်။

Download link >>  http://go-there-myanmar.com/download/GOthere-Myanmar-All-In-One.apk



No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ