Friday, April 26, 2013

ချီလီနိုင်ငံမှ အယူသီးဘာသာရေးဂိုဏ်းက ရက်သားကလေးငယ်အား မီးရှို့သတ်ဖြတ်

ချီလီနိုင်ငံတွင် အသက်(၃)ရက်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးကို မီးပုံထဲ ပစ်ချကာ အရှင်လတ်လတ် စတေးသတ်ဖြတ်ခဲ့ခြင်းအတွက် အယူသီး ဘာသာရေး ဂိုဏ်းတစ်ခုကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့က ဆန်တီယေးဂိုး မြို့တော်မှ အနောက်ဘက် မိုင်(၇၀)ခန့်အကွာ ကွီလ်ဂွီမြို့အနီး တောင်စောင်းတစ်ခုတွင် ကလေးငယ်အား စတေးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစွန်းရောက် ဘာသာရေး ခေါင်းဆောင် တစ်ဦးက ကြီးမှူးသည့် ပွဲတော် တစ်ခုတွင် ကလေးမလေး၏ ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ တောက်လောင်နေသော မီးပုံထဲသို့ ပစ်ချခဲ့ခြင်းဟု ရဲများက ပြောဆိုခဲ့သည်။ 



(ကလေးငယ်အား မီးရှို့သတ်ဖြတ်ခဲ့သည့်နေရာကို စစ်ဆေးစဉ်)

"လူသတ်မှုနဲ့ ကိုက်ညီတဲ့ အရိုး အကြွင်းအကျန် သက်သေတွေ ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်"ဟု ရဲစုံထောက် မီဂွယ်လ် အမ်ပူရိုက ရှင်းပြခဲ့သည်။ "ကလေးကို ကိုယ်တုံးလုံး ချွတ်ထားတယ်။ ပြီးတော့ ကလေးမအောင်နိုင်အောင် ပါးစပ်ကို တိပ်နဲ့ကပ်ကြတယ်။ စတေးခံ ဘုတ်ပြားပေါ် ကလေးကိုတင်ပြီး ဝိညာဉ်တွေကို ခေါ်ယူတိုင်တည်တယ်။ ပြီးတော့ ကလေးကို သူတို့ မီးထဲ ပစ်ချလိုက်တာပဲ"ဟုလည်း အမ်ပူရိုက ဆက်လက် ပြောဆိုသွားသည်။



(ကလေးငယ်အား မီးရှို့သတ်ဖြတ်ခဲ့သည့် အခန်း)

ရဲတပ်ဖွဲ့သည် အယူသီး ဘာသာရေးအဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးထားပြီး ယင်းအဖွဲ့အစည်းတွင် ခေတ်ပညာတတ်များ၊ လုပ်ငန်းကိုင်ငန်း ကောင်းမွန်သူများ စုစုပေါင်း (၁၂)ဦးထိ ပါဝင်ကြောင်း ရဲများက ဆိုသည်။ ကလေး၏ အသက်(၂၆)နှစ်အရွယ် မိခင်ကိုလည်း ရဲများက ဖမ်းဆီးခဲ့သည်။ သူမသည် မီးရှို့မှုတွင် ရင်သွေးငယ်ကို ခွင့်ပြု ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ "ကျွန်မ ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအဖွဲ့ ခေါင်းဆောင်တွေက ကျွန်မကို ဒီလိုလုပ်ဖို့ လိုကြောင်း ပြောခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ကံတရားပဲလို့လည်း ရှင်းပြခဲ့ပါတယ်"ဟု ကလေး၏ မိခင် ဖြစ်သူ နာတာလီဂွာရာက ဖွင့်ဟခဲ့သည်။

 

(အယူသီးဘာသာရေးဂိုဏ်းခေါင်းဆောင် ရေမွန် ဂူစတာဗို ကက်စတီလို ဂေတီ)

အဆိုပါ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်များက အဆိုပါ ကလေးငယ်သည် ဘုရားသခင်၏ ရန်သူတော် မိစ္ဆာတစ်ကောင် လူသားအဖြစ်ဖြင့် ကမ္ဘာမြေပေါ် ရောက်လာခြင်းဟု ယုံကြည်ခဲ့ကြကြောင်း သိရသည်။ ယင်းဘာသာရေး ကွင်းဆက်အဖွဲ့ကို (၂၀၀၅)ခုနှစ်က စတင်တည်ထောင်ပြီး အသက်(၃၆)နှစ်အရွယ် ရေမွန် ဂူစတာဗို ကက်စတီလို ဂေတီက ဦးဆောင်ကြောင်း ရဲများက ဆိုသည်။ "သူတို့ကွင်းဆက်ထဲမှာ ပါဝင်သူ အားလုံး ပရော်ဖက်ရှင်နယ် နယ်ပယ် အသီးသီးကပါ။ (၁၂)ယောက်ရှိတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ယောက် ပါတယ်။ တစ်ယောက်က လေယာဉ်မောင်၊ ပြီးတော့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်နဲ့ ပုံကြမ်းရေးတဲ့ လူတွေလည်း ပါတယ်။ လူတိုင်းလိုလို တက္ကသိုလ် ဘွဲ့ရတွေချည်းပဲ"ဟုလည်း စုံထောက် အရာရှိ အမ်ပူရိုက ပြောဆိုသွားခဲ့သည်။


အောင်ထွန်းဦး

Thursday, April 25, 2013

နာမည်ကြီး Celebrities များနှင့် ပုံတူများ

ဒီနေ့တော့ ထူးထူးဆန်းဆန်းသတင်းလေးတွေ သိပ်မတွေ့ဘူးဗျာ.. အဲ့ဒီတော့ အပျင်းပြေ ရီရအောင် နာမည်ကြီး Celebrities တွေနဲ့ သူတို့ရဲ့ ပုံတူလေးတွေကို ကြည့်ရအောင် တင်ပေးလိုက်ပါတယ်..










အောင်ထွန်းဦး

Wednesday, April 24, 2013

HUAWEI U8950D ကို Root ပြုလုပ်ခြင်း

ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတဲ့ HUAWEI U8950D ကို root လုပ်နည်းလေးပါ..။ အခြား နည်းလမ်းတွေ များစွာ ရှိပေမယ့် ကျွန်တော်ကတော့ ကျွန်တော်နဲ့အရင်းနှီးဆုံးနဲ့ စိတ်အချရဆုံးဖြစ်တဲ့ ပုံစံ အတိုင်း root လုပ်နည်းလေးကို တင်ပြပေးထားပါတယ်..။

U8825D တို့လိုမျိုးပဲ Bootloader Unlock အရင်လုပ်ရတယ်ဗျ….Bootloader unlock လုပ်ဖို့သူ့ Official Site မှာ Unlock code 16 လုံးအရင်တောင်းရပါမယ်…
Unlock Code တောင်းဖို့ အောက်မှာပေးထားတဲ့လင့်တွေကသွားပါ……

Unlock Code တောင်းရန် တရုတ်ဆိုဒ်….

Unlock Code တောင်းရန် English ဆိုဒ်…


တချို့ကတရုတ်ဆိုဒ်ကတောင်းတာမြန်တယ်တဲ့တချို့ကြတော့တရုတ်စာတွေနဲ့မလုပ်တတ်လို့တဲ့
ဒါကြောင့်Code တောင်းဖို့နေရာလင့်နှစ်ခုပေးလိုက်တာ……တောင်းချင်တဲ့နေရာကတောင်း..
ဘယ်လိုတောင်းရမလဲအောက်မှာကြည့်နော်တောင်းတတ်တဲ့လူလဲတောင်းတတ်နေပြီ…
ကျွန်တော်ကတော့ကြည့်တဲ့လူတွေလွယ်အောင် English ဆိုဒ်ကနေပဲလုပ်ပြပါမယ်…
Licence aggrement ကိုအမှန်ခြစ်ပါ။ Next နှိပ်ပါ။လိုတာလေးတွေဖြည့်ရပါမယ်။ Email လိပ်စာကိုအမှန်ထည့်ပါ။မိမိထည့်တဲ့မေးလ်လိပ်စာအတွင်းသို့ unlock code ပြန်ပို့မှာမို့လို့ပါ။ Smart phone ကိုရွေး ဖုန်းမော်ဒယ် ထည့်ပါ…အောက်ပုံတွင်ဆက်ကြည့်ပါ……



ဖြည့်စရာ S/N number,IMEI/MEID နဲ့ Product ID တွေကျန်ပါသေးတယ်။   S/Nnumber,
IMEI/MEID ကိုဖုန်း Battery ဖြုတ်လိုက်ရင်တွေ့နိုင်ပါတယ်…IMEI ကို ဖုန်းခေါ်သောနေရာတွင် *#06# ရိုက်ရင်လည်းတွေ့နိုင်သည်။  Product ID အတွက် ဖုန်းခေါ်ဆိုသာ Key pad မှ*#*#1357946#*#*
ရင်တွေ့ပါမယ်။လိုအပ်တာတွေဖြည့်ပြီးလျှင် Submit ခလုပ်လေးကို နှိပ်လိုက်ပါ။Email ထဲသို့Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။ချက်ချင်းလဲပို့သလိုရက်အနည်းငယ်လဲကြာတတ်ပါတယ်။ Code ရပြီဆိုရင်တော့ စလို့ရပါပြီ…
လိုတဲ့ဟာလေးအရင်ဒေါင်းလိုက်ပါ….

Laptop ကနေ wifi ပြန်လွှင့်ပေးမယ့် connectify




ကျွန်တော် အခု Connectify ဆိုတဲ့ laptop ကနေ wifi ပြန်လွှင့်ပေးတဲ့ software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ ဆော့ဝဲလ်လေးက ရေလည်လန်းပါတယ်..။ အိမ်မှာ ဖြစ်ဖြစ် ရုံးမှာ ဖြစ်ဖြစ် တစ်ယောက်တည်း အင်တာနက်သုံးရတာ အားမရလို့ အနီးနားက သူငယ်ချင်း မိသားစုတွေကိုပါ ဝေငှပေးလို့ ရပါတယ်..။ WiFi ကို Open ထားပြီး လွှင့်လို့ရသလို WEP နဲ့ password ထားပြီး လွှင့်လို့လည်း ရပါတယ်..။ ဒါ့အပြင် မိမိရဲ့ WiFi Network မှာ လာရောက်ချိတ်ဆက်တဲ့ PC တွေရဲ့ MAC Address ကိုပါ တွေ့မြင်နိုင်မှာ ဖြစ်ပြီး Manage လုပ်လို့ရရှိမှာဖြစ်ပါတယ်..။ ဝေသုံးမယ်ဆိုရင် အင်တာနက်ကော်နက်ရှင် ကောင်းကောင်းလေး တော့ ရှိဖို့ လိုတာပေါ့နော်…။
လိုချင်သူများ အောက်က link မှာ download ရယူပါ..။

Password >>> aunghtunoo

Pro Version လေးတင်ပေးထားတာကြောင့် သုံးရတာ အဆင်ပြေမှာပါ..။ install မလုပ်တတ်သူများအတွက် အနည်းငယ်ပြောပြလိုပါတယ်..။ zip file ကို password ထည့်ပြီး ဖြည်လိုက်ရင် ရလာတဲ့ Folder ထဲက Connectify ဆိုတဲ့ application ကိုဖွင့်လိုက်ပါ..။ Key တောင်းပါလိမ့်မယ်..။ အဲ့ဒီအခါ keygen ထဲက file ကို ဖွင့်ပြီး email နဲ့ serial number ကို copy ယူပြီး paste လုပ်ပေးလိုက်ပါ…။
အိုကေမှာ စိုပြေ ကြပါစေဗျားးးးးးး.။

အောင်ထွန်းဦး

Tuesday, April 23, 2013

ကမ္ဘာတစ်ဝှမ်းမှ ထူးခြားစွာ မွေးဖွားလာရတဲ့ ကလေးငယ်များ



ကျွန်တော်တို့ကို မိခင်တွေ ၉လ လွယ် ၁၀လ ဒုက္ခခံကာ မွေးဖွား ပေးခဲ့ပါတယ်..။ ဘယ်မိဘမဆို ကိုယ့်သားသမီးကို လှပ ချောမောစွာ လူ့လောကထဲရောက်လာဖို့ပဲ မျှော်လင့် တောင့်တကြတာပါ… သို့ပေမယ့် ရှေးက ကုသိုလ် နည်းခဲ့လို့ ဒီဘ၀မှာ မွေးဖွားလာကတည်းက ၀ဠ်ဒုက္ခတွေနဲ့ မွေးဖွားလာကြ ရတဲ့ ကလေးတွေ ရှိနေပါတယ်..။ ဒီလိုကလေးတွေကို မိဘတွေက အချစ်ပေါ့သွားတယ်လို့များ သင်ထင်လေမလား..? မှားသွားပါလိမ့်မယ်… မိဘတွေဟာ အဲ့ဒီကလေးတွေကို သနားချစ်နဲ့ ပိုလို့တောင် ချစ် လာပါသေးတယ်ဗျာ……..။ 
 
ဒီကလေးလေးက ခြေလက် အပိုတွေနဲ့ ထူးခြားစွာ မွေးဖွားလာရတာပါ..။ သူ့အကြောင်း ကျွန်တော် ရေးခဲ့ဖူးပါတယ်..။

 သူ့ကို ပြန်လည် ခွဲစိတ်ပေးထားအပြီး ပုံလေးဖြစ်ပါတယ်..


  သူလေးကတော့ မွေးကတည်းက မျက်လုံး တစ်လုံးတည်းသာ ပါပြီး နှာခေါင်းက အပေါ်ရောက်နေ ပါတယ်

မွေးကတည်းက မျက်နှာများလာတာလို့ပဲ ပြောရမလားဗျာ.. ခွဲစိတ်ပြီးတော့လည်း လူချောလေး ဖြစ်လို့


ကြောက်စရာကောင်းတဲ့ရောဂါ Facial Turmor



လူသားတိုင်းဟာ လှပလိုတဲ့ ဆန္ဒကိုယ်စီရှိကြပါတယ်..။ ဒါပေမယ့် ရှေးကံကြမ္မာ မကောင်းခဲ့လို့ ဒီဘ၀မှာ ရောဂါ ခံစားနေရပီး ရုပ်ပြင်သဏ္ဍာန် ပျက်ယွင်းနေကြတဲ့ သူတွေ ရှိနေကြပါတယ်..။
သူမကတော့ သူမကိုပထမဆုံးတွေ့တဲ့သူတိုင်းကို ပြောလေ့ရှိတာက "ကျွန်မက မကောင်းဆိုးဝါး တစ်ကောင် မဟုတ်ပါဘူး..၊ ကျွန်မဟာ ရောဂါခံစားနေရရုံ သက်သက်ပါ.." တဲ့..၊ 


ကနေဒါမှာတွေ့တဲ့ ထူးဆန်းတဲ့ သတ္တ၀ါ



ဒါဘာကောင်ကြီးလဲ မသိဘူးဗျ..၊ ခွေးလိုလို..၊ ကြောင်လိုလို..၊ ခြင်္သေ့လိုလိုနဲ့…၊ အမွှေးတွေကောပဲ…၊ ကြက်သီး ထစရာကြီး … ကနေဒါနိုင်ငံမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာ တွေ့ရှိတာလို့ ဆိုထားပါတယ်ဗျာ..။
သယ်ရင်းတို့လည်း ဘာကောင်ကြီးထင်လဲ ??? အောက်က comments လေးတွေ ရေးပေးခဲ့ဗျာ...






အောင်ထွန်းဦး

Monday, April 22, 2013

လူသားများအတွက် ပေးဆပ်နေရသော သနားစရာ တိရစ္ဆာန်လေးများ




တစ်ချို့လူမျိုးတွေဟာ ခွေးတွေ၊ ကြောင်တွေကို စားသောက်ကြတာကို ခွင့်ပြုထားကြပါတယ်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်အပါအ၀င် အာရှနိုင်ငံတော်တော်များများမှာ ခွင့်ပြုထားကြတာပါ..။
 
တစ်ချို့လူတွေက တိရစ္ဆာန်တွေကို ရက်စက်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ စားသောက်ကြပါတယ်..၊ သူတို့အယူအဆကတော့ တိရစ္ဆာန် တစ်ကောင်ဟာ မသေခင် အရမ်းကို ကြောက်ရွှံ့မယ်..၊ အရမ်းကို နာကျင်နေမယ်.. ဆိုရင် အဲ့ဒီတိရစ္ဆာန်ဟာ သွေးခုန်နှုန်းမြန်လာပြီး သွေးလည်ပတ်မှုကောင်းလာကာ အဲ့ဒီအသားဟာ ဘာနဲ့မှမတူတဲ့အရသာကို ပေးစွမ်းနိုင်ပြီး လူသားတွေအတွက် စွမ်းအားတွေကိုတောင် ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်..၊ ဒါတွေဟာ သိပ္ပံပညာရပ်အရ လုံးဝ လက်ခံလို့ မရပေမယ့် အခုချိန်ထိ ရှေးကျတဲ့ ဒီလိုဖြစ်ရပ်တွေဟာ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်..။

Friday, April 19, 2013

စာဖတ်သူများ ရင်နင့်စေမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ပါ


မေမေ ဆုံးသွားပြီးနောက်ပိုင်း မေမေ့ရဲ့ အရိပ်အရောင်တွေ လွမ်းမောမှုပြေလျှော့နိုင်ဖို့ အတွက် ကျွန်တော်နဲ့ ကျွန်တော့ ဖေဖေဟာ တခြားမြို့ငယ်လေးတစ်မြို့ကို ပြောင်းခဲ့တယ်… အဲဒီ မြို့လေးဟာ သာမန်မြို့လေးတစ်မြို့ပါဘဲ… အသက်ငယ်ငယ်ဘဲရှိသေးတဲ့ ဖေဖေဟာ မေမေ ဆုံးသွားပြီး နောက်ပိုင်းမှာ တစ်ယောက်တည်းကျွန်တော်ကို ပြုစုပျိုးထောင်ပေးခဲ့တယ်…

သူ မေမေရဲ့ဆေးကုသမှုစရိတ်တွေနဲ့ တော်တော်လေးကို ချွတ်ချုံကျခဲ့ရတယ်… ကျွန်တော် မှတ်မိသလောက်တော့ သူ့အကြွေးတွေဟာ ကျွန်တော် ၁၀တန်းအောင်တဲ့ အထိ ဆပ်လို့ မကုန်နိုင်သေးဘူး။ ဒါပေမဲ့ သူမေမေ့ ရောဂါကြောင့် စိတ်ပျက်ခဲ့တဲ့ အကြောင်း၊ အကြွေးတွေ ၀ိုင်းဝိုင်းလည်နေလို့ စိတ်ညစ်ရတဲ့ အကြောင်း ငြီးငြူတာ လုံးဝမကြားဖူးဘူး။

ဖေဖေဟာ သမရိုးကျ ဖေဖေတွေလိုပါဘဲ… အရာရာကို အလေးထားတတ်တဲ့ပုံစံ နဲ့ ခပ်အေးအေးနေတတ်တယ်… ကျွန်တော် မှတ်မိသလောက် ဖေဖေဟာ သူ ကျွန်တော့်ကို ချစ်တယ်ဆိုတာကို မဖော်ပြတတ်ဘူး…

ညနေကျောင်းဆင်းပြန်လာလို့ အိမ်ကိုရောက်တဲ့ အချိန် သူကတော့ ယောက်ျားတန်မဲ့ မီးဖိုခန်းမှာတစ်ယောက်တည်း ကျွန်တော်တို့ သားအဖနှစ်ယောက်အတွက် ညစာကို ချက်ပြုတ်နေရှာတယ်… ကျွန်တော်ရဲ့ ကျောင်းမှာ ပထမရခဲ့တဲ့ အောင်စာရင်းကို သူ့ကို ၀မ်းပမ်းတသာ ထုတ်ပြပေမဲ့ သူကတော့ ကျွန်တော့ ခေါင်းလေးကိုပွတ်ပြီး “တော်တယ်… သား” ဆိုတာလေးကိုဘဲ ပြုံးပြီးပြောတတ်တယ်… ဒါတောင် ဒါဟာသူ့ရဲ့ အစွန်းဆုံလို့တောင်ထင်ရတယ်…

ဒါပေမဲ့ ကျွန်တော် အမှားလုပ်မိတဲ့ အချိန်မျိုးမှာဆိုရင်တော့ ဆူတာ၊ ဆုံးမတာက သူ့အတွက်ပိုလွယ်ကူပုံရတယ်… တခါတလေ သူ အရမ်းစိတ်တိုတဲ့ အချိန်မျိုးဆိုရင်တော့ ကျွန်တော့ကို ရိုက်တတ်တယ်… ဒါမျိုးရိုက်တတ်တဲ့ အကြိမ်ရည်ကလဲ လက်ငါးချောင်းတောင်မပြည့်ပါဘူး။ အဲဒီလို ရိုက်ခံရပြီးတိုင်း ကျွန်တော်ငိုတယ်… သူလဲ ငိုတယ်…

အဲဒီညမှာ သူ ကျွန်တော့ အခန်းထဲ ၀င်လာပြီး ကျွန်တော့ကို ဆေးလိမ်းပေးတဲ့ အချိန် ကျွန်တော် အိပ်ပျော်ဟန်ဆောင်နေလိုက်တယ်… ကျွန်တော်သိလိုက်တယ် … သူ့မျက်ရည်ပူတွေဟာ သူဆေးလိမ်းပေးရင် ကျွန်တော့ အနာပေါ်ကျနေတယ်ဆိုတာ… ကျွန်တော်သိလိုက်တယ်… သူ့ ရင်ထဲက အနာဟာ ကျွန်တော့ အနာထက်နာတယ်ဆိုတာ… ကျွန်တော်သိလိုက်တယ်… သူ ကျွန်တော့ကို ချစ်တယ်ဆိုတာ…

ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ အချိန် အများစုဟာ ပင်ပန်းခဲ့တယ်… ဒါပေမဲ့ ဖေဖေဟာ အလုပ်အရမ်းကြိုးစားတယ်… ဖေ့ဖေ့မှာ ဆန္ဒတစ်ခုရှိတယ်… အဲဒါကတော့ ကျွန်တော်တို့ ကိုယ်ပိုင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့ပါဘဲ… ဖေဖေဟာ တခြားသူတွေထက်ကို ပိုပြီး ပင်ပန်းဆင်းရဲခံပြီး သူ့စိတ်ကူး ရည်မှန်းချက် အကောင်ထည်ဖော်နိုင်ဖို့ အတွက် ကြိုးစားခဲ့တယ်… အဲဒီနှစ်က တန်ဆောင်းမုန်း လပြည့်နေ့မှာဘဲ ကျွန်တော်တို့ အိမ်သစ်တက်ပွဲလုပ်နိုင်ခဲ့တယ်… အဲဒီနေ့မှာ ဖေဖေ အရမ်းပျော်တယ်… ကျွန်တော်လဲ အရမ်းပျော်ခဲ့တယ်…

အချိန်တွေဟာ ကုန်ဆုံးသွားတာ အရမ်းကိုမြန်ဆန်လွန်းတယ်… ဒီလိုနဲ့ ကျွန်တော်လဲ ကျောင်းပြီးလို့ ဘွဲ့ရပြီး အလုပ်ကောင်းကောင်းတစ်ခုရခဲ့တယ်… ကျွန်တော်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းလိုဘဲ “အရာရာတိုင်းဟာ ထွက်သွားပြီးရင် ဘယ်တော့မှ ခေါင်းပြန်မလှည့်တတ်တော့ဘူး…”

ဖေဖေဟာ သူ အသက် ၅၈နှစ် အရွယ်မှာ စပြီး ရောဂါ စဖြစ်ခဲ့တယ်… သူ အပြင်ထွက်သွားပြီးရင် အိမ်ပြန်တဲ့လမ်းကို ရှာမတွေ့တော့ဘူး… ရှေ့တစ်ရက်က လျှော်ထားတဲ့ အိပ်ယာခင်းက မခြောက်သေးဘူး… ဒီနေ့မှာ ဆိုဖာထိုင်ခုံက စိုပြန်ပြီ… သူ သူ့ဆီးကိုလဲ မထိန်းနိုင်တော့ဘူး…

ကျွန်တော့ အလုပ်က အခုမှ ၀င်ခါစပါ… ဒါပေမဲ့ အိမ်ကို အမြဲတမ်းစောစောပြန်နေရတယ်…
အိမ်နားက ခေါက်ဆွဲဆိုင်ကလဲ ခဏခဏ ဖုန်းဆက်လာတယ်… “မင်းအဖေကို လာပြန်ခေါ်သွားလိုက်ဦး…”
ခေါက်ဆွဲရည်တွေပေကျံနေတဲ့ သူ့ကို အမြဲလိုလို အိမ်ပြန်ခေါ်သွားရတယ်…
တနေ့မှာ ကျွန်တော်အိမ်ပြန်ရောက်လာပြီး… “ဖေ… သားပြန်ရောက်ပြီ” လို့နှုတ်ဆက်လိုက်တယ်…
သူ့ဆီကနေ ကျွန်တော်ကို အံ့သြစေတဲ့ စကားတစ်ခွန်းပြောထွက်လာတယ်… “မင်းဘယ်သူလဲ?”
သူ့ရောဂါ အခြေအနေဟာ တနေ့တခြာ ပိုပိုဆိုးဝါးလာတာနဲ့အမျှ တခါတလေ ကျွန်တော်ဘယ်သူလဲ ဆိုတာကို သူမမှတ်မိတော့ဘူး…

သူရောဂါ အခြေနေဟာ ကောင်းတဲ့ အချိန်ကောင်း၊ ဆိုးတဲ့အချိန်ဆိုးနဲ့ ကျွန်တော် ပြုစုနိုင်တဲ့ အတိုင်းအတာထက်ကျော်လွန်နေလေပြီ… တနေ့မှာ ကျွန်တော်နဲ့ဈေးဝယ်ထွက်တုန်း ကျွန်တော်ပိုက်ဆံရှင်းနေရင်း သတိမထားမိလိုက်တဲ့ အချိန်လေးမှာ သူတစ်ယောက်တည်းလမ်းမပေါ်ကိုထွက်သွားတယ်… ကားဟွန်းသံကို ကြားလိုက်တော့မှ ကျွန်တော်တော်တော်လေး လန့်သွားတယ်… သူ့ဆီကို ပြေးသွားပြီး သူ့ကို တွေ့တော့မှ ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်နိုင်တယ်… တော်သေးတာပေါ့… ကားက အချိန်မီ ဘရိတ်အုတ်နိုင်ခဲလို့…

သူ့ကို ပိုမိုကောင်းမွန်တဲ့ ပြုစု ကုသ ပေးမှုရအောင်ကျွန်တော်သူ့ကို ဆေးရုံတင်လိုက်တယ်… ကျွန်တော်လဲ အလုပ်မှာ ကောင်းကောင်းအာရုံစိုက်နိုင်တာပေါ့…

ဖေဖေ နေကောင်းမှတ်မိနေတဲ့ တစ်နေ့မှာ ကျွန်တော့ဆီကိုဖုန်းဆက်လာတယ်… ကျွန်တော်ဆေးရုံရောက်တော့ သူ့ အခန်းတံခါးဝမှာ သန့်ရှင်းရေးဝန်ထမ်းက သူ့ကို အော်နေတာ ကြားလိုက်ရတယ်… “ဟဲ့ အဖိုးကြီးစုတ်… ဒီနေ့ဘယ်နခါရှိပြီလဲ… တနေကုန်သေးပေါက်ချနေတော့တာဘဲ… နင့် အခန်းကို လာပြီးကြမ်းတိုက်ပေးနေရတာ အခါပေါင်းမနည်းတော့ဘူး…”
ကျွန်တော်လဲ ကြားရော တော်တော်လေးကို ဒေါသထွက်သွားတယ်… “လူနာကို ဒီလိုအော်ဆဲနေရလောက်အောင် ခင်ဗျားက ဘာလဲ… ထွက်သွား… ခုထွက်သွား…”
ကျွန်တော် သူ့ကို ဆွဲမထိုးမိအောင် စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်… ဖေဖေကတော့ မျက်နှာငယ်နဲ့ အပြစ် တစ်ခုခု ကျူးလွန်ဖူးတဲ့ ကလေးလေးလိုဘဲ…
တခဏတွင်း တိတ်ဆိတ်သွားတဲ့ အခန်းမှာ သူမထိန်းနိုင်တဲ့ ကျင်ငယ်ရည်တွေဟာ ကုတင်းစောင်းတလျှောက်စီးကျနေသံကိုဘဲ ကြားရတော့တယ်…

ဖေဖေ့ရဲ့ စာပွဲပေါ်မှာ စာတစ်စောင် တင်ထားတာတွေ့လိုက်တယ်… ဖွင့်ကြည့်လိုက်တော့ ဖေဖေ အားစိုက်ပြီးရေးထားတဲ့ စာတစ်စောင်နဲ့ ၀ါထိန်နေပြီဖြစ်တဲ့ ကျွန်တော်တို့ အိမ်သစ်တက်ပွဲတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေး… စာရေးထားတာကတော့…
“သား… ဖေဖေ တောင်းပန်ပါတယ်… ဖေဖေနေမကောင်းဖြစ်တာ သားကို တော်တော်လေး ဒုက္ခပေး
နေမိပြီ… ဖေဖေ… သားကို မေ့မှာကြောက်တယ်… သားကို မှတ်မိနိုင်ဖို့ အတွက် ဖေဖေ တော်တော်လေးကြိုးစားနေတယ်… သား ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်နော်…”

စာ အိတ်ထဲမှာ နောက်တစ်ခုကတော့ ဖေဖေ့ရဲ့ဘဏ်စာအုပ်လေးနဲ့ ကျွန်တော့နာမည်ပါတဲ့ ကိုယ်စားလှယ်လွှဲစာ… ဒါကတော့ သူ ဒီတစ်ဘ၀လုံးကြိုးစာခဲ့သမျှ နဲ့ ဒီတစ်ဘ၀လုံး ကျွန်တော့ ကိုပေးခဲ့တဲ့ အချစ်တွေပါဘဲ…

သူကတော့ သူ့ရဲ့အချိန်တွေ၊ ခွန်အားတွေ အားလုံးကိုစိုက်ထုတ်ပေးပြီး ကျွန်တော့ဘ၀အောင်မြင်ဖို့အတွက် ရင်းနှီးပေးခဲ့တယ်...
သူအိုလာတဲ့ အချိန်မှာကျတော့ သူ့ရဲ့ မှတ်ဥာဏ်တွေကို ရက်ရက်စက်စက်ရုပ်သိမ်းသွားခဲ့တယ်...
အချစ်ကို အချစ်ဆုံးအတွက်ထားပေးခဲ့ပါတယ်… ဖေဖေ…

..............................................
Copy and Credit to
http://www.facebook.com/aungyunaing


အောင်ထွန်းဦး

Monday, April 15, 2013

မြွေဟောက်ရဲ့ ခွေးလေးတွေအပေါ် ထားရှိတဲ့ အကြင်နာတရား


အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ရေတွင်းပျက်တခုထဲကို
ခွေးပေါက်ကလေး နှစ်ကောင် မတော်တဆပြုတ်ကျသွား
ခဲ့ပါတယ်။ သူ့ တို့ အမေကတော့ ရေတွင်းအနားပတ်လည်
မှာ ပြေးလွှားပြီး ဟောင်နေခဲ့တယ်။ ခွေးတွေရဲ့ပိုင်ရှင်က
ရေတွင်းထဲကို ငုံ့ ကြည့်လိုက်ချိန်မှာ King Cobra ဆိုတဲ့
မြွေဟောက်ကြီးတကောင်လည်း သည်ရေတွင်းပျက်ထဲ
မှာရှိနေပြီး ခွေးပေါက်ကလေးတွေကိုလည်း မည်သည့်
ချိမ်းခြောက်နှောက်ယှက်မူမျှ မပြုလုပ်ပါ၊ သည့်အပြင် -
ရေတွင်းထဲမှာ ရေတက်လာရင် ခွေးလေးတွေရေနစ်မှာ
စိုးတဲ့အတွက် မြွေဟောက်ကြီးက ခွေးလေးတွေကို
ရေတွင်းရဲ့အခြားတဘက်ကိုလည်း သွားခွင့်မပေးပါဘူး။

သူတို့ သုံးကောင်ဟာ (၄၈) နာရီလောက် အဲသည်
ရေတွင်းပျက်ထဲမှာ အတူရှိနေခဲ့ပြီး မြွေဟောက်ကြီးဟာ
ခွေးလေးတွေရဲ့ ဘေးမှာ ငြိမ်ငြိမ်လေးပဲရှိနေခဲ့ပါသတဲ့။
သစ်တောဌာနကရောက်လာတဲ့အချိန်မှာတော့ မြွေကြီး
ဟာ ရေတွင်းရဲ့အခြားတဘက်ကိုသွားနေလိုက်ပါတယ်။
ခွေးကလေးတွေဟာ ဘာဒဏ်ရာအနာတရမှမရှိခဲ့သလို
မြွေကြီးကိုလည်း တောထဲကိုပြန်လွှတ်ပေးလိုက်ကြပါတယ်။

ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးနဲ့  အန္တရာယ်အရှိဆုံးလို့ 
ဆိုတဲ့ သတ္တ၀ါပင်ဖြစ်သော်ငြားလည်း ဘေးဒုက္ခရောက်တဲ့
အခါ တဦးနဲ့ တဦး အပြန်အလှန်လေးစားသမူနဲ့  အတူ
ယဉ်တွဲနေထိုင်နိုင်ခြင်းဟာ ... လူသားတွေအတုယူစရာ
ဖြစ်ကြောင်းပါတဲ့ .........။

လှိုင်ဘွား ဆီလျှော်အောင်ပြန်ဆိုသည်။


အောင်ထွန်းဦး

Saturday, April 6, 2013

လူဝင်စား ထူးခြားဖြစ်စဉ် (၃နှစ်အရွယ်မှာ တရားဝင်လက်ထပ်ရန် စီစဉ်)

ပေါက်တောမြို့နယ် ၊ ကြိမ်ခွေမော်ကျေးရွာ အံ့ဖွယ်လူဝင်စားထူးခြားဖြစ်စဉ်
ပေါက်တောမြို့တွင် လွန်ခဲ့သော (၄)နှစ်ခန့်က ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာမှ ချစ်သူနှစ်ဦး

(ထိုချစ်သူနှစ်ဦး၏မိဘအမည်နှင့်ကာယကံရှင်အမည်နှင့်မှတ်တမ်းဓါတ်ပုံများနောက်တင်ပြပေးပါမည်) မှာ အကြောင်းအမျိုးမျိုးကြောင်း မဆုံဖြစ်ကြ၍ ရွာအပြင်ဘက်ကောက်ရိုးပုံဘေးတွင် အဆိပ်စား
သေဆုံးပြီးနောက် ပေါက်တောမြို့နယ် ၊ နတ်တောင်ပြင်ကျေးရွာနှင့် (၂)မိုင်ခန့်ဝေးသော ကြိမ်ခွေမော်ကျေးရွာနေ ဦးမောင်ညွန့်တင် နှင့် ဒေါ်သန်းသန်းယဉ်တို့ထံတွင် ယောင်္ကျားဖြစ်သူက၀င်စားပြီး ၊ တစ်ရွာတည်းနေ ဦးဦးသန်းမောင် ဇနီး ဒေါ်ခင်ခင်သန်း တို့ထံတွင် မိန်းခလေးဖြစ်သူဝင်စားကာ ယခုအချိန် (၃)နှစ်အရွယ်ကလေးအဖြစ် ကျန်းမာစွာရှင်သန်လျက်ရှိပါသည်။ အဆိုပါချစ်သူနှစ်ဦး၏
ယခုဘ၀အမည်များမှာ မောင်ဖြူသန်းလင်း နှင့် မပုပုသန်း တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် လူကြီးဆန်ကြပြီး တစ်ဦးနှင့်တစ်ဦးချိန်းတွေ့ခြင်းများပြုလုပ်ခဲ့ကြသည်။

ချိန်းတွေ့သည်ဆိုရာတွင် ကလေးမပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ယောင်္ကျားကလေးအိမ်ကိုရောက်နေတတ်ခြင်း
ယောင်္ကျားကလေးပျောက်သည်ဟု မိဘများလိုက်ရှာတိုင်း ကောင်းမလေးအိမ်ကိုရောက်နေတတ်ခြင်းများဖြစ်ပြီး နောက်ဆုံးစကားပြော
တတ်အရွယ်(ယခု ၃ နှစ်အရွယ်) သို့ရောက်သောအခါ ယခုဘ၀မိဘများကို ကိုယ်စီကိုယ်စီဘ၀ဟောင်းအကြောင်းများကို ဖွင့်ပြောကြပြီး လက်ထပ်ပေးရန်အတင်းတောင်းဆို
ကြောင်း ၊ လက်ထပ်မပေးပါက ယခငဘ၀ကကဲ့သို့ အဆုံးသတ်သေမည်ဖြစ်ကြောင်း အကြိမ်ကြိမ်
တောင်းဆိုသဖြင့် အထက်ဖေါ်ပြပါဖိတ်စာအစီအစဉ်များအတိုင်း နှစ်ဘက်မိဘများမှ (၃)နှစ်အရွယ် ကလေးနှစ်ဦးအား တရားဝင်လက်ထပ်ပေးမည်ဖြစ်ပါသည်။ လက်ထပ်မှတ်တမ်းဓါတ်ပုံများ ထပ်မံတင်ပြပါမည်။ စိတ်ဝင်စားသူများ ဖိတ်စာပါအစီအစဉ်အတိုင်း
လာရောက်ကြည့်ရှုလက်ဖွဲ့ပေးကြရန် တိုက်တွန်းပါသည်။

Sein Down


အောင်ထွန်းဦး

Friday, April 5, 2013

Andriod Phones အချင်းချင်း SMS နဲ့ files တွေကို အခမဲ့ ပို့ကြမယ်..






ကျွန်တော် အခု Andriod ဖုန်း application တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။ အဲ့ဒါကတော့ whatsapp လို့ ခေါ်တဲ့ application ပါ..။



ဒီ application ကို သွင်းပြီးတာနဲ့ အင်တာနက်ဖွင့်ပြီး မိမိရဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ…။ ဖုန်းနံပါတ်ရှေ့မှာ 9 တစ်လုံးတော့ ထည့်ပေးပေါ့နော်…။

ဒီ application ကနေ မိမိဖုန်းရဲ့ contacts ထဲမှာ ရှိတဲ့ အခြား ဒီ application အသုံးပြုထားသူတွေနဲ့ အခမဲ့ SMS တွေပို့နိုင်တဲ့အပြင်၊ Video၊ သီချင်း၊ ဓါတ်ပုံ၊ အစရှိတာတွေကို ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်..။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒီ app အသုံးပြုထားတဲ့ ဖုန်းအချင်းချင်းမှာ ဆက်သွယ် အသုံးပြုနိုင်မှာ ဖြစ်ပြီး တော်တော် ကောင်းတဲ့ application လေးတစ်ခုဖြစ်ပါတယ်..။


ဖုန်းထဲမှာ Group ဖွဲ့ပြီး စကားပြောတာ..၊ file တွေကို share လုပ်နိုင်ပြီး အင်တာနက်လိုင်း သိပ်ကောင်းစရာ မလိုပဲ လျင်မြန်စွာ ပို့နိုင်မှာဖြစ်ပါတယ်…။ message တွေကို offline ဖတ်လို့ရတဲ့အပြင် offline ဖြစ်နေတဲ့ အခြားသူများကိုလည်း message ပို့ထားလို့ရပါသေးတယ်..။ ဒါ့ပြင် အခြား function တွေလည်း အများကြီး ပါပါသေးတယ်..။

Viber မှာလည်း ဒီလို function တွေလုပ်လို့ရပေမယ့် ကျွန်တော် စမ်းကြည့်သလောက်ကတော့ ဒီ application က သုံးရတာ ပိုမိုမြန်ဆန်သလိုပါပဲ…။
ကဲ..ပြောနေကြာပါတယ်ဗျာ….အောက်က Link မှာ ဒေါင်းလိုက်ကြပါ…။ 

Download link >>> Download Here !!! 

အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ