Thursday, February 28, 2013

မဲခေါင်မြစ်မှ ငါးလက်ထုံ



ကမ္ဘာ့ အကြီးဆုံး ရေချို ငါးလက်ထုံများက အဝေးကြီးမှာ မဟုတ်ပဲ မြန်မာပြည် နယ်စပ်က မဲခေါင်မြစ်မှာရှိနေပါတယ်။ ဧရာဝတီမြစ်မှာလည်း တွေ့ရတတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်အခြမ်မှ ဖမ်းဆီးရမိတဲ့ငါး ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံ က မြစ်များမှာလည်း နေထိုင်ကျက်စားတဲ့ငါးများလို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ငါးလက်ထုံက ပေါင် ၁၀၀၀ အထက်လေးပြီး အရှည် ၁၆ ပေ၊ ဗျက်အကျယ် ၇ ပေ ရှိပြိး ဆူးထစ်က ၁၅ လက်မ ရှည်ပါတယ်။ ယင်း ဆူးထစ်ဟာ အင်မတန် အဆိပ်ပြင်းပြီး လူကိုသေစေနိုင်ပါတယ်။

သို့ပေမယ့် ဘယ်သူ့ကိုမှ အန္တရာယ်မပြုပါဘူး။ သီးသန့်ဆန်ဆန်နေထိုင် တတ်ပြီး မြစ် ရေအောက်ကြမ်းပြင်နား ကပ်ပြီးတော့ ပဲ နေထိုင်သွားလာလေ့ ရှိတဲ့ ရေချိုငါးများဖြစ်ပါတယ်။ သို့ပေမယ့် တံငှာများရဲ့  ဖမ်းဆီးမှုကြောင့် ငါးလက်ထုံ အရေအတွက်ဟာ မဲခေါင်မြစ်ရော၊ အရှေ့ တောင်အာရှမှာ နည်းပါးလာတဲ့အတွက် အန္တရာယ်မပြုရ ရှားပါး သက်ရှိမျိုးစိတ် တစ်ခု အဖြစ် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က သတ်မှတ် ထားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: NGC
International news for myanmar

--
http://www.innewsmyanmar.com/2013/02/blog-post_7527.html



အောင်ထွန်းဦး

Wednesday, February 27, 2013

ကျွန်တော်နှင့် ဦးလေးပြုံး (သရဲ၊နာနာဘာဝများနှင့် ကခုန်ခြင်း - ၄)




လောလောလတ်လတ် ကြုံတွေ့ခဲ့ရတဲ့ သရဲဇာတ်လမ်းလေး တစ်ပုဒ်ပြောပြချင်ပါတယ်..။ အဲ့ဒီညက ရီးရဲလ်နဲ့ မန်ယူတို့ ချံပီယံလိဂ် ရှုံးထွက် ပထမအကျော့ ကစားမယ့်ည… ကိုယ်ကလည်း မန်ယူပရိတ်သတ်ဆိုတော့… အဲ့ဒီနေ့မှာ နေ့လည် ကတည်းက မနေနိုင် မထိုင်နိုင် ရွှပိုးထိုးပြီး ဘောလုံးပွဲကို စောင့်နေမိတော့တာပဲ…။ 
 
ညရောက်လာတော့ မအိပ်ချင်တာနဲ့ပဲ ကော်ဖီလေးသောက် PES 2013 လေးဆော့ရင်း ည ၂း၁၅ မှာ လာမယ့် ဘောလုံးပွဲလေးကို စောင့်မျှော် နေတာပေါ့ဗျာ…။ အဲ့ဒီမှာ ၁း၀၀ လောက်လဲရောက်ရော… ကျေးဇူးရှင်မီးက ပျက်ပါရောလား…။ ဒီလောက်ကြည့်ဖို့ အားခဲ လာပြီးမှ ဒီအချိန်ကျမှ မီးကပျက်သွားရတယ်လို့…။ အပြင်သွားကြည့်ဖို့ စိတ်ကူးလိုက်တယ်…။ ဒီအချိန်ဆို အလင်းပေါက် ဆိုင် တစ်ဆိုင်ဆိုင်တော့ မီးစက်နိုးပြီး ဘောလုံးပွဲပြကောင်းပါရဲ့…။

Tuesday, February 26, 2013

အင်တာနက်မှ ဟာသဓါတ်ပုံများ - ၅

အင်တာနက်မှ တွေ့ရသမျှ ကောင်းနိုးရာရာဟာသဓါတ်ပုံများကို သူငယ်ချင်းများ ကြည့်ရှုပျော်ရွှင်နိုင်ရန် ပြန်လည် ဝေငှပေးလိုက်ရပါတယ်.....

 သေမှာတော့ မသိဘူး...စိတ်ကူးယဉ်နေတာ..

 မိုက်လိုက်တဲ့ ကြောင်အင်္ကျီ
 ဒီနားကြပ်အလန်းလေးလိုချင်လား... Halloween ပွဲတော်ဆို သုံးလို့ရတာပေါ့..

သရဲစီးသော ကုတင်၏ လျှို့ ဝှက်ချက်

ဆေးရုံတစ်ရုံ၊ အလွှာတစ်ခု၊ လူနာအခန်း တစ်ခန်းက ကုတင်တစ်ခု မှာပါ။ လာလာကြည့်လိုက်တိုင်း လူနာတွေက သေနေပါတယ်။ ပြန်လည် စစ်ဆေးချက်များအရ နေ့စဉ် ညနေ ၃ နာရီရောက်တိုင်း ကွယ်လွန် သွားခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ခါတည်းတောင် မဟုတ်ပဲ။ လူနာတစ်ယောက်တည်းလည်း မဟုတ်၊ တစ်ရက်လာတည်းတဲ့ လူနာလည်းသေ၊ နောက်နေ့လာတည်းလည်း သေ၊ လနဲ့ချီပြီး သေနေတော့ ဆရာဝန်တွေရော၊ သူနာပြုတွေရော ကြောက်နေ ပါပြီ။

ယင်း ကုတင်မှာ သိုက်တစ်ခုခု သို့မဟုတ်၊ နတ်ဆိုးတွေ ဝင်စီးနေတယ် လို့တောင် ထင်လာတယ်။ ဒါကြောင့် နောက်ဆုံးမှာ ကမ္ဘာ့အတော်ဆုံး ပညာရှင်တွေ၊ အောက်လမ်း၊ အထက်လမ်းဆရာတွေ ခေါ်လို့ ညနေ ၃ နာရီ အချိန်မှာ စုစည်းပါတယ်။

ကုတင်ကို အားလုံးဝိုင်းကြည့်နေကြပါတယ်။ မကြာပါဘူး။ ၃ နာရီ ကျော်ကျော်လေးမှာပဲ လူနာခန်းရှေ့ စင်္ကြ တံမြက်စည်းလှည်းတဲ့ သန့်ရှင်းရေးသမားတစ်ယောက် အခန်းဝမှာ ရှိတဲ့ ပလက်ပေါက်က ကြိုးကို ဖြုတ်လို့ သူ့ဖုန်းအားသွင်းပြီး ထားခဲ့ပါတယ်။ နာရီဝက်လောက်ပဲ အားသွင်းပြီး သူ့ဖုန်း ပြန်ပြန်လာယူနေကျ ဖြစ်ပါတယ်။

သူဖြုတ်လိုက်တဲ့ ကြိုးက ကုတင်ပေါ်က အရေးပေါ်လူနာတိုင်းအတွက် မတပ်မနေ တပ်ရတဲ့ အောက်ဆီဂျင်လေအိုးနဲ့ အခြား စက်ပစ္စည်းအားလုံးနဲ့ ပင်မ Source ဖြစ်ပါတယ်။


Ref;everyquotes
Aung Kham (TSJ team)
 
အောင်ထွန်းဦး

Saturday, February 23, 2013

ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း


မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။

မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလောဆယ်မှာ မလွယ်ကူတဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သို့ပေမ့ယ် ဒါကို ဖြေရှင်းပေးမယ့် နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။


အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။

http://www.youtube.com/feather_beta

အသုံးပြုလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

--
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/02/youtube.html



အောင်ထွန်းဦး

Thursday, February 21, 2013

ထူးဆန်းထွေလာပြည်မြန်မာ

 
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

 (၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပြီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

 (၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

 (၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။ (၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်) အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

 (၈) လေအေးစက်တပ်ထားသောအခန်းများတွင်နောက်မှီကုလား ထိုင်ပေါ် ထိုင်၍ တောင်းစားသောသူတောင်းစားများမှာမြန်မာနိုင်ငံတခု တည်းတွင် သာရှိသည်။

Sunday, February 17, 2013

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွားကြောင်း ကြားသိရသည်။




ဖြစ်စဉ်မှာ ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် နေထိုင်သော ဦးထွန်းနိုင်-ဒေါ်နီနီလွင်တို့ မွေးမြူ ထားသော နွားမကြီးမှ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီက နွားမလေး တစ်ကောင် မွေး ဖွားသည်။ အဆိုပါ နွားမလေးသည် ထူးဆန်းစွာ ဦးခေါင်းနှစ်လုံး ပါပြီး မိခင်ဝမ်းမှ ပြင်ပသို့ ချောမောစွာ မွေးဖွားသန့်စင် ခဲ့သော်လည်း ၄၅ မိနစ်ခန့်တွင် သေဆုံး သွားကြောင်းနှင့် မွေး ဖွားပြီး ချိန်တွင် ဦးခေါင်း နှစ်လုံးစီတွင် ပါရှိသော နှာခေါင်း ပေါက်တို့မှ အသက်ရှူခဲ့ သည်ဟု ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းနိုင်-ဒေါ်နီနီလွင် တို့က ပြောကြား ခဲ့ကြောင်း သိရသည်။


credit to - မြဝတီ


အောင်ထွန်းဦး

စင်ကာပူနိုင်ငံ ဓါတ်လှေကားထဲက သရဲ

စင်ကာပူနိုင်ငံ ဓါတ်လှေကား တစ်ခုထဲမှာ CCTV ကင်မရာကနေ ၀ိဥာဉ်လိုလို..၊ သရဲလိုလို အရာတစ်ခုကို ရိုက်ကူးလိုက်မိပါတယ်တဲ့...

စိတ်ဝင်စားသူများ ကြည့်နိုင်ပါတယ်နော်...





 အောင်ထွန်းဦး

Sony Xperia Neo L MT25i 4.0.4 ကို Root လုပ်ခြင်း



sony xperia neo l ကို root လုပ်တာလေးကျွန်တော်တင်ပေးလိုက်ပါတယ်။ ကျွန်တော့် ဘလော့မှာ တင်သမျှ ကျွန်တော်ကိုယ်တိုင်သေချာစမ်း သပ်ထားပြီးသားတွေချည်းပါ။ အဆင်ပြေနိုင်တာတွေပဲတင်ပေးပါတယ်။
ဟောဒီ sony xperia neo l ကို root လုပ်တာလည်းကျွန်တော်ကိုယ်တိုင်၅လုံးလောက်ကို
သေချာစမ်းသပ်ထားပြီးမှ တင်တာပါ။

sony xperia neo l ကို root လုပ်မယ်ဆိုရင် အပိုင်းသုံးပိုင်း ခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ သူက kernel version ကိုပြောင်းပြီး root လုပ်တဲ့နည်းလေးမို့လို့ပါ။ ဒီအတိုင်းစာဖတ်သူတွေ ဖတ်ရင် စာတွေအရမ်းများတယ်ထင်ရတော့ ရှုပ်တယ်ထင်မှာစိုးလို့ပါ။တကယ်တော့ လုပ်ပုံကိုသေချာသိသွားရင် လွယ်ပါတယ်။ဒါကြောင့် အပိုင်း သုံးပိုင်း ကျွန်တော်ခွဲလိုက်ပါတယ်။

Saturday, February 16, 2013

အပိုင်းပိုင်းပြတ်နေသော အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိ (ကြောက်တတ်သူများ မကြည့်သင့်ပါ..)

 ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ်အမဲဖြင့်ထုပ်ထား
သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်

ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ်

တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။





Thursday, February 14, 2013

ဟာသဓါတ်ပုံများ - ၃

အင်တာနက်၊ Facebook ပေါ်က တွေ့ရှိသမျှ ကောင်းနိုးရာရာ ဟာသဓါတ်ပုံလေးများကို ပြန်လည် ဝေငှ ပေးလိုက်ရပါတယ် ခင်ဗျာ...

 လူဆိုတာ ဘယ်ကစပြီး ဘယ်မှာဆုံးမယ် ဆိုတာ သိဖို့...

 ဘယ်ကတည်းမှ မုန်းနေမှန်းမသိ..

ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးလူသား


ကိုကာကိုလာ အအေးသံဘူး တစ်ဘူးလုံးကိုပင် ကန့်လန့်ဖြတ်ပါးစပ်ထဲသို့ ထည့်ပြနိုင်သည့် ဖရန်စစ္စကို ဒိုမင်ဂိုဂျိုအာကွင်း(၂၀ နှစ်)၏ပါးစပ်သည် ၆ ဒသမ ၆၉ လက်မကျယ်ပြီး အောက်တိုဘာလ ၂၈ရက်နေ့ကကမ္ဘာ့ပါးစပ်အကျယ်ဆုံး လူသားအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ အသိအမှတ်ပြုမှုခံရကြောင်း သိရသည်။

သူသည်အင်ဂိုလာနိုင်ငံ ဆမ်ဘီဇန်ဂါမြို့တွင်နေထိုင်ပြီး ပန်းကန်ပြား ငယ်များ၊ ကော်ဖီခွက်များ၊ဘီယာဘူးများကို ပါးစပ်ထဲသို့ ထည့်ပြခဲ့သည်။ သူသည် ယခုနောက်ဆုံးအဖြစ် ကိုကာကိုလာဘူးတစ်ဘူးလုံးကို ပါးစပ်ထဲသို့ထည့်ပြခဲ့ခြင်း ဖြစ်သည်။ သူသည် အင်ဂိုလာ နိုင်ငံမြို့တော် လူအန်ဒါမြို့လမ်းများပေါ်တွင် စတန့်များကို ပြသခဲ့သည်။ အီတလီနိုင်ငံ နာမည်ကြီးရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင်လည်း ပါဝင်ဖူးသူဖြစ်ကြောင်း သိရသည်။

ဗီဒီယိုကြည့်ချင်ရင်....
http://www.youtube.com/watch?v=N905o55cpIo&feature=youtube_gdata_player

(စွယ်စုံမီဒီယာဂရုမှ ကူးယူဖေါ်ပြပါသည်)


အောင်ထွန်းဦး

Facebook account တစ်ခု လွယ်ကူစွာ ပြုလုပ်နည်း




ကျွန်တော့်ကို C-box ထဲကနေ ပြောပြောနေကြတဲ့ Facebook Account လျှောက်ပုံလေးကို တင်ပေးချင်ပါတယ်..။ ခုခေတ်မှာ Facebook ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်သုံးစွဲသူ တော်တော် များများရဲ့ အသုံးပြုခြင်း ခံနေရပါပြီ…။ Facebook account တစ်ခုမရှိတဲ့လူဟာ နည်းနည်းတောင် ခေတ်နောက်ကျ တယ်ပြောရမလားပဲ…J တစ်ကယ်တော့ fb ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သတင်းအချက်အလက်တွေ ဝေငှပေးနေကြတဲ့ network ကြီးတစ်ခုဖြစ်ပါတယ်..။ လူတစ်ယောက်ဟာ သူငယ်ချင်း 5000 အထိ လက်ခံနိုင်ပြီး page တွေ..၊ group တွေနဲ့ တော်တော်ကို စုံစုံလင်လင်ရှိတဲ့ network ကြီးတစ်ခုဖြစ်ပါတယ်..။

Fb account ရဖို့က တစ်ကယ်ဆိုလွယ်ပါတယ်..။ ဒါပေမယ့် လုံးဝ မသိတဲ့သူတွေအတွက်ကတော့ ပြသနာပေါ့..။ ကျွန်တော်လည်း အင်တာနက်စသုံးစဉ်က Fb account မရှိပါဘူး..။ fb account တအားလိုချင်ခဲ့ပေမယ့် ဘယ်လိုလျှောက်ရမှန်းလည်း မသိခဲ့ပါဘူး…။ နောက်မှ စမ်းသပ်လျှောက်ကြည့်ရာကနေ တစ်ဖြည်းဖြည်းနားလည်ပြီး သုံးစွဲဖြစ်ခဲ့တာပါ..။

အရင်ဆုံး fb account တစ်ခုရဖို့ဆိုရင် သင့်မှာ fb account မလျှောက်ရသေးတဲ့ gmail တစ်ခုရှိဖို့လိုပါတယ်..။ သင့်မှာ ရှိတဲ့ gmail ဟာ fb account လျှောက်ပြီးသားဆိုရင်တော့ gmail အသစ်တစ်ခု ကို အရင်ပြန်လျှောက်လိုက်ပါ..။

အရင်ဆုံး http://www.facebook.com ကိုသွားပြီး အောက်ကပုံအတိုင်း ဖြည့်ပေးပါ…


ကလေးအထူးကုဆရာဝန်၏ အမှားလား။ မြန်မာဘယဆေးရဲ့ အပစ်လား။



အသက် ၃နှစ်အရွယ် ရှမ်းကလေးငယ်တဦး လည်ပင်းအောက်မှာ အသားတွေ နီရဲနေလို. အင်ပျင်တွေ ထသလို ဖြစ်လို. မိဘတွေက ဆရာခို ဆေးကို အရေပြားပေါ်မှာ လိမ်းပေးခဲ့ပါသည်။

မသက်သာသဖြင့် မူဆယ်မြို. ပြည်သူ.ဆေးရုံက ကလေးအထူးကု ဆီသွားပြရာ-- အထူးကုက ဆေးပေးလိုက်ပြီး မသက်သာလျင် ပြန်လာပါ ဆိုတာကြောင့် ဆေးရုံ ပြန်သွားတဲ့အခါ အထူးကုရဲ့ ညွှန်ကြားချက်အရ ထိုးဆေး အကျောဆေးသွန်းပေးပြီးနောက် ကလေးမလေးရဲ့ ခေါင်း လည်ပင်းနှင့် ကျောတပြင်လုံး ရေနွေးပူလောင်ထားသလို တကိုယ်လုံး အပူဖုတွေ အရည်ကျည် အဖုတွေဟာ မြင်မကောင်းအောင် ဖြစ်လာပါသည်။

မိဘတွေက ဆရာဝန် ဆေးထိုးလို.ဖြစ်တာလို. ပြောတဲ့အခါ အထူးကုဆရာဝန်က ညီးတို. ဆရာခို ဆေး လိမ်းလို.ဖြစ်တာ ဆိုပြီး အပစ် ပုံချပါသည်။ အခုလောလောဆယ် မူဆယ်မြို. ပြည်သူ.ဆေးရုံမှာ ကလေးငယ်ဟာ ဆေးကုသခံယူနေပြီး မိဘတွေကတော့ အထူးကုဆရာဝန်ကို အယုံအကြည်မရှိတော့တာမို. ဆေးရုံက ဆင်းဖို. စဉ်းစားနေပါတယ်။

ဒါကြောင့် အထူးကုဆရာဝန်ကြီး၏ အမှားလား မြန်မာဆေး ဆရာခိုဆေးရဲ့ အပစ်လား-- လက်တွေ. ခံစားနေရတာကတော့ ၃နှစ်အရွယ် ရှမ်းကလေးမလေးနဲ. သူမ၏ မိဘများသာ ဖြစ်ပါသည်။

မူဆယ်ဆေးရုံက အထူးက ဆရာဝန်ကြီးက ဒီအောက်ပါ ဆေးတွေကို တနေ. ၃ ကြိမ်အထိ ထိုးပေကြောင်း မိဘတွေက ပြောဆိုပါသည်။


credit to - Thit htoo lwin blog

အောင်ထွန်းဦး

Wednesday, February 13, 2013

တမလွန်ဘ၀မှ အချစ်ကြီးသူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်းတွင်းမှ မြို့တစ်မြို့ နာမည်က “မိုးနဲ”(ဖြစ်ရပ်မှန်)
တစ်ချိန်က မိုးနဲစော်ဘွားအုပ်ချုပ်ခဲ့သော ဟော်နန်းရှိရာမြို့။
ဤဖြစ်ရပ်မှန်ဇာတ်လမ်းတွင် မိုးနဲမြို့သည် အဓိကမကျ မိုးနဲမြို့တွင်နေသော ယာဉ်မောင်း ဒေါင်းစိန်နဲ့ နန်းစင်ချိုတို့ ချစ်သူနှစ်ဥိးကသာအဓိက သရုပ်ဆောင်များဖြစ်ကြ လေသည်။
တောင်ကြီး လွိုင်လင် မိုးနဲမြို့များသို့ ကုန်စိမ်းများသယ်ယူပို့ဆောင်ပေးနေသော ကိုဒေါင်းစိန်၏ဂျစ်ကားကို မစီးဘူးသူတော်တော်ရှားသည်။ အထူးသဖြင့် နန်းစင်ချိုတစ်ယောက် ယာဉ်မောင်း ကိုဒေါင်းစိန်ဘေး ဂျစ်ကားရှေ့ခန်းမှ လိုက်ပါလေ့ရှိကြောင်းကိုလဲ လူတိုင်းသိကြပြီးဖြစ်သည်ကိုဒေါင်းစိန်က မိတ္ထီလာသား၊ နန်းစင်ချိုက မိုးနဲသူ။ တစ်ဦးနှင့်တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ကြသည့်အကြောင်းကိုလဲ မိုးနဲတစ်မြို့လုံးအသိပင်ဖြစ်သည်။

“အစ်ကို နန်းကိုဘယ်တော့ လက်ထပ်ယူမှာလဲဟင်”

“အစ်ကို ရုန်းကန်နေရတဲ့ဘ၀ကိုလည်း နန်းအသိသားနဲ့။ နန်းကို တင့်တောင့်တင့်တယ် လက်ထပ်ယူဖို့ပဲ ကြိုးစားပြီးငွေစုနေတာလေ”

“ဒါတော့ ဒါပေါ့အစ်ကိုရယ်…ယောကျာင်္းလေးတို့ရဲ့အချစ်သည် တစ်ခဏ၊ မိန်းကလေးတို့၏ အချစ်သည် တစ်ဘ၀ဆိုတာလေးတော့ အစ်ကိုသိမှာပါ”

“အစ်ကိုက အဲ့အမျိုးအစားထဲပါနေလို့လား…”

“အဲဒီလို မဟုတ်ပါဘူး အစ်ကိုရယ်၊ နန်းတို့မိန်းမသားဆိုတာရှေ့ရေးကို မျှော်တွေးနေကြတဲ့သူတွေပါ၊ နန်းအစ်ကို့ကို ယုံပါတယ်။ နန်းကို အစ်ကိုဘယ်လောက်ချစ်တယ်ဆိုတာနန်းသိပါတယ်”

နန်းစင်ချိုရဲ့ ချိုသာသော အပြုံးလေးနဲ့ ချစ်စကားပြန်တုံပြန်လိုက်တော့ ဒေါင်းစိန် တစ်ယောက်ပီတိတွေ လွှမ်းလို့ပေါ့…

Monday, February 11, 2013

ဂျာမနီမှ ပြောင်းပြန်တွဲလောင်းသွားသော ရထားလမ်းပို့ဆောင်ရေး


ကမ္ဘာ့ရှေ့ အကျဆုံး၊ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား၊ တွဲလောင်းရထားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂျာမနီနိုင်ငံ Wuppertal မြို့ က ရထားလမ်း ဖြစ် ပါတယ်။
Wuppertal မြစ်ကိုရော ဖြတ်သန်းရပြီး တွဲလောင်းသွားတဲ့ခရီးက ၈ မိုင်ကျော် ရှိပါတယ်။ ခရီးစဉ်တောက်လျှောက်မှာ ဘူတာ အခု ၂၁ ရှိပါတယ်။

၁၉၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က စတင်ပြေးဆွဲပြီး ၂၀၀၈ ခုနှစ်အထိ စီးနှင်း သူပေါင်း ၂၈ သန်း ရှိသွားပြီလို့ ဆိုပါတယ်။ နေ့စဉ် စီးနှင်းသူဦးရေ ၈၂၀၀၀ ကျော် ရှိပါတယ်။ မြေပြင်အပေါ် အထက် ၃၉ ပေခွဲနီးပါး မြင့်ပြီး ခရီးစဉ် အစအဆုံးက မိနစ် ၃၀ ကြာမြင့်ပါတယ်။
ဘာလင်မြို့ မှာ တပ်ဆင်ဖို့ စိတ်ကူးခဲ့ပေမယ့် Wuppertal မြို့ မှာတင် တပ်ဆင် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့တိုင် ပြေးဆွဲလျက် ရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြင့်တင်ခြင်း များ ပြုလုပ်ပါတယ်။

အပျော်ခရီးအနေနဲ့ စီးချင်သူရော၊ လုပ်ငန်းသုံးအတွက်ရော ပြေးဆွဲနေတဲ့ Wuppertal မြို့ က တွဲလောင်းရထားဟာ ဂျာမနီနိုင်ငံ၊ Wuppertal မြို့ မှာ အထင်ကရ တစ်ခုအနေနဲ့ တည်ရှိလျက် ရှိကြောင်း သိရပါတယ်။

Credit to : International news for myanmar


အောင်ထွန်းဦး

ဟိန္ဒူလူမျိုးတွေရဲ့ ရှေးကျသောရိုးရာဓလေ့နှင့်မိုးရွာသွန်းစေမှု



ကမ္ဘာပေါ်မှာ လူရယ်လို့ဖြစ်လာကတည်းက ကိုးကွယ်ယုံကြည် ဆည်းကပ်မှုတွေနဲ့ တွေ့ဆုံရပါတယ် ။ အဲဒီလို တွေ့ဆုံ တဲ့အခါမှာ ကိုယ်သန်ရာသန်ရာ ယုံကြည်ရာယုံကြည်ရာ ရိုးရာဓလေ့ အစွဲအလမ်းတွေလည်း ဖြစ်ပေါ် လို့လာပါတယ် ။ ရှေးကျေးလက်အညာဒေသတွေမှာလည်း မိုးရွာသွန်းစေအောင် မိုးခေါ်တာတို့ ၊ လွန် ဆွဲပြိုင် ပွဲကျင်းပတို့ဆိုတာ ဟိုးယခင်ကတည်းက ဖြစ်ပေါ်တည်ရှိနေတာဖြစ်ပါတယ် ။

တိုးတက် နေတဲ့ ခေတ်ကြီး ထဲ မှာ ဒူဘိုင်းလိုနေရာမျိုး မှာ မိုးကို မိုးအတုလုပ်ပြီး ရွာသွန်းစေတာမျိုးရှိသလို အာဖရိကလိုနေရာမျိုးမှာ မိုးရွာဖို့ ကျွဲနွား တွေသတ်ပြီး ပူဇော်တဲ့ဓလေ့တွေရှိနေတုန်းပါပဲ ။ အခုတော့ ဟိန္ဒူလူမျိုးတွေရဲ့ အလွန်ရှေးကျတဲ့ ရိုးရာဓ လေ့ အခမ်းအနားနဲ့မိုးရွာ သွန်းစေအောင်ပြုလုပ်ပုံလေးကို သူငယ်ချင်းတို့အတွက် ဗဟုသုတအနေဖြင့်မျှဝေလိုက်ပါတယ်။


credit to - ထူးထူးဆန်းဆန်း

အောင်ထွန်းဦး

ဆီးအိမ်အတွင်းထူးဆန်းစွာဝင်သွားသည့်ငါးရှဥ့်

အိုး . . ကြားလိုက်ရတဲ့သတင်းကလည်းအံ့သြစရာတွေချည်းပါပဲ ။ တရုတ်ပြည်ရဲ့ Beauty spa တစ်ခုမှနေပြီး သွားရောက် ကာ (ဘယ်လို spa လုပ်တယ်တော့မသိ ) spa လုပ်တဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ လိင်အဂါင်္ မှတဆင့် ငါးရှဉ့်တစ်ကောင်က ၀င်ရောက်ပြီး ဆီးအိမ်ထဲ ရောက်ခဲ့တဲ့အတွက် ခွဲစိတ်ဖယ် ရှားပေးခဲ့ ရတယ်လို့ဆိုပါတယ် ။

အော်အော် အဖြစ်က ဒီလိုပါတဲ့ ။ Zhang Nan ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ အသက်ရှင်နေ တဲ့ငါးရှဉ့်တွေနဲ့အတူ သူ့ရဲ့အရေပြားကို ကျားသဏ္ဍာန်ပိုပီသလာစေဖို့အတွက် ပိုမိုချော မွတ်တောက်ပြောင် လာစေ ဖို့အတွက် အတူတူ ရေချိုးခဲ့ပါသတဲ့ ။ တကယ်တော့ ဒီလို ငါးရှဉ့်တွေနဲ့ treatment လုပ်ခြင်းဟာ လန်ဒန်က spa တွေမှာလည်း ခေတ်စားလှပြီး ငါးတွေနဲ့ ကုသမှု ခံယူသလို သဘောတရားချင်းဆင်တူပါတယ် ။

သူတို့ယုံကြည်ကြတာက ငါးရှဉ့်တွေက သူတို့ကို ဆယ်နှစ်လောက်ပိုငယ်သွားစေတယ်ဆိုတဲ့ အတွေးပါပဲ ။ ပြီးတော့ ခန္ဓာကိုယ်က သေဆုံးနေတဲ့ တစ်ရှူးတွေကိုလည်း ဖယ်ရှားပေးပါသတဲ့ ။ ဒါပေမယ့် ရေချိုးကန်ထဲ မှာ Nan ဟာ လဲလျောင်းပြီးတဲ့အခါမှာတော့ သူဟာ စူးရှပြင်းထန်တဲ့ ဝေဒနာကို သူ့ရဲ့ လိင်အဂါင်္မှ တဆင့်ခံစားလိုက်ရပါတယ် ။ ဒါကြောင့် သူနားလည်လိုက်တာက သေးငယ်တဲ့ ငါးရှဉ့်တစ်ကောင်ဟာ လိင်အဂါင်္မှ တဆင့် ဆီးလမ်းကြောင်း ထိုမှတဆင့် ဆီးအိမ်ထဲ ၀င်ရောက်သွားခဲ့ပြီဆိုတာပါပဲ ။

“ ကျွန်တော် ရေချိုးကန်ထဲ ကနေလေးဖက်ထောက်ထွက်လာခဲ့ပြီးနောက် ဒီငါးရှဉ့်က ကျနော့်ခန္ဓာကိုယ်ကို ခြေမွ ဆုတ်ဖြဲ ထိုးဆွနေသလိုပါပဲ ပြီးတော့ ကျနော်နားလည်လိုက်တာက ဒီလို ရုတ်တရက်ကြီးနာလာရတာဟာ ငါးရှဉ့်သေးသေးတစ်ကောင်ကျနော့်ရဲ့ လိင်အဂါင်္ကနေတဆင့် ဆီးအိမ်ထဲ ၀င်သွားပြီဆိုတာပါပဲ ” လို့ Honghu , Hubei စီရင်စုမှ ၅၆ နှစ်အရွယ် ရှိသူ Nan က ပြောဆိုခဲ့ပါတယ် ။

“ ဒီဟာကို ကိုင်ပြီး အပြင်ထွက်အောင်ကျွန်တော်ကြိုးစားသေးတယ်ဗျ ဒါပေမယ့်ကျနော့် လိင်တံ အတွင်းမှာပဲ ဒီကောင်က ပျောက်သွားခဲ့တယ် ” အိုကေ ဒီလောက်ဆို သူ့ခံစားချက်တွေက ဘယ်လောက်ကြောက် မက် ဖွယ်ကောင်းကြောင်းသိကြရောပေါ့ ။

သူ့ကို ချက်ချင်းပဲ ဆေးရုံကိုပို့ပြီး ၃ နာရီ ကြာခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ် ။ ငါးရှဉ့်က ခြောက်လက်မရှည်လျှားပြီး ဆရာ ၀န်တွေ ရှာတွေ့ခဲ့တဲ့အချိန်မှာတော့ သေဆုံးနေခဲ့ပါပြီ ။

ခွဲစိတ်ဆရာဝန် Jin Wang ပြောဆိုခဲ့တာကတော့ “ ငါးရှဉ့်ရဲ့ချောမွတ်နေတဲ့ သဘာဝကြောင့် သာ အခုလို nan ရဲ့ လိင်အဂါင်္ကနေ အလွယ်တကူဝင်သွားခဲ့နိုင်တာပါ ” လို့ဖြစ်ပါတယ် ။

“ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်း diameter ဟာ တကယ်တော့ အတော်လေး ကျဉ်းပါတယ် ဒါပေမယ့် ငါးရှဉ့်က အရမ်းကိုချောမွတ်လွန်းနေပြီး ခန္ဓာကိုယ်မှာလည်း ချောဆီအသွင် လုပ်ဆောင်ပေးတဲ့အတွက် အခုလို Penis ထဲ အလွယ်တကူ ၀င်ခဲ့တာပါ ” လို့ သူက ဆက်ပြောခဲ့ပါတယ် ။

ကဲ ယုံချင်ယုံ မယုံချင်နေ Nan လိုမျိုး အလားတူ ဖြစ်ရပ်မျိုးဟာ အသက် ၁၄ နှစ်အရွယ် အိန္ဒိယ မှ လူငယ်လေးတစ်ဦးမှာလည်းဖြစ်ပွားခဲ့တဲ့အတွက်အရေးပါ် ခွဲစိတ်ကုသပေးခဲ့ရပါသေးတယ် ။ ဒီကောင်လေးပြော တာကတော့ သူဟာ ငါးကို ကိုင်ပြီး အိမ်သာထဲသွားခဲ့တယ် ပြီးတော့ ဆီးသွားနေစဉ်မှာ ငါးကလွတ်ထွက်ပြီး သူ့ ဆီးလမ်းကြောင်း ထဲ ၀င်သွားခဲ့ပါသတဲ့

မူရင်းလင့် : http://atrl.net/forums/showthread.php?t=145814
 
credit to - ထူးထူးဆန်းဆန်း
 
အောင်ထွန်းဦး

Saturday, February 9, 2013

မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံ



မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံနှင့် တကွ facebook က ကိုသိန်းဝင်း စာမျက်နှာ မှာ တွေ့လိုက်ရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဓာတ်ပုံကို လေ့လာကြည့်ပါ။


တကယ်လား...၊ အတုလားဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ချင့်ချိန် စဉ်းစားကြည့်ကြပါနော်... ကျွန်တော်ကတော့ အတုလို့ထင်ပါတယ်... 


အောင်ထွန်းဦး

Wednesday, February 6, 2013

ငယ်စဉ်ကတည်းက မြွေနဲ့အတူအိပ်တဲ့ ကလေးငယ်

ဘယ်သူမဆို မြွေဆိုရင်ကြောက်တတ်ကြပါတယ်..ကျွန်တော်လည်း အပါအ၀င်ပါပဲ...ဒါပေမယ့် Dongguan က A Zhe ဆိုတဲ့ 13 နှစ်အရွယ်ကလေးကတော့ သူလသားအရွယ် ကလေးဘ၀ထဲက စပါးကြီးမြွေနဲ့ အတူ တစ်အိပ်ရာထဲ အိပ်ခဲ့ပါသတဲ့...။ စပါးကြီးမြွေနဲ့ A Zhe တို့ကြားက သံဃောဇဉ်ကို လူတွေဟာ တအံ့တသြ တွေ့ရှိခဲ့ရပါတယ်...။ လောကကြီးမှာ ဘယ်တိရစ္ဆာန်မဆို လူသားတွေနဲ့ မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်..။ 


A Zhe ရဲ့ အဖေဖြစ်သူဟာ တောထဲကနေ မြွေဥ တစ်ဥ ကို ယူခဲ့ပါတယ်..။ ဒါကြောင့်ဒီမြွေဟာ မပေါက်ခင် ကတည်းက အိမ်ကိုရောက်နေတာပါ..။ A Zhe ကိုမွေးတော့ မြွေက 6 နှစ်သားအရွယ်ရှိနေပြီး 20kg ကျော် လေးနေပါပြီ..။ A Zhe ကိုးလသားအရွယ်မှာ မိဘတွေဟာ စားဝတ်နေရေးအတွက် တစ်နေ ကုန် အလုပ်လုပ်ရင်း ရုန်းကန်နေရတာကြောင့် A Zhe ဟာ မြွေနဲ့ ကစားဖော်ဖြစ်ခဲ့ပါတယ်....။


A Zhe ရဲ့ အဖေဖြစ်သူက သူ့သားနဲ့ စပါးကြီးမြွေဟာ တစ်နေကုန် တစ်ညလုံး အတူရှိနေပေမယ့်လည်း တစ်ခါမှ A Zhe ကို အန္တရာယ်မပြုခဲ့ပါဘူးလို့ ဆိုပါတယ်..။ တစ်ကယ်ဆို မြွေက A Zhe နဲ့ ရှိနေရတာ ပိုပျော်နေပုံတောင်ရပါတယ်...။ A Zhe ကလည်း ဒီလို ခင်မင်စရာ သက်ရှိ တစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်နေရတာကြောင့် တစ်ခြား ကစားစရာတွေကို စိတ်မ၀င်စားခဲ့ပဲ ငယ်စဉ်ကတည်းက အခု အရွယ်ထိ ကစားစရာဝယ်ပေးဖို့ တောင်းဆိုတာ တအားကို ရှားပါးကြောင်းနဲ့ ဒီစပါးကြီးမြွေဟာ သူ့အတွက် အကောင်းဆုံး ကစားဖော်ဖြစ်နေပါတယ်..။


ရာသီဥတုကောင်းတဲ့နေ့တွေမှာ.. A Zhe က သူ့သူငယ်ချင်း မြွေနဲ့ လမ်းလျှောက်ထွက်ကြပါတယ်..။ 2012 ခုနှစ်ထဲမှာ.. A Zhe က အလယ်တန်းကျောင်းသား ဖြစ်နေပြီး အိမ်မှာ စနေ၊ တနင်္ဂနွေလောက်သာ ရှိနေနိုင်တာကြောင့် A Zhe မှာ ၀မ်းနည်းနေရပါတယ်..။ A Zhe ရဲ့ အဖေဖြစ်သူက သူ့သားဟာ တစ်ချိန်မှာ zoologist တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပြီး တိရစ္ဆာန်တွေနဲ့ နေရတာ..၊ မိတ်ဆွေဖြစ်ရတာ ကိုနှစ်သက်နေကြောင်း ပြောပြပါတယ်..။




 အခုဆိုရင် A Zhe ရဲ့မြွေဟာ သားပေါက်နေပြီဖြစ်ပြီး A Zhe ကတော့ နောက်ထပ်တိုးပွားလာမယ့် မိသားစုဝင်တွေအတွက် ပျော်ရွှင်နေပါတော့တယ်...


 အောင်ထွန်းဦး

သူငယ်ချင်း အချင်းချင်းစနောက်နိုင်တဲ့ ShakingChange

ShakingChange ဆိုတဲ့ application လေးကတော့ သူငယ်ချင်း အချင်းချင်း အပျော်သဘော စနောက်နိုင်မယ့် ပျော်ရွှင်စရာ application လေးတစ်ခုဖြစ်ပါတယ်...


ကိုယ့်သူငယ်ချင်းပုံကို ဓါတ်ပုံရိုက်ပြီး ဒီ application လေးနဲ့ ပြုပြင်လိုက်မယ်ဆိုရင် အရမ်းကို သဘောကျ၊ ပျော်ရွှင်ဖို့ကောင်းတဲ့ ရုပ်ပုံလေးတွေကို မြင်ရမှာဖြစ်ပါတယ်...



ကဲ...လိုချင်သူများ အောက်မှာဆွဲပါဗျို့...andriod version က 1.6 နဲ့အထက် ရှိဖို့တော့ လိုတယ်နော်...


Download link >>> http://www.mediafire.com/download.php?f8k8766vvnuhjnd

နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ


မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့ သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။  ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။

အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင်ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။

အခုလို လုပ်ထားရတာလည်း မိခင်တယောက်အနေနဲ့ ရင်နာနာနဲ့ လုပ်ရတာပါတဲ့။တကယ်လို့ ချန်လင်းကို သံကြိုးတွေနဲ့ မခတ်ထားရင် သူက အိမ်နီးချင်းတွေကိုကိုယ်ထိလက်ရောက် ကြမ်းတော့တာပါဘဲတဲ့။

ချန်လင်းရဲ့လက်ညာဖက် လက်ကောက်ဝတ်မှာ သံကြိုးတန်းလန်းနဲ့ နေခဲ့ရတာနှစ်တွေ ကြာလွန်း လာ တာကြောင့် အသာမာတွေကလည်း တက်နေတာပေါ့။

အမေဖြစ်တဲ့သူက သူ့ သားဖြစ်သူ ချန်လန်း အနေနဲ့ အခုလို စိတ်ဝေဒနာ ခံစားရတာအသက် ၁၆ နှစ်၊ ဆယ်ကျော်သက် အရွယ် ချစ်သူရည်စားနဲ့ လမ်းခွဲခဲ့အပြီး အသည်းကွဲဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်တာက စခဲ့တာလို့ ယုံကြည်နေပါတယ်။

ချန်လင်းမိသားစုက ပြောတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲတဲ့နေ့က ချန်လင်းရဲ့ ကောင်မလေးက အနီရောင် ၀တ်ခဲ့တာ ကြောင့် ချန်လင်းဟာ အနီရောင်မြင်တာနဲ့ ဒေါသတွေထွက်ပြီး ကြမ်းတော့တာပါဘဲ တဲ့။
ပြောရရင် အချစ်ကြောင့် ရူးခဲ့ရတာပါ။

ချန်လင်းရဲ့ မိခင်က ပြောတာကတော့ သာမန် လယ်သမား မိသားစုဖြစ်တာကြောင့်စိတ္တဇဆေးရုံကို ပို့တာတို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ပြပြီး ကုသတာမျိုးလည်းမလုပ်ဖူးပါဘူးတဲ့။ ဒီလိုနဲ့ အခု လို နှစ်တွေ ကြာလာခဲ့တော့တာပါဘဲ။

“ကျမ လုပ်နိုင်တာ အားလုံးကတော့ သူ့ကို သန့်ရှင်းရေး လုပ်ပေးမယ်။အန္တရာယ်မဖြစ်အောင်ထားမယ်။ အစာကျွေးမယ်” လို့ ချန်လင်းရဲ့ မိခင်ကပြောတာပါ။

သံကြိုးတန်းလန်းနဲ့ သားဖြစ်သူကို မြင်တိုင်း ရင်ထဲ မချိတင်ကဲခံစားရပေမယ့် ပိုက်ဆံမရှိတာကြောင့် လည်း ဆေးမကုနိုင်ခဲ့ဘူး၊ သားဖြစ်သူကို နေကောင်းစေချင်တာသူ့ရင်ထဲက ဆန္ဒပဲလို့ သူက ဆက်ပြော ထားပါတယ်။

မိခင်ဖြစ်တဲ့သူက တခါတလေ သားဖြစ်သူ ချန်လင်းကို သံကြိုးဖြုတ်ပေးလိုက်ရင်ရွာထဲလျှောက်သွားပြီး ကြမ်းတော့တာပါဘဲတဲ့။ အထူးသဖြင့် အ၀တ်အစားအနီ ရောင် ၀တ်တဲ့ မိန်းကလေးတွေဆိုရင် ဒေါသ တကြီးနဲ့ ရန်လိုပြီး ကိုယ်ထိလက်ရောက် အနာတရဖြစ်အောင် လုပ်တော့ မိခင် ဖြစ်သူ အနေနဲ့ တခါ တလေသားဖြစ်သူအပေါ် သနားစိတ်နဲ့ သံကြိုးဖြေ လွှတ်ပေးလိုက်တဲ့ အတွေ့ အကြုံကိုပြောပြတာပါ။

ဒီလိုနဲ့ သားဖြစ်သူကို ပြန်ဖမ်း၊ သံကြိုးခတ်ပြီး ဓာတ်ပုံတွေမှာ မြင်ရတဲ့အတိုင်း ထားရင်းနဲ့၂၁ နှစ်ကျော် လာခဲ့တော့ တာပါဘဲတဲ့။

Credit by (ဧရာဝတီ) ဘလော့



အောင်ထွန်းဦး

Saturday, February 2, 2013

မိုးရွာရင် လူတီးစရာ မလိုပဲ အလိုအလျောက် သံစုံ ထွက်တဲ့ အိမ်



ဂျာမနီနိုင်ငံ၊ Saxony ပြည်နယ် Dresden မြို့ ထဲမှာ ဖြစ်ပြီး အနုပညာရှင်နဲ့ ဒီဇိုင်နာ များ ဖြစ်တဲ့ Christoph Roßner, Annette Paul နဲ့ Andre Tempel တို့က ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ သုံးယောက်နေတဲ့ တိုက်လည်း ဖြစ်ပါတယ်။

အိမ်ခေါ်မိုးက ကျလာတဲ့ မိုးရေကို အသုံးပြုလို့ ပုလွေ၊ အနောက်တိုင်း နှဲ တစ်မျိုး ဖြစ်တဲ့ ဆက်ဆိုဟွန်း (Saxophone) ပေါင်းများစွာနဲ့ ဖန်တီး ထားပါတယ်။ အချက်မှန်မှန် ထွက်အောင်လည်း တစ်ခါတည်း အီလက်ထရောနစ် ဆားကစ် ချိန်သလို ချိန်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မိုးရွာပြီဆိုတာနဲ့၊ ဘယ်လောက်များများ၊ ဘယ်လောက်နည်းနည်း အနောက်တိုင်း စစ်တီးဝိုင်း သို့မဟုတ် အကတီးဝိုင်းက သံစဉ်များကို ကြားရမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ တီထွင်ဆန်းသစ်မှုကြောင့် လာရောက် လေ့လာသူများနဲ့ အမြဲ စည်ကားလျက် ရှိကြောင်း သိရပါတယ်။

Credit by : GAHTA Portal site of Myanmar


အောင်ထွန်းဦး

ထူးထူးဆန်းဆန်း တိုက်နှစ်လုံးကြားထဲညပ်၍ ပြန်ထွက်မရသူအမျိုးသမီး



အမေရိကန်ပြည်ထောင်စု အော်ရီဇွန်ပြည်နယ်မှ အမျိုးးသမီးတစ်ယောက်သည် ၈လက်မမှ ၁၀လက်မအထိသာ အကျယ်ရှိသော တိုက်ကြားထဲသို့ အပေါ်ပြတင်းပေါက်မှ ပြုတ်ကျခဲ့ပုံရ၍ လေးနာရီခန့်ကြာအောင် ပိတ်မိနေခဲ့ပြီး ရဲ၊ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများမှ ခက်ခက်ခဲခဲအားထုတ် ကယ်တင်ခဲ့ရသည်။မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီး မည်ကဲ့သို့ ယခုလိုတိုက်နှစ်လုံးကြားထဲ ညပ်ခဲ့ရကြောင်း အတိအကျမပြောနိုင်ဟု ဆိုကြသည်။

ကွန်ကရစ်အုတ် တိုက်နှစ်လုံး၏ကြားမှ ထိုအမျိုးသမီးကို လေအိတ်များ၊ ချောဆီများနှင့် အခြားထောက်ကူ ကိရိယာများ အသုံးပြု၍ ကယ်တင်ခဲ့ကြရသည်။ ကယ်ဆယ်ရေးသမားများ ရောက်ရှိချိန်တွင် အမျိုးသမီးမှာ မြေပြင်အထက် တိုက်နှစ်လုံးကြား လေးပေအမြင့်တွင် ညပ်နေခြင်းကိုတွေ့ခဲ့ရသည်။ ကယ်ဆယ်ရေးသမားများက ထိုအမျိုးသမီးလွတ်မြောက်ရန် ထောက်ကူပစ္စည်းများ သာမက ကွန်ကရစ်နံရံကိုပါ အနည်းငယ် ဖြတ်တောက်ခဲ့ရသေးသည်။

Credit by :,ပြည်မြန်မာ



အောင်ထွန်းဦး

စားကြဦးမလား?



လင်းနို့စွပ်ပြုပ်၊ လောက်ချဉ်စပ် ၊ ခွေးဦးနှောက်စွပ်ပြုပ် ..etc ....
တရုတ်ပြည်မှာစားသောအစားအစာများပါတဲ့ခင်ဗျာ....,


Credit to - ထူးထူးဆန်းဆန်း

အောင်ထွန်းဦး

ထူးထူးခြားခြား အသက်ရှင်နေတဲ့ လူ



တရုတ်နိုင်ငံက ဒီလူကတော့ ခေါင်းမှာ အပေါက်ကြီးဖြစ်နေတာတောင် အသက်ရှင်လျှက် နေထိုင်နိုင်ပါသတဲ့။ ၂၀၀၆ ခုနှစ်မှာ မတော်တဆ ထိခိုက်မှု့ကြောင့် ဒီလိုမျိုး ခေါင်းမှာအပေါက်ကြီးဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Credit by : စိတ်ကူးပျော်ရာ



အောင်ထွန်းဦး

အာဖရိကရဲ့ နောက်ဆုံးပေါ် အစားအစာ



တရုတ်ပြည်က အကောင်ပလောင်တွေကို ပေါက်ကရလုပ်စားတာလောက်တော့ အာဖရိက က ပျင်းသေးတယ်။ ကြွက်တွေကို လုပ်စားလိုက်တာများ BBQ ကျနေတာပဲ ။ အမွှေးတောင် နှုတ်ရဲ့လားမသိ :D

ကဲ....ဘယ်သူစားရဲလဲ....ဘယ်နိုင်ငံမှာမှ မရှိဘူးသေးတဲ့ အစားအစာလေးပေါ့
ကြွက် ရေလုံပြုတ်လေးလား......ကြွက်ကင် လေးလား.......


Credit to - ထူးထူးဆန်းဆန်း


အောင်ထွန်းဦး

ရေဆင်ဆိုတာ တစ်ကယ်ရှိသလား ?



ရေဆင်ဆိုသော သတ္တဝါ ရှိမရှိ ယခုတိုင် အငြင်းပွားဆဲဖြစ်ပါသည်။ သို့သော် ဆင်သမားတိုင်းကတော့ရေဆင်တကယ်ရှိကြောင်း ပြောဆိုနေကြဆဲပါ။ ရေဆင်သည် ရေထဲတွင် ငါးများကဲ့သို့ နေနိုင်ပြီး ကုန်းပေါ်တွင် နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်ပါသည်။ ရေဆင်သည် ဆင်ပုံစံအသေးစားလေးဖြစ်ပြီး အရွယ်အစားမှာ အလျားလေးလက်မ၊ ငါးလက်မ၊ အမြင့် သုံးလက်မခန့် ရှိသည်ဆိုသည်။ ရေထဲရှိ ရေမှော်ပင်များကို စားသောက်ကာ အသက်ရှင်နေကြပြီး ညအခါကြမှ ကုန်းပေါ်သို့ တက်တတ်သည်ဟုဆိုသည်။ ကျောက်ဆောင်ကျောက်တုံးများ ပေါသောရေအိုင်များတွင် အနေများတတ်သည်။ ရေဆင်သည် အဆိပ်ပြင်းသည်ဟု ဆိုကြသည်။ ရေဆင်ရှိသော နေရာများကို ကုန်းဆင်ကြီးများ မလာရဲကြပေ။ ရေဆင်ကိုက်လျှင် ချက်ချင်းသေတတ်သည်ဟု သိရသည်။

၁၉၇၀- ပြည့်နှစ်လောက်တွင် ရေဆင်အကြောင်း ဟိုးလေးတစ်ကျော်ကျော် ဖြစ်ဘူးလေသည်။ ၁၉၇၀- ပြည့်နှစ်၊ သြဂုတ်လ(၁၃)ရက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် သံတွဲမြို့နေ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးဘမြိုင်ကိုယ်တိုင် ရေဆင်အမတစ်ကောင်၊ အထီးတစ်ကောင်(အသေ)ကို တံငါသည်များမှတဆင့် ရရှိခဲ့ဖူးကြောင်း ပါရှိလေသည်။ ရေဆင်အမကို ၁၉၃၀-ပြည့်နှစ်တွင် စစ်တွေခရိုင်၊ ပေါက်တောမြို့၊ သရွန်ဂါကျွန်းအုပ်စု အပါအဝင် ဆံတော်ရှင်ကျွန်းတောင်ဖက်ကမ်းမှ ရရှိခဲ့သည်။ ရေဆင်အထီးကို ၁၉၃၅-ခုနှစ်တွင် သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဖက်မှ ရရှိခဲ့ဖူးကြောင်း ရေးသားထားသည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဉ်းမနား တောင်တွင်းကြီးနယ် ပဲခူးရိုးမအနောက်ဖက် သစ်တောအတွင်း ကျောက်ရေအိုင် တစ်ခုမှ ရေဆင်တစ်ကောင် အရှင်ဖမ်းမိခဲ့သည်ဟု ရေးသားခဲ့သည်။ ရေဆင်အမ၏ အရောင်သည် မွဲပြာ၍ ချောမွေ့သည်။
ခြေနှင့်လက်ပါရှိသည်။ ခြေချောင်းငယ် လေးချောင်းစီပါသည်။ အထက်အောက် အံ့သွားနှစ်ချောင်းစီ တွေ့ရသည်။ ဆင်မတစ်ကောင်၏ အစိတ်အပိုင်းပါရှိသည်။ အသားစားသည့် လက္ခဏာမရှိ၊ ရေမှော်များသာ စားသည်။ ရေဆင်အထီးသည် မီးခိုးရောင်သန်းသော အဖြူရောင်ရှိသည်။ ခြေချောင်း လေးချောင်းစီရှိသည်။ အဖြူရောင်အစွယ်ရှိပြီး လုံးပတ်မှာ မီးခြစ်ဆံချောင်းခန့် ရှိသည်။ အထက်အောက် အံ့သွား ပါရှိသည်။ မျိုးပွားအင်္ဂါ အပြည့်အစုံ ပါရှိသည်။

မန်လည်မြို့ဟောင်းရှိ မန်လည်ဆရာတော်ပြတိုက်တွင် မီးခြစ်ဆံချောင်းခန့်ရှိသော ရေဆင်စွယ်ကို ပြသထားလေသည်။ တစ်ချိန်က ရုပ်ရှင်မင်းသားတစ်ဦးသည် နိုင်ငံတော်ကို ထူးဆန်းသည့် ရေဆင်(အသေ)တစ်ကောင်ကို လှူဒါန်းကြောင်း သတင်းစာထဲတွင် ပါရှိလေသည်။ ထိုလှူဒါန်းလိုက်သော ရေဆင်သည် ရေဆင်အစစ်မဟုတ်ဘဲ မြေကြွက်ကို လုပ်ထားကြောင်း စာရေးဆရာ သာဂဒိုးက စိုက်ပျိုးရေးပြတိုက်သို့ တင်ပြအသိပေး ဖော်ထုတ်ဖူးသည်။ ထိုသို့ ဇာတ်လမ်းများကြောင့် အထောက်အထား လက်ဆုပ်လက်ကိုင်
ပြစရာမရှိသဖြင့် ရေဆင်ဆိုသည်မှာ ပုံပြင်ပမာဖြစ်သွားခဲ့ရလေသည်။


*ကိုးကား။ ။ ဖိုးကျော့၏ ဆင်သင်္ချိုင်း ရှာပုံတော်နှင့် အခြားဝတ္ထုတိုများ၊
မောင်ကြည်သန့်၏ အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာဖြစ်ရပ်(၁၀၀)၊
သာဂဒိုး၏ စာနယ်ဇင်း စွမ်းအား အသုံးမှားသော် ဆောင်းပါး၊

Credit by : မော်နီကာ


အောင်ထွန်းဦး

ထူးဆန်းသော ခွဲစိတ်မှု



တစ်ချိန်ကအမေရိကားအလှမယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖူးသောဂျမီဟီတန်(၃၆)နှစ်
သည်ငါးမျှားနေစဉ်ကျောက်ဆောင်ပေါ်မှပြုတ်ကျခဲ့ ပြီးဦးခေါင်းခွံအားလေးပုံတစ်ပုံခန့် ဖယ်ရှားခဲ့ ပြီးသူဧ။်ဝမ်းဗိုက်တွင်ခွဲစိတ်ထည့်သွင်းကာ(၄၂)ရက်ထားရှိပြီးပြန်လည်ထုတ်ယူကာသူမဧ။်ဦးခေါင်းတွင်ပြန်လည်တပ်ဆင်သောအံသြဖွယ်ရာကုထုံးတစ်ရပ်ဖြင့်ကုသခဲ့ ရာဦးနှောက်ယောင်ယမ်းမှု့ မှာပြန်လည်ကောင်းမွန်ခဲ့ သည်။

ယောင်ရမ်းမှု့ပြန်လည်ကောင်းမွန်စေရန်နှင့်ပိုးမွှားများမ၀င်စေရန်နဂိုအတိုင်း
အားအင်ပြည့်ဝလာစေရန်ဝမ်းဗိုက်တွင်ထည့်သွင်းပြီးမူလဦးခေါင်းခွံနေရာတွင်ပြန်လည်
ခွဲစိတ်ကုသခဲ့ သည်။

Credit by စိတ်ကူးပျော်ရာ



အောင်ထွန်းဦး

အမြီးပေါက်တဲ့ လူသားများ


တိရစ္ဆာန်တွေမှ အမြီးပေါက်တာ ဟုတ်ပါဘူးဗျာ၊ လူတွေမှာလည်း အသားပိုလို့ခေါ်တဲ့ အမြီးတွေပေါက်နေကြပါတယ်။

မွေးကတည်းက အမြီးလေးပေါက်နေတာပါ။( အရက် ဘီယာသမားတွေအတွက်အမြည်းဟုတ်ဘူးနော်)
လန့်စရာကြီးပါဗျာ။(တောင်တွေးမြောက်တွေး မတွေးကြနဲ့ဦး)

မူရင်းလင့်ခ် မောင်အောင်နိုင် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။


Credit to - ထူးထူးဆန်းဆန်း


အောင်ထွန်းဦး

နာမည်ကြီး Zuma's Revenge ဂိမ်း

ကွန်ပျူတာထဲမှာ ဆော့ဖူးတဲ့ Zuma ဂိမ်းလေးကို သိကြမှာပေါ့...ဖားလေးနဲ့ အရောင်တူဘောလုံးလေးတွေကို ပစ်ခွဲရတဲ့ ဂိမ်းလေးပါ...။ ဘယ်ဂိမ်းတွေ ဘယ်လိုပေါ်ပေါ် ဘယ်တော့မှ မရိုးနိုင်တဲ့ ဂိမ်းလေးဖြစ်ပြီး ကျွန်တော် ကတော့ အမြဲပဲ ဆော့ဖြစ်ပါတယ်..။


အခုတော့ ကွန်ပျူတာထဲမှာဆော့တာအားမရလို့ Andriod ဖုန်းထဲမှာ ဆော့နိုင်မယ့် Zumas Revenge ဂိမ်းလေးနဲ့ မိတ်ဆက်ပေးပါရေစေ....။



အစကတော့ andriod ဖုန်းနဲ့ဆော့ရမှာဆိုတော့ သိပ်ပြီး ဆော့လို့ကောင်းလှမယ် မထင်ခဲ့ပေမယ့် တစ်ကယ် ဆော့ကြည့်တဲ့အခါမှာတော့ လက်ကနေ မချချင်လောက်အောင် ဆော့လို့ ကောင်းတာကို တွေ့ရပါတယ်..။ ရုပ်ထွက်ကော.. အသံကော.. ဘာမှ အပြစ်ပြောစရာ မရှိတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ...

Download link >>> http://www.mediafire.com/?rpzm2hxx912lx9u


အောင်ထွန်းဦး



ဖုန်းထဲကနေ သတင်းပေါင်းစုံ ဖတ်ရှု့ကြမယ်..


ကျွန်တော် ဒီ application နဲ့ မိတ်ဆက်ပေးချင်တာ တော်တော်ကြာပါပြီ..... အင်တာနက်လိုင်းကလည်း သိကြတဲ့အတိုင်း လုံးဝ မကောင်း ကျွန်တော်ကလည်း အင်တာနက် သိပ်မသုံးဖြစ်တာနဲ့ကို မတင်ပေးဖြစ်တာပါ...။

ဒီ application ကနေ မြန်မာနိုင်ငံက နာမည်ကျော် သတင်း website တွေက သတင်းတွေ ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်... နိုင်ငံရေး၊ သုတ၊ ရသ၊ ဗဟုသုတ သတင်းအစုံအလင်တွေကို အင်တာနက် connection ရှိတဲ့အခါ ၅ မိနစ်လောက် update လုပ်ထားရုံနဲ့ သတင်းတွေကို တ၀ကြီးဖတ်ရှု့နိုင်မှာပါ....

Download link >>> http://www.mediafire.com/?s8ztzw42r076lwl

နောက်ထပ်  အောက်က application လေးနှစ်ခုပါ ထပ်သွင်းထားလိုက်ပါ..။ အဲ့ဒါတွေကတော့ facebook က နာမည်ကျော် ဟာသ pages တွေရဲ့ သတင်းနဲ့ ဗဟုသုတ၊ ရသ စာတိုပေစများ ရေးသားတဲ့ pages တွေရဲ့ သတင်းတွေကို ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်..။

Download link for Jokes news >>> http://www.mediafire.com/?266gg326gs4v5rt

Download link for feeling news >>> http://www.mediafire.com/?9d0k7dzg9kd1cky

ပိုက်ဆံချွေတာလိုသူများ သွင်းထားသင့်ပြီး အင်တာနက် connection 5 မိနစ်လောက်ရှိရုံနဲ့ တစ်နိုင်ငံလုံးမှာ ဖြစ်ပျက်နေတဲ့ သတင်းအစုံအလင်ကို ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်..။


အောင်ထွန်းဦး

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ