Tuesday, August 13, 2013

Viber ကို PC ပေါ်မှာ အသုံးပြုမယ်

မနေ့က Facebook ပေါ်ကနေ Viber ကို PC မှာ အသုံးပြုလို့ရကြောင်း သတင်းလေးတစ်ခုတွေ့တာနဲ့ စမ်းကြည့်တာ အတော် အဆင်ပြေတယ်ဗျ… သူငယ်ချင်းတွေလည်း ကိုယ့် Laptop ဒါမှမဟုတ် Desktop ပေါ်ကနေ viber ကို အသုံးပြုနိုင်မယ့် နည်းလမ်းလေးကို မျှဝေ ပေးလိုက်ပါတယ်..။
အရင်ဆုံး အောက်က link မှာ ပါတဲ့ software လေးကို ဒေါင်းလုပ် ရယူပြီး computer မှာ Install လုပ်ပါ..။ Internet connection ရှိဖို့လိုပါမယ်..။
ပြီးရင် မိမိဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်ပါ…။ မိမိဖုန်းထဲမှ viber ကိုလည်း internet ဖွင့်ထားရမှာ ဖြစ်ပြီး viber မှ မိမိဖုန်းထဲကို code နံပါတ် message လှမ်းပို့ပေးမှာ ဖြစ်ပါတယ်..။
(သတိ ။   ။ မိမိဖုန်းထဲမှ viber သည် latest version ဖြစ်နေရပါမယ်.. မဖြစ်သေးရင် အောက်က link မှာ download ရယူပြီး ဖုန်းထဲမှာ ပြန်သွင်းလိုက်ပါ..)
မိမိဖုန်းထဲပို့လာတဲ့ Code ကို PC ရဲ့ viber မှာ ရိုက်ထည့်ပေးလိုက်တယ်ဆိုရင်ပဲ သင်ဟာ viber ကို PC မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်..။

အဆင်ပြေကြပါစေဗျာ..။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ