Friday, March 21, 2014

ကင်ဆာရောဂါခံစားနေသူ တိရစ္ဆာန်ရုံမှ ၀န်ထမ်းရဲ့ နောက်ဆုံး နှုတ်ဆက်ခရီး



မာရီယိုလို့ခေါ်တဲ့ သူဟာ Ratterdarm's Diergaarde Blijdrop တိရစ္ဆာန်ရုံမှာ အလုပ်လုပ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ.။ အခုဆိုရင် သူဟာ အသက် ၅၄ နှစ်ရှိနေပြီဖြစ်ပြီး ဆေးရုံမှာ ကင်ဆာရောဂါကို ခံစားနေရလျက်ရှိပါတယ်..။ သူရဲ့ နောက်ဆုံးရလာဒ် ထွက်လာ အပြီးမှာ သူဟာ ဆေးရုံက ၀န်ထမ်းကို အကူအညီတောင်းခဲ့ပါတယ်..။ သူငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သစ်ကုလားအုတ်တွေကို နှုတ်ဆက်ဖို့ပါ.။
"သစ်ကုလားအုတ်တွေက သူ့ကို မှတ်မိကြပါတယ်..။ ပြီးတော့ သူနေမကောင်းဖြစ်နေတာကိုလည်း သိပုံရတယ်..။ တစ်ကောင်ဆိုရင် သူ့ကို လာပြီးတော့တောင် နှုမ်းရှုံ့သေးတယ်"လို့ တိရစ္ဆာန်ရုံကို လိုက်ပို့ပေးခဲ့တဲ့ Kees Veldboer က Dutch သတင်းစာ Algemeen Dagblad ကို ပြောပြခဲ့ပါတယ်.."

"ဒါက အရမ်းဝမ်းနည်းဖို့ကောင်းတဲ့မြင်ကွင်းပါ..။ သူ ဒီတိရစ္ဆာန်ကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ လာရောက်တာ သူ့ရဲ့ သစ်ကုလားအုတ် တွေလည်း သိပုံရတယ်..။ သူတို့ရဲ့ ၀မ်းနည်းမှုတွေကို ကျွန်တော် သူတို့မျက်လုံးတွေထဲကနေ မြင်နိုင်တယ်…" လို့ တိရစ္ဆာန်ရုံ ၀န်ထမ်း တစ်ဦးမှ ပြောပြခဲ့ပါတယ်..။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ