Wednesday, April 24, 2013

HUAWEI U8950D ကို Root ပြုလုပ်ခြင်း

ကျွန်တော့်ကို မေးလ်ထဲကနေ မေးထားတဲ့ HUAWEI U8950D ကို root လုပ်နည်းလေးပါ..။ အခြား နည်းလမ်းတွေ များစွာ ရှိပေမယ့် ကျွန်တော်ကတော့ ကျွန်တော်နဲ့အရင်းနှီးဆုံးနဲ့ စိတ်အချရဆုံးဖြစ်တဲ့ ပုံစံ အတိုင်း root လုပ်နည်းလေးကို တင်ပြပေးထားပါတယ်..။

U8825D တို့လိုမျိုးပဲ Bootloader Unlock အရင်လုပ်ရတယ်ဗျ….Bootloader unlock လုပ်ဖို့သူ့ Official Site မှာ Unlock code 16 လုံးအရင်တောင်းရပါမယ်…
Unlock Code တောင်းဖို့ အောက်မှာပေးထားတဲ့လင့်တွေကသွားပါ……

Unlock Code တောင်းရန် တရုတ်ဆိုဒ်….

Unlock Code တောင်းရန် English ဆိုဒ်…


တချို့ကတရုတ်ဆိုဒ်ကတောင်းတာမြန်တယ်တဲ့တချို့ကြတော့တရုတ်စာတွေနဲ့မလုပ်တတ်လို့တဲ့
ဒါကြောင့်Code တောင်းဖို့နေရာလင့်နှစ်ခုပေးလိုက်တာ……တောင်းချင်တဲ့နေရာကတောင်း..
ဘယ်လိုတောင်းရမလဲအောက်မှာကြည့်နော်တောင်းတတ်တဲ့လူလဲတောင်းတတ်နေပြီ…
ကျွန်တော်ကတော့ကြည့်တဲ့လူတွေလွယ်အောင် English ဆိုဒ်ကနေပဲလုပ်ပြပါမယ်…
Licence aggrement ကိုအမှန်ခြစ်ပါ။ Next နှိပ်ပါ။လိုတာလေးတွေဖြည့်ရပါမယ်။ Email လိပ်စာကိုအမှန်ထည့်ပါ။မိမိထည့်တဲ့မေးလ်လိပ်စာအတွင်းသို့ unlock code ပြန်ပို့မှာမို့လို့ပါ။ Smart phone ကိုရွေး ဖုန်းမော်ဒယ် ထည့်ပါ…အောက်ပုံတွင်ဆက်ကြည့်ပါ……



ဖြည့်စရာ S/N number,IMEI/MEID နဲ့ Product ID တွေကျန်ပါသေးတယ်။   S/Nnumber,
IMEI/MEID ကိုဖုန်း Battery ဖြုတ်လိုက်ရင်တွေ့နိုင်ပါတယ်…IMEI ကို ဖုန်းခေါ်သောနေရာတွင် *#06# ရိုက်ရင်လည်းတွေ့နိုင်သည်။  Product ID အတွက် ဖုန်းခေါ်ဆိုသာ Key pad မှ*#*#1357946#*#*
ရင်တွေ့ပါမယ်။လိုအပ်တာတွေဖြည့်ပြီးလျှင် Submit ခလုပ်လေးကို နှိပ်လိုက်ပါ။Email ထဲသို့Huawei မှ Unlock code ပြန်ပို့ပေးပါလိမ့်မယ်။ချက်ချင်းလဲပို့သလိုရက်အနည်းငယ်လဲကြာတတ်ပါတယ်။ Code ရပြီဆိုရင်တော့ စလို့ရပါပြီ…
လိုတဲ့ဟာလေးအရင်ဒေါင်းလိုက်ပါ….


One Key Tools ယူရန်……

လိုတာတွေရပြီဆိုဆက်မယ်နော်….ဖုန်းက Usb Debug ကို ON ထားလိုက်ဦး…
USB Debug ON ဖို့ setting>>Developer Option >>Usb Debugging ပါ..အရေးကြီးတာကဖုန်းကိုကွန်ပြူတာကသိအောင် Driver သွင်းထားရပါမယ်……ဒီမှာကြည့်



ပြီးရင်ဖုန်းကိုပိတ်ပြီး စက္ကန့်အနည်းငယ်ထားပါ။ volume down နဲ့ power ခလုပ် ကိုတွဲနှိပ်ပြီး LOGO နေရင်ကွန်ပြူတာနဲ့ချိတ်ပါ ဒေါင်းပြီးဖြည်ထားတဲ့ One Key Tool  လေးကို Run လိုက်ပါပြီးရင်အပေါ်ဆုံးက Bootloader button လေးနှိပ်လိုက်ပါ…အောက်ပုံတွေအတိုင်းဆက်လုပ်ပါ…



ဖုန်း Reboot ဖြစ်သွားပါမယ်…ဖုန်းလဲ Reboot မဖြစ်ရင် ADB Driver မရှိလို့ပါ….သေသေချာချာသွင်းပေးလိုက်ပါ…..ဖုန်း Reboot ပြန်တက်လာရင်အောက်ပုံအတိုင်း cache ရှင်းနေပါမယ်.



unlock လုပ်လို့ပြီးပါပြီ…(သတိထားရမည်မှာ Unlock မလုပ်ခင်အရေးကြီးတာတွေ Backup ယူထားပါ…wipe cache/data အလိုလိုလုပ်ရင်သွင်းထားသမျှဒေတာကုန်ပါတယ်)
Unlock လုပ်ပြီးရင်တော့ CWM သွင်းပါမယ်….ဖုန်းကိုပိတ် volume down နဲ့ power ခလုပ် ကိုတွဲနှိပ်ပါ LOGO ရပ်နေရင်ကွန်ပြူတာနဲ့ချိတ်လိုက်ပါ…..One Key Tool မှသုံးခုမြောက် Button လေးနှိပ်ပေးလိုက်ပါ…ပုံ ၁ ကတိုင်းစာလာမယ်နှိပ်ပေးလိုက်ပါ…..သူဟာသူဆက်သွင်းပါမယ်…အောက်ကပုံအတိုင်းပြရင်အိုကေပါပြီ.CWM ထဲဝင်ဖို့ Vol up+ Power နှိပ်ဝင်ပါ…..
 



လုံးဝပြန်တက်လာရင် USB Debugging နဲ့ unknown Sources ကို on ထားပါ..
ပြီးရင်တော့ Root ဖောက်လို့ရပါပြီ…
Root ဖောက်ဖို့အတွက် ဒါလေးတွေဒေါင်းပါ…

U8950D Root   (Mediafire)
U8950D Root    (Dev host)

ဒေါင်းပြီးရင်တော့ Extract လုပ်ပါ..
အထဲမှာ Zip နှစ်ဖိုင်တွေလိမ့်မယ်..
update.zip ကို SD Card ထဲထည့်လိုက်ပါ…
Volume + Power နဲ့ Recovery Mode  ၀င်လိုက်ပါ…
Update.zip ကိုရွေးလိုက်ရပါပြီ…

Credit and References to - myanmarmobileapp.com

အောင်ထွန်းဦး



1 comment:

  1. အကို ကျွန်တော်ကို sanding windows phone root လုပ်နည်းနဲ့. မြန်မာ fount ထည့်နည်း လေးပြောပြပါလား၊

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ