Saturday, October 12, 2013

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

VRoot (မြန်မာလို ဆောဝဲ) Andriod ဖုန်း တွေနဲ့ Tablet အားလုံးနီးပါးကို Root နိုင်တဲ့ ဆောဝဲ (For Window XP/7/8)

Andriod ဖုန်း တွေနဲ့ Tablet အမျိုးစား အားလုံးနီးပါး ကို VRoot က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။ ဒီ ဆောဝဲလေးက မြန်မာလိုမျိုး ဆိုတော့ Root ရတာပိုလွယ်ပါတယ်။ ဒီနေ့ပဲ ဖုန်း၂ လုံး ကျနော့်ဆီ လာပြီး မြန်မာဖောင့်လာထည့်ပါတယ်။ ကျနော် Unlock Root Pro နဲ့ Root တာ တလုံးကအဆင်ပြေပြီး ကျန်ဖုန်းတလုံးကမရဖြစ်နေတာ။
အဲတာနဲ့ VRoot လေးကို ဆိုဒ်တဆိုက်ကနေ တွေ့ထားလို့ မြန်မာလို ပြောင်းနည်းပါ တခါတည်း ရေးထား လို့ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး Root စမ်းကြည့်တာ အရမ်းကိုလွယ်ပြီး မြန်လည်းမြန်ပါတယ်။ ဆောဝဲ က မြန်မာversion ဆိုတော့ အတော်လေးအဆင်ပြေပါတယ်။ Andriod Version 1.2 ကနေ 4.2.2 ထိအဆင်ပြေပါတယ်။ ဖုန်း Driver သာ ပြည့်စုံနေပါစေ Root သာက အရမ်းကိုလွယ်ပါတယ်။ အောက်မှာ ပုံတွေနဲ့ ဆောဝဲ install နည်းပါ တခါတည်းရေးပြထားပါတယ်။
အရင်ဆုံး VRoot Font ကို ဒီလင့်မှာ ဒေါင်းပြီး ကွန်ပြူတာမှာ install ပါ။ ပြီးရင် ပြီးရင် VRoot ဆောဝဲကို ဒီလင့်မှာ ဒေါင်းပါ။ ဒေါင်းပြီးရင် VRoot ကိုကွန်ပြူတာမှာ install လုပ်ပါ။ ပြီးရင် နောက်တခု က Rootres.zip ကို ဒီလင့်မှာ ဒေါင်းထားလိုက်ပါ။ ပြီးရင် Dasktop က VRoot Icon ညာကလစ်ထောက် လိုက်ပြီးရင် အောက်ကပုံအတိုင်းဆက်ကြည့်လိုက်ပါ။


ပုံမှာပြထားတဲ့အတိုင်း Open File Location ကိုဝင်ပြီး အထဲမှာရှိတဲ့ Rootres.zip ကို ပြစ်ထုတ်လိုက်ပြီး ခုနက ဒေါင်းထားတဲ့ Rootres.zip ကို အဲနေရာမှာ ထည့်လိုက်ပါ။ 

ဒီအဆင့်ပြီးရင်တော့ အားလုံးအဆင်ပြေပါပြီ။ VRoot ဆောဝဲလေးက မြန်မာ version နဲ့ အဆင်ပြေပြေ အသုံးပြုလို့ရပါပြီ။ ဆိုက်တဆိုက်ကနေ တွေ့လို့ ကျနော်ကိုယ်တိုင် နည်းလေးကိုပြန်ရေးထားတာပါ။ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ဖုန်းတွေကို Root နေစဉ် ရိုက်ထားတဲ့ Screenshots လေးပါ အောက်မှာ ပြထားပေးပါတယ်ဗျာ။ ကြည့်ကြည့်လိုက်ပါ အရမ်းလန်းပါတယ်။
VRoot Screenshots

ဖုန်းတွေကို Root နေစဉ် ရိုက်ထားတာလေးတွေပါ။ မြန်မာစာနဲ့ဆိုတော့ အရမ်းကို အဆင်ပြေပါတယ်။ Root တာလည်းအရမ်းကို အဆင်ပြေ ပါတယ်။ ဖုန်းတွေ မြန်မာဖောင့် ထည့်ဖို့ Root မယ်ဆိုရင် ဒါလေးက တကယ် ကို ကောင်းပါတယ်ဗျာ။

 မှတ်ချက်  :  အပေါ်က  Rootres.zip ဗျာ လင့်တွေ တင်လိုက် အဖျက်ခံလိုက်ရ နဲ့ အခု လင့်အများကြီးနဲ့ တင်ပေးထားပါတယ်။ အပေါ်က Rootres.zip ကို ဒေါင်းမရရင် ဒီအောက်မှာ ရှိတဲ့ လင့်တွေထဲက စိတ်ကြိုက် ဒေါင်းနိုင်ပါပြီဗျာ။
Download  Rootres.zip >>>>>>>>>


အဲလောက်တောင်သေချင်နေတဲ့ လင့် 5 လင့်တင်ထားပေးပါတယ်။ ကြိုက်ရာလင့်ကနေ ဒေါင်း ယူနိုင်ပါပြီ ။

အားလုံးအဆင်ပြေပါစေ.......။
 


အောင်ထွန်းဦး

1 comment:

  1. မြန်မာလိုမပြောင်းဘူးဖြစ်နေတယ် ကူညီပါနော်

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ