Saturday, November 2, 2013

အစွမ်းထက်တဲ့ မိခင်မေတ္တာ




ဆရာဝန်တွေက Carolyn Isbister ကို သူမရဲ့ သမီးလေးဟာ နောက် မိနစ် ၂၀ အတွင်းမှာ သေဆုံးလိမ့်မယ် လို့ ပြောလိုက်တဲ့အခါမှာ သူမဟာ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့တယ်..။

သူ့သမီးငယ်လေး Rachel ကို လွန်ခဲ့တဲ့ မိနစ်အနည်းငယ်ကမှ သူမွေးဖွားခဲ့ပြီး အလေးချိန် 1.4 ပေါင် သာရှိပါတယ်..။ Rachel ရဲ့အသက်ရှုနှုန်းဟာလည်း ၁၀ စက္ကန့်မှာမှ တစ်ကြိမ်သာ ရှုပါတယ်..။ အမေ ဖြစ်သူ Isbister ဟာ အလွန်ဆုံး မိနစ် ၂၀ လောက်သာ လူ့လောကမှာ နေရတော့တဲ့ သမီးလေး Rachel ကို ဖန်ပေါင်း ပြွန်ထဲကနေ ထုတ်ယူလိုက်ပါတယ်..။ ပြီးတော့ နှစ်သက်မြတ်နိုးစွာ သမီးလေး နဖူးကို နမ်းလိုက်ပြီး သူမ ရင်ဘတ်ထဲမှာ ပွေ့ဖက်ထားခဲ့ပါတယ်..။

အရင်ဆုံးသူမ Rachel ရဲ့နှာခေါင်းကနေ အသက်ရှုသံညှင်းညှင်းလေးကို ကြားလိုက်ရပါတယ်..။ ခဏအကြာမှာ တော့ Rachel ရဲ့ အသက်ရှုနှုန်းဟာ မြန်သထက်မြန်လာခဲ့ပြီး သူမရဲ့ ပါးပြင်ဟာလည်း အညိုရောင်ကနေ ပန်းရောင် ပြောင်းလဲလာပါပြီ…။ နောက်ဆုံး သူမဟာ Rachel ရဲ့ ငိုသံကို ကြားလိုက်ရပါတယ်..။ အဲ့ဒီအသံဟာ သူမအတွက်တော့ အရမ်းကို သာယာနာပျော်စေခဲ့တဲ့ အသံဖြစ်ခဲ့ပါတယ်..။

လေးလကြာတဲ့အခါမှာတော့… ဆရာဝန်တွေဟာ Rachel လေးကို အိမ်ကို ခေါ်ခွင့်ပြုခဲ့ပါပြီ…။ ဆရာဝန်တွေက လက်လျှော့ထားပြီး မိနစ် ၂၀သာ အသက်ရှင်ရတော့ သမီးငယ်လေးကို မိခင်ရင်ငွေ့ကနေ အသက်ပြန်ကယ် နိုင်ခဲ့တာဟာ အိပ်မက် တစ်ခု မဟုတ်ခဲ့သလို ပြဇာတ် တစ်ခုလည်း မဟုတ်ခဲ့ပါဘူး..။ ဒါဟာ တိုက်ဆိုက်မှု တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့်… ကျွန်တော်ပြောရဲပါတယ်… ဒါဟာ…. မိခင်မေတ္တာဆိုတဲ့ တုနှိုင်းမရှိတဲ့ ဆေးစွမ်း တစ်လက်ကြောင့်လို့ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ခဲ့ကြဘူး….

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ