Saturday, January 12, 2013

ရင်သို့ထိသော စာစုများ - ၎




အသက် နှစ်ဆယ့်လေးနှစ်အရွယ်မှာ အိမ်ထောင်ပြုခဲ့တဲ့သူမဟာ အခုအသက် ၄၀ အရွယ်ရောက်တဲ့တိုင်အောင် ကလေး မရနိုင်ပဲဖြစ်နေခဲ့ပါတယ်..။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသခဲ့ပေမယ့်လည်း မထူးခြားခဲ့ပါဘူး..။ လက်ထပ်ပြီး ၁၆ နှစ်အကြာမှာတော့ ကလေး အရမ်းလိုချင်တဲ့ သူမအမျိုးသားက သူမကို ထားရစ်ခဲ့ပါတယ်..။ 

စိတ်ဓါတ်ကျပြီး အထီးကျန်နေတဲ့သူမဟာ သူမရဲ့အချိန်တွေကို တရားထိုင်ခြင်း၊ ဘာသာရေးလိုက်စာခြင်း၊ ခွေး၊ ကြောင်နဲ့ အနီးနားမှ ကလေးငယ်တွေနဲ့အတူ ကုန်ဆုံးစေခဲ့ပါတယ်…. အသက် ၄၃ နှစ်အရွယ်မှာတော့..သူမနဲ့ဘ၀တူ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး မေတ္တာမျှခဲ့ပါတယ်…။ အဆိုပါ အမျိုးသားရဲ့ မိသားစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မတော်တဆမှု တစ်ခုမှာ ဆုံးပါးသွားခဲ့ပြီး အထီးကျန်တဲ့ဘ၀ကို ဖြတ်သန်းနေရသူ ဖြစ်ပါတယ်..။

ကံကောင်းမှုတွေ သူမစတင်ကြုံတွေ့ခဲ့ပြီး အဆိုပါအမျိုးသားနဲ့ သူမ ကိုယ်ဝန်ရှိခဲ့ပါတယ်..။ သူမဟာ အခုဆို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးတစ်ဦးဖြစ်နေပါပြီ..။ သူမရဲ့ အရင်အမျိုးသားက သဘောထားကြီးစွာ ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေ မှာ အိမ်တစ်လုံးကို ၀ယ်ပေးခဲ့ပါတယ်..။ သူမဟာ သိပ်မကြာခင်မှာ အရမ်းချစ်စရာကောင်းတဲ့ "Merry" ဆိုတဲ့ သမီးလေး ကို ပိုင်ဆိုင်ခဲ့ပါတယ်..။ သမီးလေးဟာ သူမရဲ့ကမ္ဘာဖြစ်ခဲ့ပြီး သမီးလေးရဲ့ သုံးနှစ်မြောက် မွေးနေ့မှာ သမီးလေးအတွက် လိမ္မာတဲ့ ခွေးတစ်ကောင်ကို သူမ၀ယ်ပေးခဲ့ပါတယ်..။ အဲ့ဒီခွေးလေးဟာ သမီးလေးရဲ့ အဖော်ဖြစ်ခဲ့ပြီး ခွေးလေးက သမီးလေးကို အရမ်း သံဃောဇဉ်တွယ်ကာ မျက်စိအောက်က အပျောက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတယ်..။

တစ်နေ့မှာ… သူမဟာ ဈေးဝယ်ဖို့ ကုန်စုံဆိုင်တစ်ခုကို ထွက်လာခဲ့ပါတယ်.. သမီးလေးကိုတော့ ခွေးလေးနဲ့အတူ အိမ်ထဲက ပန်းခြံထဲမှာထားခဲ့ပါတယ်..။ ကုန်စုံဆိုင်က ပြန်လာတော့….. သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက အရမ်းကို ထိတ်လန့် ဖို့ ကောင်းပါတယ်..။ ခွေးလေးရဲ့ ပါးစပ်နဲ့ မျက်နှာမှာ သွေးတွေ စွန်းပေနေပြီး ခွေးရဲ့ လက်သည်းမှာ သမီးလေးရဲ့ အ၀တ်အစားတွေ စုတ်ပြဲ ကပ်ညှိနေတာကို တွေ့လိုက်ရပါတယ်..။

သူမ ချက်ချင်းပဲ အနီးနားမှာတွေ့ရတဲ့ ပေါက်တူးကို ဆွဲယူလိုက်ပြီး ခွေးကို အဆက်မပြတ် ရိုက်နှက်လိုက်ပါတယ်..။ လုံးဝ သေဆုံးပြီး မလှုပ်မယှက် ဖြစ်တဲ့အထိကို မနားတမ်း ရိုက်နှက်လိုက်ပါတယ်..။ သူမဟာ ငိုယိုပြီး သွေးစက်တွေနောက်ကို လိုက်ခဲ့ပါတယ်…။ နောက်ဆုံး သူမတွေ့လိုက်ရတဲ့ မြင်ကွင်းက သူမရဲ့ သမီးလေး "merry" ဟာ အ၀တ်အစားတွေ စုတ်ပြဲပြီး ပျော်ရွင်စွာ ကစားနေတာကိုပါ…။ သမီးလေးရဲ့ ဘေးမှာတော့ ….. ကြီးမားလှတဲ့ စပါးကြီးမြွေ တစ်ကောင်ဟာ သွေးအိုင်ထဲမှာ သေဆုံးနေခဲ့ပါတယ်…။

တစ်ကယ်တော့ခွေးလေးဟာ သမီးလေးကို စပါးကြီးမြွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ ကိုက်ဆွဲပြီး ဆွဲခေါ်သွားခဲ့တာပါ…။ သူမရဲ့ ချစ်သမီးလေးကို ကယ်တင်ပေးခဲ့တဲ့ ခွေးလေးကတော့ သူမရဲ့ တစ်ခဏာတာ ဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒကို ဦးစားပေးခဲ့မှု ကြောင့်…………..


သင်ခန်းစာ : ကိစ္စ.၊ အကြောင်းအရာတစ်ခုကို ဘယ်တော့မှ အပေါ်ယံ သွင်ပြင်ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး..။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ