Tuesday, January 15, 2013

ခွေးကြောင့် မျက်နှာအစားထိုးခွဲစိတ်မှုပြုခဲ့ရသူ

Isabelle Dinoire ဟာ ပြင်သစ်အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်..။ သူမဟာ စိတ်ကျရောဂါကို ခံစားနေရပြီး May 2005 မှာ အိပ်ဆေးတွေ အလွန်အကျွံသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်..။ အဲ့ဒီအချိန်မှာ သူမမွေးထားတဲ့… Tania ဆိုတဲ့ခွေးလေးဟာ သူမရဲ့ မျက်နှာကို စတင်ကုတ်ခြစ် ကိုက်ဆွဲပါတော့တယ်..။ ခွေးလေးဟာ သူရဲ့ သခင် ချက်ချင်းပဲ သူ့ကိုတုန့်ပြန်မှု မရှိတော့တာကြောင့် သူရဲ့ သခင်ကို လှုပ်နိုးတာဖြစ်နိုင်ပါတယ်..။ Isabelle ပြန်လည် သတိရလာချိန် မှာတော့ သူမရဲ့ ပါး၊ နှုတ်ခမ်း၊ နှာခေါင်း စတာတွေ မရှိတော့ပါဘူး..။ 




သူမကို ပြင်သစ်နိုင်ငံ Centre Hospitalier Universitaire Nord in Ameins မှာ ၂၇ နိုဝင်ဘာ ၂၀၀၅ မှာ မျက်နှာအစားထိုး ကုသမှု ပြုလုပ်ပေးခဲ့ပါတယ်..။ Isabelle Dinoire ဟာ ပထမဦးဆုံး မျက်နှာ အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်သူ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ