Monday, April 22, 2013

လူသားများအတွက် ပေးဆပ်နေရသော သနားစရာ တိရစ္ဆာန်လေးများ




တစ်ချို့လူမျိုးတွေဟာ ခွေးတွေ၊ ကြောင်တွေကို စားသောက်ကြတာကို ခွင့်ပြုထားကြပါတယ်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်အပါအ၀င် အာရှနိုင်ငံတော်တော်များများမှာ ခွင့်ပြုထားကြတာပါ..။
 
တစ်ချို့လူတွေက တိရစ္ဆာန်တွေကို ရက်စက်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ စားသောက်ကြပါတယ်..၊ သူတို့အယူအဆကတော့ တိရစ္ဆာန် တစ်ကောင်ဟာ မသေခင် အရမ်းကို ကြောက်ရွှံ့မယ်..၊ အရမ်းကို နာကျင်နေမယ်.. ဆိုရင် အဲ့ဒီတိရစ္ဆာန်ဟာ သွေးခုန်နှုန်းမြန်လာပြီး သွေးလည်ပတ်မှုကောင်းလာကာ အဲ့ဒီအသားဟာ ဘာနဲ့မှမတူတဲ့အရသာကို ပေးစွမ်းနိုင်ပြီး လူသားတွေအတွက် စွမ်းအားတွေကိုတောင် ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်..၊ ဒါတွေဟာ သိပ္ပံပညာရပ်အရ လုံးဝ လက်ခံလို့ မရပေမယ့် အခုချိန်ထိ ရှေးကျတဲ့ ဒီလိုဖြစ်ရပ်တွေဟာ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်..။
 
 
တရုတ်နိုင်ငံမှာဆိုရင် စားသုံးသူတွေက ခွေးတွေကြောင်တွေ လှောင်ထားတဲ့ လှောင်အိမ်တွေဆီကိုသွားပြီး သူတို့စားသုံး လိုတဲ့ တိရစ္ဆာန်ကို ရွေးကြရပါတယ်..၊ အဲ့ဒီနောက်မှာတော့ အဲ့ဒီအရွေးခံရတဲ့ တိရစ္ဆာန်ဟာ အရမ်းကို ရက်စက်ကြမ်းကြုတ် တဲ့နည်းလမ်းတွေဖြစ်တဲ့ တုတ်နဲ့ရိုက်ခြင်း၊ ရေနွေးပြုတ်ခြင်း၊ အရှင်လတ်လတ် အရေခွံခွာခြင်း စတာတွေကို ပြုလုပ်ခံရပါတော့တယ်..။ အဲ့ဒီဆိုင်မှာ ရှိတဲ့ခွေးလေးတွေ၊ ကြောင်လေးတွေဟာ လူခြေသံကြားရင် ဂဏှာမငြိမ်ဖြစ်ပြီး ကြောက်လန့်နေတတ်ပြီး အဲ့ဒီခြေသံတွေဟာ သူတို့အတွက် သေမင်းတမန်ခြေသံဆိုတာ သူတို့ သိထားကြနေပါပြီ..။

 
 
အပြစ်ကင်းစင်တဲ့ သနားစရာ တိရစ္ဆာန်လေးတစ်ကောင်..၊ သူ့ဘ၀စတာတောင် သိပ်ကြာပုံမရသေးပါဘူး..၊ ဒါပေမယ့် ကံဆိုးစွာပဲ သူ့ရဲ့သခင်က လူကောင်း ဖြစ်မနေခဲ့ဘူး.၊ သူဟာ အချိန်မရွေး ပူပြင်းလှတဲ့မီးတောက်ပေါ်မှာ အရှင်လတ် လတ် အကင်ခံရနိုင်တယ်လေ…။
 
 
တိရစ္ဆာန် ကာကွယ်ရေးအဖွဲ့တွေဟာလည်း ဒီဖြစ်ရပ်မျိုးတွေ မဖြစ်ပွားဖို့အတွက် နေ့တိုင်း ကြိုးစားနေကြပါတယ်..၊ သီချင်းတွေရေးတယ်..၊ စာတွေ ဆောင်းပါးတွေရေးတယ်..၊ ဆွေးနွေးပွဲတွေလုပ်တယ်..အများကြီးပါပဲ..၊ ဒီလိုလူကောင်း တွေကြောင့်လည်း ဒီလိုဖြစ်ရပ်တွေဟာ လျော့ပါးလို့တော့ လာခဲ့ပါပြီ..။ ဒါပေမယ့် တိရစ္ဆာန်တွေအတွက် သူတို့ရသင့်တဲ့ အခွင့်အရေးနဲ့ ကာကွယ်မှုတွေကတော့ အများကြီး လိုအပ်နေပါသေးတယ်..။
 
 
ဒီအကြောင်းတွေကို ဖတ်ရတာ ခက်ခဲမယ် စိတ်ညစ်မယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်..၊ ဒါပေမယ့်  ဒီဖြစ်ရပ်တွေ ကမ္ဘာမှာ ဖြစ်ပေါ်လျက်ရှိတယ်ဆိုတာကို သိမှာသာ ပြောင်းလဲမှုဆိုတာ ဖြစ်ပေါ်လာမှာပါ..။ စာဖတ်သူဟာ ကျွန်တော့်လို တိရစ္ဆာန်ချစ်တတ်သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဒီပို့စ်ကို ဘာကြောင့်ရေးရသလဲဆိုတာကို သဘောပေါက်မှာပါဗျာ…။

အောင်ထွန်းဦး

2 comments:

  1. သူတို့မှာစာနာစိတ်မရှိကြဘူးနဲ့တူတယ်နော် ကိုအကောင်းစားနိုင်ဖို့အရေးကိုသူတစ်ပါးရဲ့အသက်ကိုရက်ရက်စက်စက်သတ်ကြတယ် တနေ့ကျရင်ဝဋ်ကောင်းကောင်းလည်မယ့်လူတွေပဲ

    ReplyDelete
  2. သူတို့မှာ အဲဒီလို အသိစိတ်တောင် ရှိမျာမဟုတ်ဘူး တော်တော်သနားစရာကောင်းတဲ့လူတွေပဲ

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ