Friday, April 26, 2013

ချီလီနိုင်ငံမှ အယူသီးဘာသာရေးဂိုဏ်းက ရက်သားကလေးငယ်အား မီးရှို့သတ်ဖြတ်

ချီလီနိုင်ငံတွင် အသက်(၃)ရက်သာ ရှိသေးသည့် ကလေးငယ် တစ်ဦးကို မီးပုံထဲ ပစ်ချကာ အရှင်လတ်လတ် စတေးသတ်ဖြတ်ခဲ့ခြင်းအတွက် အယူသီး ဘာသာရေး ဂိုဏ်းတစ်ခုကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့က ဆန်တီယေးဂိုး မြို့တော်မှ အနောက်ဘက် မိုင်(၇၀)ခန့်အကွာ ကွီလ်ဂွီမြို့အနီး တောင်စောင်းတစ်ခုတွင် ကလေးငယ်အား စတေးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစွန်းရောက် ဘာသာရေး ခေါင်းဆောင် တစ်ဦးက ကြီးမှူးသည့် ပွဲတော် တစ်ခုတွင် ကလေးမလေး၏ ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ တောက်လောင်နေသော မီးပုံထဲသို့ ပစ်ချခဲ့ခြင်းဟု ရဲများက ပြောဆိုခဲ့သည်။ 



(ကလေးငယ်အား မီးရှို့သတ်ဖြတ်ခဲ့သည့်နေရာကို စစ်ဆေးစဉ်)

"လူသတ်မှုနဲ့ ကိုက်ညီတဲ့ အရိုး အကြွင်းအကျန် သက်သေတွေ ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်"ဟု ရဲစုံထောက် မီဂွယ်လ် အမ်ပူရိုက ရှင်းပြခဲ့သည်။ "ကလေးကို ကိုယ်တုံးလုံး ချွတ်ထားတယ်။ ပြီးတော့ ကလေးမအောင်နိုင်အောင် ပါးစပ်ကို တိပ်နဲ့ကပ်ကြတယ်။ စတေးခံ ဘုတ်ပြားပေါ် ကလေးကိုတင်ပြီး ဝိညာဉ်တွေကို ခေါ်ယူတိုင်တည်တယ်။ ပြီးတော့ ကလေးကို သူတို့ မီးထဲ ပစ်ချလိုက်တာပဲ"ဟုလည်း အမ်ပူရိုက ဆက်လက် ပြောဆိုသွားသည်။



(ကလေးငယ်အား မီးရှို့သတ်ဖြတ်ခဲ့သည့် အခန်း)

ရဲတပ်ဖွဲ့သည် အယူသီး ဘာသာရေးအဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးထားပြီး ယင်းအဖွဲ့အစည်းတွင် ခေတ်ပညာတတ်များ၊ လုပ်ငန်းကိုင်ငန်း ကောင်းမွန်သူများ စုစုပေါင်း (၁၂)ဦးထိ ပါဝင်ကြောင်း ရဲများက ဆိုသည်။ ကလေး၏ အသက်(၂၆)နှစ်အရွယ် မိခင်ကိုလည်း ရဲများက ဖမ်းဆီးခဲ့သည်။ သူမသည် မီးရှို့မှုတွင် ရင်သွေးငယ်ကို ခွင့်ပြု ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ "ကျွန်မ ဆောက်တည်ရာမရ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအဖွဲ့ ခေါင်းဆောင်တွေက ကျွန်မကို ဒီလိုလုပ်ဖို့ လိုကြောင်း ပြောခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ကံတရားပဲလို့လည်း ရှင်းပြခဲ့ပါတယ်"ဟု ကလေး၏ မိခင် ဖြစ်သူ နာတာလီဂွာရာက ဖွင့်ဟခဲ့သည်။

 

(အယူသီးဘာသာရေးဂိုဏ်းခေါင်းဆောင် ရေမွန် ဂူစတာဗို ကက်စတီလို ဂေတီ)

အဆိုပါ အစွန်းရောက် ဘာသာရေး ခေါင်းဆောင်များက အဆိုပါ ကလေးငယ်သည် ဘုရားသခင်၏ ရန်သူတော် မိစ္ဆာတစ်ကောင် လူသားအဖြစ်ဖြင့် ကမ္ဘာမြေပေါ် ရောက်လာခြင်းဟု ယုံကြည်ခဲ့ကြကြောင်း သိရသည်။ ယင်းဘာသာရေး ကွင်းဆက်အဖွဲ့ကို (၂၀၀၅)ခုနှစ်က စတင်တည်ထောင်ပြီး အသက်(၃၆)နှစ်အရွယ် ရေမွန် ဂူစတာဗို ကက်စတီလို ဂေတီက ဦးဆောင်ကြောင်း ရဲများက ဆိုသည်။ "သူတို့ကွင်းဆက်ထဲမှာ ပါဝင်သူ အားလုံး ပရော်ဖက်ရှင်နယ် နယ်ပယ် အသီးသီးကပါ။ (၁၂)ယောက်ရှိတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ယောက် ပါတယ်။ တစ်ယောက်က လေယာဉ်မောင်၊ ပြီးတော့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်နဲ့ ပုံကြမ်းရေးတဲ့ လူတွေလည်း ပါတယ်။ လူတိုင်းလိုလို တက္ကသိုလ် ဘွဲ့ရတွေချည်းပဲ"ဟုလည်း စုံထောက် အရာရှိ အမ်ပူရိုက ပြောဆိုသွားခဲ့သည်။


အောင်ထွန်းဦး

3 comments:

  1. Among these, the most popular project even now, may be the
    simple digital recordings player. Nowadays, there are range
    styles sports sneakers in the sector. When match you present
    style and comfort, consider their items. Consequently, they want delight in themselves with lgt packs.
    http://elearning.unidar.ac.id/user/view.php?id=8970&course=1

    ReplyDelete
  2. ခေတ်ပျက်နေပြီ

    ReplyDelete
  3. ဘာလဲဟ...! အဲဒီလို အဖြစ်မျိုးတွေ။ အယူသည်းမှုတွေ အခုထိရှိနေတုန်းပဲလား။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ