Tuesday, April 23, 2013

ကြောက်စရာကောင်းတဲ့ရောဂါ Facial Turmor



လူသားတိုင်းဟာ လှပလိုတဲ့ ဆန္ဒကိုယ်စီရှိကြပါတယ်..။ ဒါပေမယ့် ရှေးကံကြမ္မာ မကောင်းခဲ့လို့ ဒီဘ၀မှာ ရောဂါ ခံစားနေရပီး ရုပ်ပြင်သဏ္ဍာန် ပျက်ယွင်းနေကြတဲ့ သူတွေ ရှိနေကြပါတယ်..။
သူမကတော့ သူမကိုပထမဆုံးတွေ့တဲ့သူတိုင်းကို ပြောလေ့ရှိတာက "ကျွန်မက မကောင်းဆိုးဝါး တစ်ကောင် မဟုတ်ပါဘူး..၊ ကျွန်မဟာ ရောဂါခံစားနေရရုံ သက်သက်ပါ.." တဲ့..၊ 



၂၀၀၁ ခုနှစ်မတိုင်မီအထိ သူမဟာ သာမန် လူတစ်ယောက်လို နေထိုင်ခဲ့ပါတယ်..။ ဒါပေမယ့် ၂၀၀၁ ခုနှစ်ကစပြီး သူမဘ၀ အဆိုးဆုံးအခြေအနေကို ရောက်ခဲ့ပါတယ်..။ သူမ မျက်နှာမှာ အကြိတ်တွေ ထွက်လာခဲ့ပြီး ကြောက်စရာသွင်ပြင် ပြောင်းလဲ သွားခဲ့ ပါတယ်..။ ပထမတော့ နဖူးမှာ အဖုလေးလောက်ပဲ ထွက်လာတာဖြစ်တဲ့အတွက် ဂရုမစိုက်မိခဲ့ပါဘူး..။ ၂၀၀၅ မှာတော့ ခွဲစိတ်မှု ခံယူရတဲ့အထိ ဆိုးရွားခဲ့ပါတယ်..။
 
နောက်တစ်ယောက်ကတော့ Huang Chuncai လို့ခေါ်ပါတယ်..၊ ၂၀၀၈ ခုနှစ်မှာ ၄၄ပေါင် လေးတဲ့ မျက်နှာပေါ်က အကြိတ်တွေကို ဖယ်ရှားခဲ့ပါတယ်..။ အကုန်လုံးကိုတော့ မဖယ်ရှားနိုင်ခဲ့ပါဘူး..။ ဒါကြောင့် သူဟာ ၂၀၀၉ ခုနှစ်မှာ နောက်တစ်ကြိမ် ၄.၅ကီလို အလေးချိန်ရှိတဲ့ အကြိတ်တွေကို ထပ်မံဖယ်ရှား ခဲ့ရပါတယ်..။ သူဟာ Neurofibromatosis လို့ခေါ်တဲ့ ရောဂါကို ခံစားနေရတာဖြစ်ပြီး အာရုံကြော တစ်ရှုးတွေမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်..။




အောင်ထွန်းဦး

1 comment:

  1. စိတ်မကောင်း ဖြစ်မိတာ အမှန်ပါ။ ဂရုဏာသက်မိပါတယ်။ ဝဋ်ရှိရင် ကြေပါစေရယ်လို့...။

    ReplyDelete

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ