Thursday, February 14, 2013

ကလေးအထူးကုဆရာဝန်၏ အမှားလား။ မြန်မာဘယဆေးရဲ့ အပစ်လား။



အသက် ၃နှစ်အရွယ် ရှမ်းကလေးငယ်တဦး လည်ပင်းအောက်မှာ အသားတွေ နီရဲနေလို. အင်ပျင်တွေ ထသလို ဖြစ်လို. မိဘတွေက ဆရာခို ဆေးကို အရေပြားပေါ်မှာ လိမ်းပေးခဲ့ပါသည်။

မသက်သာသဖြင့် မူဆယ်မြို. ပြည်သူ.ဆေးရုံက ကလေးအထူးကု ဆီသွားပြရာ-- အထူးကုက ဆေးပေးလိုက်ပြီး မသက်သာလျင် ပြန်လာပါ ဆိုတာကြောင့် ဆေးရုံ ပြန်သွားတဲ့အခါ အထူးကုရဲ့ ညွှန်ကြားချက်အရ ထိုးဆေး အကျောဆေးသွန်းပေးပြီးနောက် ကလေးမလေးရဲ့ ခေါင်း လည်ပင်းနှင့် ကျောတပြင်လုံး ရေနွေးပူလောင်ထားသလို တကိုယ်လုံး အပူဖုတွေ အရည်ကျည် အဖုတွေဟာ မြင်မကောင်းအောင် ဖြစ်လာပါသည်။

မိဘတွေက ဆရာဝန် ဆေးထိုးလို.ဖြစ်တာလို. ပြောတဲ့အခါ အထူးကုဆရာဝန်က ညီးတို. ဆရာခို ဆေး လိမ်းလို.ဖြစ်တာ ဆိုပြီး အပစ် ပုံချပါသည်။ အခုလောလောဆယ် မူဆယ်မြို. ပြည်သူ.ဆေးရုံမှာ ကလေးငယ်ဟာ ဆေးကုသခံယူနေပြီး မိဘတွေကတော့ အထူးကုဆရာဝန်ကို အယုံအကြည်မရှိတော့တာမို. ဆေးရုံက ဆင်းဖို. စဉ်းစားနေပါတယ်။

ဒါကြောင့် အထူးကုဆရာဝန်ကြီး၏ အမှားလား မြန်မာဆေး ဆရာခိုဆေးရဲ့ အပစ်လား-- လက်တွေ. ခံစားနေရတာကတော့ ၃နှစ်အရွယ် ရှမ်းကလေးမလေးနဲ. သူမ၏ မိဘများသာ ဖြစ်ပါသည်။

မူဆယ်ဆေးရုံက အထူးက ဆရာဝန်ကြီးက ဒီအောက်ပါ ဆေးတွေကို တနေ. ၃ ကြိမ်အထိ ထိုးပေကြောင်း မိဘတွေက ပြောဆိုပါသည်။


credit to - Thit htoo lwin blog

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ