Thursday, February 14, 2013

ကမ္ဘာ့ ပါးစပ်အကျယ်ဆုံးလူသား


ကိုကာကိုလာ အအေးသံဘူး တစ်ဘူးလုံးကိုပင် ကန့်လန့်ဖြတ်ပါးစပ်ထဲသို့ ထည့်ပြနိုင်သည့် ဖရန်စစ္စကို ဒိုမင်ဂိုဂျိုအာကွင်း(၂၀ နှစ်)၏ပါးစပ်သည် ၆ ဒသမ ၆၉ လက်မကျယ်ပြီး အောက်တိုဘာလ ၂၈ရက်နေ့ကကမ္ဘာ့ပါးစပ်အကျယ်ဆုံး လူသားအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ အသိအမှတ်ပြုမှုခံရကြောင်း သိရသည်။

သူသည်အင်ဂိုလာနိုင်ငံ ဆမ်ဘီဇန်ဂါမြို့တွင်နေထိုင်ပြီး ပန်းကန်ပြား ငယ်များ၊ ကော်ဖီခွက်များ၊ဘီယာဘူးများကို ပါးစပ်ထဲသို့ ထည့်ပြခဲ့သည်။ သူသည် ယခုနောက်ဆုံးအဖြစ် ကိုကာကိုလာဘူးတစ်ဘူးလုံးကို ပါးစပ်ထဲသို့ထည့်ပြခဲ့ခြင်း ဖြစ်သည်။ သူသည် အင်ဂိုလာ နိုင်ငံမြို့တော် လူအန်ဒါမြို့လမ်းများပေါ်တွင် စတန့်များကို ပြသခဲ့သည်။ အီတလီနိုင်ငံ နာမည်ကြီးရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင်လည်း ပါဝင်ဖူးသူဖြစ်ကြောင်း သိရသည်။

ဗီဒီယိုကြည့်ချင်ရင်....
http://www.youtube.com/watch?v=N905o55cpIo&feature=youtube_gdata_player

(စွယ်စုံမီဒီယာဂရုမှ ကူးယူဖေါ်ပြပါသည်)


အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ