Wednesday, February 6, 2013

ငယ်စဉ်ကတည်းက မြွေနဲ့အတူအိပ်တဲ့ ကလေးငယ်

ဘယ်သူမဆို မြွေဆိုရင်ကြောက်တတ်ကြပါတယ်..ကျွန်တော်လည်း အပါအ၀င်ပါပဲ...ဒါပေမယ့် Dongguan က A Zhe ဆိုတဲ့ 13 နှစ်အရွယ်ကလေးကတော့ သူလသားအရွယ် ကလေးဘ၀ထဲက စပါးကြီးမြွေနဲ့ အတူ တစ်အိပ်ရာထဲ အိပ်ခဲ့ပါသတဲ့...။ စပါးကြီးမြွေနဲ့ A Zhe တို့ကြားက သံဃောဇဉ်ကို လူတွေဟာ တအံ့တသြ တွေ့ရှိခဲ့ရပါတယ်...။ လောကကြီးမှာ ဘယ်တိရစ္ဆာန်မဆို လူသားတွေနဲ့ မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်..။ 


A Zhe ရဲ့ အဖေဖြစ်သူဟာ တောထဲကနေ မြွေဥ တစ်ဥ ကို ယူခဲ့ပါတယ်..။ ဒါကြောင့်ဒီမြွေဟာ မပေါက်ခင် ကတည်းက အိမ်ကိုရောက်နေတာပါ..။ A Zhe ကိုမွေးတော့ မြွေက 6 နှစ်သားအရွယ်ရှိနေပြီး 20kg ကျော် လေးနေပါပြီ..။ A Zhe ကိုးလသားအရွယ်မှာ မိဘတွေဟာ စားဝတ်နေရေးအတွက် တစ်နေ ကုန် အလုပ်လုပ်ရင်း ရုန်းကန်နေရတာကြောင့် A Zhe ဟာ မြွေနဲ့ ကစားဖော်ဖြစ်ခဲ့ပါတယ်....။


A Zhe ရဲ့ အဖေဖြစ်သူက သူ့သားနဲ့ စပါးကြီးမြွေဟာ တစ်နေကုန် တစ်ညလုံး အတူရှိနေပေမယ့်လည်း တစ်ခါမှ A Zhe ကို အန္တရာယ်မပြုခဲ့ပါဘူးလို့ ဆိုပါတယ်..။ တစ်ကယ်ဆို မြွေက A Zhe နဲ့ ရှိနေရတာ ပိုပျော်နေပုံတောင်ရပါတယ်...။ A Zhe ကလည်း ဒီလို ခင်မင်စရာ သက်ရှိ တစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်နေရတာကြောင့် တစ်ခြား ကစားစရာတွေကို စိတ်မ၀င်စားခဲ့ပဲ ငယ်စဉ်ကတည်းက အခု အရွယ်ထိ ကစားစရာဝယ်ပေးဖို့ တောင်းဆိုတာ တအားကို ရှားပါးကြောင်းနဲ့ ဒီစပါးကြီးမြွေဟာ သူ့အတွက် အကောင်းဆုံး ကစားဖော်ဖြစ်နေပါတယ်..။


ရာသီဥတုကောင်းတဲ့နေ့တွေမှာ.. A Zhe က သူ့သူငယ်ချင်း မြွေနဲ့ လမ်းလျှောက်ထွက်ကြပါတယ်..။ 2012 ခုနှစ်ထဲမှာ.. A Zhe က အလယ်တန်းကျောင်းသား ဖြစ်နေပြီး အိမ်မှာ စနေ၊ တနင်္ဂနွေလောက်သာ ရှိနေနိုင်တာကြောင့် A Zhe မှာ ၀မ်းနည်းနေရပါတယ်..။ A Zhe ရဲ့ အဖေဖြစ်သူက သူ့သားဟာ တစ်ချိန်မှာ zoologist တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပြီး တိရစ္ဆာန်တွေနဲ့ နေရတာ..၊ မိတ်ဆွေဖြစ်ရတာ ကိုနှစ်သက်နေကြောင်း ပြောပြပါတယ်..။




 အခုဆိုရင် A Zhe ရဲ့မြွေဟာ သားပေါက်နေပြီဖြစ်ပြီး A Zhe ကတော့ နောက်ထပ်တိုးပွားလာမယ့် မိသားစုဝင်တွေအတွက် ပျော်ရွှင်နေပါတော့တယ်...


 အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ