Thursday, May 2, 2013

G-talk မှာ မြန်မာ font မပေါ်တဲ့ ပြသနာ ဖြေရှင်းနည်း


G-talk ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့သူတွေနဲ့ အရင်းနှီးဆုံးပါ..။ အင်တာနက် စတင်အသုံးပြုကြပြီဆိုကတည်းက G-talk ကို အသုံးပြုကြတာများပါတယ်..။ ကျွန်တော် အခုတင်ပေးမယ့်နည်းလမ်းလေးကတော့ Gtalk မှာ မြန်မာ font မမြင်ရတဲ့သူတွေအတွက် ဖြစ်ပါတယ်..။
ကျွန်တော်လည်း အရင်က အဲ့ဒီပြသနာဖြစ်ဖူးပါတယ်..။ Gtalk မှာ ကိုယ်ရိုက်လိုက်ရင် မြင်ရပြီး သူများ ပြန်ရိုက်လိုက်တဲ့ဟာကို လေးထောင့်တုန်းလေးတွေပဲ မြင်ရပါတယ်..။ အဲ့ဒီတော့ သူဘာရိုက်ထားလဲဆိုတာသိ ချင်ရင် အဲ့ဒီလေးထောင့်ကွက်လေးတွေကို copy ယူပြီး typing ကွက်ထဲမှာ paste လုပ်ပြီး ပြန်ကြည့်ရပါတယ်..။ Gtalk ထဲမှာရှိတဲ့ setting> change Font မှာလည်း zawgyi font ပြောင်းထားပေမယ့် အဆင်မပြေပါဘူး..။

အဲ့ဒီပြသနာ ဖြေရှင်းဖို့က လွယ်ပါတယ်..။ ဒါက Internet Explorer မှာ ရှိတဲ့ Font System နဲ့ ညှိနေလို့ပါ..။ Internet Explorer ကို ဖွင့်လိုက်ပါ..။ setting (Alt + X) ကိုနှိပ်ပြီး Internet Options ကိုရွေးပါ..။


အောက်ကဆုံးက Font ဆိုတာလေးနှိပ်ပြီး Webpage Font မှာ ZawgyiOne ဆိုတာလေးရွေးပေးလိုက်ပါ..။


 

ကဲ..သင့် Gtalk ကိုပြန်ကြည့်ကြည့်ပါ…။ အိုကေမှာ စိုပြေနေပါလိမ့်မယ်…။

အောင်ထွန်းဦး

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ထင်မြင်ချက်လေးတွေ ရေးပေးခဲ့ပါ